အပြစ်မမြင်ပါဘူး ( The End )

မောင် ပေAugust 5, 20111min1397

နွေ ၊ မိုး ၊ ဆောင်း တို ့တစ်လှည့်စီ ပြောင်းလဲခြင်း နှင့် အတူ ရန်ကနား ၏သမီးလေး ချစ်စုသည် လည်း မူကြို တက်သည့် အရွယ်  ၊ ၅ နှစ်ကျော် သို ့ရောက်လာခဲ့သည် ။
အရွယ်ရောက်လာသည် နှင့် ချစ်စု လေး ၏ မျက်နှာမှာ တရုတ်ရုပ်တစ်ဖြည်းဖြည်းပေါက်လာသည် ။ ချစ်စု ကို တရုတ်မ လို ့လည်း ရပ်ကွက် က ဝိုင်းအမည်ပေးထားသည် ။ ချစ်စု (ခ) တရုတ်မ ပေါ့လေ ။ ရန်ကနား တစ်ယောက် သမီး ကို သူများ သားသမီးတွေ လို မူကြို ထားချင်သောကြောင့် ၊ သမီးကိုခေါ်ကာ မူကြို သို ့သွားရောက်ခဲ့သူ ရန်ကနား တစ်ယောက် မူကြို မှာ ပြဿနာတက်ရသည် ။
“ ဘယ်လို…ဒီ သမီးလေး က ရှင့်သမီး ၊ ဟုတ်လား ၊ ကြည့်လဲ လုပ်ပါဦးဦးရန်ကနား ရယ် ၊ ကုလား က တရုတ်မွေးတယ်လား ”
မူကြို ရှိ ကျောင်းအပ်ခံ ဆရာမလေး များ အားလုံး အူတက်ကုန်ကြသည် ။
“ ဆရာမ နော် ….၊ မစော်ကားပါနဲ ့ ၊ သမီးလေး ကို နော် ကျွန်တော်မွေးစားခဲ့တာပါ ၊ တစ်ကယ့် သမီးအရင်းလို ချစ်လို ့၊ ကျွန်တော် ရှာဖွေရသမျှ နဲ ့ကျွေးမွေး ခဲ့တာပါ ၊ ချစ်စု ဟာ  ရန်ကနား သမီး ၊ ရန်ကနား ဟာ ချစ်စု ရဲ  ့အဖေ ဆိုတာ ကို ရန်ကနား တို ့တစ်ရပ်ကွက်လုံး သိတယ်နော် ”
“ ကောင်းပြီလေ ၊ ဒီကလေး ဟာ ရှင့်ကလေး မှန်တယ်ဆိုရင် ၊ မနက်ဖန် ကြ ရှင်တို ့ ရပ်ကွက်လူကြီး ကို ခေါ်လာပြီး သက်သေပြခိုင်းပါ ၊ ဒီနေ ့တော့ ကျွန်မ တို ့ အနေနဲ ့ ၊ မယုံကြည်တဲ့ အတွက် ၊ ရှင်တို ့ပြန်နိုင်ပါပြီ ”
ရန်ကနား တစ်ယောက် ရှူးရှူး ရှဲရှဲ ဖြင့် သမီးလေး လက် ကို ဆွဲ ကာ မူကြို မှ ပြန်လာခဲ့သည် ။ သမီးလေး က စကားတတ်လွယ်သည် ။
“ ပါပါး ၊ ချောန က ဒေါ်ဒေါ်လေး တွေ ကို ပါးပါး ပြောလိုက်တာလေ ၊ မွေးချား သမီး ဆိုတာ ဘာလဲ ဟင် ”
ရန်ကနား တစ်ယောက် ဖြေရ ကြပ်သွားသည် ။
“ ဪ…..အဲဒါက ၊ဒီလိုလေ…. မီးမီး က ပါပါး ကို ချစ်တယ် မလား ”
“ အင်း ချစ်တာပေါ့ ၊ အရမ်းချစ် ၊ မိုးလောက်ကြီး ချစ် ”
“ ပါပါး က လဲ မီးမီး ကို အရမ်းချစ်တယ် ၊ အဲဒီလို ဖြစ်တာကို နောက်တစ်မျိုးအနေနဲ ့ပြောတာ ကို မွေးစားသမီး လို ့ ခေါ်တာ မီးမီး ရဲ  ့  ……၊ ဟုတ်ပြီလား ”
“ အင်း…ပါးပါး မီး ကို ဒီနေ ့မူကြို လိုက်ပို ့မယ် ဆို ၊ စောစော က ဒေါ်ဒေါ် တွေ နဲ ့ပါးပါး စကား ဘာလို ့များတာလဲ ဟင် ”
“ အော်…..အဲဒါက ၊ ပါပါး က ပြောလိုက်တာလေ ၊ သူတို ့ကျောင်း က အရမ်းညံ့တယ် လို ့ ၊ ငါ့ သမီးကို မထားချင်တော့ဘူး လို ့ ၊ ပါပါး ပြောလိုက်လို ့ ၊ သူတို ့တွေ က ပါပါး ကို မကျေမနပ် ဒေါသ တွေ ဖြစ်နေတာပါ…… လာပါ ၊ မီးမီး ကို အဲဒီ ကျောင်းထက် အများကြီး ပိုကောင်းတဲ့ ကျောင်းကို ပါပါး လိုက်ပို ့မယ် ။ ”
ချစ်စု နှင့် ရန်ကနား တို ့သားအဖ ၊  ရပ်ကွက်ရုံး သို ့သွားကာ ဦးမိုင်ခေါင် ကို သွားရှာသည် ။
“ ဟော…. ရန်ကနား တို ့သားအဖ ၊ ကြည့်စမ်း….တရုတ်မလေး က အရမ်းထွားလာတာပဲ ၊ တစ်နေ ့တစ်ခြား ချစ်စရာ ကောင်းလာတယ် နော် ”
“ ဦးမိုင်ခေါင် ..၊ ငါနင်နဲ ့ပြောစရာ ရှိလို ့ ၊ … မီးမီး လေး ဒီမှာခဏထိုင်နေနော်  ”
ရန်ကနား နှင့် ရပ်ကွက်လူကြီး ဦးမိုင်ခေါင် တို ့ ၊ ရုံး အနောက် ဘက် အခန်းသို ့ဝင်ပြီး စကားပြောကြသည် ။ ရန်ကနား တစ်ယောက် မူကြို တွင် သူ ကြုံ ခဲ့ရသည် များ ကို ပြန်ပြောပြ လိုက်သည် ။
“ ဒါဆို ရင်တော့ ၊ မင်း ကို ချစ်စု ရဲ  ့တရားဝင် မွေးစား အဖေ ဖြစ်လာဖို ့ ၊ ငါတို ့စာချုပ် စာတမ်း နဲ ့လုပ်ကြ ရမှာပေါ့ကွာ ”
“ မြန်မြန်လေး လုပ်ပေးပါ လူကြီး ရယ် ၊ ငါ့ မှာလေ … ဒီသမီးလေး ရလာကတဲ က ငါ့သမီး အရင်းလို ချစ်ခဲ့တာပါ ၊ နင် မြန်မြန်လေး ကူညီပေးပါကွာ ၊ ငါ့ဘက် က ဘာလုပ်ရမလဲ ဆိုတာ ပြော ”
“ ရပါတယ် ၊ မနက်ဖန် မနက်ကြမှ ၊ ဒေါ်ညို တို ့မအေး တို ့ကို ပါခေါ် ၊ သက်သေထားပြီး ၊ တို ့စာရွက်စာတမ်းတွေ လုပ်ကြတာပေါ့  ၊ အဲဒါလုပ်ပြီး ရင်တော့  ချစ်စု ဟာ နင့်ရဲ  ့တရားဝင် သမီး ဖြစ်ပါပြီ ”
သို ့ဖြင့် သားအဖ နှစ်ယောက် အိမ်ပြန်ခဲ့ကြသည် ။ ချစ်စု လေး က ၆ နှစ် မပြည့်သေးသော်လည်း ဖအေ ကို ကောင်းကောင်းကြီး ကူညီပေးတတ်နေပြီ ဖြစ်သည် ။ ရန်ကနား ဈေးရောင်းထွက် ရန် လိုအပ်သည် များကို ကူညီပေးသည် ။ ရန်ကနား အကြော်ထည့် ရောင်းရန် စက္ကူ ကတော့ များ မှာ ချစ်စုလေး ဝိုင်းကူခေါက်ပေးထားခြင်း ဖြစ်သည် ။ ရန်ကနား ဈေးရောင်းထွက် လျှင် ချစ်စုလေး ကို ဆိုက်ကားဆရာ ကိုထွေး ၊ မအေး တို ့အိမ်တွင် အပ်ထားခဲ့ စမြဲ ။ မအေး က ချစ်စုလေး ၏ မိခင်ရင်းလို ပင် ။  ထို ့အပြင် ရပ်ကွက်ထဲ ရှိ လူများကလည်း ချစ်စုလေး ကို အိမ်လည် လာခိုင်းကြသည် ။ ချစ်စုလေး သွားပြီ ဆိုလျှင် တစ်ဝါးဝါး တစ်ဟားဟားဖြင့် ပွဲကြတတ်ကြသည် ။
“ ကုလား သမီး တရုတ်မကြီး ၊ ချားတွေ အများကြီးစီး  ” ဟု  ကဗျာလိုလို ရွတ်ကာ စနောက်ကြသည် ။

ဒီနေ ့ရန်ကနား တစ်ယောက် ဈေးရောင်းကောင်းခဲ့သည် ။ နေဝင်သည် နှင့် ကြော်စရာ ပဲ မကျန်တော့လောက်အောင် ကို ရောင်းခဲ့ရသည် ။ သမီးလေး အရမ်းကြိုက်သော ကြက်သားလုံးကြော် တုတ်ထိုးကင်လေး များ ဝယ်ပြီး အိမ်ပြန်လာခဲ့သည် ။ ရပ်ကွက်လမ်းထိပ် အရောက် မီးကင်းတဲ နား တွင် ၊ ပလာဒို ( သူတို ့အခေါ် )  ကားအကောင်းစားကြီး တစ်စီး ရပ်ထားသည် ကို တွေ ့ရသဖြင့် ရန်ကနား အံဩ နေသည် ။ ရန်ကနား တို ့ရပ်ကွက် မှာ လမ်းအလွန်ဆိုးသဖြင့် မည်သည့် ကားမျှ မဝင်ကြ ။ ယခု တွေ ့ရသော ကားမှာ လမ်းထိပ် ရပ်ထားသော်လည်း စက်နှိုးထားသည် ကို တွေ ့ရသည် ။ ဒရိုက်ဘာ ဟု ထင်ရသော တစ်ယောက် က ကားပေါ်တွင် ထိုင်နေသည် ။ ရန်ကနား လည်း ကားကြီး ကို သေချာ ကြည့်ပြီး စိတ်ကူးယဉ်မိနေသေးသည် ။

“ ငါ့ သမီးလေး ကို မူကြို လိုက်ပို ့ရင် ၊ ဒီလိုကားမျိုးနဲ ့ပို ့ရလို ့ကတော့…ရှယ်ဖြစ်မှာပဲ ”  …… ရန်ကနား တစ်ယောက် စိတ်ကူးယဉ်ပြီး ၊ ပြုံးပြုံးကြီး ဖြင့် သူ ့ရပ်ကွက်လမ်းထဲ သို ့ဝင်လိုက်စဉ် သူ ့ဆီကို ရပ်ကွက်ရုံး မှ စာရေး ပြေးလာသည် ။

“ ရန်ကနား…. ရန်ကနား ၊ အတော်ပဲ ၊ မင်း စောစောပြန်လာတာ ကွက်တိပဲ ၊ ရပ်ကွက်ရုံး ကို အခု လိုက်ခဲ့ ၊ မင်းကို တွေ ့ချင်နေတဲ့ ဧည့်သည်တွေ နဲ ့ဦးမိုင်ခေါင် နဲ ့စောင့်နေကြတယ် ”

ရန်ကနား တစ်ယောက် အူကြောင်ကြောင် ဖြင့် ရုံးသို ့ရောက်သွားသည် ။ ရပ်ကွက်ရုံး ထဲ တွင် သူ တစ်ခါ လူစိမ်း ၃ ယောက် နှင့် ရပ်ကွက်လူကြီး ဦးမိုင်ခေါင် တို ့ကို တွေ ့လိုက်ရသည် ။ လူစိမ်း၃ ယောက် မှာ အသက် ၅ဝကျော် အရွယ် တရုတ်ကြီး နှင့် တရုတ်မကြီး ၊ အသက် ၂၅ နှစ်ခန် ့တရုတ်အမျိုးသမီး တစ်ယောက် တို ့ဖြစ်သည် ။ ပုံစံတွေ ကြည့်တော့ မိသားစု လိုက်ဖြစ်မည် ဟု ရန်ကနား ထင်မိသည် ။ သေချာထပ်ကြည့်မိတော့ အသက် ၂၅ နှစ်ခန် ့တရုတ်အမျိုးသမီး ၏ မျက်နှာ က သမီး မျက်နှာ နှင့် ဆင်နေသည် ။ ရန်ကနား တစ်ယောက် အံ့ဩ လွန်း ကြီးစွာ ဖြင့် စိုက်ကြည့်နေမိသည် ။ ဦးမိုင်ခေါင် မျက်နှာ ကို လှမ်းကြည့်တော့ သိပ်မကောင်း လှ ။

“ လာ…ရန်ကနား  ဒီမှာ ထိုင်ကွာ….. ဒီက လူတွေ က ဦးကော့ကျင့်  နဲ ့ဒေါ်ဝမ်ယုန်  တဲ့ ။ ဟိုဘက် က ကလေးမ လေး က သူတို ့သမီး ၊ မေခြောက်ဖုံ တဲ့  ၊ ငါတို ့တွေ မင်းနဲ ့ စကားပြောရအောင် စောင့်နေကြတာ ပဲ ၊ မင်း ဒီနေ ့ဈေးရောင်းအပြန် စော တော့  ကွက်တိ ဖြစ်သွားတာပေါ့ ကွာ ”

“ ဒါနဲ ့ …ငါ့ ကို..ဒီကို ခေါ်တဲ့ ကိစ္စက …”

ဦးကော့ကျင့်…ဆိုသော အဘိုးကြီး က ဝင်ပြောလာသည် ။

“ ဒီလိုပါ…ဒီက ညီလေး ရန်ကနား ဆီ မှာ တရုတ်မလေး တစ်ယောက် မွေးစားထားတယ် ဆိုလို ့ ၊ သတင်းကြားလို ့လိုက်လာခဲ့တာပါ ”

“ ဟုတ်တယ်လေ ၊ မွေးစား ထားတယ် ဆိုပေမယ့် သမီးအရင်း တစ်ယောက် လို ချစ်လို ့သေချာ ကျကျနန မွေးထားတာပါ ၊ ခင်ဗျား တို ့ဘာကိစ္စ ရှိလို ့လဲ ၊ ကျွန်တော် အိမ်ပြန်ရဦးမယ် ၊ ဒီမှာ သမီးအတွက် ကြက်ကြော် တွေ ဝယ်လာတာ ၊ သွားကျွေးရဦးမယ် ၊ ပြောစရာ ရှိတာ မြန်မြန်ပြောပေးပါလား ”

“ ခဏလေး အချိန်လေးပေးပြီး ဦးတို ့ပြောတာ ကို နားထောင်ပေးပါနော် ၊ ဒီလိုပါ ကွယ် ၊ ဟိုဘက်က မေခြောက်ဖုံ ဆိုတာ က ဦးတို ့ရဲ  ့တစ်ဦးတည်း သော သမီးလေးပါ ၊ ပြီးခဲ့တဲ့ အချိန် ရ နှစ်ကျော် လောက်က ၊ ဦးတို ့လင်မယား က တရုတ်ပြည် မှာ စီးပွားသွားရှာနေခဲ့ပါတယ် ၊ သမီးလေး မေခြောက်ဖုံ ကို ဦးရဲ  ့ညီမ အိမ်မှာ ထားခဲ့တာပေါ့နော် ။ အဲဒီတုန်းက သူ က တက္ကသိုလ် တက်နေတာပေါ့ ကွာ ”

ပြောရင်း မောသွားဟန် ဖြင့် ဦးကောကျင့် ခဏနားပြီး ၊ ရေသန် ့ဘူး ကို ကောက်မော့သည် ။ ဒေါ်ဝမ်ယုံ က သူ ဆက်ပြောမည် အလုပ် ဦးကောကျင့် က လက်ကာပြပြီး ….

“ အဲဒီတုန်းက ဦးသမီး မေခြောက်ဖုံ က အနီးကပ် ဆုံးမ မယ့်လူ မရှိဘူး ဆိုပါတော့ ကွာ ၊ တော်တော်လေး ဆင်ခြင်တုံ တရား မဲ့ခဲ့တယ် ၊ အဲ….တိုတိုတုတ်တုတ် ပြောရရင်ကွာ… သူ တက္ကသိုလ် တက်တုန်းမှာ ရည်းစားရခဲ့တယ် ၊  ရည်းစားနဲ ့လွန်လွန်ကျူးကျူး ဖြစ်ပြီး ကိုယ်ဝန် ရှိခဲ့တယ် ။ သူ ့ကိုယ်ဝန် ၆ လလောက်မှာ သူ ့ကောင်လေး က ကျောင်းထွက်သွားပြီး သဘောင်္လိုက်သွားတယ် ၊ အခုထိ ပြန်မတွေ  ့ရတော့ဘူး  ၊ အဲဒီမှာ ဦးသမီး ဟာ သူ ့ကိုယ်ဝန် ကို ရအောင် မွေးပြီး ၊ ဘယ်သူ  ့ကို မှ အသိမပေး မတိုင်ပင် ပဲ ၊ သူ  ့ရဲ  ့တစ်လသား အရွယ် မွေးကာစ ကလေး ကို ဒီရပ်ကွက် ထိပ် က မီးကင်းတဲ ပေါ် မှာ စွန် ့ပစ်ခဲ့ လေသတဲ့ ။  ဦးတို ့မြန်မာနိုင်ငံ ကို ပြန်ရောက်လာတော့ လည်း ဒီကိစ္စ ကို မသိသေးဘူး ၊ အခု ပြီးခဲ့တဲ့ တစ်လ လောက်က မှ ဒီအကြောင်း ကို သိရတော့ .. လိုက်စုံစမ်းကြည့်တော့ ၊ ဦးသမီး မေခြောက်ဖုံ  စွန် ့ပစ်ခဲ့တဲ့ ကလေး ကို ၊ ဒီက ရန်ကနား က ကောက်ယူ မွေးစားထားတယ်ဆိုတာ သိလာရတယ် ”

ဦးကော့ကျင့် စကားကို ရပ်ပြီး ရန်ကနား မျက်နှာ ကို သေချာကြည့်သည် ။ အားလုံး က လည်း တိတ်ဆိတ်နေပြီး သူတို ့စကားပြောနေသည် ကို စိတ်ဝင်တစား ဝိုင်းနားထောင်နေကြသည် ။ ရန်ကနား က စကား စလိုက်သည် ။

“ အဟမ်း…..ဒီတော့ ၊ ကျွန်တော် က ဘာလုပ်ပေးရမှာလဲ ”

“ မောင်ရန်ကနား အနေ နဲ ့..၊ မွေးစားထားတဲ့ ဦး မြေးမလေး ကို ဦးတို ့ကို ပြန်ပေးဖို ့ဦးတို ့က တောင်းဆို ချင်လို ့ပါကွယ် ”

“ ဟာ…ဒီလိုတော့ ဘယ်ဖြစ်မလဲ …၊ ခင်ဗျား တို ့ပစ်ချင်တိုင်း ပစ်ခဲ့ပြီး မှ ၊ ပြန်လိုချင်မှ ဒီလို လွယ်လွယ် တောင်းလို ့ဖြစ်မလား ..။ နောက်ပြီး…ကျွန်တော် က လူပျို လူလွတ်တစ်ယောက်ပါ ၊ အဲဒီတုန်း က သမီးလေး ကို စတွေ ့ကတဲ က မြင်မြင်ချင်း အရမ်းချစ်သွားလို ့ သေချာ ကျကျနန မွေးလာခဲ့တာ…ဒီတစ်ရပ်ကွက်လုံး သိပါတယ် ဗျာ ..။ ဟေ့လူကြီး ဦးမိုင်ခေါင် ဝင်ပြောဦးလေဗျာ … ”

ဦးမိုင်ခေါင် တစ်ယောက် စိတ်မကောင်းခြင်းကြီးစွာ ဖြင့် ခေါင်းခါယမ်းနေသည် ။ ဦးကော့ကျင့် က စကားဆက်လာသည် ။

“ ရန်ကနား အနေ နဲ ့ ဦးတို ့မြေးမလေး ကို ဘယ်လောက် ချစ်တယ် ၊ ဘယ်လို ကျွေးမွေး ထိန်းသိမ်း စောင့်ရှောက်လာတယ် ဆိုတာ ကို ဦးတို ့သိပြီးပါပြီ ၊ ဒီအတွက် လည်း ရန်ကနား ကို အရမ်းကျေးဇူးတင်မိပါတယ် ၊ နောက်ပြီး ရန်ကနား ရဲ  ့ကျေးဇူး ကို ဦးတို ့မမေ့ပါဘူး ။ ဦးတို ့မြေးမလေး ကို ပြန်ပေးပါ ကွယ် ၊ ရန်ကနား ကို ဦးတို ့ထိုက်ထိုက်တန်တန် ကျေးဇူးဆပ် ဖို ့ စီစဉ်ထားပါတယ် ”

“ မရဘူး……..မဖြစ်နိုင်ဘူး….မပေးနိုင်ဘူး ၊ ဒီသမီးလေး ကို ချစ်လွန်းလို ့၊ ဘယ်မိန်းမ မှ မယူပဲ ၊ နေပူမရှောင် မိုးရွာမရှောင် ၊ ဘယာကြော် လည်ရောင်းပြီး လုပ်ကိုင်ရှာဖွေ ကျွေးမွေး လာခဲ့တာ …။ အိုဗျာ…ဘယ်လို နည်းနဲ ့မှ မပေးနိုင်ဘူး ”

ရပ်ကွက်လူကြီး ဦးမိုင်ခေါင် က ဝင်ပြောလာသည် ။

“ မင်းအနေနဲ ့…ဘယ်လို ခံစားရမယ် ဆိုတာ ငါတို ့ကိုယ်ချင်းစာပါတယ် ကွာ ၊ ဒါပေမယ့် ချစ်စုလေး ဟာ သူ ့အဘိုးအဘွား ၊ သူ ့အမေရင်း ရဲ  ့ထိန်းသိမ်းစောင့်ရှောက်မှု အောက်မှာ နေရမှာက ပို သင့်လျော် မှာပေါ့ ကွာ ။ ဒီတော့ ရန်ကနား ရယ် …။ တရားဥပဒေ အရလည်း မင်း က မင်းသမီးကို  တရားဝင် စာချုပ်စာတန်း နဲ ့မွေးရသေးတာ မဟုတ်တော့ ၊ သူ  ့မိသားစု အမှန်တွေ လက်ထဲ ပြန်ပေးလိုက်တာ အသင့်လျော်ဆုံးပါပဲ ကွာ ၊ ပေးလိုက်ပါ ကွာ ”

“ ဟုတ်ပါတယ်……ကိုရန်ကနား ရယ် ၊ ကျွန်မ အနေ နဲ ့လေ အမှားကြီး မှားခဲ့ပါတယ် ။ သမီး ကို ဒီမှာ လာစွန် ့ပြီး တဲ့ နေ ့ကတဲ က ဒီနေ ့ထိ တစ်ရက်မှ စိတ်မချမ်းသာ ခဲ့ပါဘူး ။ နေ ့တိုင်း ငိုခဲ့ရပါတယ် ။ အခု ကျွန်မ အဖေနဲ ့အမေ တို ့က အကြောင်းစုံ သိသွားပြီးမှ ၊ သူတို ့ကလည်း သူ တို ့မြေး ကို သူတို ့မြင်ချင်တယ် ၊ ကျွန်မ ကို အားလုံး ခွင့်လွှတ်တယ် ဆိုလို ့ ပြန်လာရှာတော့ တွေ ့ရတာပါ ။ ဘာပဲဖြစ်ဖြစ် ကိုရန်ကနား ကို ကျွန်မ တို ့က တစ်သက်လုံး ကျေးဇူးတင်သွားမှာပါ ၊ သမီးကို မွေးလာခဲ့တဲ့ အတွက်လည်း ကျေးဇူးဆပ်မှာပါ ။ ကျွန်မ သမီး လေးကို ကျွန်မ ကို ပြန်ပေးပါလို ့တောင်းပန်ပါတယ် ရှင် … ”

ရန်ကနား တစ်ယောက် ရပ်ကွက် ရုံး ထဲ မှ ပြေးထွက်လာပြီး သူ ့အိမ်သို ့ပြေးသွားသည် ။

“ သမီးရေ….သမီး ”

“ ရှင်….ပါပါး ပြန်လာပြီလား…၊ ပါပါး ဒီနေ ့ပြန်လာတာ စောတယ်နော် ၊ ဈေးအများကြီး ရောင်းခဲ့ရဲ  ့လားဟင် ”

ရန်ကနား တစ်ယောက် မျက်ရည်တွေ ကျနေပြီး သမီးကို တင်းကြပ်စွာ ဖတ်ထားလိုက်သည် ။

“ ဟင်…ပါပါး ငိုနေတယ် ၊ ဘာဖြစ်လို ့လဲ ဟင် …၊ စည်ပင်တွေ က ပါပါး ဈေးခြင်း ကို သိမ်းသွားလို ့လားဟင် ”

“ မဟုတ်ပါဘူး…၊ သမီးလေး ရယ် ၊ဪ….ဒီမှာ ၊ ပါပါး သမီးအတွက် ကြက်သားလုံးကြော်တွေ ဝယ်လာတယ် ၊ သမီး စားလိုက်ဦး ”

ချစ်စုလေး လဲ ပျော်သွားပြီး ရန်ကနားဆီမှ ကြက်ကြော်ထုပ် ကို ယူလိုက်ကာ စားလိုက်သည် ။ ရန်ကနား တစ်ယောက် ဝမ်းနည်း ခြင်းကြီးစွာဖြင့် သမီး ကို စိုက်ကြည့်နေသည် ။

“ သမီး…..၊ သမီး နဲ ့ပါပါး နဲ ့ ဝေးနေရတော့ မယ် ကွာ ”

“ ဟင်….ဘာဖြစ်လို ့လဲ ဟင် ၊ ပါပါး က ဘယ်သွားမှာ မို ့လဲ ဟင် ”

“ ပါးပါး က ဘယ်မှ မသွားပါဘူး ကွယ် ..၊ အမှန်က သမီးက…သမီးကလေ ပါပါး ရဲ  ့သမီးအရင်း မဟုတ်ဘူးကွဲ  ့၊ ပါပါး သမီးကို လမ်းဘေး က ကောက်ရလို ့မွေးစားထားတာ ၊ သမီး ရဲ  ့အမေ တို ့အဘိုးတွေ အဘွားတွေ က ပိုက်ဆံ ချမ်းသာတယ် ကွဲ  ့၊ အခု သူတို ့က သမီးကို ပြန်ခေါ်ကြတော့မယ် ”

“ ဟင် မလိုက်ဘူး…၊ သမီး ပါပါး နဲ ့ပဲ နေချင်တယ် ၊ ဘယ်သူ နဲ ့မှ မလိုက်ဘူး ၊ မလိုက်ချင်ဘူး ”

ရန်ကနား တို ့အိမ်ထဲသို ့ ရပ်ကွက်လူကြီး ဦးမိုင်ခေါင်၊ ဦးကော့ကျင့်တို ့လင်မယား နှင့် မေခြောက်ဖုံ တို ့ဝင်လာကြသည် ။ မေခြောက်ဖုံ တစ်ယောက် ၊ ချစ်စု လေး ကို မြင်သောအခါ ပြေးပြီး ဖက်ချီလိုက်လေသည် ။

“ သမီး……အောင်မလေး သမီးလေးရယ် ၊ ၅ နှစ်ကျော်လုံး အမေ နဲ ့ဝေးနေခဲ့တဲ့ သမီးလေး ၊ ကြည့်ပါဦး အပါးတို ့ရယ် ၊ သမီး က မေလေး နဲ ့ရုပ်တော်တော် ဆင်တယ်နော် ”

“ အဲဒါ သွေးက စကားပြောတာပေါ့ …… ၊  ရန်ကနား ရယ် ၊ မင်းကျေးဇူး တွေ က တော့ ဦးတို ့အတွက် ပြောလို ့ကုန်မှာ မဟုတ်တော့ပါဘူး ၊ မနက်ဖန် မှ ဦးတို ့ပြန်လာခဲ့ပြီး မောင်ရန်ကနား ကို ကျကျနန ကျေးဇူးဆပ်မယ်ကွာ  ၊ အခုတော့ သမီးကို ခေါ်သွားတော့မယ် နော် ”

ရန်ကနား တစ်ယောက် ဘာမှ မပြောနိုင်ပဲ မျက်ရည်များ သွင်သွင်စီးကာ ဆွံ  ့အ နေသည် ။

“ ပါပါး ရေ ၊ သမီး ဘယ်မှ မလိုက်ချင်ဘူး ၊ သမီး ပါပါး နဲ ့ပဲ နေချင်တာ ၊ လုပ်ပါဦး ပါပါး ရေ …ဟီးဟီး ”

“ မငိုပါနဲ ့သမီးရယ် ၊ အဲဒါ သမီး ရဲ  ့အမေမှန် ၊ အမေ အရင်းပဲ ၊ သူတို ့နဲ ့လိုက်နေတာ သမီးအတွက် အကောင်းဆုံး ဖြစ်လာမှာပါ ၊ နောက်ပြီး ပါပါး သမီးကို ချစ်တာထက် ၊ သူတို  ့က သမီးကို ပိုချစ်ကြပါလိမ့်မယ် ၊ လိုက်သွားတော့နော် ”

ချစ်စု ကလေး က မေခြောက်ဖုံ လက်မှ ဇွတ်ရုန်းသည် ။ ရန်ကနား လည်း ဆုံးဖြတ်ချက် တစ်ခု ကို ချလိုက်ကာ ၊ သူ အကြော်ကြော်သည့် သံယောက်မ ကို ယူပြီး သမီး တင်ပါး ကို ခပ်ဆတ်ဆတ်လေး တစ်ချက် ရိုက်လိုက်သည် ။ ထို ့နောက် အိမ်နံရံ ကို အသံမြည်အောင် ခပ်ပြင်းပြင်း ရိုက်လိုက်ကာ

“ ဒီမယ်…ငါနဲ  ့နင် လုံးဝ မနေ ရတော့ဘူး ၊ နင် ့ကို ငါ ပေးမနေတော့ဘူး ၊ နင် ရှိနေလို ့ငါ မိန်းမ ယူလို ့မရတာ ၊ သွား…နင့်အမေ တို ့နဲ ့လိုက်သွားတော့ ၊ မလိုက်လို ့ကတော့ အခု ရိုက်သလို ထပ်ရိုက်မယ် ၊ နေ ့တိုင်း နင့်ကို ရိုက်မယ် ၊ ဘာထမင်း ဘာမုန် ့မှ လည်း ကျွေးမှာ မဟုတ်ဘူး …၊ သွား….. ”

ချစ်စု လေး တစ်ယောက် အသားကုန် အော်ငိုရင်း ရန်ကနား ကို သေချာ စိုက်ကြည့်ကာ ။

“ ကောင်းပါပြီ…ပါပါး ရယ် ..၊ ပါပါး က မနေစေချင်တော့ ဘူး ဆိုရင်လည်း ၊ သမီး လိုက်သွားပါတော့မယ် ၊ နောက်ဆုံးအနေနဲ ့.. သမီး ပါပါး ကို ကန်တော့ခဲ့ပါတယ်နော် ”

ချစ်စုလေး တစ်ယောက် ရန်ကနား ခြေထောက်များ ကို ဖက်တောင်းပန်လိုက်ပြီး ထိုင်ကန်တော့လိုက်သည် ။ ရန်ကနား သည် မျက်နှာလွှဲနေသည် ။ ထို ့နောက် ဦးကော့ကျင့် တို ့မိသားစု နှင့် အတူ ချစ်စုလေး တစ်ယောက် လိုက်ပါသွားတော့လေသည် ။ ဦးမိုင်ခေါင် က ရန်ကနား ပခုံးကို လာဖက်ရင်း နှစ်သိမ့်လိုက်သည် ။

“ စိတ်လျှော့လိုက်ပါတော့ ကွာ ၊ အကြောင်းစုံ သိသွားပြီး ရင် သမီး က မင်းဆီ မကြာခဏ ပြန် အလည်လာမှာပါ ”

“ ငါ ရင်တွေ ကွဲကြေလု နီးပါး ပါပဲ ဦးမိုင်ခေါင် ရာ ၊ ငါ့ သမီးလေး ဟာ ငါ့ဘဝ ထဲ ကို ခဏ အလည်လာခဲ့တာပေါ့နော် ၊ ဒီလို ဖြစ်လာအောင် ဘယ်သူ လုပ်ခဲ့တာလဲဟင် … ၊ ငါ ဘယ်သူ ့ကို  သွားပြီး အပြစ်တင်ရမှာလဲ………ပြောစမ်းပါဦးကွာ……… ”

( ကိုယ်တိုင် စဉ်းစား ၊ စိတ်ကူး ရေးသားထားခြင်း ဖြစ်ပါကြောင်း ဝန်ခံပါသည် )

အားလုံးကို ကျေးဇူးတင်ပါသည် ။

 

 

7 comments

  • ogre

    August 5, 2011 at 3:18 pm

    ဖတ်နေရင်းနဲ့
    ဘယ်လိုပြောရမှန်းမသိဘူးဖြစ်သွားတယ်
    နည်းနည်းစိတ်ခံစားချက်လေးတွေကိုထပ်ပြီးအကွန့် အညွန့်လေးတွေနဲ့ဆို
    ဖတ်ရင်းမျက်ရည်လည်လာနိုင်တယ်..
    မြန်မာဗွီဒီယိုဇာတ်လမ်းအချို့နဲ့ နည်းနည်းဆင်တူဖြစ်နေတာလေးပဲပြောစရာရှိတယ်

  • zawmyothu

    August 5, 2011 at 3:34 pm

    နာမည်တွေကတော. တရုတ်သိုင်းကား
    တော်တော်ကြည်.ထားတယ်ထင်တယ် “ကောကျင်.၊မေခြောက်ဖုံ”
    ဖတ်ရတာ ကောင်းတယ်ဗျာ။

  • နွယ်ပင်

    August 5, 2011 at 3:51 pm

    ဒီတစ်ခါတော့ ဇာတ်သိမ်းတာ မြန်သွားပြီပေါ့ …
    ဒီထက် နည်းနည်းလေး ချဲ့လိုက်ရင် ပိုအဆင်ပြေသွားမယ်ထင်တယ်
    ဘယ်လိုပဲဖြစ်ဖြစ် အခုလဲ ဖတ်ရတာ ကောင်းပါတယ်
    ဆက်ရေးပါ အားပေးနေပါတယ် …

  • နီလေး

    August 5, 2011 at 4:07 pm

    အင်း အရေးအသားကောင်းပါတယ် အားပေးရန်ဆက်လက်စောင့်မျော်နေပါမည်။ ရန်ကနားကြီးကသနားပါတယ် တရုတ်မိသားစုက မတရားဘူးလို့ထင်ပါတယ် ပြစ်တုန်းကပြစ်ထားခဲ့ပြီးတော့

  • pan pan

    August 5, 2011 at 4:07 pm

    ရေးထားတာဖတ်ရင်း မျက်ရည်တောင်လည်တယ်
    မြန်မာကားနဲ့ တော့အသွားအလာတူတယ်နော်
    အဖေတစ်ခု သားတစ်ခုကားထဲက မင်းသားစိန်မြင့်ကို ပြေးမြင်မိတယ်
    ဇာတ်ကားကြည့်ရလို့တော့မဟုတ်ပါဘူး
    လေးဖြူရဲ့ အဖေသီချင်းထဲမှာကြည့်ရလို့
    ဇာတ်ကားကြည့်ရတဲ့ အဒေါ်ကပြန်ပြောတော့ ပိုခံစားရတယ်

  • PaukPhaw

    August 5, 2011 at 4:22 pm

    ဒီလောက် မြန်မြန်ဇာတ်သိမ်းလိမ့်မယ်လို ့ထင်မထားပါကြောင်း
    😀
    ဖတ်ရင်းဖတ်ရင်း ဇာတ်နာမလို ့ကြံတုန်းပဲ ရှိသေး..ကောကျင့်နဲ ့ မယ်ခြောက်ဖုံ ပါလာလို ့ ဟီး.ဟီး..
    ငိုရမလိုရယ်ရမလို ..

    ရန်ကနား တစ်ယောက် သမီးဆီ အပြေးသွားပြီး..အလွမ်းသည်ချိန်မှာ..သမီက စည်ပင်တွေက..
    ဆိုလို ့….ဝဲချင်တဲ ့မျက်ရည်တောင် ပြန်ဝင်သွားတယ်
    တော်တော်နောက်တဲ့ ကိုတော်ကာ..

  • Shwe Myine Thar

    August 5, 2011 at 11:58 pm

    ကိုတော်ကာရေ ရန်ကနားကမွေးစားသမီးတောင်ဒီလောက်ချစ်ရင် သမီးအရင်းဆိုရင်ပိုချစ်မယ်ထင်နော် ….
    ဟုတ်တယ်ဟုတ်

Leave a Reply