အမေ့အိမ် ပညာ့အလင်း စာကြည့်တိုက် ဖွင့်လှစ်ပါမည်

Good IdeaAugust 5, 20111min960

သူငယ်ချင်းများအားလုံးမင်္ဂလာပါ..

.

အမေ့အိမ် ပညာအလင်း စာကြည့်တိုက် ဖွင့်လှစ်ပါမည်။

အမေ့အိမ် (လှိုင်သာယာ) ပညာဒါနကျောင်းလေးတွင် ပညာသင်ကြားနေကြသော
ကလေးငယ်များအတွက် ပညာ ဗဟုသုတ အသိအလိမ္မာ တိုးပွားစေရန်ရည်ရွယ်ချက်ဖြင့်
စာကြည့်တိုက်ငယ်တစ်ခုကို တည်ထောင်ဖွင့်လှစ်ရန် ကြိုးစားနေကြပါသည် ။

ကျောင်းသို့စောစောရောက်၍ ကစားနေကြသော ကလေးများ ၊
အတန်းပြီး၍ အိမ်မပြန်ကြသေးပဲ ကစားနေကြသော ကလေးများ ၊
စနေ ၊ တနင်္ဂနွေ ကျောင်းအားရက်များတွင် အချိန် အလကားဖြစ်နေသောကလေးများအတွက်

ကလေးဘဝမှ စတင်၍ .
စာဖတ်ဝါသနာပါလာစေရန် ၊ အသိအလိမ္မာတိုးပွားစေရန် ၊
အချိန်ကိုတန်ဖိုးရှိစွာအသုံးချတတ်စေရန် ၊
ပညာ့အလင်းရောင်ဖြင့် သူတို့ဘဝလေးတွေကို သာယာဖြောင့်ဖြူးစွာလျှောက်လှမ်းနိုင်စေရန် ၊
ရည်ရွယ်၍ဖြင့် စာကြည့်တိုက် ပညာရေးအစီအစဉ်ကို စတင်အကောင်အထည်ဖော်ခြင်းဖြစ်ပါသည်။

ပညာဒါနပြုလိုသည့် စေတနာရှင်များမှ စာအုပ် စာပေများ ဂျာနယ် မဂ္ဂဇင်းများ
ပါဝင်လှူဒါန်းနိုင်ပါသည် ။
သယ်ယူပို့ဆောင်ရေးအတွက် ကူညီပေးပါမည် ။

လေးစားစွာဖြင့်
ကိုငယ် ( ဝ၉-၅၁၆၂၀၆ဝ )