ကိုယ်တပိုင်းလူသား

introMay 8, 20101min654

တရုတ်နိုင်ငံက လူတစ်ယောက်ဟာဆိုရင် သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကို ထရပ်ကားဖြတ်ကြိတ်မိပြီးကိုယ်တပိုင်းပြတ်ခဲ့တာကို အံ့ဩဖွယ်ရာ အသက်မသေဘဲ ရှင်အောင် ပြန်လည်ကုသနိုင်ခဲ့ပါတယ်။ အသက် ၃ရ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Peng Shuilin ဟာ တရုတ်နိုင်ငံ တောင်ပိုင်းက Shenzhen ဆေးရုံပေါ်မှာ (၂)နှစ် ကြာ ဆေးကုသမှု့ခံခဲ့ ရပါတယ်။ ခက်ခက်ခဲခဲနဲ့ အဓိက ကလီဆာ တွေကို အထဲကို ပြန်ထည့်လို့ရအောင် ခွဲစိတ်ကုသခဲ့ရပါတယ်။ Peng ဟာ ဈေးဆိုင်ငယ်လေးတစ်ခုဖွင့်လစ်ကာ သူများနှင့်မတူ ဈေးကို ချိုသာအောင်ရောက်ချပြီး နာမည်ကိုတော့ လူတဝက် ဈေးတဝက်(Half Man-Half Price) လို့ဆိုင်လေးကို အမည်ပေးထားပါတယ်။ ၂ ပေနှင့် ရ လက္မသာရှည်တဲ့ Peng ဟာ လက်တွန်းလှည်းခုံဖြင့် သွားလာပြီး မည်ကဲ့သို့ ဆေးကုသမှု့ခံ ယူပြီးပြန်လည်ကောင်းမွန်လာတယ်ဆိုတာကို ပြောပြလေ့ရှိပါတယ်။ ကျွန်တော်တို့က သူကို ဆေးစစ်ပေးရုံဘဲပြုလုပ်ရပါတယ်။ သူဟာသူများတွေထက်တောင်ပိုပြီး ကျန်းမာရေးကောင်းနေတာကိုတွေရပါတယ်။ ကမာ္ဘပေါ်မှာ သူ့လို့ မျိုး ကိုယ်တစ်ပိုင်းနဲ့ အသက်ရှင်တာ ဘယ်သူမှ မရှိပါဘူး လို့ လက်ထောက်ဆေးရုံအုပ် ကြီး Lin Liu ကပြောကြားခဲ့ပါတယ်။

4 comments

  • laypyay

    May 8, 2010 at 5:58 pm

    သူစိတ် ဓါတ်လေးကိုတော့ ချီးကျူးမိတယ်ဗျာ. ။ သူလို လူတဝက်ကတောင် ဖြစ်နိုင်တာတွေ အများကြီးရှိတာ လူကောင်းတွေ အနေနဲ့တော့ ပိုပြီး စိတ်ဓါတ်ရှိကြသင့်တယ်ထင်တယ်.. ကျေးဇူးပဲအကိုရေ..ဒီပိုစ်လေး အတွက်..။

  • kopauk mandalay

    May 9, 2010 at 7:19 am

    ဖြစ်လာတာကို လက်သင်.ခံပြီး ရသလောက်နဲ.ရှေ.ဆက်တဲ.စိတ်ဓါတ်ကိုတော.လေးစားပါတယ်။

  • devilmaycry9000

    May 9, 2010 at 5:58 pm

    တော်တော် အသကရှည်တာဘဲနော်
    truck ကားနဲ ့တောင်ကြိတ်မိပြီးမသေဘူးဆိုတော့ Bodozzar နဲ ့ဆိုဘယ်လို နေမလဲမသိဘူး ဟိဟိ ။

  • Shwemannmay

    May 10, 2010 at 7:07 am

    မောင်သက်ပြင်းပေါ့ ဒါပေမယ့် ပေါက်ပေါက်ရှာရှာစဉ်းစားမိတာက အစားစားတာတော့ထားပါတော့ စားပြီးသားတော့ သူဘယ်လို ပြန်ထုတ်လဲမသိဘူးနော် 😀

Leave a Reply