ပဲခူးတိုင်း၊ပြည် ခရိုင် အတွင်း မှာသောင်းကျန်းနေတဲ့ ကလေး သူခိုးတွေ

Hard StrikeAugust 5, 20111min25124

              အခုတလော   ပြည် ခရိုင် မြို  ့နယ်တွေ တော်တော်များများမှာ  ကလေးတွေ ကိုမြှူဆွယ်ဖျားယောင်းပြီး

ခိုးယူမှုတွေများနေတယ် လို  ့ကြားသိရပါသည်။မူလတန်းကျောင်းတွေ တော်တော်များများမှာ ဖြစ်ပျက်နေပါတယ်။

ကြားသိရသလောက်ဆိုရင် ပြည်ခရိုင်အတွင်းက မြို  ့တစ်ခုမှာ မြို  ့ပေါ် အထက်တန်းကျောင်းခွဲ တစ်ခုတွင် ကျောင်း

ဆင်းချိန် တွင် ကျောင်းဆရာမ အယောင်ဆောင်ပြီးမူလတန်း ကျောင်းသားလေးတစ်ယောက်နှင့် ကျောင်းသူ ကလေး

မောင်နှမနှစ်ယောက်ကို စက်ဘီးပေါ်အတင်းခေါ်တင်နေစဉ် ထိုကလေး နှစ်ယောက်၏အတန်းပိုင်ဆရာမနှင့် တွေ  ့ကာ

မေးမြန်းမည်ပြုစဉ် ကလေးတွေကိုထားခဲ့ပြီး စက်ဘီးကိုအတင်းနင်းကာထွက်ပြေးသွားကြောင်း ကြားသိရပါသည်။

ပဲခူးရိုးမတောင်ခြေနား ကျေးရွာ မူလတန်းကျောင်း မှ ကျောင်းသားကလေး(၂) ဦး ပျောက်ဆုံးနေသဖြင့် လိုက်လံရှာ

ဖွေရာတောစပ် တွင် ကျောင်းသားကလေးနှစ်ဦး၏ ရင်ခွဲပြီးအတွင်းကလီစာများမရှိတော့သည် ့ အလောင်း (၂)လောင်း

အားတွေ  ့ရှိရ သည် ဟုကြားသိရပါသည်။နောက်ထပ်ကျေးရွာတစ်ခုတွင် မြေးအဘိုးနှစ်ယောက် နေထိုင်သော အိမ်သို  ့

သီလရှင် အယောင်ဆောင်ထားသူ ရောက်ရှိလာပြီး ရေသောက်ချင်လို  ့ပြောသဖြင့်ရေတိုက်လိုက်ပြီး အဘိုးဖြစ်သူမှာ

အပေါ့အပါးနောက်ဘေးသို  ့သွားစွန်  ့ရန်နောက်ဘေးသို  ့သွားပြီး ပြန်ရောက်လာသည်  ့အခါ မြေးဖြစ်သူကလေးငယ်အား

လည်ပင်းညစ်ထားသော သီလရှင်အယောင်ဆောင်ထားသူ ကိုတွေ  ့ရှိရပြီး ဘေးပတ်ဝန်းကျင်သို   ့အကူအညီတောင်းမည်

လုပ်စဉ် ဓားဖြင့်ပေါက်ပြီး ထွက်ပြေးသွားကြောင်းကြားသိရပါသည်။အချို  ့မြို  ့နယ်များရှိကျောင်းများတွင် လုံခြုံရေးများ ချ

ထားရသည် ဟု ကြားသိရသဖြင့်  မိမိ တို  ့၏ သား၊သမီး ရင်သွေးများအား အထူးသတိထား ဂရုစိုက်ကြရန် စေတနာရှေ  ့ထား

ပြီး တင်ပြလိုက်ပါသည်။

24 comments

  • mr.lone

    August 5, 2011 at 4:01 pm

    ညီမလေးတွေမောင်လေးတွေကိုလည်း သတိပေးထားရဦးမယ် ။ ကျေးဇူးတင်ပါတယ် ဒီပို့စ်လေးဖတ်ရလို့ ။ ရင်ခွဲခံရတဲ့ကလေးနှစ်ဦးရဲ့ မိဘတွေတော့ ရင်ကျိုးပါပြီနော်။ သနားပါတယ် ။ ကလေး တွေရဲ့ကလီစာတွေကို ဘယ်သူတွေကများ အကြင်နာတရား မရှိ ဝယ်ယူနေလည်းမသိဘူး။ လုပ်ပေးတဲ့သူတွေ ငရဲကြီးမှာ မကြောက်
    ကြဘူးလားမသိဘူး ။ ကလီစာတွေကို ဘာလုပ်ဖို့လဲမသိဘူးနော်။ ဆေးဖော်တယ် ဆိုလည်း လူဆို
    တာတစ်နေ့ သေမှာပဲ မသေဆေးဖော်နေလို့လိုအပ်တာလား။ စားတယ်ဆိုလည်း ဇာတ်တူသား စား
    လို့ လူတွေကြာရင်မျိုးတုံးကုန်တော့မယ်ထင်တယ်။ မညှာမတာ ဟွန့် ….. 🙁

  • Shwe Ei

    August 5, 2011 at 4:08 pm

    တကယ်ကြီးလားဟင်။ Media တွေမသိကြသေးတာများလား။

  • ogre

    August 5, 2011 at 4:14 pm

    ကျွန်တော်တော့…ဒီသတင်း
    မဖြစ်နိုင်ဘူးထင်တာပဲ…
    ငယ်ငယ်တုန်ကကြားဘူးတဲ့…လူးကောင်ကြီးထက်ဆိုးနေပြီဗျ..။။

    • Hard Strike

      August 6, 2011 at 12:38 am

      စေတနာ ရှေ ့ထားပြီးတင်ပြခြင်းဖြစ်ပါသည်။ မြို ့အမည်နှင့် ကျောင်းအမည် ၊ရွာအမည် များကို ဖော်ပြခြင်းမရှိသည်ကို ခွင့်လွှတ်နားလည်ပေးစေလိုပါသည်။ မိမိတို ့၏ မြို ့နယ်များသို ့
      ထိုကဲ့သို ့ရောက်ရှိလာပါက ကြိုတင်ကာကွယ်နိုင်စေရန် တင်ပြခြင်းဖြစ်ပါသည်။

  • ရွှေအိမ်စည်

    August 5, 2011 at 4:18 pm

    လာပြန်ပြီ..ဒီမေလ်း ဧဒင်ဥယျာဉ်မှာလာတင်ကတည်းကပြောထားပြီးပြီ….

    ရူးနေလားမသိဘူး…..သတင်းကိုသေချာမသိဘဲလာတင်နေယ်…
    ပြည်မြို ့ကနေခြင်းပြန်သွားရတြ ့နေရာဘဲ.

    မိတ်ဆွေတွေ ကော..မြို ့ကလူကြီးတွေ ကောမေးပြီးပြီး
    ဘလော ့ရေးသူကရူးကြောင်ကြောင်လာတင်နေတယ်

    သူကြီးရေ…ဒိလိုမမှနကန်တဲ ့သတင်းတွေ မတင်စေချင်ပါဘူး…
    ဒါဟာတည်ငြိမ်နေတဲ ့မြို ့ကိုလာဖျက်နေတာနဲ ့တူပါတယ်ဗျာ

    သက်သေဘာတခုမှမရှိဘဲ..ပါးစပ်ရာဇဝင်တွေ မတင်ပါနဲ ့….
    မိဒိယာသမားတွေ ကအမှန်မှမဟုတ်တာ..မတင်ဘူးလေ

    • mr.lone

      August 5, 2011 at 4:27 pm

      ဒါဆိုဒီသတင်းက အမှန်မဟုတ်ဘူးပေါ့ ။ တင်တဲ့လူကလည်း စိုးရိမ်စိတ်နဲ့ မသိလို့တင်လိုက်
      တာနေမှာပါ ။အစ်မ ဖတ်ဖူးလည်းကောင်းကောင်းမွန်မွန် ပြန်ပြောလို့ရပါတယ် ။ ကြည့်ရတာ
      ရွှေအိမ်စည်က ပဲခူးကထင်တယ် ။

    • Foreign Resident

      August 5, 2011 at 4:37 pm

      Please, ကောင်းကောင်းမွန်မွန် ပြန်ပြောလို့ရပါတယ် ။

    • Hard Strike

      August 6, 2011 at 12:42 am

      ပါးစပ်ရာဇဝင် မဟုတ်ပါ။ ၄ရက် ၊ ၅ ရက်အတွင်းဖြစ်ပျက်သွားသော သတင်းတစ်ပုဒ်ဖြစ်ပါသည်။ ဓားဖြင့်အပေါက်ခံရသော လူနာ သည် တိုက်နယ်ဆေးရုံတစ်ခုတွင် တက်ရောက်ကုသစြဲဖစ်ပါသည်။

  • Chaw Chaw

    August 5, 2011 at 4:22 pm

    စဉ်းစားစရာဘဲနော်…

  • pannu

    August 5, 2011 at 4:32 pm

    ဟုတ်တယ်ဆိုရင် ရင်နာစရာပါ..
    မဟုတ်ဘူးဆိုရင် ကလေးမိဘတွေ တဆင့်စကားတဆင့်နား နဲ့ စိတ်ဆင်းရဲနေကြရမှာ..

  • naywoonni

    August 5, 2011 at 8:55 pm

    နေပြည်တော်ဘက်လည်း တစ်လောကပြောနေကြတာပဲ…။ ဒါပေမဲ့ မဟုတ်ပါဘူး..။ ဘယ်သူလဲ ဘယ်ကလဲ သေချာအောင်လိုက်မေးကြည့်ရင် ယောင်ဝါးဝါး တွေ ဖြစ်ကုန်တာကများပါတယ်..။ မဟုတ်လောက်ပါဘူး…..။

  • unclegyi1974

    August 5, 2011 at 10:37 pm

    သတင်းကကောလဟလဖြစ်ဖို့များပါတယ်
    ကလေး၂ယောက်ရင်ခွဲပြီးဘာလုပ်မှာလည်း
    ကလီစာရောင်းစားမှာလား မဖြစ်နိုင်ပါဖူး
    လူမည်းကြီးသတင်းလိုဖြစ်ဖို့များတယ်လို့ထင်မြင်ယူဆပါတယ်

  • Mee2

    August 5, 2011 at 10:56 pm

    အင်းဘယ်လို ဘဲဖြစ်ဖြစ်ပါ။ရင်ခွဲပြီး ကလီစာယူတယ်ဘဲထားပါ။ဆေးပညာအထောက်အကူမပါဘဲ ဘယ်နားမှ သုံးမရပါဘူး။အလကားဇတ်တူသားစားမလို ့ဆိုရင်လဲ နော်. တော်တော်ပျက်နေပြီ။ရွံ ့စရာလူတွေပါလား

  • shwe ni

    August 6, 2011 at 4:52 am

    ခွဲစိတ်တယ်ဆိုတာတော့ စဉ်းးစားစရာပဲ ဆိုက်ကိုတွေလားမသိဘူး
    ၂ရက်လောက်ရှိပြီ သတင်းတပုက် မှာ Vietnam ကနေ China ကိုုကလေးလေးတွေခိုးပီးသွင်းတာတော့ဖတ်လိုက်ရတယ်
    ကလေ တွေ ၈ဝကျော်တယ် ထင်တယ် link ရှာပီးရမှပြန်တင်ပေး အုန်းမယ်

  • aungnng87

    August 6, 2011 at 10:16 am

    သတင်းက ပထမတယောက်က ဆရာမယောင်ဆောင်တယ်။ ဒုတိယတယောက်က သီလရှင်ယောင်ဆောင်တယ် ဆိုတော့ မိန်းမတွေပေါ့. ။ခလေးပိုင်ရှင်တွေ ပါတ်ဝန်းကျင်နားမှာလူစိမ်းမိန်းမ
    တွေ့ရင်သတိထားပြီးစောင့်ကြည့်ပါ။ ပေါ့ပေါ့ဆဆမနေပါနဲ. ။အခုခေတ်ကြီးကဘယ်သူ.မှယုံလို.မရဘူး။

  • winkyawaung

    August 6, 2011 at 1:45 pm

    သတင်းအရင်းအမြစ် တိကျခိုင်လုံဖို့တော့လိုမယ်ထင်ပါတယ်။ လူတွေကို အပိုဒုက္ခပေးသလိုဖြစ်နေရင်တော့ မကောင်းပါဘူး။

    • kai

      August 6, 2011 at 4:14 pm

      အာဏာပိုင်တွေကိုယ်တိုင်ကလည်း.. သတင်းသမားတွေ.. ရှေ့မတင်ပေးသေးတော့… လူထုခမြာ..ကောလဟာသလား..ကောလဟလလား… ဘာလားမသိ..
      အကြောက်တရားတွေကြား.. တဝဲလည်လည်..။

  • MOEPWINTPHYU

    August 6, 2011 at 4:31 pm

    ဒီသတင်းကို တစ်ခြားဆိုက်တွေထဲမှာလဲတွေရတယ် ဟုတ်သလိုပဲ
    ဘာပဲပြောပြော မိမိရဲကလေးတွေကို မိဘတွေကပိုဂရုစိုက်သင့်ပါတယ်

  • ဆူး

    August 6, 2011 at 6:54 pm

    သတင်းစာထဲမှာ သတိထားမိတာတော့ အသက် ၅နှစ် ၆နှစ် နဲ့ ၁ဝကျော်သက် အရွယ်တွေ ပုံတွေနဲ့ လူပျောက်ကြေညာ ခဏခဏ ပါပါ နေတယ်။

  • ရာဇဝင်လူဆိုး

    August 6, 2011 at 7:58 pm

    ဒုစရိုက်သမားတစ်ယောက်ကတော. ဘာမှ အကျိုးအမြတ်မရှိရင်မလုပ်ပါဘူး..သတ်တယ်ဆိုရင်တောင် ရင်ခွဲပြီး ကလီစာက ဘာလုပ်မှာလဲ။ သူတို.စားစရာမရှိငတ်နေလို. ချက်စားမှာလား..။ ယုတိ္တဗေဒနည်းအရပဲ ဖြစ်ဖြစ် ကျနော်တို. ဖြတ်သန်းဖူးတဲ. အတွေ.အကြုံပဲဖြစ်ဖြစ် ..သေချာတယ်…လုံးဝမဖြစ်နိုင်တာပါပဲ…ဘာကြောင်.လဲဆိုတော. လွန်ခဲ.တဲ. ၃ ရက်ကမှ ကျနော် ပြည်မြို.က အဘိုးတွေဆီက ပြန်လာတာပါ။

  • shwe ni

    August 7, 2011 at 5:18 am

    Hundreds Arrested in Chinese Human Trafficking Probes
    Wednesday, July 27th, 2011 at 7:25 am UTC
    Posted 1 week ago

    Chinese state media say authorities have rescued 89 children and arrested 369 suspects in a crackdown on suspected human trafficking gangs.

    Newspapers says the arrests were made in two operations this month. In one case in the southern regions of Guangdong and Guangxi provinces, police detained 39 people suspected of being involved in abducting and selling children from Vietnam. Eight infants were rescued in the operation.

    Police say most of the suspects are Vietnamese residents.

    In the other operation, 81 infants were rescued and 330 people were arrested in a crackdown that spanned 14 provinces and autonomous regions.

    China has a thriving black market in children and women. The China Daily newspaper says national police have uncovered more than 39,000 cases of human trafficking since 2009, involving more than 14,000 women and more than 8,700 children.
    http://blogs.voanews.com/breaking-news/2011/07/27/hundreds-arrested-in-chinese-human-trafficking-probes/
    ဟိုနေ့ကတွေတာ pictures ပါတယ် ခုပြန်ရှာတော မတွေ့ပြန်ဘူး

  • winkhant

    August 7, 2011 at 3:49 pm

    လူ့ပတ်ဝန်းကျင်မှာ ဖြစ်တတ်တာတွေကို ပုံပြင်လေး(ဥပမာ)ပြောပြီး သတိပေးတယ်ပဲ သဘောထားကြပါ… အမှုခင်းတိုင်းဟာ မထင်မှတ်ထားတဲ့ အခြေနေ ရှု့ထောင့်ကနေပဲ ဖြစ်တတ်တာများပါတယ်… ဂလောက်ဆို ဒဘောပေါက်ကြမယ် ဟုတ်လား… ဒါပဲ မောတယ်

  • naywoonni

    August 7, 2011 at 8:38 pm

    http://www.futurestars-mm.com/profiles/blogs/6405389:BlogPost:77569?xg_source=activity
    မှာ တစ်ရက်ထဲတင်ထားပါတယ်…။ အဲဒါက ဟိုမှာ တင်ထားတာက မိန်းကလေးနာမယ် ဖြစ်နေပါတယ်..။ တစ်ယောက်ထဲဆိုရင်လည်း နာမယ်တူ နဲ့ စာရေးတာက ပိုကောင်းမယ်ထင်တယ်လေ… ။

Leave a Reply