မိမိကိုယ်မိမိ ရိုသေဖို ့လိုတယ်

ရွှေအိမ်စည်August 10, 20111min18310

ဆေးရုံတစ်ရုံမှာ ဆေးကျောင်းသားတစ်စု လူနာကိုလက်တွေ ့စတင်ထိတွေ ့ရမယ့်နေပေါ့ ။ သူတို ့တစ်တွေ လူနာ ကုတင် တစ်ခုလုံးကို ပတ်ဝိုင်းပြီး ရပ်နေကြတယ်။
ဂျူတီကုတ် ဖြူဖြူတွေ ကိုယ်စီဝတ်ထားကြပေမယ့် နားကြပ်တော့မပါကြပါဘူး ၊သူ ့တို နားကြပ်တွေကို စစ္စတာရဲ ့အခန်းထဲ ထားခဲ့ရမယ်လို ့ဆရာက မနေ ့ကမှာထားခဲ့ပါတယ်။

မကြာခင် ဆရာရောက်လာပါတယ်။

“ကဲ.. ဒီလူနာကိုမင်းတို ့နားထောင်ရမယ့်အကြာင်း ခွင့်တောင်းထားပြီးပြီ ၊ မင်းတို ့သူ ့နှလုံးခုန်သံကို စိတ်ကြိုက် နားထောင်လို ့ရတယ်။ နှလုံးအဆို ့ရှင်ကျဉ်းတဲ့အသံဟာ ဒီလူနာမှာသိပ်ကို ထင်ထင်ရှားရှားကြီးကြားနေရတယ်။ ဒီလောက် ပီသတဲ့အသံမျိုး ရှားတယ်။’

ဆေးကျောင်းသားအားလုံးဟာ ဒီနှလုံးအဆို ့ရှင် ကျဉ်းတဲ့ နှလုံးသွေးစီးသံ နဲ့ပါတ်သတ်ပြီး စာတွေ ့အားဖြင့်လေ့လာ မှတ်သားဖူးပြီးသားပါ ။ ဒါပေမယ့် လက်တွေ ့မှာ တစ်ခါမှ မကြားဘူးသေးဘူး။

သီအိုရီ အရပဲ ဘာသံပြီးရင် ဘာသံလာရမယ်၊ ဘယ်လိုကြားရမယ်ဆိုတာ သိထားကြပါတယ်။
ဆရာက သူတို ့ကို နားကြပ် တစ်ခု ကမ်းပေးလိုက်ပါတယ် ။

“ကဲ…အချိန်ယူပြီး သေသေချာချာနားထောင်ကြ၊ သိပ်ကောင်းတဲ့အသံပဲ”

ကျောင်းသားတွေလည်း တစ်ယောက်ပြီးတစ်ယောက် ဆရာ့နားကြပ်နဲ ့နားထောင်ကြပါတယ်။
့နားထောင်ရင်း ခေါင်းညိတ်ကြတယ် ။

“ဟာ…ဟုတ်တယ် ၊ ဟုတ်တယ် ၊ကြားရတယ် ၊ စာထဲကအတိုင်းပဲ ”လို ့ပထမစ နားထောင်သူက ဆိုတယ် ၊နောက်ထပ်ကျောင်းသား အားလုံးက လည်းလိုက်ပြီး အဲ ့သလိုဘဲ ပြောကြတယ်။

နှလုံးအဆို ့ရှင်ကျဉ်းတဲ ့အသံနားထောင် ပြီးတဲ့အခါ စစ္စတာရဲ ့အခန်းမှာ စာသင်ဖို ့အားလုံးပြန်စုကြ
တော့ ဆရာကမေးပါတယ် ။

“မင်းတို ့အားလုံးကြားခဲပြီလား”
တဲ့ ။ကျောင်းသားအားလုံးပြိုင်တူခေါင်းညိတ်လိုက်ကြတယ်။

ဆရာကဘာမှ ဆက်မပြောပါဘူး ။ဆရာကသူတို ့ကိုပေးလိုက်တဲ့နားကြပ် ကိုယူပြီး နားကြပ်က ဝက်အူရစ်ကို ဖြေးဖြေးခြင်း လှည့်ဖွင့်နေပါတယ်။ ပြီးတော့ အိတ်ထဲက ဇာဂနာ တစ်ချောင်းထုတ်ပြီး ့နားကြပ်ရဲ ့ ပိုက်တစ်လျောက်မှာ ထိုးတည့်ထားတဲ့ ဂွမ်းစတွေကိုဆွဲထုတ်လိုက်တဲ့အခါ ကျောင်းသားအားလုံးဟာ ပါးစပ်ဟောင်းလောင်း ဖြစ်ကုန်ကြပါတော့တယ် ။

ဘာမှ မကြားနိုင်တဲ့နားကြပ်နဲ ့ နားထောင်ပြီး ကြားခဲ့တယ်လို ့ သူတို့ပြောခဲ့မိပြီ ။ ပြောတာမှ ပီပီသသကြီးကြားခဲ့ရတယ် တဲ့၊ ။
စာအုပ်ထဲကအတိုင်းပဲတဲ ့

ဆရာက တစ်ခွန်းပဲပြောလိုက်ပါတယ်။

“မင်းတို ့ … နောက်ကို ဒီလိုဘယ်တော့မှ မဖြစ်ကြစေနဲ ့၊ ဘာမှမကြားရရင်မကြားဘူးပဲပြောပါ ။ ဟန်မဆောင်နဲ ့။ မညာနဲ ့၊ကိုယ့်ကိုယ်ကို လည်းမညာမိစေနဲ ့”၊

ဒါကတော ့အဲဒီ ဆေးကျောင်းသား တစ်စုရဲ ့ပထမဆုံးသော လူနာချည်းကပ်နည်း
သင်ခန်းစာပါ ။

ဆရာ စာမသင်ပါဘူး ၊ ဆရာသင်ပေးလိုက်တာကတော့ ………..
“တွေ ့ရင်တွေ့တဲ့အတိုင်း၊
ကြားရင်ကြားတဲ့အတိုင်း ၊
မြင်ရင်မြင်တဲ့ အတိုင်း ပြောပါ။
ဒါပထမဆုံးသင်ခန်းစာ” တဲ့။

ဆေးပညာအတွက်သာမက ဘဝတစ်လျှောက်အတွက်ပါ ဒီစကား အရေးကြီးလှပါတယ်။

” မိမိကိုယ် မိမိ တို ့ရိုသေဖို ့လိုတယ်” ဆိုတာသင်ပေးလိုက်တာပါ ။

မိမိကိုယ့်မိမိရိုသေလေးစားပါ။ ကိုယ့်ကိုကိုယ်ရိုသေလေးစားမှုနဲ့ တခြားလူကကိုယ့်ကိုရိုသေလေးစားဖို့အတွက် ဉာဏ်ပညာထူးချွန်ထက်မြက်နေဖို့(သို့)နာမည်ကြီးသရုပ်ဆောင်ဖြစ်နေဖို့ (သို ့)ပညာတွေအရမ်းတတ်နေဖို ့မလိုအပ်ပါဘူး။

စာကိုး။ ။မောင်သစ်ဆင်း(ကလေးတို ့မနက်ဖြန်)

ခင်မင်လေးစားသော
ရွှေအိမ်စည်

10 comments

  • aungnng87

    August 10, 2011 at 10:40 am

    ကိုယ်ကတော့ ကိုယ့်ကိုကိုယ် ရိုသေပါတယ်။

  • lusoegyikoko

    August 10, 2011 at 10:42 am

    “တွေ ့ရင်တွေ့တဲ့အတိုင်း၊
    ကြားရင်ကြားတဲ့အတိုင်း ၊
    မြင်ရင်မြင်တဲ့ အတိုင်း အမှန်ကိုအမှန်အတို်င်း ပြောချင်တာပေါ့ပါးစပ်ကိုယားလို့။

  • pan pan

    August 10, 2011 at 10:50 am

    “ကြားတယ်မလားဟေ့”
    “ကြားပါတယ် ကြားပါတယ်”
    ———————————
    “မကြားကြဘူးလားဟေ့”
    “မကြားပါဘူး မကြားပါဘူး”

  • နွယ်ပင်

    August 10, 2011 at 11:19 am

    “တွေ ့ရင်တွေ့တဲ့အတိုင်း၊
    ကြားရင်ကြားတဲ့အတိုင်း ၊
    မြင်ရင်မြင်တဲ့ အတိုင်း ပြောပါ။
    ဒါပထမဆုံးသင်ခန်းစာ” တဲ့။
    ပြောချင်တာပေါ့ ပြောချင်တာမှ အရမ်းရမ်းပဲ ……
    အဲလို လိုက်လုပ်မယ်ဆို တာဝန်ယူပေးမှာလားဟင် ………….

  • windtalker

    August 10, 2011 at 1:17 pm

    တစ်ခြားဟာတော့ မသိဘူး
    မိမိ ကိုယ်ကို မိမိ
    ဘာဖြစ်ချင်သလဲ ဆိုတာကို သိမှ
    ကိုယ်ဖြစ်ချင်တာ ကို ဖြစ်အောင် လုပ်နိုင်မယ့်
    နည်းလမ်း ရှာဖွေ နိုင်မယ် ထင်တာပဲ

  • MaMa

    August 10, 2011 at 1:25 pm

    ုကိုယ်ကျင့်တရားကောင်းဖို့အတွက် ကိုယ့်ကိုကိုယ် မလိမ်ဖို့ လိုတယ်ဆိုတာ သိအောင် လေ့ကျင့်ပေးလိုက်တာဖြစ်မယ်။ ပညာတတ်ကြီးတစ်ယောက်ဖြစ်လာမယ့် လူသားအသက်နဲ့ဆိုင်တဲ့ ဆေးပညာနဲ့ အသက်မွေးမယ့် လူတစ်ယောက်ကို အရေးအကြီးဆုံး သင်ခန်းစာတစ်ခု သင်ပေးလိုက်တာပါပဲ။ အမှန်တကယ်လဲ သင်ပေးနေကြလားမသိပေမယ့် အဲလို သင်ပေးရင်တော့ ကောင်းမှာပဲ။

  • pooch

    August 10, 2011 at 1:34 pm

    သူများလေးစားအောင် လုပ်ဖို့လွယ်ပေမဲ့ ကိုယ့်ကိုယ်ကို ပြန် လေးစားအောင်လုပ်ရတာ တကယ်ခက်ပါတယ်

  • nature

    August 11, 2011 at 11:19 pm

    ငယ်ငယ်တုန်းက မှန်ကန်ခြင်းနှင့်ရဲရင့်ခြင်းဆိုတဲ့ အကြောင်းလေးဖတ်ဖူးပါတယ်။ မှန်ကန်တဲ့ သစ္စာတရားကို လက်ကိုင်ထားရင် ယုံကြည်မှုဆိုတာ ရတတ်ပါတယ်။

  • chitpyae

    August 12, 2011 at 7:12 am

    ကြားရင်ကြားတဲ့အတိုင်း … မြင်ရင်မြင်တဲ့အတို်င်း အမှန်တွေပဲပြောချင်တာပေါ့လို့ ။
    မှန်တာပြောရင် ရွာပြင်ထွက်နေရမှာ စိုးလို့ 😛 😛 😛
    ဒီရွာထဲမှာတော့ ပြောလို့ရတယ်လေ …. ဒါပေမဲ့ တချို့တချို့သော နေရာ တွေမှာ ….. 🙂

Leave a Reply