ခင်ပွန်းကြီး၁ဝပါး ကန်တော့နည်း

Ma SweetAugust 5, 20111min2368

မင်္ဂလာပါ… mandalaygazette မှ မိတ်ဆွေများကို ခင်ပွန်းကြီး ၁ဝ ပါး ကန်တော့နည်းကို တင်ပြပေးချင်ပါတယ်။ တခြားဆိုက်တခုမှာတော့ တင်ပြပေးဖူးပါတယ်။

ကျွန်မတို့ ဖေဖေ က ကျွန်မတခြားမြို့ ကို အလုပ်သွားလုပ်မယ်ဆိုတော့ ဒီကန်တော့နည်းလေးကို ပေးလိုက်ပါတယ်။
ညတိုင်း ကန်တော့အိပ်ဖို့လဲ မှာပါတယ်။ ခင်ပွန်းကြီး ၁ဝ ပါး ပူဇော်ခြင်း အကျိုးကိုလဲ ပြောပြပါတယ်။

ဖေဖေပြောပြီးမှ ကျွန်မကိုယ်တိုင်လဲ ညတိုင်း ကန်တော့ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်မက ကန်တော့ရခြင်းအကျိုးကို မျှော်မှန်းပြီးမှ ကန်တော့တာမျိုးမဟုတ်ပါဘူး။ အလှူဒါနရယ်လို့ ကိုယ်တိုင်က ကောင်းကောင်းမလုပ်နိုင်တော့ ဒီခင်ပွန်းကြီး၁ဝပါးကို ညတိုင်း ကန်တော့ဖြစ်တဲ့ခါ စိတ်ထဲမှာ လုံခြုံ နေသလို သေရမှာမကြောက်တော့သလိုခံစားမိလာတယ်။ ဒါတော့ ကျွန်မခံစားချက်ပါ။ ဘာပဲဖြစ်ဖြစ် လူရယ်လို့ဖြစ်လာရင် ဒီခင်ပွန်းကြီး၁ဝပါးကိုတော့ မမေ့တာအကောင်းဆုံးပေါ့နော်။

ခင်ပွန်းကြီး ၁ဝ ပါးပူဇော်ခြင်းအကျိုးကျေးဇူးက ဘာတွေပဲ ဖြစ်ဖြစ်ပါ ခင်ပွန်းကြီး ၁ဝ ပါးကိုတော့ မမေ့လျော့ပဲ ကန်တော့ဖြစ်ပါစေလို့ ဆန္ဒပြုရင်း ဒီကန်တော့နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ခင်ပွန်းကြီး၁ဝပါး ကန်တော့နည်း

ဘုရားတပည့်တော်သည် သံသရာအစမှစ၍ ယနေ့တိုင်အောင်

  • ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌
  • ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌
  • ဂုဏ်ကျေးဇူးကြီးမားကြကုန်သော အဂွသာဝက၊မဟာသာဝက ရဟန္တာ အရှင်ကိုယ်တော်မြတ်ကြီးတို့ အပေါ်၌
  • ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်မြတ်ကြီးတို့ အပေါ်၌
  • ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မိခင်တို့ အပေါ်၌
  • ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ဖခင်တို့ အပေါ်၌
  • ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ဆုံးမတတ်သော ဆရာသမားတို့ အပေါ်၌
  • ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊ ပညာဂုဏ်တို့ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြကုန်သော လူပုဂွိုလ်၊ ရဟန်းပုဂွိုလ်တို့၏ အပေါ်၌
  • ဂုဏ်ကျေးဇူးကြီးမားကြကုန်သော တရားဓမ္မတို့ကို ဟောပြောပြသဆုံးမတတ်သော ဆရာသမားတို့၏ အပေါ်၌
  • ထမင်းတစ်လုပ်၊ ရေတစ်မှုတ် စသည်ဖြင့် ပေးကမ်းချီးမြှင့် ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂွိုလ်တို့၏ အပေါ်၌

ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသော ကံတို့ဖြင့် ပြစ်မှားမိခဲ့သည် ရှိခဲ့ပါသော် ထိုအပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား…။

ဤသို့ ရှိခိုးပူဇော်ဖူးမြော် မာန်လျော့ ကန်တော့ရသော ကောင်းမှုကံစေတနာတို့ကြောင့် အလုံးစုံသော ဘေးရောဂါ အန္တရာယ်အပေါင်းတို့မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာ သိမြင်၍ နိဗ္ဗာန်သို့ ဝင်နိုင်သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား။
လောကီမင်္ဂလာ အဖြာဖြာတို့သည်လည်း စိတ်ကြံတိုင်းတောင်းတတိုင်း လွယ်ကူလျင်မြန်စွာ ပြည့်စုံ၍၊ နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသား အရှင်ဘုရား…။

ခင်ပွန်းကြီး ၁ဝ ပါးပူဇော်ခြင်း အကျိုး

  1. အစားအစာ မရှားပါးခြင်း
  2. ရောက်ရာအရပ်၌ လေးစားပူဇော်ခံရခြင်း
  3. ရန်သူမျိုးငါးပါးနှင့် ကင်းဝေးနိုင်ခြင်း
  4. လူချစ်လူခင် ပေါများခြင်း
  5. ပရိသတ်အလယ်၌ တင့်တယ်စွာ နေနိုင်ခြင်း
  6. ကောင်းသတင်းဂုဏ် ကျော်စောခြင်း
  7. အခြွေအရံ များခြင်း
  8. စီးပွားဥစ္စာ ဖွံ ့ဖြိုးတိုးတက်ခြင်း
  9. ဘေးဒုက္ခကြုံသော် အကူအညီရရှိခြင်း
  10. သားကောင်း သမီးကောင်း ရရှိနိုင်ခြင်း

8 comments

  • zawmyothu

    August 5, 2011 at 10:50 am

    ဒီလိုစာမျိုး တွေ များများ ဖတ်၇ရင်ကောင်းမယ်ဗျာ
    ဗဟုသုတ ရလို.ပါ။

  • yaungchikha

    August 5, 2011 at 11:01 am

    အခုလို မျှဝေပေးလို့ ဆွိကို ကျေးဇူးတင်ပါတယ်………..

  • စုံ စုံ

    August 5, 2011 at 11:02 am

    ကျမလဲနေ့တိုင်းခင်ပွန်းကြီးဆယ်ပါးကိုရှိခိုးဖြစ်တယ်
    ဒီလိုတော့မဟုတ်ဘူး
    ပါလိလိုကောမြန်မာလိုအနက်အဓိပ္ပါယ်နဲ့ပါရွတ်ဖြစ်ပါတယ်
    ဒါပေမယ့်ဆိုလိုရင်းအဓိပ္ပါယ်ကတော့အတူတူပါဘဲ
    အခုလိုတင်ပေးတာကျေးဇူးပါ

  • မိုက်ကယ်ဂျော်နီအောင်ပု

    August 5, 2011 at 11:06 am

    ဟီဟိ
    တွေ့ဂျဘီဘော့
    ဒို့ သဂျီးမင်းနဲ့
    နေအုန်း
    ခု သူအိပ်မက် မက်နေဒယ်
    နိုးလာမှ

  • Ma Sweet

    August 5, 2011 at 11:13 am

    ဟုတ်ကဲ့ပါ ဆွိ ပို့စ်လေး ကိုစိတ်ဝင်တစားဖတ်ပေးတဲ့ မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်။

  • MOEPWINTPHYU

    August 5, 2011 at 11:20 am

    ဒီစာမျိုးတွေ ဘုန်ကြီးကျောင်းတို့ လူသေတဲအိမ်တွေမှာဝေတာရဘူးတယ်
    ကြိုက်လို ရွတ်လဲရွတ်ဖြစ်ပါတယ်

  • kai

    August 5, 2011 at 12:30 pm

    – ဗုဒ္ဓါနံ ဇီဝိတဿ န သက္ကာ ကေနစိ အန္တရာယော ကာတုံ၊ တထာ မေ ဟောတု။
    ဗုဒ္ဓါနံ – မြတ်စွာဘာရားတို့၏၊ ဇီဝိတဿ – အသက်တော်၏၊ အန္တရာယော – ဘေးအန္တရာယ်ကို၊ ကေနစိ – တစ်စုံတစ်ယောက်သော သူသည်၊ ကာတုံ – ပြုခြင်းငှာ၊ နသက္ကာ – မတတ်နိုင်၊ တထာ – ထို့အတူ၊ မေ – တပည့်တော်အား၊ ဟောတု – ဖြစ်ပါစေသတည်း။

  • char too lan

    August 5, 2011 at 2:12 pm

    သာဓု………. သာဓု………… သာဓု…

Leave a Reply