မြန်မာလူမျိုးတွေဟာ စကားကြွယ်လှပါတယ်
တကျောင်းတဂါထာ တရွာတပုဒ်ဆန်း ဆိုသလို
ပေါများလှတဲ.စကားပုံတွေကလည်း ကိုမသိမကြားဘူးတဲ.
စကားပုံတွေလဲ အပုံပါဘဲ
အဲဒီစကားပုံတွေအကြောင်းစာအုပ်ကိုဖတ်ရင်းနဲ.ကျွန်တော်တို.
တက္ကသိုလ်ကျောင်းသား ဘ၀က အဆောင်နေသူငယ်ချင်းတွေနဲ.
ကျွန်တော်တို.ဒေးကျောင်းသားတွေ အပြိုင်ငြင်းကြတာသွားသတိရမိတယ်

ကျွန်တော်တို.ခေတ်တုန်းကစီးပွားရေးတက္ကသိုလ် ဆိုတာ
ဗမာတပြည်လုံးမှာတခုထဲဆိုတော.တနိင်ငံလုံးကလာတက်ကြတဲသူတွေဆိုတော.
နယ်ပေါင်းစုံကသူငယ်ချင်းတွေပါဘဲရီဂျင်နယ်ကောလိပ်စဖြုတ်တဲ.အချိန်ဆိုတော.
ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ ဒီသူငယ်ချင်းတွေနဲ.အတူဆိုတော. ပြောမနာဆိုမနာတွေပါဘဲ

တနေ.အဆောင်မှာသွားအိပ်ရင်းနဲ.ညဘက်ဂစ်တာတီးပြီးအပြန် အိတ်ချင်စိတ်မရှိတာနဲ.
သူငယ်ချင်းတွေ စုစကားပြောရင်း စကားပုံတွေ အကြောင်းရောက်သွားရာက
နယ်ကသူငယ်ချင်းတွေကတယောက်တမျိုး သူတို.သိတဲ.စကားပုံတွေကို
သုံးပုံသုံးနည်းနဲ.တကွပြောသွားလိုက်တာ ကို.အလှဲ.ကျတော. ရန်ကုန်သား
ကျွန်တော်ဘာပြောရမှန်းမသိတော. ဆင်ကြံကြံရတော.တာဘဲ

သူငယ်ချင်းတို.မင်းတို.လိုတော.ငါက စကားပုံတွေကို စီကာပတ်ကုန်း
မပြောတတ်ပေမယ်.ငါကစကားပုံတွေကို ခံစားပြီးနားလည်တဲ.လူပါလို.
ပြောလိုက်တော.သူငယ်ချင်းတွေကအကွက်တွေ.ပြီဆိုပြီး ၀ိုင်းမေးတော.တာပေါ.
ငါကစကားပုံ တွေကို အသံ အနံ. အရသာ အဆင်း ဆိုပြီး ပိုင်းခြားလေ.ရှိတယ်ဆိုတော.
အားလုံးက၀ိုင်းရီတာပေါ. မင်းပေါက်ကရပြောတော.မှာမဟုတ်လား လို.ပြောကြရော
သေချာရှင်းပြရင်ပြ မဟုတ်ရင်မနက်ဒကာခံကြေးဆိုပြီး လောင်းကြရော

အဲ.ဒီတော.မှ ကျွန်တော.အစွမ်းကိုပြရတာပေါ.
ကဲကဲ အားလုံးနားထောင်ကြ အသံနဲ.ခံစားရတဲ.စကားပုံတွေကဥပမာ
ပိုးသာကုန်မောင်ပုံ စောင်းမတတ် (စဉ်းစားကြည်.လိုက် စောင်းသံဆူညံနေမှာ)
ကျွဲပါးစောင်းတီး … ဟောင်လွန်းတဲ.ခွေးလူမလေး

အနံ.နဲ.ခံစားရတဲ.စကားပုံ ငါးခုန်းမတကောင်ကြောင်.တလှေလုံးပုတ်(နံလိုက်မယ်ဖြစ်ချင်း )
စိုစိုနဲ.နံ တဲ.ကြောင်ချီး..

အရသာနဲ.ခံစားရတဲ. စကားပုံ က..ဆင်ပါးစပ်နှမ်းပက် (စိမ်.စိမ်.လေးနေမှာ )
တမင်းရေပူရှာလွဲ… သံပုရာသီးကြီးလေချဉ်လေ

အဆင်းနဲ.ခံစားရတဲ.စကားပုံ လသာတုန်းဗိုင်းငင် မိုးလွန်မှထွန်ချ..
ဘုရားလည်းဖူးရင်းလိပ်ဥတူး

အားလုံးငိုင်သွားကြတယ် မနက်လဲလင်းရော ရှယ်နဲ.ပဲပလာတာနဲ. ငါးသုံးလုံးနဲ.
ကျွန်တော်အပီတီးလိုက်ရတယ်..ပြန်တွေးရင်လွမ်းစရာပါ

About ထာဝရ

ထာဝရ has written 27 post in this Website..

It's your choice how you live your life. It's all about altitude