ရွာသားတို.လည်း ကြားဖူးမှာပါ အပြောမတတ်တော. ဆဲသလို ဆိုတဲ. မြန်မာစကားပုံလေးပေါ.ဗျာ တယ်မှန်တယ်ဗျနော် ကျနော်ကတော. လက်ခံတယ်

အဲဒီေ၇ှးပညာရှိတွေရဲ.စကားပုံလေးတွေက တော်တော်ကိုမှတ်သားဖို့ကောင်းတယ်လို့ ကျနော်ထင်တယ် ဒီနေ့ ကျနော်တို့ ဆိုင်ကို Customer

တစ်ယောက်ဝင်လာတယ်ဗျာ  ထောင်.ဆုံးကစက်ကို သုံးချင်တဲ.အကြောင်းပြောရော  ကျနော်တို.ကလည်း window တင်မည်.သူနဲ. software ထည်.မဲ.သူတွေလာရင်

အဲဒီတစ်လုံးထဲ ထောင်.ကပ်နေတဲ. စက်မှာပဲ သွားပြီး လုပ်ပေးတာပေါ.ဗျာ ဆိုင်ရှင်လာရင်လည်း အဲဒီစက်ကလေးပဲ အမြဲလိုလို သုံးတတ်တယ်ဗျစက်သုံးသူက

ထောင်.ဆုံးကစက်လိုချင်တယ်ပြောပြီး သူ. Laptop နဲ.ပဲ သုံးချင်တာဆိုတော.  သူကလည်း  အေးအေးဆေးဆေးရှိလောက်မယ် ထင်တဲ. ထောင်.ကစက်ကိုလိုချင်တာဖြစ်မှာပေါ.ဗျာ

ကောင်တာထိုင်နေတဲ. ၀န်ထမ်းမိန်းကလေးကအပြောမတတ်တော. အဲဒီစက်ကသူဌေးတွေ သုံးတဲ. စက်လို.ပြောလိုက်ရော

Customer ကမျက်နှာက ဒေါသရိပ်ယောင်တွေ တွေ.နေရပြီ ကျနော်လည်း ပထမတော. ဘာမှဝင်ပြောမပေးသေးဘူး

ကိုယ်ပြင်စရာရှိတဲ. စက်ကလေးပဲ ပြင်နေတာ Customerက ကောင်မလေးကို ဒေါသဖြစ်ပြီး နင်တို.ဆိုင်က သူဌေးတွေ သုံးတဲ. စက်ရယ်လို. သတ်သတ်ခွဲထားတာလားလို. မေးရော

ကောင်မလေးကလည်း သူပြောတဲ. စကားသူမဖြေရှင်းနိုင်တော.ဘူး မနေသာတော.ပဲ ၀င်တောင်းပန်ရတော.တာပေါ.ဗျာ အစ်ကို သူပြောတဲ. သူဌေးတွေ သုံးတဲ.စက်ဆိုတာက

အစ်ကိုထင်သလို VIP တွေအတွက် သတ်သတ်ထားတဲ. စက်မဟုတ်ပါကြောင်း သူအပြောမတတ်လို.ပါ သူပြောတာက ဆိုင်ရှင်တွေ လာလို.သုံးစရာရှိရင် အဲဒီစက်ကလေးမှာပဲ

အမြဲထိုင်သုံးလို. သူကအဲလိုပြောတာပါဆိုတော.မှ Customerကလည်း နည်းနည်းစိတ်ပြေပြီး ဒါဆိုလည်းပြီးရောလေတဲ. ကျနော်လည်း သူကျေနပ်အောင်ဆိုပြီး ရပါတယ် သုံးပါ

အဲဒီစက်ရပါတယ်လို.ပြောရတော.တာပေါ. ပြီးမှ ပြောတဲ. အဓိပ္ပါယ်က သူဌေးတွေလာရင်သုံးတဲ. စက်မို. သူဌေးတွေသုံးတဲ. စက်လို.ပြောလိုက်တာ သူပြောတာလည်းမမှားဘူး

Customer ထင်သလိုဆိုတော.လည်း Customerလည်းမမှားဘူးလို. တွေးမိပါရဲ. သူတို.နှစ်ယောက်မှာ ၀န်ထမ်းကောင်မလေးက အပြောမတတ်တာလို.ပြောလို့ရတယ်

တကယ်လည်း အပြောမတတ်လို. အဲလိုတွေဖြစ်ကုန်တာ သူသာအပြောတတ်ရင် Customer လည်းစိတ်ဆိုးစရာအကြောင်းမရှိဘူး ကျနော်တို့ ဆိုင်က ၀န်ထမ်း ကသာ အစ်ကိုအဲဒီစက်က

ပြင်စရာရှိလို. ဘာညာ ပြောလိုက်ရင် ဟိုကလည်း စိတ်ဆိုးမှာ မဟုတ်တော.ဘူး အဲလိုလိမ်လိုက်လို့လည်း သူလည်းမထိခိုက်သလို တစ်ဖက်သားလည်း မထိခိုက်ပါဘူး

အဲလိုမျိုးကျတော. မလိမ်ကြတာတော့ ခက်တယ်ဗျနော်။ မလိမ်သင်.တဲ. နေရာကျတော. လိမ်ချင်ကြတယ် ဒါကလည်း လူ.သဘာဝပဲ

အပြောကောင်းရင် လေယာဉ် တောင် အလကားစီးရတယ်လို.လည်း ပြောနေကြတာပဲဗျာ တစ်ခါ စာအုပ်တစ်အုပ်ထဲမှာ ဖတ်လိုက်ရသေးတယ်

ဘုရင် စားပွဲတော် ခင်းခါနီး ရဟန်းတစ်ပါး နန်းတော် ရှေ့ကကြွလာတာမြင်တော့  ဘုရင်က သူလှူထိုက်လို.ပဲ ဆိုပြီးတော. ကောင်းပေ.ဆိုတဲ့ ဟင်းတွေ လှူလိုက်သတဲ.

ပြီးတော.  စစ်သူကြီးကိုကို အဲဒီ ရဟန်းနောက်ကို လိုက်ကြည့်စေတယ်တဲ. စစ်သူကြီးက လိုက်ကြည့်တော. မြို.အပြင်စရပ်ရောက်တော. ရဟန်းကလူဝတ်လည်းပြီး

အသင်.စောင်.နေတဲ.သူ.မိန်မနဲ.ဘုရင် လှူလိုက်တဲ. ထမင်း ဟင်းတွေ စားသုံးနေတာ တွေ.ရော စာဖတ်သူသာစစ်သူကြီးနေရာမှာဆို ဘုရင်ကို ဘယ်လိုပြန်ပြောမလဲ?

စစ်သူကြီးလည်း တွေးတာပေါ.  ငါအမှန်တိုင်းပြောလိုက်ရင် ငါလည်းအသတ်ခံရမယ် ရဟန်းလူထွက်လည်း အသတ်ခံရမယ် နှစ်ဦးနှစ်ဖက် အကျိုးမရှိဘူး

ငါသာအပြောကောင်းလို.ကတော. နှစ်ဦးနှစ်ဖက် အကျိုးရှိမယ်လို.တွေးပြီး နန်တော် ပြန်ရောက်တော. ဘုရင်က ဘယ်လိုလည်း စစ်သူကြီးမင်း လို.မေးရော

စစ်သူကြီးက မှန်လှပါဘုရား  အကျွန်ုပ် လိုက်ကြည်.နေစဉ် အတွင်းမှာပဲ ရဟန်းအသွင်. ပျောက်ကွယ် သွားကြောင်းပါဘုရားလို. လျှောက်လိုက်သတဲ.

ဘုရင်ကြီးလည်း ပီတိ တွေဖြစ်တာပေါ. သူလှူလိုက်တဲ. ရဟန်းက သာမန် ရဟန်းမဟုတ်ပဲ ရဟန်းတာ ဖြစ်နေတာလို. ထင်သွားပြီး စစ်သူကြီးကိုလည်း ဆုလာဒ် တွေပေးပေါ.

စစ်သူကြီး လျှောက်လိုက်တာကလည်း အမှန်တိုင်းပါပဲ ရဟန်းအသွင် ပျောက်ကွယ် သွားပြီး လူဝတ်လဲသွားပြီလေ သူလျှောက်တင်လိုက်တဲ. ရဟန်းအသွင်ပျောက်ကွယ်သွားတာက

အထက်ပဲဈန်နဲ. ကြွသွားသလို လျှောက်တင်လိုက်တော. ဘုရင်လည်း သဘောကျပြီပေါ. အလျှောက်ကောင်းတော. အထောင်းသက်သာတာပေါ. ဒီလိုပဲ

ကျနော်တို့လည်း နေ.စဉ် တစ်ခုမဟုတ်တစ်ခု တော.ကြုံတွေ့နေရတာပဲ အလျှောက်ကောင်းဖို.တော့ လိုတာပေါ့ဗျာ စောစောက စစ်သူကြီးသာ အမှန်တိုင်းလျှောက်လိုက်လို့ကတော.

ဘုရင်လည်း စိတ်ထိခိုက်မယ် ရဟန်းလူထွက်လည်း အသတ်ခံရမယ် စစ်သူကြီးလည်း ကြားထဲက အသတ်ခံရနိုင်တယ် အခုတော. စစ်သူကြီးက ပညာသားပါပါ လိမ်စရာမလိုပဲ

အမှန်ကိုပဲ ယုံနိုင်အောင် လျှောက်တင်လိုက်တော. အကုန်လုံး အကျိုးမယုတ်တော့တာပေါ့  သူလျှောက်တင်တာကို ကျနော်သာဆိုလည်း ဘုရင်ကြီး ထင်သလို ထင်မှာအသေချာပဲ

ဘာပဲဖြစ်ဖြစ် မုသားမပါ လင်္ကာမချော လို.ကလည်း ရှိသေးတာမလား စကားလုံး လှအောင်တော့ မုသားက မပါမဖြစ်ပါရတာပဲလေ

ကိုယ်လိမ်ပြောလိုက်ရင် ကိုယ်သုံးလိုက်တဲ. မုသား စကားက နှစ်ဦးနှစ်ဖက် ဘယ်သူ.ကိုမှ အကျိုးမပျက်စီး ဘူးဆိုရင် မုသာဝါဒ ကံမထိုက်ဘူးလို.တော. ကြားဖူးတာပဲဗျာ

ဟုတ်မယ်လည်း ထင်ပါတယ် စောစောက စစ်သူကြီးလိုပေါ.ဗျာ သူအဲလို လိမ်လိုက်လို. ဘယ်သူ.မှ မထိခိုက်အောင်တော. လိမ်ဖို. လိုတာပေါ.  ကိုယ်သုံးတဲ. မုသားစကားက

ဘယ်သူ.မှ အကျိုးမပျက်စီးပဲ အကျိုးရှိမယ်ဆို မုသားလေးတော. သုံးပေးပေါ.ဗျာ

သစ်ပင်ဖြောင်. တက်၇ခက် စကားဖြောင်. ကြားရခက်  ဆိုတဲ. စကားပုံလေးတွေလည်း ရှိတာပဲ

စောစောက စစ်သူကြီးနဲ. ကျနော်တို. ဆိုင်က ၀န်ထမ်း ကောင်မလေး နှစ်ယောက်ဆို ဘယ်သူမှ လိမ်ပြောပဲ စစ်သူကြီး ပြောတဲ. စကားက နားထောင်တဲ.တစ်ဖက်သား နားဝင်ချိုစေတယ်

ကျနော်တို.ဆိုင်က ၀န်ထမ်းပြောလိုက်တဲ. စကားကျတော. ကြားရတာ နားခါးစေတယ်လေဗျာ ဒါ.မို. တစ်ချို့နေရာတွေမှာ ပညာသားပါပါ စကားကို ချိုချိုသာသာ ဖြစ်အောင်

ပြောကြပါလို. တိုက်တွန်းချင်ပါတယ် အမှန်တိုင်း မပြောသင်.တဲ. စကားတွေကလည်း အများကြီး ပဲလေဗျာ

ဒါ.ကြောင်. အပြောအဆို လေးတွေကို တစ်ဖက်သား နားဝင်ချိုအောင် ပြောစေချင်ပါတယ်

 

ကျနော် တွေ.ကြုံတာလေးနဲ. ဖတ်ဖူးတဲ. စာစုကလေးကို နှိုင်းပြီး ရေးထားတာပါ စာဖတ်သူရောဘယ်လိုမြင်မလဲတော. မသိဘူး ကျနော်ကတော. အမှန်တိုင်းပြောတာချင်းအတူတူတောင်

စစ်သူကြီးရဲ. စကားပြောတတ်တဲ. ပညာကို သဘောကျမိတယ်ဗျာ

ဝေဖန်ပေးကြပေါ.ဗျာ  ကျနော်ကတော.ကိုယ်ထင်တာရေးလိုက်တာပဲ   ကျေးဇူးတင်ပါတယ်

 

 

 

 

 

 

 

About ရွှေဘိုသား

ရွှေဘို သား has written 92 post in this Website..

စာများကို ရေးတတ်လို. မဟုတ်ပါ သည်းခံဖတ်ပြီး ဝေဖန်ပေးကြပါ