တစ်ပါတ်စာ….အမောပြေဟာသ။။

(၁) ဘာနဲ့တူလဲ
(၂) အကောင်းမြင် နဲ့အဆိုးမြင်
(၃) နိုင်ငံရေးပြစ်မှု
(၄) တစ်ဈေးထဲပဲ
(၅) မှားလို့
(၆) ဒုက္ခပေးတဲ့ကောင်
(၇) မြဲမြဲကိုင်
(၈) ဥပဒေသစ်
(၉) ငါးပြား
(၁၀) တက္ကစီ

************************************************************************************

(၁) ဘာနဲ့တူလဲ

မင်းတို့မိန်းမတွေဟာလေ
လက်မထပ်ခင်ကတော့ ရုပ်မြင်သံကြားလို့ပဲ
အသံရောရုပ်ရော ကြားချင် ကြည့်ချင်စရာကောင်းတယ်

လက်ထပ်ပြီးသွားရင်တော့ ရေဒီယိုလိုပဲ
ရုပ်ကိုမကြည့်ချင်တော့ဘူး အသံကြားရတာတောင်
နားညီးလာတယ်

အိမ်ထောင်သက်ကလေးများကြာလာရင်
ဘောလုံးလိုသာ လှိမ့်လှိမ့် ကန်ပစ်ဖို့ပဲကောင်းတော့တယ်…။။
*****************************************************************************************

(၂) အကောင်းမြင် နဲ့အဆိုးမြင်

အဆိုးမြင်သမားက စိတ်မချမ်းသာစွာ ပြောသည် . . .
” ဒီထက်ပိုပြီးမဆိုးနိုင်တော့ ဘူး . . . .ဒီထက်ပိုပြီးမဆိုးနိုင်တော့ ဘူး”

အကောင်းမြင်သမားက အားတက်သရော ပြောသည် . .
“ရှိနိုင်သေးတယ် . . ရှိနိုင်သေးတယ်”

************************************************************************************
(၃) နိုင်ငံရေးပြစ်မှု

ထောင်ထဲတွင် ဖြစ်သည် ။
ကြက်ဖက မြေခွေးကိုမေးသည်
” မင်း ဘာမှုနဲ့ ကျတာလဲ”
” ရမ်းကားမှုနဲ့ မင်းရော . . ဘာမှုနဲ့ လဲ”
” နိုင်ငံရေးပြစ်မှုနဲ့ လေ . .
ပိုင်အိုနီးယား(တေဇလူ)တစ်ယောက်ရဲ့ ဖင်ကို ဆိပ်မိလို့”

************************************************************************************
(၄) တစ်ဈေးထဲပဲ

ဆိုဗီယက် ကွန်မြူနစ်ခေတ်က ဖြစ်သည်။

အစ္စရေးရှိ အမျိုးများထံသို့ ဂျူးတစ်ယောက် စာရေးသည်။
“တို့ဆီမှာ ဘာမဆို ဈေးကြီးတယ် ၊
ကြက်တစ်ကီလိုကို ၇-ရူဘယ်တောင် ပေးရတယ်”

ဂျူးကို ကေဂျီဘီရုံးသို့ ဆင့်ခေါ်ကာ သတိပေးသည် ၊
“ ခင်ဗျား ဒီစာမျိုး ဆက်ရေးနေရင် အပြစ်ပေးရလိမ့်မယ်”

ကြောက်ကြောက်လန့်လန့် နဲ့ အိမ်ပြန်လာပြီး ဂျူးသည် မိမိဧ။် အဝေးရောက်
ညီငယ်ထံ နောက်စာတစ်စောင်ရေးသည် ။

“ တို့ဆီမှာ ပဒေသာပင်ခေတ် ရောက်နေပြီ ၊
တစ်နေ့ ငါ ဈေးဘက်ထွက်သွားတော့ ဈေးထဲမှာ ဆင်ကြီး တစ်ကောင်ကို ၄-ရူဘယ် ထဲနဲ့
ရောင်းနေတာ တွေ့တယ် . . ဈေး အင်မတန် ပေါတာပဲကွာ . . ဒါပေမယ့် ငါမှမလိုဘဲလေလို့တွေးမိတယ် . .
နောက် ၃ရူဘယ် ထပ်ဖြည့်လိုက်ရင် ကြက်တစ်ကောင်ရပြီမဟုတ်လား

********************************************************************************
(၅) မှားလို့

မိန်းမကြီးတစ်ဦးသည် သူမဧ။်သမီးပျိုကိုခေါ်ကာ ဆေးခန်းသို့ရောက်လာသည်။
ဆရာဝန်က အမျိုးသမီးငယ်ကိုကြည့်ကာ . .

“ ကိုင်း . . . အဝတ် အစားတွေချွတ်လိုက်ပါ ”
“လူနာက သမီးမဟုတ်ဖူးရှင့် ကျွန်မပါ ”

“ အော် . . ဟုတ်ကဲ့ ဒါဆိုရင် လျှာလေးထုတ်ပြပါ အန်တီ”

*********************************************************************************
(၆) ဒုက္ခပေးတဲ့ကောင်

ဝန်ကြီးများရုံးသို့ လူငယ်တစ်ဦး အလုပ်လာလျှောက်သည်။
အိမ်သာသန့်ရှင်းရေးလုပ်သားနေရာသာ လစ်လပ်နေသည်ဖြစ်သဖြင့်
လုပ်လိုက လုပ်နိုင်ကြောင်းလူငယ်အား ပြောသည်။
လူငယ်က သဘောတူလိုက်ပြီး အလုပ်လုပ်ရင်း သီချင်းနားထောင်နိုင်ရန် အိမ်သာထဲတွင်
ကက်ဆက်တစ်ခုထည့်ထားလိုက်သည်။ လူငယ်ပထမဆုံးအလုပ်စဆင်းသည့်နေ့ဖြစ်သည်။
ဝန်ကြီးရုံးသို့ ဝန်ကြီးတစ်ဦးရောက်လာပြီး အိမ်သာဘယ်မှာလဲဟု လူငယ်အားမေးရာ
လူငယ်က ဝန်ကြီးကို အိမ်သာသို့ လိုက်ပို့ပေးသည်။
အိမ်သာခန်းထဲသို့ ဝန်ကြီးဝင်သွားသောအခါ ကတ်ဆက်ကို လူငယ်ဖွင့်လိုက်သည်။
မြန်မာပြည်သိန်းတန်၏ “ရိုင်းတဲ့စင်ယော်´´သီချင်းသံ ငြိမ့်ညောင်းစွာ ပေါ်ထွက်လာသည်။
မကြာမီ အိမ်သာခန်းထဲမှ စောစောကဝန်ကြီးထွက်လာသည်။
“မောင်ရင် ဒီမှာ အလုပ်လုပ်နေတာ ကြာပလား´´
“ဒီနေ့ ပထမနေ့ပါခင်ဗျ´´ “အေး မင်းကိုရာထူးတိုးပေးရမယ်´´

မကြာမီ နောက်အရာရှိကြီးတစ်ဦး ရောက်လာသည်၊
အိမ်သာခန်းထဲ အရာရှိကြီးရှိနေစဉ် တွံတေးသိန်းတံ၏ “အသီးတစ်ရာ အညှာတစ်ခု´´
သီချင်းကိုဖွင့်ပေးလိုက်သည်။ ထိုအရာရှိလဲ စိတ်ကျေနပ်မှုရကာရာထူးတိုးအောင်
ထောက်ခံပေးမည်ဟု လူငယ်ကို ကတိပြုသွားသည်။

နောက်တစ်ခါ ရောက်လာသူကား မြန်မာပြည်၏ ယခုလက်ရှိခေါင်းဆောင်ကြီးကိုယ်တိုင်ဖြစ်သည်။
“ဒီအနားမှာ အိမ်သာရှိသလားဟေ့´´ လူငယ်ကခေါင်းဆောင်ကြီးကို လိုက်ပို့သည်၊
ထို့နောက် “နိုင်ငံတော်သီချင်း´´(ကမ္ဘာမကြေ) သီချင်းကိုဖွင့်ပေးလိုက်သည်။
အတန်ကြာသောအခါ အိမ်သာခန်းထဲမှ မျက်ထောက်ကြီးနီပြီး ခေါင်းဆောင်ကြီးထွက်လာသည်။

“မင်ဒီမှာ လုပ်နေတာကြာပြီလား´´
“ပထမနေ့ပါခင်ဗျာ´´
“အေး- ပထမနေ့နဲ့နောက်ဆုံးနေ့ပဲ မှတ်လိုက်ပေတော့´´
“ဘာဖြစလို့လဲခင်ဗျာ၊ ကျွန်တော်ဘာများမှားတာလုပ်မိပါလို့လဲ ခင်ဗျာ´´

“ငါ့တစ်သက်မှာ ဒီတစ်ခါပဲ မတ်တပ်ရပ်ပြီး ကျင်ကြီးစွန့်ရလို့ဟေ့´´

************************************************************************************
(၇) မြဲမြဲကိုင်

စိတ်ရောဂါကုဆေးရုံကို ပြန်လည်ပြင်ဆင် မွမ်းမံနေသည်။
ဆေးသုတ်သမားသည် နံရံကို ဆေးသုတ်နေသည်။
လူနာတစ်ယောက်ရောက်လာကာ ၎င်းကိုမေးသည်။

“ ခင်ဗျား ဆေးသုတ်တံကို သေသေချာချာ ကိုင်ထားရဲ့လား”
“ ကိုင်ထားပါတယ်”
“ ဒီလိုဆိုရင် လှေခါးကို ဖြုတ်လိုက်တော့မယ်နော်”

**************************************************************************************

(၈) ဥပဒေသစ်

နိုင်ငံတော် အစိုးရမှ ဥပဒေသစ်တရပ်ကို ထုတ်ပြန်ကြေငြာလိုက်ရာဝယ်…
လက်ထပ်ထားပြီး ငါးနှစ်အတွင်းမှာ အကြင်လင်မယားတိုင်း ရင်သွေးတယောက် ရရှိထားပြီး ဖြစ်ရပါမယ်တဲ့။
ဒီတာဝန်ကို မကျေပွန်ခဲ့ရင် သက်ဆိုင်ရာမှ ကြီးကြပ်၍ ယောက်ျားတယောက်ကို
စေလွှတ်ကာ ထိုအိမ်ထောင်ရှင်မအား မိခင်တယောက် ဖြစ်လာစေရေးအတွက် လိုအပ်သည်များကို
တာဝန်ယူ ဆောင်ရွက်ပေးမှာ ဖြစ်ပါသတဲ့။
ငါးနှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ကျင်းပပြီး နောက်တနေ့မှာ တော့ အခုထိ
ကလေးမရသေးတဲ့ အကြင်စုံတွဲဟာ ဒီကိစ္စကို စဉ်းစားရတော့တာပေါ့…

ယောက်ျားလုပ်သူက…
“မိန်းမရေ… ကိုယ်ကတော့အလုပ် သွားရတော့မယ်ကွာ။ ဒီကနေ့ သက်ဆိုင်ရာ ရုံးချုပ်က
လွှတ်တဲ့လူ လာလိမ့်မယ် ထင်တယ်။ ဘယ်တတ်နိုင်မှာလဲ အချစ်ရာ။ ကိုယ်ကမှ
အဖြစ်မရှိခဲ့တာကိုး။ မင်းသာ ဖြစ်လာသမျှကို သတ္တိရှိရှိနဲ့ ရင်ဆိုင်ပေတော့။ ကိုယ်သွားတော့မယ်ကွာ… ”

အဲဒီလိုပြောပြီး ခေါင်းကိုငိုက်စိုက်ဆွဲ… မျက်လွှာကို အောက်ကိုချပြီး
စိတ်ဓာတ်ကျစွာနဲ့ပဲ အိမ်ကနေ ထွက်သွားတော့တယ်။ သူ့အမျိုးသမီးကတော့
အိမ်မှုကိစ္စတာဝန်တွေကို ဆက်လုပ်နေတာပေါ့။

ခဏနေတော့ အိမ်ရှေ့ကနေ ခေါင်းလောင်းသံ ကြားလိုက်ရတယ်။ တံခါးဝမှာ စောင့်နေတဲ့သူက
သက်ဆိုင်ရာက လွှတ်လိုက်တဲ့ လူမဟုတ်ပါဘူး။ မွေးကင်းစအရွယ် ကလေးလေးတယောက်ကို
ဓာတ်ပုံရိုက်ပေးဖို့ လာရင်း အိမ်နံပါတ်မှားပြီး ရောက်လာတဲ့ ကင်မရာမင်း တယောက်ပါ။

အမျိုးသမီးက တခါးဖွင့်လိုက်ချိန်မှာပဲ ဓာတ်ပုံဆရာက စပြောပါတယ်…
“မင်္ဂလာရှိသော နံနက်ခင်းပါခင်ဗျာ။ ကျွန်တော် လာရင်းကိစ္စကတော့… ”
“သိ.. သိ.. သိပါတယ်ရှင့်… ဦး.. အဲ ကိုဘယ်သူ… ”
“ကျနော့်နာမည် ဦးဦး မှော်ဆရာ လို့ ခေါ်ပါတယ် ခင်ဗျာ… ကျွန်တော် အထူးပြုထားတဲ့
အလုပ်အကိုင်က… ”
“သိ.. သိပြီးသားပါရှင်… ခဏထိုင်ပါဦး ”
“ခင်ဗျား အမျိုးသားလဲ သဘောတူမယ် ထင်ပါတယ်ဗျာ… ”
“ဟုတ်တယ်ရှင့်.. ဒီမနက်ပဲ ကျမတို့ ဒီအကြောင်း ပြောဖြစ်ကြတာပါ… ဒီကိစ္စကို
ဒီအိမ်ထဲမှာပဲ ရှင်းဖို့ မှာသွားပါတယ်။ ”
“ဟုတ်ကဲ့ခင်ဗျာ… အဆင်သင့်ဖြစ်ရင် အခုပဲ စလိုက်ကြရအောင်လေ။ ”
“ဟို… ဟိုလေ… ကျမက ဒါမျိုးတွေ အတွေ့အကြုံမရှိဖူးတော့ ဟိုဒင်း… ဘယ်ကဘယ်လိုစရမယ်
မသိဘူးနော်…”
“ဒီကိစ္စအတွက်တော့ ကျနော့်ကို အားကိုးစမ်းဘာဗျာ…။ အင်း… ကျနော့်အထင်တော့
ဒီဆိုဖာပေါ်မှာရယ်… ဟောဟိုက စာကြည့်စားပွဲဘေးမှာရယ်… ရေချိုးခန်းထဲမှာ..
အင်္ကျီဗလာနဲ့။ ဒီကော်ဇောပေါ်မှာ ဆိုရင်တော့ ဘောင်းဘီတို ဒါမှမဟုတ် အပေါ်က
အဝတ်တထည်တော့ ဝတ်ထားမှ ကောင်းမယ်ဗျ။ ”
“ဘုရား..ဘုရား… အဲလောက်ကြီးတောင်လား… ”
“ဟုတ်တယ်လေဗျာ။ တခေါက်ထဲနဲ့တော့ ဘာပုံထွက်လာမလဲမှ မသိနိုင်တာ။ ပုံစံ
ခြောက်မျိုးလောက်ဆိုတော့ စိတ်ချရတာပေါ့ အမကြီးရာ။ ”
“ကျမတောင်းပန်ပါတယ်ရှင်… အခုကြားရသမျှကတော့ ဘယ်လိုမှ မအပ်စပ်လို့ပါ။ ”
“ဒီလိုပေါ့ဗျာ… ဘာကိုမှ ချုပ်တီးမထားဘဲ စိတ်လွတ်ကိုယ်လွတ် လွှတ်ပေးလိုက်တဲ့
အခါကျတော့ အောင်မြင်မှုက ပိုပြီး ကြီးမားတတ်တယ် မဟုတ်လား… ”
“အရင်ဦးဆုံး ကျနော် ဖန်တီးခဲ့တဲ့ ပုံတွေကို ပြချင်ပါတယ်ဗျာ။ ”
“ရှင်ဖန်တီးခဲ့တာ… အင်း… ပြလေ… ရှင့်မှာ အချိန်ရှိတယ် မဟုတ်လား။ ”
“ဟာ… အလောသုံးဆယ် မလိုပါဘူးဗျာ။ ဒီအလုပ်မျိုး လုပ်တယ်ဆိုတာ မြန်မြန်ဆန်ဆန်
ပြီးပြီးရော ဘယ်ရပါ့မလဲ… ”
(ပြောရင်း ဆိုရင်း ဓာတ်ပုံ အယ်လ်ဘမ်ကို ဖွင့်ပြပြီး)
“ဒီပုံကို ကြည့်ကြည့်ပါဗျာ။ ချစ်ဖို့ မကောင်းဘူးလား။ ဒီအတွက် ကျနော်
လေးနာရီတိတိ အချိန်ပေးခဲ့ရတယ်။ ထွက်လာတဲ့ ရလဒ်က လှမှလှပဲလေ။ ”
“ဟင်းးးးးး (သက်ပြင်းတွေချလိုက် တံတွေးမြိုလိုက် လုပ်နေရင်း) ဟုတ်တယ်နော်
ကလေးလေးက ချစ်စရာလေး… ဒါပေမယ့် လေးနာရီကြီးကတော့ မများဘူးလား ရှင်… ”

“ဒါပေါ့.. ဒါပေါ့… နားနားပြီး ဆက်လုပ်ရတာပေါ့… ကြည့်စမ်းပါဦးဗျာ.. ဒီအောက်က
ပုံကိုကြည့်စမ်းပါ… အဲဒီတုန်းက ကျနော်က ဘစ်စ်ကား ခေါင်မိုးပေါ်မှာ…ဗျ။ ”
“ကားခေါင်မိုးပေါ်မှာ… အမေလေး… မကြားဖူးတာတွေ ကြားနေရတယ်… ထူးဆန်းပါပေ့ရှင်။ ”
“ဒီလိုဗျ… အမျိုးသမီးတယောက်… သူကလဲ ကျနော့် အလုပ်အကိုင်ကို သိတယ်..
ယုံကြည်တယ်.. အားကိုးတယ်ပေါ့ဗျာ… သူက သူ့အမျိုးသားကို အထူးအဆန်း
ပြချင်လို့ဆိုပြီး ကျနော့်ကို အလုပ်လာအပ်တာပေါ့… အတွေ့အကြုံရှိနေတော့လဲ
မခက်ပါဘူးလေ။
အဲဒီအခေါက်က အလုပ်သဘောအရ ဆိုပေမယ့် ကျနော်က တကယ့်ကို စေတနာနဲ့ စိတ်နှစ်ပြီး
ကြိုးစားပေးခဲ့တာဗျ။ ”
“ဟော.. ဟောဟိုပုံကိုကြည့် အဲဒါက ပန်းခြံထဲမှာ… ”
“ပန်းခြံထဲမှာဆိုတာက… လူတွေနဲ့လေ။ လူရှေ့သူရှေ့လဲ အလုပ်ဖြစ်တယ်.. ဟုတ်လား။
သူများတွေက ဝိုင်းကြည့်နေမှာပေါ့။ ”
“လူတွေကြည့်တာ မကြည့်တာ ဂရုမစိုက်ပါဘူးဗျာ… ကုန်ကုန်ပြောမယ်… ကျနော်က
လူတမျိုးဗျ။ လူတွေ ဝိုင်းအုံကြည့်လေ ကျနော့်ရဲ့ အရည်အသွေးတွေက
တောက်ပြောင်လေပဲ…။ အဲဒီတခေါက်ကတော့… ဘယ်လိုပြောမလဲ… အမေလုပ်သူက
ဗီဒီယိုမင်းသမီးဗျ… သူက အဲဒီနည်းနဲ့ နာမည်ကြီးချင်တာလေ။ အဲဒီနောက်တော့ တကယ်လဲ
ဟိုးလေးတကျော် ဖြစ်သွားတာပါပဲဗျာ။ ”
“ဗုဒ္ဓော… ဘုရား.. ဘုရား… ”
“ဟုတ်တယ်ဗျ… နေ့လည် နှစ်နာရီမှာ စလိုက်တာ ညနေ ငါးနာရီမှ ပြီးတယ်။
အဲဒီတုန်းကလောက် တခေါက်မှ မပင်ပန်းဖူးဘူးဗျာ.. တကယ်ပါပဲ။ အဲဒီအချိန်က
တုန်နေအောင် ချမ်းနေတဲ့ အချိန်ပေါ့။ လာကြည့်ကြတဲ့ လူတွေကလဲ ပြုံလို့ ခဲလို့…
အထပ်ထပ် စုအုံနေတာတင် အဝိုင်းကြီး ငါးထပ်လောက်ရှိတယ်။ လူက တအားများလေတော့
အလုပ်လုပ်ရတာလဲ သိပ် ခရီးမတွင်ဘူးလေ။ ”
“ရှင်တို့က လူအုပ်ကြီးရှေ့မှာ… အိုးရေးးးး အိုးးရေးးး ”
“ဘယ်နေရာကြည့်ကြည့် လူအုပ်ကြီးပဲ တွေ့ရတယ်။ ပရိတ်သတ်ကလဲ ပွဲကျပြီး
လက်ခုပ်တွေဘာတွေ ဝိုင်းတီးပေးကြတာဗျ။ အဲဒီမှာ အမေလုပ်သူက စိတ်တွေတိုလာတာပါပဲ…
ကျနော်ကိုယ်တိုင်ကပဲ ပွဲမပျက်အောင် ထိမ်းသိမ်းပေးခဲ့ရတာပေါ့။ နောက်တော့
ရဲတွေရောက်လာပြီး ကျနော့်ကို လူကူရှင်းပေးတယ်… အမှန်က ကျနော်က နောက်ထပ်
နှစ်ကွက် သုံးကွက်လောက် ဆွဲချင်သေးတာဗျ။ ဒါပေမယ့် ချမ်းကလဲ
ချမ်းနေကြပြီဆိုတော့… (အယ်လ်ဘမ်ကို ပြန်ပိတ်၍ ပြော) ကဲ… အခုပဲ စကြမလား… ကျနော်
ထောက်တံထုတ်လိုက်မယ်လေ… ”

“ပြောပြောဆိုဆို သူ့ရဲ့ ကင်မရာထောက်တဲ့ ထောက်ကို အိတ်ထဲကထုတ်ဖို့ ဇစ်ဆွဲသံလဲ
ကြားလိုက်ရော… ”

အဲဒီအမျိုးသမီးလဲ နေရာမှာတင် မေ့လဲကျသွားပါလေရောဗျာ…
***********************************************************************************
(၉) ငါးပြား

ရောင်စုံဘောလုံး
ရောင်စုံဘောလုံး
တစ်လုံးငါးပြား….တစ်လုံးငါးပြား
““ဆရာမ ..ရောင်စုံဘောလုံးကတော့ သားသားသိတယ်””
“““ငါးပြား ဆိုတာ ဘယ်လိုဟာလဲဆရာမ”””
************************************************************************************
(၁၀) တက္ကစီ

““ဗျို့ကားဆရာ …ဘူတာကြီးကိုဘယ်လောက်လဲ””
။။။၃၅၀ဝ ပဲပေးပါခင်ဗျာ
““ဒီသေတ္တာရောတင်မှာ သေတ္တာတင်ခ ကဘယ်လောက်လဲ””
။။။သေတ္တာအတွက်တော့ မပေးပါနဲ့ခင်ဗျာ
““ဒါဆို ..သေတ္တာကိုပဲဘူတာကြီးကိုတင်သွားပေးပါ…
ကျုပ် ဘတ်စ်ကားစီးပြီးနောက်ကလိုက်ခဲ့မယ်လေ””
*************************************************************************************

7 comments

  • zawmyothu

    August 5, 2011 at 4:15 pm

    ွှအမောပြေ ဟာသတွေ ဖတ်ပြီး အမောဖြေသွားပါတယ်ဗျာ။

  • susunosuki

    August 5, 2011 at 5:21 pm

    နိုင်ငံရေးပြစ်မှု နဲ့ ဒုက္ခပေးတဲ့ကောင် ကအကြိုက်ဆုံးပဲ။ နံပါတ် (၁၀) ကတော့ အရင်ကဖတ်ဖူးတယ်။ နံပါတ် (၈) ကတော့ ဒီဆိုဒ်မှာတင်တာ နည်းနည်း လွဲနေတယ်လို့ထင်တယ်။ ရယ်တော့ ရယ်ရတယ်။

  • forever

    August 5, 2011 at 5:57 pm

    တယောက်ထဲဖတ်ပြီးရီနေလို.
    ဘေးကတောင်တမျိုးထင်ကုန်ကြပြီ
    အားပေးတယ်

  • chitpyae

    August 6, 2011 at 7:58 am

    ရယ်ရပါတယ် ။ ဒါပေမဲ့ နံပါတ် (၈) က မဆုံးသေးဘူးနော် … အရင်က ဖတ်ဖူးတာ က အဆုံးအထိပါတယ်။
    ဘာပဲဖြစ်ဖြစ် အခုလို အချိ်န်ပေးရေးပြီး တင်ပေးတာ ကျေးဇူးပါ ရှင် … 🙂

  • moethidasoe

    August 6, 2011 at 11:16 am

    ချစ်ပြေရယ် ရပ်သင့်တယ်ထင်တဲ့နေရာ ရပ်လိုက်တာလို့ ယူဆပေးပါ

    ဘတ်စ်ကားနဲ့ပဲ သွားတော့မယ်

  • zawthulay

    August 6, 2011 at 5:17 pm

    ဥပဒေသစ်ဆိုတဲ့ဟာသလေးက .. ပိုရယ်ရသလိုပဲ (အဟီး)

  • PMP

    August 7, 2011 at 10:36 pm

    ရောင်စုံဘောလုံး၊ရောင်စုံဘောလုံး၊တစ်လုံးငါးပြား….တစ်လုံးငါးပြား
    ““ဆရာမ ..ရောင်စုံဘောလုံးကတော့ သားသားသိတယ်””
    “““ငါးပြား ဆိုတာ ဘယ်လိုဟာလဲဆရာမ””” တကယ်ထိမိတဲ့ဟာသလေးပါ…

Leave a Reply