ကျနော်လေ့လာမိသလောက် ( ကျနော်အမြင်ပါ) လူတစ်ယောက်ရဲံ.ဘ၀မှာ ပညာဆိုတာ  သစ်ပင်တစ်ပင်နဲ. နိုင်းယှဉ်မယ်ဆိုရင် ရေသောက်မြစ်ပါပဲ။  ရေသောက်မြစ်ကောင်းမှ ပင်စည်ကောင်းမယ်၊ ပင်စည်ကောင်းမှ အခက်အလက်ဝေဖြာမယ်၊ အခက်အလက်ဝေဖြာမှ အ၇ိပ်ခိုသူတွေအတွက် အေးမြသလို  သူကိုယ်တိုင်လဲ တည်ငြိမ်စွာ၇ပ်တည်နိုင်ပါလိမ်.မယ်။  ပညာဆိုတဲ.နေရာမှာ ဘွဲ.ရမှ ဆယ်တန်းအောင်မှ ဆိုတဲ. ပညတ်ချက်တွေမဟုတ်ပဲ အသိပညာ ၊အတတ်ပညာ ၊ တွေးခေါ်မှုကအစ ထီးပြင် ၊ဖိနပ်ချူပ်၊ ဈေးရောင်း အထိ အားလုံက ပညာဆိုတဲ. အထဲမှာအကြုံးဝင်တယ်လို. ကျနော်ခံစားမိပါတယ်။

လောလောဆယ် ကျနော်တို့တိုင်းပြည်နဲ. အနီးစပ်ဆုံး ပညာရေးဆိုတာ လေ.လာကြည်.ရင်

၁။ အခြေခံပညာရေး (မူလတန်း မှ အထက်တန်းအထိ)

၂။အဆင်.မြင့် ပညာရေး (ဘွဲ.ကြို၊ ဘွဲ.ရ )

၃။ သက်တမ်းလွန်ပညာရေး (ပညာ တစ်ပိုင်းတစ်စနဲ. ကျောင်းထွက်ရသည်.လူငယ်များ )

၁။  အခြေခံပညာရေးတဲ.*** လူချမ်းသာ သားသမီးကတော. နိုင်ငံတကာ အဆင်ံ့မြင်.ကျောင်းတွေမှာ တက်လို.။  ဒါဆို သာမန် လက်လုပ်လက်စားနဲ. ဆင်းရဲသား လူတန်းစားတွေမှာတော့မူလတန်းကနေ အထက်တန်းအထိ တစ်နှစ်ပြီးတစ်နှစ် ရုန်းကန်ပြီး ကျောင်းထားရတဲ. အဖြစ် မျက်စိရှေ.မှာ မြင်နေကြရမှာပါ….။ကျူရှင်မထားရင် မအောင်တဲ. စနစ်မှာ ငွေပုံအောရင်းနေရတဲ. ခေတ်လေ…ကျောင်းနေရမယ် အရွယ်မှာ လုပ်ငန်းခွင် ( သို. )လမ်းဘေးမှာ ရောက်နေတဲ. သူတို.လေးတွေက ယနေ.လူငယ် နောင်ဝယ်လူကြီးလေ..။ ဆယတန်းအောင်ပြီးတဲ.ကလေးတစ်ယောက်က ကြုံရာလုပ် ၀င်ငွေရှာပြီး အဝေးသင်နဲ. ဘွဲ.တစ်ခုယူတိုင်ပေမယ် ဒီလိုအရွယ်မရောက်သေးတဲ. ကလေးတွေက မိဘကျောင်းထားမှ တက်ရမယ် ဘ၀ပါ..မိဘကမှ မတတ်နိုင်တော.ရင်  သတို. ဘ၀မှာ ဘာတွေဆက်ဖြစ်ကုန်ကြမလဲ..။…ဒါဆို ဒီလို အခြေခံပညာက ကလေးတွေအတွက် တစ်ပိုင်တစ်နိုင်ကစပြီး အများကြီးအထိ ကျနော်တို. ဘာတွေများလုပ်ပေးနိုင်ကြပါ.မလဲ။  ( ကျနော် အမြင်တော.  အခမဲ. ကျူရှင်၊ (သို.)  တကယ် အခက်အခဲရှိနေသူများကို ကျောင်းထားပေးခြင်း အားဖြင်.ကူညီသင်.တယ်လို.ထင်မိပါတယ်)။  သူတို.လေးတွေက ကျနော်တို.မျိုးဆက်လေ…. နောက်ဆို တိုင်းပြည်ကိုပါ  သူတို. လက်ကို ကျနော်တို. ထိုးအပ်ရမှာ….။

၂။  အဆင်.မြင်.ပညာရေးတဲ. **** ဘွဲ .ရ အလုပ်လက်မဲ.၊  ရတဲ. ဘွဲ.နဲ. အလုပ်က တစ်လွဲ၊ ၀ါသနာနဲ. ၀မ်းစာ နီးရာ ဓါးကြောက်နေရတာ ။ ဒီလိုအဖြစ်တွေ မြင်နေတွေနေကြတော. လူငယ်တွေ ပညာရေးကို အယုံအကြည် မရှိတော.သလို ဆယ်တန်းအောင်ပြီးရင်တောင် တစ်ချို.ဆို ဘွဲ.မယူတော.ပဲ  ကြုံရာလုပ်ငန်းခွင်မှာ ရောက်နေတဲ.သူတွေ ဒုနဲ.ဒေးပါ။  တစ်ကယ်လို. သူတို.လိုလူငယ်တွေကို အဆင်.မြင်. ပညာရေးစနစ်တစ်ခု တည်ဆောက်ပေးနိုင်ခဲ.ရင် (သို.) အဆင်.မြင်.ပညာရေးတွေကို သင်ခွင်.ရအောင် ကူညီပေးနိုင်မယ် ၊ သူတို.ပညာ အတွေးအခေါ်ကို မြင်.မားလာအောင်  လုပ်ပေးနိုင်မယ်ဆိုရင်…။ သိပ်မကြာခင်မှာ သူတို.ကို ကျနော်တို.တိုင်းပြည်ကို ဦးဆောင်ခိုင်း၇မယ်လူငယ်တွေပါ..။ ( ကျနော် အမြင်တော. သူတို. အတွေ အခေါ် ပညာတွေမြင်.မားအောင် ဘက်ပေါင်းစုံက လုပ်ပေးနိုင်မယ် (သို.)  နိုင်ငံခြား ပညာတော်သင်တွေရအောင် ကြိုစားပေးမယ် ကူညီပေးနိုင်ခဲမယ်ဆိုရင်)…. သူတို. အတွေးအခေါ် အတွေ.အကြုံ နဲ. အလုပ်အကိုင်ကအစမြင်.မားလာပြီး တကယ်ပညာတတ် လူငယ်တွေပေါ်ထွန်းလာမယ်လို. ကျနော် မြင်မိပါတယ်….။

၃။ သက်တမ်းလွန်ပညာရေး***ဆိုလိုတာက အလယ်တန်း အထက်တန်းလောက်နဲ. ကျောင်းထွက်ပြီး ကြုံရာလုပ်နေရတဲ.လူငယ်တွေကို ဆိုလိုတာပါ..။ ဥပမာ အလုပ်ကြမ်းတွေလုပ်ပြီး လောလောဆယ်ဝင်ငွေရှာနိုင်ပေမယ်.  ဒီအတိုင်းတစ်သက်လုံးတော. သူတို.လုပ်နိုင်လိမ်.မယ် မထင်မိဘူး..။ အတွေးအခေါ်ချို.တဲ.သူမျိုးဆိုရင်  ဒုစရိုက်ဘက်ကိုပါ ပါသွားနိုင်ပါတယ်..။ သူတို.တွေလဲ အနာဂတ်ရဲ.မျိုးဆက်တွေပဲလေ..။   ( ကျနော် အမြင်တော. သူတို.ကို  အသက်မွေးဝမ်းကြောင်းပညာရပ်တစ်ခုခုနဲ. ထိန်းကွပ်သင်.တယ်လို မြင်မိပါတယ်..ဒီလိုအသက်မွေးဝမ်းကြောင်းပညာရပ်နဲ. သတို.ဘ၀ ရပ်တည်  ၀င်ငွေ၇ှာ သူတို.မိသားစု သားသမီးတွေနဲ. ပညာရေး၊ ကျန်းမာရေးကို စောင်.ရှောက် ၊ ထောက်ပံ့ နုငိမယ်လို. ကျနော်မြင်မိပါတယ်)

ဒါက ကျနော်တစ်ဦးတည်း၇ဲ.ခံစားမိသလောက် အမြင်တွေဖြစ်သလို  ဘယ်သူကမှ ပေးတာမဟုတ်တဲ. တာဝန်တစ်ခု ကျနော်တို. ပုခုံးပေါ်ရောက်နေတယ်လို. ခံစားရလို.ပါ။ ကဲ ကျနော်တို. တစ်ပိုင်တစ်နိုင်ကနေစပြီး  ဟိုးအဝေးကြီးအထိ ဘာတွေများ လုပ်နိုင်ကြပါ့မလဲ…၊၊၊၊၊???????????????????????????????????????????

 

 

About ရာဇ၀င်လူဆိုး

yar za win lu soe has written 16 post in this Website..

ရုပ်ချောတယ်၊ သဘောကောင်းတယ်၊ အသဲနုတယ်၊ လက်သီးပြင်းတယ်၊ အပျင်းပြေ လူသတ်တယ်….