စိတ်အချမ်းသာဆုံးလူတွေ ဟုတ်ရဲ့လား

manawphyulayAugust 5, 20111min14913

လူတိုင်းဟာ စိတ်ချမ်းသာမှု့ရှာနေကြတာ။ ဘယ်လိုနည်းနဲ့များ စိတ်ချမ်းသာမှု့ကို ရမယ် ထင်နေကြသလဲ။
များသောအားဖြင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ကိုယ့်ခေါင်းထဲထည့်ပေးတဲ့ အယူအဆဖြစ်တဲ့ ” သူများထက်ပိုပြီး အဆင့်အတန်းမြင့်မြင့်နေနိုင်ရင် စိတ်ချမ်းသာမယ်၊ ပိုက်ဆံများများရှိရင် စိတ်ချမ်းသာမယ်၊ ရာထူးတွေအမြင့်ကြီးရှိရင် စိတ်ချမ်းသာမယ် ” လို့ ထင်နေကြတယ်။
ဒီလိုလူတွေဟာ စိတ်အချမ်းသာဆုံးလူတွေ ဟုတ်ရဲ့လားဆိုတာ တကယ်လက်တွေ့ အကဲခတ်ကြည့်စမ်းပါ။ အချို့ကိစ္စတွေမှာ ပစ္စည်းဥစ္စာ၊ ရာထူးအဆင့်အတန်းမြင့်မားတဲ့လူတွေဟာ စိတ်အဆင်းရဲဆုံးလူတွေဖြစ်နေတာ တွေ့ရတယ်။

If I devalue you, I devalue myself.
သူတပါးကိုတန်ဖိုးချလိုက်ရင် ကိုယ့်ကိုကိုယ်ပါ တန်ဖိုးချရာရောက်တယ်။ သူတစ်ပါးကို မလေးမစား ဆက်ဆံပြီဆိုရင်
ကိုယ့်ကိုကိုယ်လည်း လေးစားလို့မရတော့ဘူး။
အဲဒီလိုသိဖို့ဆိုတာ ကိုယ်စိတ်ကိုသိနိုင်တဲ့ နူးညံ့သိမ်မွေ့မှုရှိတဲ့သူ၊ သတိ သမာဓိ ဉာဏ်ပညာရှိတဲ့သူမှသာ သိနိုင်ပါတယ်။
သတိ သမာဓိ ဉာဏ်ပညာမရှိတဲ့သူတွေကတော့ ဒေါသနဲ့ ဆက်ဆံမယ်၊ မာနနဲ့ ဆက်ဆံမယ်၊ က္ကုသာမစ္ဆရိယနဲ့ ဆက်ဆံမယ်၊ လောဘနဲ့ ဆက်ဆံမယ်၊
အဲဒီလို လောဘ၊ ဒေါသ၊ မာန၊ က္ကုသာမစ္ဆရိယ အားကြီးနေလို့ ကိုယ့်ကိုကိုယ် ထိခိုက်နေတာတောင်မှ မသိတော့ဘူး။
ဒါကြောင့် လောကကြီးကို ကောင်းစေချင်တယ် ဆိုရင် သတိနဲ့နေတဲ့လေ့အကျင့်လုပ်ပါ။ သတိနဲ့နေလာရင် ကိုကိုယ်ကို အများကြီးသိလာလိမ့်မယ်။
ကိုယ်စိတ်ကို အများကြီးသိလာမှသာ သူတစ်ပါးစိတ်ထဲဘယ်လိုခံစားရတယ်တိုတာ နဲ့နဲ့သိလာပါလိမ့်မယ်။ အဲဒီလိုလူမှသာ ကိုယ့်အကျိုးရော၊ အများအကျိုးရော မထိခိုက်အောင်လုပ်နိုင်တယ်။ ဒါအပြင် ကိုယ့်အကျိုးရော၊ အများအကျိုးရော ကြီးကြီးမားမားဖြစ်ပေါ်လာအောင် အကျိုးကိုဆောင်ရွက်နိုင်တယ်။ ဒါ့ကြောင့် အများအကျိုးကို ဆောင်ရွက်ချင်တဲ့လူဆိုရင် သတိ၊ သမာဓိ၊ ဉာဏ်ပညာရှိဖို့ လိုတယ်။
When you are peaceful, happy, joious and doing what you love to do, you are successful.
သင်ဟာ ငြိမ်းနေတယ်၊ ပျော်ရွှင်နေတယ်၊ ကြည်လင်ရွှင်လန်းနေတယ်၊ ကိုယ်ချစ်တဲ့ အလုပ်ကိုလုပ်နေတယ်ဆိုရင် သင်ဟာ အောင်မြင်နေတဲ့သူပါ။
ဘယ်လိုလူကို အောင်မြင်တဲ့လူလို့ ပြောမလဲ။ ပိုက်ဆံချမ်းသာတဲ့လူလား၊ ရာထူးတွေအကြီးကြီး ရနေတဲ့လူလား။ ဒါတွေ မဟုတ်ဘူး။ ငြိမ်းတဲ့လူ၊ ပျော်ရွှင်တဲ့လူ၊ ကြည်လင်ရွှင်လန်းတဲ့လူ၊ ကိုယ်ချစ်တဲ့ အလုပ်ကိုလုပ်နေတဲ့လူဟာ ဘဝမှာ အောင်မြင်တဲ့လူဖြစ်တယ်။
There is no true success without peace of mind.
စိတ်အေးချမ်းမှု မရှိဘဲနဲ့ စစ်မှန်တဲ့ အောင်မြင်မှုဆိုတာ မရှိပါဘူး။
ကိုယ့်ရဲ့အောင်မြင်မှုကို ဘာနဲ့တိုင်းတာမလဲ။ စိတ်ထဲမှာ အေးချမ်းမှုရမှ ကိုယ့်ဘဝဟာ အောင်မြင်မှုရတာပါ။

အေးချမ်းမှုဆိုတာ ဘာလဲ။ ရိုးသားမှုမရှ်ိဘဲနဲ့ အေးချမ်းမှုဆိုတာ မဖြစ်နိုင်ဘူး။ ရိုးသားမှ အထိုက်လျှောက် အေးချမ်းတယ်။
တည်ငြိမ်မှုမရှိဘဲနဲ့ တကယ်အေးချမ်းမှု အစစ်အမှန်ဆိုတာ မဖြစ်နိုင်ပါဘူး။ ဘဝကို အေးအေးချမ်းချမ်း နေသွားမှာလား။
အပြစ်တွေ၊ နောင်တတွေ၊ ပူပန်မှုတွေ၊ ကိုယ် မရိုးသားတာတွေ၊ ကိုယ်မရိုးသားမှန်းကို သူများသိနေတာကို မရမကဖုံးပြီးတော့ ပူလောင်နေတဲ့စိတ်ကြီးနဲ့ နေသွားမှာလား။
A successful man possesses a great spiritual understanding.
အောင်မြင်တဲ့သူမှာ ကြီးမားတဲ့၊ လေးနက်တဲ့ အသိဉာဏ်ရှိတယ်။
လေးနက်တဲ့၊ မြင့်မြတ်တဲံ့၊ မှန်ကန်တဲ့အသိဉာဏ် ရှိမှသာ အဲဒီလူကိုဘဝမှာ ကြီးကျယ်မြင့်မြတ်တဲ့သူလို့ ပြောလို့ရတယ်။
တကယ်အောင်မြင်တဲ့သူဟာ သူမှာ တကယ်လေးနက်တဲ့၊ မြင့်မြတ်တဲံ့အသိဉာဏ် ရှိတယ်၊ စိတ်ထားရှိတယ်။
(ဆရာတော် ဦးဇောတိက) ရဲ့ ကိုးကားချက်လေးတွေလည်း ထည့်သွင်းထားပါတယ်။

13 comments

  • zawthulay

    August 5, 2011 at 4:49 pm

    မမ မနောရေးထားတာလေးကကောင်းပါတယ်…. ကျွန်တော်တော့ စိတ်ချမ်းသာချင်တယ်.. ဒါပေမယ့် စိတ်မချမ်းသာနိုင်သေးပါဘူးဗျာ.. ပူပန်မှုတွေနဲ့တော့ အသက်မကြီးချင်ပါဘူး .. မပူပန်ရအောင်တော့ ကြိုးစားနေတုန်းပေါ့ဗျာ..

  • pan pan

    August 5, 2011 at 4:59 pm

    ကိုယ့်စိတ်ကိုနှိပ်စက်တာ ကိုယ့်ရဲ့စိတ်ပဲ
    ဆင်းရဲပေမယ့် ရောင့်ရဲတတ်ရင် ချမ်းသာတာပဲ
    ချမ်းသာပေမယ့် လောဘတကြီးဖြစ်နေရင် ဆင်းရဲတာပဲ
    အရင်က သူများစိတ်ထဲဘာဖြစ်နေလဲဆိုတာပဲ တွေးမိကြည့်မိပါတယ်
    အဲဒီတော့ ကိုယ့်စိတ်ထဲဘာတွေဖြစ်နေလဲသတိမထားမိတော့ဘူး

  • forever

    August 5, 2011 at 5:55 pm

    ညီမလေးရေ
    ရေမြင်.မှကြာတင်.တယ်တဲ.
    ကိုတယောက်ထဲအတွက်မစဉ်းစားဘဲ
    ကိုရဲ.ပတ်ဝန်းကျင်ကို မြင်.အောင်.မြှင်.တင်ပေးမှသာ
    ကိုလည်းမြင်.မှာပါ
    ကိုတယောက်ထဲစိတ်ချမ်းသာမှုကိုမရှာဘဲ
    ကိုပတ်ဝန်းကျင်ကလူတွေကိုပါစိတ်ချမ်းသာအောင်
    ကြံဆောင်ပေးနိင်မယ်ဆိုရင် ကိုရရှိလာမယ်.စိတ်ချမ်းသာမှုဟာတည်မြဲတယ်လို.
    ရှေးလူကြီးတွေကဆိုကြတယ်

  • chilli lay

    August 5, 2011 at 6:05 pm

    မနောရေးထားတာလေး အရမ်းကောင်းတယ်။ရိုးသားမှူမရှိရင် အေးချမ်းမှူမဖြစ်နိုင်တာတော့အမှန်ပဲ…

  • ရိုးသားမူ့ရှိရင် စိတ်အေးချမ်းတာအမှန်ဘဲ။
    မရိုးသားဘူးဆိုရင်လဲ စိတ်မအေးချမ်းပါဘူး။
    ပိုပင်ပန်းရတာကတော့ မရိုးသားဘဲရိုးသားချင်ယောင်ဆောင်ရတာပိုစိတ်ပင်ပန်းတယ်။
    နောက်လူဖြစ်လာမှ ငွေကြေးမပြည့်စုံရင်လဲ စိတ်မချမ်းသာရတာအမှန်ပါဘဲ။
    ငွေကြေးမပြည့်စုံဘဲနဲ့စိတ်ထဲမှာလိုအပ်ချက်တွေများနေရင်လဲ ပိုလို့တောင်စိတ်ဆင်းရပါသေးတယ်။

  • windtalker

    August 6, 2011 at 1:16 am

    ကဲကဲ
    ဒီလောက် ဆို
    မမနောဖြူလေး ထင်သလို မဟုတ်တော့ဘူး ဆိုတာ
    သိသွားပြီထင်ပါရဲ ့နော်
    ဘော်ဒါအချင်းချင်းပဲ ဗျာ
    စိတ်မဆိုးကြပါဘူး ဆိုတာ
    ဒီမှာ သက်သေပြသွားတာ
    အမတော် သိလောက်ပါပြီ

  • etone

    August 6, 2011 at 9:48 am

    အားလုံးကို ဥပက္ခာပြုလိုက်နိုင်လျှင် အတော့်ကို စိတ်ချမ်းသာမဲ့ အဖြစ်ပါပဲ ။ 🙄

  • နီလေး

    August 6, 2011 at 10:16 am

    ခုထိတော့ အပူမီးတွေက ပတ်ပတ်လည်မှာဝိုင်းနေပါတယ်

  • ရာဇဝင်လူဆိုး

    August 6, 2011 at 7:33 pm

    ကျနော် အမြင်တော. လူတစ်ယောက်စိတ်ချမ်းသာချင်ရင် ပထမဆုံး အတ္တကို လျော.ရမယ်..။ ကျနော်ကိုယ်ပိုင် အသိကိုပြောရရင်တော. .. ငွေမရှိရင်မဖြစ်တဲ.နေရာတွေ ရှိနေပေမယ်. တစ်ခါတလေတော. ငွေနဲ.ပေးဝယ်လို.မရတာတွေ အများကြိးရှိတယ်ဆိုတာ သိလာခဲ.ရတယ်။ ဒါကြောင်. ပိုက်ဆံချမ်းသာချင်လားမေးရင် ချမ်းသာချင်တယ်လိ်ု.ဖြေမယ်…မဖြစ်မလေားဆိုရင်တော….နိုးပါပဲ…ထူးအိမ်သင် သီချင်းထဲကလို …မိုက်မိုက်မဲမဲ ရိုးသားနေဆဲ…ပေါ.

  • chitsu

    September 16, 2011 at 2:39 pm

    စိတ်ချမ်းသာနေရင်ခန္ဓာကိုယ်လည်းကျန်းမာတယ်တဲ.။ကြားဖူးတယ်
    စိတ်ကညစ်နေရင်ဘာပဲလုပ်လုပ် စိတ်တိုင်းမကျဖြစ်နေတတ်တယ်လေ
    ဘယ်သူတွေကဘာပြောပြောကိုယ်.ကိုအကောင်းပြောတယ်လို.ကိုမထင်တော.ဘူး
    အပြစ်လို.ပဲထင်နေတတ်တယ်.စိတ်သာချမ်းသာနေရင်စိတ်ရှုပ်စရာကိုတောင်
    ပျော်စရာဖြစ်အောင်လုပ်လို.ရတယ်

  • mzm

    September 16, 2011 at 3:55 pm

    တရားစခန်းမှာ တရားသွားပြတာပိုကောင်းမယ်ထင်တယ် စာချဘုန်းကြီးလိုပေါ့ အားကိုးပါရစေ

    • manawphyulay

      September 20, 2011 at 11:13 am

      တရားစခန်းမှာက တရားပြတဲ့သူတွေ အများကြီးရှိပါတယ်။ မရှိသေးတဲ့နေရာမှာ ပြကြည့်တာပါ။ ဘဝမှာ သူများတရားပြမှ သိတာတဲ့ ကိုယ်တိုင်သိနေရင် ပိုပြီး ကောင်းမယ်လို့ ကိုယ်တိုင်ခံစားမိတာလေးပါ။

  • မီးမီး သော်

    September 20, 2011 at 12:47 pm

    ရိုးဂုဏ်တစ်ခုအကြောင်းပြုပါလျှင်……

    “““အချို့ကိစ္စတွေမှာ ပစ္စည်းဥစ္စာ၊ ရာထူးအဆင့်အတန်းမြင့်မားတဲ့လူတွေဟာ စိတ်အဆင်းရဲဆုံးလူတွေဖြစ်နေတာ တွေ့ရတယ်။”””

Leave a Reply