ဘုရင့်နောင် တံတားထိပ်က အသေးစား ယာဉ်တိုက်မှူ (5-Aug-11)

etoneAugust 5, 20111min13517

 

အသေးစားဒဏ်ရာ ရတဲ့လူအချင်းချင်း ကူညီနေကြပုံပါ ။
ကားခေါင်းက ချောက်ထဲသို့ ဦးတည်နေတဲ့ ကားပုံနဲ ့ .... ဒဏ်ရာရတဲ့လူတချို့ကို လာကြည့်တဲ့ နီးစပ်ရာ ဒေသခံတွေရဲ့ ပုံပါ
စောစောစီးစီး မြင်ရတာ စိတ်မချမ်းသာဘူး

 

နာကျင်မှူကို ခံစားနေရသော စပယ်ယာ

၂၀၁၁၊ဩဂုတ်လ ၅ရက်နေ့ ၊ မနက် ရနာရီ ၃ဝမိနစ်ခန့်အချိန်တွင် ဘုရင့်နောင် တံတားထိပ်၌ အသေးစား ယာဉ်တိုက်မှူတစ်ခု ဖြစ်ပွားခဲ့ပါတယ် .. ကျွန်မတို့ ရုံးသွားချိန်မိုကလို့ … ကားတွေလည်း ပြည့်ကြပ်ခဲနေတာပေါ့ … ။ ဘုရင့်နောင်မီးပွိုင့်ကနေ တပ်ထိပ်မှတ်တိုင် ကျော်ထိ ကားတန်းကြီး တုတ်တုတ်မှ လှုပ်လို့မရပဲ ရပ်ထားရတဲ့ အနေထားပါ ။ ကျွန်မတို့ ကား အနားက ဖြတ်သွားချိန်မှာတော့ ထိခိုက်ဒဏ်ရာရှိသူများ ရှိသေးတာမြင်ရတဲ့အတွက် ယဉ်တိုက်မှူ ဖြစ်ပွားချိန် မကြာသေးမှန်း တွက်ဆမိပါတယ် … ။

ကြီးကြီးမားမား ဒဏ်ရာရမှူမျိုး မရှိသော်လည်း … သွားကျိုးခြင်း …လက်ခြေကျိုးခြင်း … ထိခိုက်ပြဲရှခြင်း ၊ ခေါင်းကွဲခြင်းမျိုးများ ဖြစ်ပွားခဲ့ပြီး …. အသေပျောက်မရှိကြောင်း စပ်စုခဲ့ပါတယ် ..။ ဒိုင်နာကားနှင့် ဘီအမ်ကား လမ်းကြောင်း လုရင်း တိုက်မိတာဖြစ်မည်လို့လည်း ခန့်မှန်းရပါတယ် … ။ ကားအရှိန်ကြောင့် ဒိုင်နာကားမှာ ဘုရင့်နောင်တံတား ကုန်းပတ်လမ်းပေါ်မှ … တံတားအောက်ချောက်သို့ ဦးတည်နေတာကိုလည်း ရင်မောဖွယ်ရာ တွေ့မြင်ရပါတယ် … ။ အများပြည်သူ ရုံးတက်ချိန်မို့ …ကားတန်းကြီးမှာ မှတ်တိုင် နှစ်ခုစာတိုင်အောင် ရှည်လျား ပိတ်ကြပ်နေတာ မြင်တွေ့ခဲ့ရပါတယ် … ။ မနက်စောစော အနိဌာရုံမြင်ကွင်းမို့ … ကြုံတွေ့ရသူမပြောနဲ့ ကျွန်မတို့လို မြင်တွေ့ရတဲ့ ဘေးလူတွေပါ စိတ်မချမ်းသာ စရာပါပဲ … ။ ဘယ်သူက မှားမှန်းမသိ ၊ ယာဉ်တိုက်မှူ အမျိုးစားက သေးပေမဲ့ …ကြုံတွေ့ရသူတွေရော .. မြင်တွေ့ရသူတွေရဲ့ မနက်ခင်းလေး .. .အကျည်းတန်သွားရပြီလေ … ။ ကားမောင်းတဲ့လူတွေကလည်း စည်းစနစ်နဲ့ မမောင်းတော့ … ဒီလို ယဉ်တိုက်မှူမျိုး .. ဘုရင့်နောင် တံတား ပေါ်နဲ့… တံတားပတ်လမ်းတလျှောက်ခဏခဏဖြစ်တတ်ပါတယ် … ။ ဒါတွေကို သေချာ ကိုင်တွယ်ဖြေရှင်း ဖို့ ကောင်းနေပါပြီ …. ။ ကားပိတ်တဲ့ ပြသနာ ပွိုင့်ပျက်လို့ …ဂျမ်းဖြစ်ရတဲ့ ပြသနာကလည်း … ညနေတိုင်းလိုလိုဖြစ်တတ်တယ် … ။ နိုးထလာတဲ့ မနက်ခင်းလေး ကားပိတ်ခြင်း ၊ အနိဌာရုံမြင်ကွင်းတွေနဲ့ …. ပျော်စရာမကောင်းတော့တာမို့ … လူသားတိုင်း စည်းကမ်းရှိလျှင်သိပ်ကောင်းမှာပဲလို့ … တွေးမိပါတော့တယ် .. ။

(ကား မောင်းနေတုန်း … လျှပ်တပြတ်လေး ဓါတ်ပုံရိုက် ဖို့အတွက် ကူညီပေးခဲ့တဲ့… သူငယ်ချင်း သက်မာကိုလည်း ကျေးဇူးတင်ပါတယ်နော် )

 

 

17 comments

  • pan pan

    August 5, 2011 at 11:02 am

    မသေကြလို့ တော်သေးတာပေ့ါ
    ဟိုးတလောကလည်း ရွှေဂုံတိုင်မီးပွိုင့်မှာ ကားတိုက်မှုဖြစ်သေးတယ်
    ကိုယ်စီးလာတဲ့ကားအတိုက်ခံရမှာ ကံကောင်းလို့ဒရိုင်ဘာဘရိတ်အုပ်မြန်သွားတယ်
    စပယ်ယာလည်း အော်လိုက်ရတာ
    “ဘီအမ်ဘရိတ်ပေါက်လာပြီ၊ ဟိုးဆရာ ဟိုးဆရာ”ဆိုပြီး

  • etone

    August 5, 2011 at 11:12 am

    may thu moe myint အသစ်ထင်ပါတယ် … အခုမှ ပထမဆုံး ကော့မန့်ပေးတာ 🙁 တစ်ခုထဲမို ့ … သဂျီးဆိုက်ရှင်းနေတာနဲ့ ကြုံတဲ့အခါ … ရထားတဲ့ ပွိုင့်ထဲ ၂ဝ နှုတ်ခံရမှာပါ … ဒါကြောင့် … သူဂျီးမပျက်ခင် ကျွန်မဖျက်ပေးလိုက်လျှင် … ပွိုင့်တင်ခလေးပဲ နှုတ်ခံရမှာမို့ … ကျွန်မကပဲ ဖျက်ပေးလိုက်လျှင်ကောင်းမလား တွေးမိပါသေးတယ် .. ။ ရွာထဲမှာ စည်းကမ်းတင်းကြပ်နေတာမို့ … သေချာလေး စည်းကမ်းတွေ ၊ ကြေငြာချက်တွေ ပြန်ဖတ်သင့်ပါတယ် ။

    • kai

      August 5, 2011 at 2:29 pm

      အဲဒီတယောက် မန်းတာ ရှင်းလိုက်ပါပြီ…
      (တုံမမ..ဘာဆိုလိုချင်မှန်းမသိမှာဖြစ်နေမှာစိုးလို့ပါ..။)
      =
      ရန်ကုန်ကကားမောင်းသူတွေ.. မြန်နှုန်းမြင့်မမောင်းကြသေးတာမို့.. အက်စိဒန့်တွေမှာ.. သိပ်အထိအခိုက်မကြီးတာတော့..သတိထားမိတယ်..။

      • susunosuki

        August 5, 2011 at 4:31 pm

        ဂျပန်က ကျည်ဆန်ရထားမစီးဖူးဘူး။ ရန်ကုန်မှာအမြန်ဆုံး တိုက်ကြီး မှော်ဘီ ရန်ကုန် ကားတွေစီးဖူးတယ်။ မြန်သလားမမေးနဲ့ဗျို့၊ ခေါင်းပေါ်ကဆံပင်သုံးလက်မလောက်က မျက်နှာကိုလေတိုးနှုန်း နဲ့ ပြန်ရိုက်တာ စပ်တောင်စပ်တယ်။ kai ပြောတဲ့ မမြန်ဘူးဆိုတာ ဘာကိုဆိုလိုမှန်းတောင်မသိပါဘူး။

        ခု လာပြန်ပြီ။ 124 အထူးယာဉ်လိုင်း၊ မှော်ဘီ တိုက်ကြီးကားထက်သာတယ်။ ဘရိတ်တွေကောင်းလို့သာ။ တစ်ခါတော့ ဆူးလေလမ်းဆုံမှာ အဘွားကြီးတစ်ယောက်ကို တိုက်ချလိုက်တာ သေသွားတယ်လို့ကြားတယ်။

  • စုံ စုံ

    August 5, 2011 at 11:46 am

    နေ့တိုင်းဘတ်စ်ကားစီးနေရတာလဲတကယ်အန္တရယ်များပါတယ်
    ရိုးရိုးတန်းတန်းမောင်းတဲ့ကားကအရှားသား
    အမြဲတမ်းကားချင်းဖိုက်နေကြတယ်
    မနေ့ကရုံးကပြန်တော့လဲကား၂စီးဖိုက်နေတာ
    အိမ်ကိုဘယ်လိုရောက်သွားမှန်းတောင်မသိလိုက်ဘူး
    တော်သေးတာပေါ့ထိုင်စရာနေရာရလို့
    မတ်တပ်သာရပ်စီးရရင်တော်တော်မလွယ်မယ့်အပေါက်
    အဲ့ဒိကားသမားတွေကိုလဲမေးချင်ပါရဲ့
    ကားပြိုင်မောင်းကြတာဘာများအကျိုးကျေးဇူးပိုရသွားသလဲလို့

  • manawphyulay

    August 5, 2011 at 1:29 pm

    ကားလမ်းတွေလည်း အမြဲပိတ်တယ်။ လှည်းတန်းမီးပွိုင့်ထက်တောင် ဆိုးသေးတယ်။ ကားတိုက်မှုတွေကတော့ နေ့စဉ်နဲ့ရက်ဆက်ဆိုသလိုပါပဲ။

  • zawthulay

    August 5, 2011 at 1:44 pm

    ခရီးသည်တွေသနားစရာပဲနော်… ကျွန်တော်တို့တောင်ဒဂုံမှာလည်း ခဏခဏဖြစ်တယ်ဗျ အက်စီးဒင့် ဘီအမ်တွေက အရမ်းမောင်းတာ အပြိုင်ပဲ အခါခါတိုက်လည်း မမှတ်ကြဘူးဗျိုး.. ကျွန်တော်ကတော့ အထူးပဲစီးတယ်.. ဘီအမ်တွေကိုကြောက်လွန်းလို့ဗျာ ..

  • etone

    August 5, 2011 at 3:36 pm

    အရပ်ကတို့ ရေ… အခုမှ ကျုပ်တင်တဲ့ပုံ သေချာကြည့်မိတယ်.. စပယ်ယာ ခြေချောင်းလေးတွေ ပြတ်သွားတာ ရိုက်ထားတာ ပြတ်တဲ့ခြေချောင်းလေးတွေ ဖြစ်နေတဲ့ ခြေထောက်ပုံ တပိုင်းပြတ်နေလေရဲ့ .. ရိုက်ချက်ကတော့ ကမ်းကုန်တော်တယ် နော် … ဟွန် ့ 🙁

    • susunosuki

      August 5, 2011 at 5:04 pm

      etone ရေးတာကတာ့ အသေးစားယာဉ်တိုက်မှု။ ဘုရင့်နောက်မှာ အလုပ်ဆင်းမယ့်သူက အလယ်တပ်ထိပ်က ပြန်လှည့်ပြီး အလယ်တံတားက ပတ်လာရတယ်။ လမ်းတွေပိတ်တာ။

  • mr.lone

    August 5, 2011 at 3:40 pm

    နောက်ဆုံးပုံမှာ ခြေထောက်ကြီး လိန်နေတယ်နော် ။ ခြေချောင်းတွေလည်း ပြတ်နေတယ်။ နဂိုတည်းက ပြတ်နေတာလား ကားaccidentဖြစ်မှပြတ်သွားတာလားတော့မသိဘူး။ etone မမက တကယ့် နေရာကောင်းကိုတော့ အပီအပြင်မရိုက်လာဘူး ။

    • etone

      August 5, 2011 at 4:35 pm

      မရွှေချောရေ .. ကျုပ်လည်း အလျှင်မြန်ရိုက်လိုက်တာပဲ ..ပုံပြန်ကြည့်မှ ခြေထောက်ပါမလာတာ နာသကွာ … ။ ဓါတ်ပုံရိုက်တော့.. စစ်သားနှစ်ယောက်ပြူးကြည့်နေတယ် တွေ့လား ဟင့် .. 😥

      • mr.lone

        August 5, 2011 at 4:55 pm

        ပြူးကြည့်တဲ့ မျက်လုံးနှစ်လုံးလည်းမတွေ့ပါလား ။ ဟိ 🙂

  • PaukPhaw

    August 5, 2011 at 4:31 pm

    စပယ်ယာ ခြေထောက် တစ်ချောင်း ပြတ်သွားတာလား..
    မြေကြီးထဲ ဗွက်ထဲ ကျနေလို ့ေ ပျာက်နေတာလား..
    အထင်တော့ ကားနှစ်စီးကြား ညပ်ပြီး လိမ်သွားတာထင်တယ်.
    စောစောစီးစီး..!

  • pannu

    August 5, 2011 at 4:52 pm

    ဟိုး အရင် မြေနီကုန်းမှာလဲ ဥနှောက်တွေ တစ်စစီကျဲပြန့်နေတာ တွေ့ခဲ့ရတယ်..
    အဲဒီအနားမှာ ခနခန ကား အက်ဆီးဒင့် ဖြစ်တယ်..
    ကျနော် တွေ့ခဲ့တာပြောရရင် ကားဆရာက မောင်းပြေးတော့တာပဲ..
    ဆွမ်းကြီးလောင်း ခံရမယ် စိုးလို့ထင်ပါတယ်…

  • MaMa

    August 5, 2011 at 5:28 pm

    etone ကတော့ သဂျီးသမီး ပီသပါပေတယ်ကွယ်။ လျှပ်တစ်ပျက်ရိုက်ချက်နဲ့ အမှန်တကယ်သွက်လက်တဲ့ မီဒီယာသမားပေပဲ။
    (ရန်ကုန်ကကားမောင်းသူတွေ.. မြန်နှုန်းမြင့်မမောင်းကြသေးတာမို့…) ဆိုရအောင် လျှပ်စစ်ရထားလည်း မဟုတ်၊ ထိုင်ကန်တော့ပြီးမှ မောင်းရလောက်အောင် မော်ဒယ်မြင့်မြင့်တွေချည်းပဲ။ ဒီက ဒိုင်နာဒရိုင်ဘာတွေ မောင်းတာ အမေရိကန်က ပိုင်းလော့ကတောင် အရှုံးပေးရမယ်။ ဖြစ်လိုက်ရင် ပွဲချင်းပြီးပဲ။ 🙁

  • blackprince72

    August 5, 2011 at 8:33 pm

    ကျွှန်တော် ရန်ကုန်ရောက် ရင်ဘယ်တော့မှ လိုင်းကားမစီးဘူး ။တခါက ကျွှန်တော် ကောင်မလေးက ဇွတ်စီးခိုင်း လို့ ဒိုင်နာ ကား ရှေ့ခန်း မှာလဲရ တာနဲ့စီးလိုက်တာ ကားပြိုင်မောင်း လို့ဘုရားတ ပီး လိုက်ရ တယ်။ကံကောင်းလို့မသေတာ။အစိုးရ ကလဲ လူပိုတင်ရင်မဖမ်းပဲ ပိုက်ဆံတောင်းတယ်။အမြန်မောင်းတာလဲမဖမ်းဘူးဗျာ ။

  • shwe ni

    August 6, 2011 at 4:43 am

    ဒေါ်ဝင်းဝင်းလတ် နဲ့ဆုံးတုံးကအဲဘတ်လား မသိဘူးနော တိုက်တာလဲ ဖြည်းဖြေးလေးပဲ လို့ပြောကြတယ် သေဘို့ကံပါတော့လဲသူတယောက်ထဲသေသွားတာ

Leave a Reply