စိတ်ထားတတ်ရင်….။။။

စိတ်ထားတတ်ရင်….။။။

မိတ်ဆွေ သင်တို့ကိုယ်တိုင် အလှူခံဖူးပါသလား…?
ဒါမှမဟုတ်သူများလာအလှူခံတာကိုရောကြုံဖူးပါသလား…?

အထက်ပါမေးခွန်းများနှစ်ခုအနက် ဒုတိယမေးခွန်းကို လူများစွာက မကြုံဘူးပါလို့
ဖြေလို့  မရနိုင်လောက်အောင် ကြုံဘူးနေကြမှာပါ ကိုယ် တိုင်အလှူလိုက်မခံဘူးသော်လည်း ကိုယ်တိုင်တော့
အလှူခံနဲ့ကြုံဘူးကြမှာပါ…..ထပ်မေးလိုက်ပါအုံးမယ်  ဘယ်လိုများ လာအလှူခံတာကိုကြုံဘူးတာပါလဲ…?
ဒီမေးခွန်းကတော့  နည်းနည်းခက်ရင်ခက်  မခက်ရင် ဖြေစရာအကြောင်းအရာတွေများနေပါလိမ့်မယ်……
မိတ်ဆွေတို့ တော့ဘယ်လို အလှူခံတာမျိုးကို ကြုံဘူးတယ်မသိပါ  ကျွန်တော်ကြုံခဲ့ရတဲ့  အလှူခံနည်းအမျိုးမျိုးထဲက
ကောင်းနိုးရာရာ အလှူခံနည်းများကို  တတ်သမျှမှတ်သမျှ …..
အသုံးချနိုင်စေချင်းငှာသော်လည်းကောင်း ..။။။။။
ရှောင်ရှားနိုင်စေချင်းငှာသော်လည်ကောင်း…။။။။။
ဒါနပြု နိုင်စေခြင်းငှာသော်လည်ကောင်း    တင်ပြအပ်ပါတယ်……။။

လက်တို့တောင်းရင်…။။။။။။။
အဲဒီတောင်းနည်း ……ဒီဟာကတော့ အလှူခံတာတော့မဟုတ်ဘူးဗျ
ဒါပေမယ့် စိတ်ထားတတ်မြတ်တယ် လို့ ရှေးလူကြီးသူမတွေ
စကားအရတော့ စိတ်ကလေးထားတတ်ဘို့တော့လိုပါတယ်..ဒီဟာကလဲ အလှူတစ်မျိုးပဲလေ..
သင် ကားဂိတ် လမ်းစုံလမ်းခွ တစ်နေရာရာမှာများ ဘတ်စ် ကားသော်လည်းကောင်းအသိမိတ်ဆွေသော်လည်ကောင်း
တစ်ဦးဦးကို များစောင့်ဆိုင်းနေခဲ့ရင် သူတို့တွေရောက်လာတတ်တယ်လေ သူတို့ကတော့ကလေးတွေများတယ်ဗျ
ဒီအလှူခံလေးတွေက လူလည်လေးတွေဗျ  သမီးရည်းစားစုံတွဲတို့  ဖုန်းကိုစတိုင်ကျကျကိုင်ပြီးပြောနေတဲ့လူတို့
ပဲနည်းနည်းများတဲ့မမတို့ အန်ကယ်တိုကို အဓိကပစ်မှတ်ထားပြီး အလှူခံတော့တာပါပဲ  သိပ်ပဲမများတဲ့ကျွန်တော်တောင်
ခံလိုက်ရတာပါပဲ…..။။။ကားဂိတ်မှာ အိတ်တစ်ဖက်နဲ့ရပ်နေတုန်းပေါ့
ကျွန်တော့်ရဲ့  ပေါင်ကို  လာတို့တာပါ ဘာများလဲလို့ကြည်လိုက် တော့ အလှူခံ ချာတိတ်ပါပဲ ကျွန်တောကငုံကြည့်လိုက် တော့
ဘာမှမပြောပဲလက်ဝါးလေးဖြန့် ထားပါတယ် ..အသာလေးမျက်နှာလွဲပြီးမသိချင်ယောင်ဆောင်နေလိုက်ပါတယ်
ထပ်ပြီး လက်နဲ့တို့ပါတော့တယ် ပြန်ငုံ့ကြည်ပြီးလက်ခါ ပြလိုက်ပါတယ်  ဘယ်ရလိမ်မလဲ မသွားပဲရှေတည့်တည့်ကနေ
ပေပြီရပ်နေပါတယ်  လက်နဲထပ်တို့ပြန်ပါတယ် ““ အကြွေမပါဘူးကွ ””လိမ်မယ် လို့ မကြံနဲ့ လေ….ချာတိတ်က
လက်ထဲက ပိုက်ဆံပေးပါတဲ့…….။။။။
““ဟ…ဒါကားခကွ”” ဘောင်းဘီထဲက  ပိုက်ဆံအိတ်ထဲမှာ  ထပ်ထုတ်လိုက်ပေါ့တဲ့  ကောင်းရော““မရဘူးကွာမပေးဘူး””
နည်းနည်းတန့်သွားပြီး ခဏတော့ ပေရပ်နေသေးတယ် နောက်တော့ ပဲနဲနဲ များတဲ့ မမကြီးတစ်ယောက်ဆီမရအရ
သွားတောင်းတာတွေ့လိုက်ရတယ်လေ…။။
.အဲဒီနေရာမှာ မိန်းကလေးသာဆိုရင် သူတို့ဟာ
သင့်ရှေတည့်တည့်ကနေပြီး  သင့်ကိုလူအများကြားရှက် စရာတစ်ခုလိုဖြစ်လာအောင်
ပုံပျက်ပန်းပျက် အတင်းလက်တို့ပြီးတောင်းတော့တာပါပဲ အဲဒီအချိန်မှာသင် အမြန်တောင်းတာကိုပေးလိုက်မလား
ဒါမှမဟုတ်ငြင်းဆန်မလား ဒီနှစ်လမ်းကိုရွေးရပါတော့မယ် တောင်းတာကိုပေးလိုက်ရင်တော့ သင် ဒါန တစ်ခုပြုလိုက်တာပါပဲ
ငြင်းဆန်လိုက်မယ်ဆိုရင်တော့ သင်ထပ်ပြီ အရှက်ကွဲစေနိုင်တဲအဖြစ်မျို ထပ်မံလုပ်ဆောင် လာနိုင်သလို…ဒါမှမဟုတ်
အသာတကြည်လည်း  သူတို့ ထွက်ခွာသွားစေမှာဖြစ်ပါတယ် အရှက်ရစေတဲ့ အဖြစ်ကတော့ သင့်ကိုဆဲဆိုသွားတာမျိုးပါပဲ
အခုလိုအဖြစ်အပျက်မျိုးကို သင်ကြုံတွေ့နေရပြီဆိုရင် တစ်ခုသတိထားဘို့က သင့်ရဲအနီးနားက လူတွေက သင့်ကိုမသိမသာ
စောင့်ကြည့်နေတတ်တယ်  ဆိုတာပါပဲ…။။။။

သပိတ်တိုက်…။။။။။။
ဒါကတော့ အလှူခံတာပါ  အဲလိုပဲပြောရမှာပေါ့ နော်   ဒါမျိုး အလှူခံတာကို အများဆုံးကြုံတွေရမှာက
လက်ဖက်ရည်ဆိုင်တွေမှာပါပဲ ကိုရင် ငယ်ငယ်လေးတွေ အလှူခံပုံ အလှူခံနည်းပါ
လက်ဖက်ရည်ဆိုင်ထိုင်ရင် သင် သတိထားဘို့တော့လိုပါတယ် ဒီလိုတွေက ရန်ကုန်မြို့ အနှံအပြားမှာ လက်ဖက်ရည်ဆိုင်
တော်တော်များများမှာတွေ့ရတတ်ပါတယ်..ဒီလိုအဖြစ်နဲ့ကျွန်တော်ကြုံ ခဲရတာကတော့
တစ်နေ့ သူငယ်ချင်းနဲ ့ ရုံးအနီးနားက လက်ဖက်ရည်ဆိုင်ထိုင်ရင်း  ရောက်တတ်ရာရာ အလုပ်အကြောင်းပြောနေချိန်
ကျွန်တော့်လက်မောင်းတစ်ဖက် တစ်စုံတစ်ခုနဲ့ တိုက်မိလိုက်တဲ့အပြင် ပူကနဲဖြစ်သွားလို့အလန့်တစ်ကြားထအော်မိပါတယ်
လှည်ကြည်မိတော့ကိုရင်  ခပ်တည်တည် ပဲ ကျွန်တော်ရဲ့ဘေးမှာလာရပ်နေပါတယ် ကျွန်တော်လည်းသူ့သပိတ်ကိုစမ်းကြည့်
လိုက်တော့ပူနေတာနဲ့ ““ကိုရင် သပိတ်အပူကြီးနဲဘာလို့လက်ကိုတိုက်ရတာလဲ ”” မဖြေပါ ရပ်မြဲရပ်နေပါတယ်
““ကန်တော့ဆွမ်းနော်ကိုရင်”” အဲလိုပြောပြီး သူငယ်နဲချင်းနဲ့ဆက်စကားပြောပါတယ်
လက်မောင်းမှာထပ်ပူသွားပါတယ်  သပိတ်နဲ့ထပ်တိုက်တာပါ..ကိုကလည်းစကားပြောကောင်းနေ ပိုက်ဆံအိတ်နှိုက်ဘို့
ဂျင်ဘောင်းဘီနောက်အိတ်ထဲက ထုတ်ဘို့အတွက်ကျတော့ ထိုင်နေရင် အထုတ်ရခက်  ဘောင်းဘီကြပ်နေတာနဲ့
အလွယ်ကန်တော့ဆွမ်းလုပ်မိတဲ့အတွက်  ကိုရင် ရဲ့ ဒါန ပြုရေး နှိုးဆော်ချက်ကို ထပ်မံခံစားလိုက်ရတာပါပဲ
ကိုရင်““ နည်းနည်းများသွားပြီ  တစ်ပည့်တော် ကန်တော့ဆွမ်းလောင်းပြီးသွားပြီလေ”” စကားအဆုံးမှာ….
သပိတ်ကရှေတိုးလာပါတယ်  လက်နဲ့အသာပြန်တွန်းထားရင်း ကျွန်တော်တောင်းဆိုချက်တစ်ခု ပြုလိုက်ပါတယ်
ဒီနည်းလေးက  ပဲခူးတိုင်းသနပ်ပင်မြို့ မှာနေတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ကိုရင်တွေကို လှူဒါန်းစဉ် မေးမြန်းတဲ့
မေးခွန်း လေးတွေကို  ကြိုက်လွန်းလို့ မှတ်ထားတာပါ..သူက ကိုရင်တိုင်းကို ပိုက်ဆံ လောင်းပါတယ်
ဒါပေမယ့် သူမေးတာမှန်အောင်ဖြေနိုင်မှလောင်းတာပါ…။။။
““ကိုရင်ကိုမေးမယ်မှန်အောင်ဖြေနိုင်ရင် ဝတ္ထုငွေ ငါးရာ ကပ်မယ် မမှန်ရင် ကန်တော့ဆွမ်းပဲ မေးရမလား””“
ကိုရင်အသာခေါင်းညိမ့်ပါတယ်.။။။။။
““  ကျောင်းနာမည်ပြော”” ….  ကိုရင်ဖြေနိုင်ပါတယ် ကျွန်တော်သိတဲ့ကျောင်းတိုက်ပါပဲ
““ကျောင်ထိုင်ဆရာတော်ကြီးဘွဲ့ပြော”” ကိုရင်မဆိုင်းမတွပြန်ဖြေပါတယ်
““ကိုရင်ဘွဲပြော”” မှန်မှန်ပဲပြန်ဖြေပါတယ်…။။
တစ်ချို့ကိုရင်တွေဆို ကျောင်းထိုင်ကြီးဘွဲ့အမည်တောင်မသိလို့ စဉ်းစာနေရ တဲ့ကိုရင်တွေ ရှိပါတယ်
““နောက်အလှူခံရင် သပိတ်အပူကြီးနဲ့တော့ လိုက် မတိုက်ပါနဲ့ကိုရင်ရာ..ပူလို့ပါ””
ကျွန်တော် ငါးရာ ဝတ္ထုကပ်လိုက်ပါတယ်  ..။။
မိတ်ဆွေ ဒီအလှူခံနည်းနဲ့ အလှူခံနေပြီဆိုရင်တော့ သင့်ကို ဆိုင်အတွင်းမှာ ရှိတဲ့လူတွေက ဘာလုပ်မလဲ ကြည်နေတတ်သလို
စုံတွဲလေးများထိုင်နေမိလို့ကတော့ ခပ်သွက်သွက်သာ လှူဒါန်းလိုက်ပါ နောက်မို့ဆို သပိတ်တစ်လုံးနဲ့
ကိုရင် ရယ် သမီးရည်းစားစုံတွဲ ရယ် ကြည့်လို့မကောင်းတဲ့ ကိုယိုကားယား ပုံစံ ကို လူတိုင်းရီနေကြပါလိမ်မယ်
လက်ဖက်ရည်ဆိုင်မနက်ပိုင်းထိုင်ရင် တစ်ခုတော့သတိထားပါ လက်ကို မထင်မှတ်ပဲ သပိတ်အပူကြီ း
လာကပ်တတ်လို့ပါ…။။။။။

ဝိုင်းပတ်ပိတ်ဆို့..။။။။
ဒီနည်းကတော့ လုံးဝသေချာတဲ့ အလှူခံခြင်းပါ ဒီလိုအလှူခံခြင်းက အလှူခံပုဂ္ဂိုလ်ရော အလှူ ပေးပုဂ္ဂိုလ်ပါ  သေချာစေတဲ့နည်းပါ
အလှူ ခံသူလည်း သေချာပေါက် အလှူငွေရရှိမှာဖြစ်ပြီး အလှူပေးသူလဲ စေတနာပါသည်ဖြစ်စေမပါသည်ဖြစ်စေ
သေချာပေါက် အလှူပေးရမယ့် အလှူခံခြင်းပါပဲ စိတ်ထားတတ်ရင်မြတ်တယ်ပေါ့ မရှုံးစေရအောင် သတိထားဘို့ပါ
ရန်ကုန်မြို့ထဲက ဘဏ်လမ်းထဲမှာ နေ့လည် နှစ်နာရီလောက် ဆိုရင် မုန်ဟင်းခါးဆိုင်လေးတွေထွက်ပါတယ် ထိုင်ခုံ အပုလေးတွေချပြီး
အချို့ဆိုင်တွေဆိုတော်တော် စားကောင်းပါတယ် တစ်ချို့ဆို တစ်ခြားတစ်နေရာကနေ တစ်ကူးတက လာစားရတယ်လို့ပြောကြပါတယ်
ကျွန်တော်ကလည်း မုန့်ဟင်းခါး ဆိုသိတ်ကြိုက်တာပေါ့ မုန်းဟင်းခါးကို အဲဒီလမ်းထဲကဆိုင်လေးမှာ ကြက်ချေထောက် ကြက်ခေါင်းနဲ့
စားလို့ရပါတယ်  တစ်နေ့ နေ့လည်ပိုင်း မုန်ဟင်းခါးစားဘို့ ကျွန်တော်တစ်ယောက်ထဲထိုင်နေပါတယ်
မုန်းဟင်းခါးလာချပေးတာနဲ့  ကျွန်တော်လည်း ဘယ်သူမှမကြည့်တော့ပဲ ခေါင်းငုံ့ ပြီးဆွဲတော့တာပေါ့ …
ဒီအချိန်မှာပဲ  လူအချို့ ဝိုင်းရံ လိုက်တယ်လို့ထင်ပါတယ် ပထမ ကတော့ ကျွန်တော်ထိုင်တဲ့ ခုံဝိုင်းလေးကို အခြားမုန့် စားသူတွေ
လာဝင်ထိုင်တယ်လို့ထင်လိုက်တာပဲ ဗျ ကိုယ်ထိုင်နေတဲ့ခုံလေးတောင် နည်းနည်းနေရာရွှေပေးလိုက်သေးတယ်
အထင်နဲ့အမြင် ပါစင်အောင်လွဲတော့တာပဲဗျို့ ရုတ်တရက်ကြားလိုက်ရတဲ့အသံတွေကြောင့် မုန့်ပန်းကန် လွတ်ကျမသွားအောင် မနည်းကိုင်
ထားလိုက်ရတယ် “““ရန်သူမျိုးငါးပါဟူသမျှကင်းကွာကြပါစေ … ကိုးပါးခြောက်သွယ်အန္တရာယ်ကာကွယ်နိူုင်ပါစေ….#%&*#@ &…///
မိမိကောင်မှုအကြောင်းပြုတောင်ဆုပြည့်ပါစေ…”””
(အဲဒီလိုရွတ်တာကို ကြားတဲ့အတိုင်ပြန်ရေးတာပါ တစ်ကယ်အလွတ်မရပါဘူး)
ရွတ်ဖတ်သံတွေဟာ ကျွန်တောထိုင်နေရာခုံ အနီးနားတစ်ဝိုက်မှာဆူညံသွားပါတယ် အလန်တစ်ကြားမော့ကြည့်မိတော့..လားလား
ကျွန်တော့်ကို…ဆရာလေး(မယ်သီလရှင်)ငါးပါးဝိုင်းထားကြပါတယ် မောင်ထောင်ဂျိုင့်လေးတွေးလက်တစ်ဖက်ကပိုက်ပြီး
လက်တစ်ဖက်က နှီးဖျပ် ဝိုင်းလေးတွေကို ကျွန်တော့်မျက်နှာရှေ့မှာ ထိုးခံထားကြပါတယ်…..
ဟင်းဟင်း……မင်းကိုငါတို့ ဝိုင်းထားပြီပေါ့ဗျာ….
မထင်မှတ်ပဲ ဝိုင်းရံခြင်းခံလိုက်ရတာပါ  ကျွန်တော်လည်း ဒီလောက် စိတ်ရှုပ်စရာကောင်းစွာ ဝိုင်းဝန်းဆုတောင်းသံတွေကြားမှာ
အလန့်တစ်ကြားနဲ့ မုန်ပန်းကန်လေးအသာချပြီး  ဆရာလေးများဆုတောင်းပြည့်စေခြင်းငှာ  တစ်ပါးလျှင် အကြွေရှိသလောက်
တစ်ရာ ငါးဆယ် နှစ်ရာ စသဖြင့် သင့်တင့်ရာ အကြွေ ပါသမျှ လှူဒါန်းလိုက်ရပါတော့တယ် …။။
ဒါကတော့ဝိုင်းပတ်ပိတ်ဆို့ အလှူ ခံခြင်းပဲ ဖြစ်ပါတယ် ဝိုင်းပတ်ပိတ်ဆို့တဲ့ အပြင် အသံနဲ့ပါဆက်လက် ဒါန မြောက်စေကြောင်း
တိုက်တွန်းလိုက်ပါသေးတယ် …စိတ်ချ  သင်ကိုအနီးနားကဖြတ်သွားဖြတ်လာလူတွေတင်မဟုတ်ဘူး ဆိုင်မှာအတူထိုင်နေတဲ့
လူတွေကပါ ပြုံးစိစိနဲ့ကြည့်နေကြမှာပါ ဒီလိုအဖြစ်မျိုးဆိုရင်တော့   သင်““ကန်တော့ဆွမ်းလုပ်လို့မရတော့ပါဘူး””
သင် စိတ်ထားဖြူဖြူစင်စင်နဲ့သာ  လှူဒါန်း လိုက်ပါလို့ တိုက် တွန်းလိုက်ပရစေ..။။

ဒီလို အလှူခံပုဂိ္ဂုလ်တွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ခဲရဘူးတဲ့ လူတွေများစွာရှိမှာပါ…..
“စိတ်အနှောက်အယှက်ဖြစ်လို့
“မကောင်းတတ်လို့
“လူတွေဝိုင်းကြည်နေလို့
“ရှက်လို့
“လူမြင်မကောင်းလို့
ဆိုတဲ့ စိတ်ဓါတ်တွေကိုပယ်ဖျောက်ပြီး စိတ်ထားမြတ်မြတ်လေးထား အိပ်ထဲကပါသွားတဲ့ ငွေများအတွက်
အရင်းပါမရှုံးကြ ပါစေနဲ့ မလှူမဖြစ် လှူကြရတော့မယ်ဆိုရင်တော့  စိတ်ထားဖြူဖြူစင်စင်သာထားရှိကြပြီး
နိဗ္ပာန်န ပစ္စယော ဟောတု ….နိဗ္ပာန်ကို မျက်မောက်ပြု ရာ အထောက်ပံကောင်းအနည်းငယ်  ရကြရင်ဖြင့်…….။။။
စိတ်ထားတတ်ရင်မြတ်ပါတယ်မိတ်ဆွေ အလှူခံသူရဲ့ လုပ်ရပ်ကြောင့် စိတ်အနှောက်အယှက်ဖြစ်စွာ အလှူ ပေးမိလို့
မိတ်ဆွေတို့ မမြတ်ပဲ ရှုံး သွားမှာစိုးရိမ်တဲ့အတွက် မြတ်တဲ့စိတ်ကလေးထားနိုင်စေခြင်းငှာ……….။။။။။။။။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

15 comments

  • Kaung Htet Linn

    August 5, 2011 at 9:58 am

    ဟုတ်ပဗျာ………. အလှူခံတွေကို လည်းအပစ်ပြောလို ့မရတော့ ကိုယ်ကပဲ စိတ်ထားတက်အောင်ထား ရတော့မှာပေါ့လေ……..

  • aungnng87

    August 5, 2011 at 10:18 am

    orgက ကျောင်းအမည်၊ ကျောင်းထိုင်ဆရာတော်သိနေမှတော့ တပည့်တော်အခုတော့လှူှူလိုက်ပြီ။ တော်ကြာနေရင်အဲဒီကျောင်းကိုသွားပြီးဆရာတော်ကိုဒီအဖြစ်အပျက်လေးတွေလျှောက်ထားဦးမယ်ဘုရားလို.ပြောလိုက်ပေါ့။
    သာသနာကိုညစ်နွမ်းစေသောအကြောင်းတရားများဘဲ။

    • ogre

      August 5, 2011 at 4:28 pm

      ကိုရင်ဆိုတော့
      စောင့်ထိမ်းရတဲ့သိက္ခာနည်းပါတယ်
      ခွင့်လွတ်..သင့်တယ်ထင်ပါတယ်
      ကလေးမို့လို့ပါ ..တစ်ချိန်ဆရာတော်ကြီးတွေဖြစ်လာမှတော့ ..
      ဒါမျိုအလှူမခံတော့မှာသေချာပါတယ်………………။

      ကိုရှေ့ မှာရောက်နေရင်သာ
      အမြင်မတော်တဲ့အချက်လေးများပြင်ပေးလိုက်ရင်ရပြီလို့ထင်ပါတယ်..။။

  • MaMa

    August 5, 2011 at 10:41 am

    အလှူခံနည်းကို စုံသွားတာပဲ။ ဒီလိုနည်းနဲ့ အလှူလာခံမှဖြင့် စိတ်ကို ဘယ်လိုထားလို့ရတော့မှာလဲ။ စိတ်ဆိုတာ ကိုယ်ကမသိလိုက်ခင်မှာပဲ စနိုးစနောင့်က ဖြစ်သွားပြီးသား။ အရင်က အဲလိုအလှူခံတွေကို လှူဖြစ်ပေမယ့် ခုတော့ ရတဲ့နည်းနဲ့ရှောင်တယ်။ လူတွေဝိုင်းကြည့်နေလဲ ကိုယ်က သူခိုး ဂျပိုးအလုပ်လုပ်နေတာ မဟုတ်တော့ ရှက်စရာမလိုဘူးလို့ ပဲ ခံယူတယ်။

  • pan pan

    August 5, 2011 at 10:44 am

    ဟုတ်တယ် ကိုဘီလူး
    လက်တို့တောင်းတာတော့ အဆိုးဆုံးပဲ
    ကိုယ်တိုင်ကြုံရတယ်
    သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်တုန်းကပေ့ါ
    ရပ်နေတုန်းလာတောင်းတာ
    ဆက်လျှောက်တော့လည်း နောက်ကလိုက်လာတယ်
    အဲဒါသူငယ်ချင်းသုံးလေးယောက်လောက်ရှိတော့ တစ်ယောက်စီခွဲနေပြီး ကိုယ့်နားကပ်လာရင်
    ဟိုမမက သဘောကောင်းတယ် သူ့ဆီသွားတောင်း၊
    င့ါဆီလာမတောင်းနဲ့ မရှိဘူး နင့်မှာရှိရင်တောင် ဘတ်စ်ကားခပြန်ပေးဆိုပြီး ဟိုပုတ်ဒီပုတ်လုပ်လိုက်တာ အဲဒီကလေးလည်း လည်ထွက်သွားတယ်ထင်ပါရဲ့ လက်လျှော့သွားတယ် 😛
    တခါကျတော့ အဆဲပါခံရတာ :angry

  • P zer

    August 5, 2011 at 10:44 am

    ဖြတ်ပိုင်းနဲ့ အလှူခံတာရော ကြုံဖူးပါသလား….
    ဟိုနေ့ကပဲ အိမ်နီးချင်းတစ်ယောက်က အောက်တိုဘာလကုန်မှာ လုပ်မဲ့ဆရာကန်တော့ပွဲအတွက်အလှူငွေ လက်ခံနေပြီ ၊ သူ့ဆီမှာ လာထည့်လို့ရတယ်ဆိုပြီး ပြောလာပါတယ်။ဆရာကန်တော့ပွဲအတွက် နှစ်တိုင်းကျမ အလှူငွေ ထည့်နေကျပါ။အဲဒီနေ့ကတော့ ပိုက်ဆံလဲ မပါ ( လမကုန်သေးလို့ ပိုက်ဆံ မရှိတာလဲ ပါ ပါတယ်) ၊ ကျမလဲ “ဟုတ်ကဲ့ ..နောက်မှလာထည့်လိုက်ပါ့မယ်” ဆိုပြီး ပြောခဲ့ပါတယ်။
    နောက်နေ့ကျမဆီ ဖြတ်ပိုင်းတစ်စောင် ရောက်လာပါတယ်.. အလှူငွေနေရာမှာ ၁၀၀၀ဝ ကျပ်လို့ ရေးထားပါတယ်.. ကျမက ဘယ်လောက်လှူမယ်လို.လဲ မပြောခဲ့ဘဲနဲ့ သူ့သဘောနဲ့သူ ဖြတ်ပိုင်းရေးပြီး လာပေးသွားတော့ … အိမ်နီးချင်းဆိုတော့လဲ ပြောရခက်…..ဒါနဲ့ပဲ လကုန်တာနဲ့ ပိုက်ဆံ ၁၀၀၀ဝ စာအိတ်ထဲ ထည့်ပြီးပေးလိုက်ရပါတယ်…… အောင့်သက်သက်နဲ့ပေးရတာဆိုတော့ ဒါနတော့ မြောက်မယ်မထင်တော့ပါဘူး…..

  • စုံ စုံ

    August 5, 2011 at 11:40 am

    ခနခနကြုံဖူးတာပေါ့
    မုန့်ဆိုင်ထိုင်နေတုန်းအဲ့လိုကြုံရင်တော့အများအာဖြင့်
    ပိုက်ဆံသိပ်မပေးဖြစ်ဘူး
    ဘာစားချင်လဲမေးပြီးဝယ်ပေးလိုက်တာများတယ်
    အံမယ်…..အဲ့ခါကျရင်သူတို့ကပြောတယ်
    ခေါက်ဆွဲကြော်စားချင်တယ်တဲ့
    ဘယ်တတ်နိုင်မလဲလေ ကိုယ်ကဘာစားချင်လဲလို့မေးလိုက်တာကိုး
    ဝယ်ပေးလိုက်ရတာပေါ့ 🙂
    တခါတလေကိုယ်တိုင်ကလဲစိတ်ရှုပ်နေတဲ့အချိန်
    သူတို့ကလဲအတင်းလာတောင်းနေရင်တော့
    မအော်လွှတ်မိအောင်မနည်းထိန်းရတယ်

  • windtalker

    August 5, 2011 at 1:23 pm

    ကောင်းပါပေ့ ကိုဘီလူး ရယ်
    ခေါင်းစဉ်လေး ကို က တစ်ကယ် ကို ကောင်းပါတယ်
    စုံနေအောင် သိရတဲ့ အတွက်
    ကျေးဇူးတင်ပါတယ်ဗျာ

  • etone

    August 5, 2011 at 1:38 pm

    ကိုယ်တိုင် အလှူခံလုပ်ပေးတာကတော ့…နောက်နောင် ဘယ်တော့မှ မလုပ်တော့ပါဘူး … တစ်ခါက ဘုရားပြင်ဖို ့နိဗ္ဗာန်ဆော်လုပ်ပေးသေးတယ် … နှပ်ချေးငပိလုပ်စားတဲ့ လူတွေချည်းမို့ ကုသိုလ်မရ ငရဲရတတ်ပါရဲ့ … ။
    အလှူခံ တောင်းခံရတာတော့ .. ကြုံ ဖူးပါတယ် ..
    လက်တို့တောင်းတဲ့ ကောင်လေးတွေ လာလာတို့လျှင် အရမ်း စိတ်တိုတာပဲ .. ဘာလို့လဲဆိုတော့ သူတို့လက်က နေရာစုံ လျှောက်ကိုင်ထားတာလေ … ဘတ်တီးရီးယားတွေ ပါလာနိုင်တယ် .. ဒါကြောင့်ပါ .. ။ အဝေးက လှမ်းတောင်းလျှင် တော်သေးတယ် …. အနားလာပြီး တို့လျှင် မပေးရေးချ မပေးဘူး … ။
    တစ်ယောက်တလေများ သနားလို့ ပေးလိုက်လျှင် ဘယ်လို သတင်းပေးလိုက်မှန်းမသိဘူး .. တခြား ကလေးတွေပါ ဝိုင်းလာလို့ … ။ 🙁
    တချို ့တွေကလည်း သင်္ကန်း အရေခြုံတွေပါတတ်တယ် .. ကျောင်းမရှိဘူး သပိတ်တလုံးနဲ့ ညစ်ပတ်ပေရေနေတာပါပဲ …. ။ အထူးသဖြင့် ကလေးတွေ များပါတယ် … ကိုရင်အရွယ်လေးတွေပေါ ့… ။

    • ogre

      August 5, 2011 at 4:33 pm

      ကိုရင်လေးတွေကိုတော့ခွင့်လွတ်ကြပါဗျာ

      ကိုရင်ကဗျာလေးကြိုက်လို့ ထည့်ပေးလိုက်ပါတယ်
      ဒီကဗျာဖတ်ပြီး မုဒိတာပွားနိုင်စေဘို့ပါ
      ရေးသားသူအမည်ပါတစ်ခါတည်းထည့်ပေးလိုက်ပါတယ်
      ဒီကောမက်နဲ့ပဲ စာရေးသူအားခွင့်တောင်းအပ်ပါတယ်ခင်ဗျား…။။။

      *ကိုရင်ကလေး ထင်မသေးနှင့်*

      သင်္ကန်းညစ်ထပ် မျက်ချေးနှပ်နှင့်
      မသပ်မပယ် ကိုရင်ငယ်ဟု
      စိတ်ဝယ်မလေး ထင်မသေးနှင့်

      ခေါင်းမှာပွေးဒက် အနာစက်နှင့်
      မရှက်တတ်ပေ သာမဏေဟု
      ရိုသေကင်းဝေး ထင်မသေးနှင့်

      ဆူညံပြေးလွှား ဆော့ကစားလျက်
      နေငြားကိုပင် မဆင်ခြင်ဘဲ
      စိတ်ထွေပြစ်ထွေး ထင်မသေးနှင့်

      မြွေဟောက် မြွေပွေး ပိစိကွေးဟု
      အရေးမထား ကိုင်တွယ်ငြားက
      ဆိပ်များပြင်းပြ ကုမရသို့
      တူလှလေအင် မောင်ကိုရင်ဝယ်
      ကျင့်စဉ်သီလ ဆိပ်ပြည့်ဝလျက်
      သံဃာ့ဂုဏ်ပန်း ထုံပြည့်လျှမ်း၏

      ကိုရင်ကလေး ပိစိကွေးလည်း
      ဖြူဖွေးသီလ ကျင့်ဆောင်ရသည်
      ဒသလိင်ဒဏ် သေခံယံနှင့်
      တစ်ဖန် ခန္ဓက စုဒ္ဒသ ဟု
      သီလဆိပ်မျိုး တစ်ရာ့ကိုးနှင့်
      ပြည့်ဖြိုးစုံလင် ဂုဏ်ပန်းလွင်၏

      ဆင်ခြင်ရှုက လူ့သီလမှာ
      ငါးပါးသာတည့် ညစာသောက်စား
      သားမယားနှင့် မော်ကြွားနေ့စဉ်
      ပျော်ပွဲဆင်လည်း ကိုရင်ကလေး
      ပိစိကွေးကား စာရေးစာအံ
      တညံညံနှင့် ဆာပြန်သော်လည်း
      ထန်းလျက်ခဲမျှ မစားရဘဲ
      ပျော်ပွဲကင်းကွာ နေရရှာ၏

      သေချာစဉ်းစား ဆင်ခြင်ပွားက
      ဘုရားမြေးတော် ကိုရင်မော်ကား
      အဟော်ဝတ ကြည်ညိုရာ့မို့
      တွေးဆဆင်ခြင် ဉာဏ်သက်ဝင်လျက်
      ကိုရင်ကလေး ထင်မသေးနှင့်
      ဇိနေးရှင်ချစ် မြေးပါတကား။

      မောင်နေရောင်

  • chitpyae

    August 5, 2011 at 2:14 pm

    သူငယ်ချင်း တယောက်ကပြောဖူးတယ် … သူ မြေနီကုန်းမှာ မုန့်ထို်င်စားနေတာပေါ့နော် အလှူခံ ကိုရင်လေး ပါပဲ ကန်တော့ဆွမ်းပါလို့ ပြောလိုက်တာကို သူ့ကို ဆဲသွားတယ်တဲ့လေ … ။
    တချို့တွေက အဲလိုတွေလည်း ရှိပါသေးတယ် .. မလှူမိရင် အဆဲခံရမယ် သတိလည်း ထားကြပါအုံး နော် ။

  • နွယ်ပင်

    August 5, 2011 at 2:39 pm

    တစ်ခါ ကြုံဖူးတယ် မုန့်စားနေတုန်း အဒေါ်ကြီးတစ်ယောက် လက်တို့ပြီးတော့ လာတောင်းတော့
    အကြွေမရှိဘူးလို့ပြောတာ မုန့်ဖို့ရှင်းပြီး အကြွေအမ်းပြီးပေးလို့ပြောတာလေ …

  • kai

    August 5, 2011 at 2:49 pm

    ရေးဟန်လေးသဘောကျတယ်..။
    ဗဟုသုတတိုးပြိး.. လက်ရှိခေတ်အခြေအနေ..ကွက်ကနဲ့..မြင်ရတာပေါ့…။

    သေချာဖတ်မိသလောက်.. ဝေဖန်ရရင်..အဲဒါတွေက..အလှူခံနေတာမှမဟုတ်တာပဲ..။
    အေးဓမြတိုက်နေကြတာကို..။
    ရိုက်သာထုတ်ပစ်..။ 🙂

  • moethidasoe

    August 5, 2011 at 3:06 pm

    အကျိုး အကြီးဆုံးက နိဂြောဓ ဈန်က ပြန်ထလာတဲ့ ဘုရား ရဟန္တာကို လှူတဲ့အခါ
    နောက်ပိုင်း တဖြည်းဖြည်း အကျိုး လျော့လာပြီး နောက်ဆုံးအလှူက တိရစ္ဆာန်ကို လှူတာ
    ဒါကြောင့် လူအချင်းချင်း လှူတဲ့နေရာမှာ အကျင့်သီလ သမာဓိ ပို ကောင်းတဲ့လူကို လှူရင် ပိုရပေမယ့်
    ဒီလို ကြုံဖို့က ခက်တယ်လေ .. ရတဲ့ အလှူလေးနဲ့ပဲ ကျေနပ်ရမှာပေါ့
    လှူတဲ့အခါမှာ စိတ်ထား ပြတ်ဖို့ပဲ လိုပါတယ် .. လှူပြီးရင် ဘာလုပ်လုပ်ပေါ့ ..

    တခါက သူဖုန်းစားတစ်ယောက် ရဟန်း ဟန်ဆောင်ပြီး ဘုရင့်အလှူကို လာ အလှူခံတဲ့အခါ ဘုရင်က စိတ်ဝင်စားလို့ အမတ်ကြီးကို လိုက်ကြည့်ခိုင်းတော့ ဇရပ်တခု အနားရောက်တော့ သင်္ကန်းကို ချွတ်ပြီး စားသောက်နေတာတွေ့တယ် .. ဒီတော့ အမှန်အတိုင်း ပြန်လျှောက်ရင် အဲဒီ သူဖုန်းစားလဲ အသတ်ခံရမယ် .. အလှူလဲ ပျက်မယ် .. ဒါကြောင့် အမတ်ကြီးက ပြန်လျှောက်တဲ့နေရာမှာ
    ဇရပ်တစ်ဆောင် အနီးရောက်တဲ့အခါ ရဟန်းအသွင်ပျောက်သွားပါကြောင်းလို့ ပြန်လျှောက်တယ်တဲ့
    အဲဒီတော့ ဘုရင်ကြီးလဲ စိတ်ထဲမှာ ဪ ငါ ရဟန်းမြတ်ကို လှူမိပြီ ဆိုပြီး သဒ္ဒါတွေ တက်လာသလို
    သူဖုန်းစားလဲ ရာဇဝတ် မသင့်တော့ဘူးတဲ့

    ဒီတော့ ကိုယ် လှူပြီးရင် ပြန်လှည့်မကြည့်တာ ကောင်းတယ်ပေါ့ .. စိတ် ပြတ်ဖို့ လိုတယ် ..
    မလုပ်သင့်တာကို လုပ်တဲ့လူအတွက် သူ့အပြစ် သူခံရမှာ သူ့အပြစ်ပေါ် ကိုယ့်စိတ်က ကွက်သွားရင် ကိုယ်သာလျှင် xxxxx

  • hmee

    August 5, 2011 at 7:01 pm

    ရန်ကုန်မှာတုန်းက ကြုံဖူးတယ်။ ကားဂိတ်မှာပဲ လက်လေးနဲ့ လာပြီး ကုပ်တယ်။ ခေါင်းခါပြလည်းမရ တကယ်ဆိုးတာ။ နောက်ဆိုင်မှာ တနေ့တနေ့ လာလိုက်တဲ့အလှုခံ အမျိုးကို စုံနေတာပဲ။ အလှုခံတိုင်းသာ ထည့်ရရင် ရသမျှ အမြတ်ကုန်မှာလေ ကန်တော့ဆွမ်းပါ လုပ်ရတော့တယ်။ သီလရှင်ကို တဆယ်တန်လောင်းလို့ ကိုယ့်ရှေ့တင် လွှတ်ပြစ်တယ်လေ သူတို့ကသာ တဆယ် ကိုယ်ကတော့ အပါးတရာဆို တရာဖြစ်ပြီ နေ့စဉ်ရက်ဆက် ဘယ်လွယ်မလဲ ဒါကြောင့် ကိုယ်သတ်မှတ်ထားတဲ့ သီလရှင်ကိုပဲ တခါတည်းများများ လှုတယ် တခြားသူတော့ ကန်တော့ဆွမ်းပဲ။

Leave a Reply