Afternoon Tea Buffet

zoeAugust 13, 20116min17811

သူငယ်ချင်း  မွေးနေ့ကို 5-star hotel Taipei Shangri-la  ရဲ့  Cafe at Far Eastern  ဆိုတဲ့ ကဖေး  မှာ afternoon tea buffet  နဲ့  ဖိတ်  လို့ ပြီးခဲ့တဲ့ အင်္ဂါနေ့  က သွားခဲ့ပါတယ် ။   ကဖေး တည်နေရာ ကတော့ ဟိုတယ် ၆ထပ် မှာ  ဖြစ်  ပါတယ် ။ စားသောက်ချိန် က နေ့လည် ၃နာရီ ကနေ ၅နာရီ အတွင်းဖြစ်ပါတယ် ။    အင်္ဂါနေ့ ဖြစ်ပေမဲ့ လည်း လူ ၂၅ဝ ဆန့် ကဖေး မှာ လေးပုံသုံးပုံ လူပြည့်ပါတယ် ။ တယောက် ကို ၅၄ဝ ထိုင်ဝမ်ဒေါ်လာ + ၁၀% service charge ဖြစ် ပါ တယ် ။ ဒီကဖေးမှာ,breakfast,lunch နဲ့dinner လဲရနိုင်ပါတယ် ။ ဈေးနှုန်းတွေက တို့ တယောက်ကို ထိုင်ဝမ်ဒေါ်လာ ၇၅၀၊၈၅၀၊နဲ့၈၉၀  အားလုံး ၁၀% service charge  ထပ်ပေါင်းရပါ မယ် ။

ဟင်းအမယ် နဲ့စားစရာ အမျိုးအမယ် ပေါင်း ၅ဝ လောက်ရှိပါ လိမ့်မယ် ။ ကုလားစာ ချာပါတီ နဲ့တွဲစား ဖို့ ဆိတ်သား၊ ပဲဟင်း နဲ့ သီးစုံဟင်း ။ တရုတ် စာ ခေါက်ဆွဲပြုတ် ကြာဇံပြုတ် လည်းရတယ် ။  စိတ်ကြိုက် ်ဟင်း အမယ် ရွေး ပြီး  chef ကို on-the spot ချက် ခိုင်းလိုူ့လည်းရတယ် ။  ထမင်းကျော်, ဟင်းရွက် နဲ့ အသားဟင်း, dim- sum , beef, pizza, italian spaghetti, sushi, sashimi, soup, တမျိုးကို သုံးမယ် စီလောက်  ။Chocolate fountain, salad bar, movenpick ice cream flavor  ၆မျိုး , ပေါင်မုန့်မျိုးစုံ ( croissant နဲ့ အခြား roll  အမျိုးမျိုး )  sandwich, dessert and cakes မျိုးစုံ, ကော်ဖီ မျိုးစုံ  expresso, capuccino, americano ,cafe latte  အစရှိသည်, သစ်သီးဖျော်ရည်    နဲ့  fresh fruits   တို့ဖြစ်ပါတယ် ။    Breakfast,lunch နဲ့   dinner ဆိုရင် အစားအသောက်အမျိုးအစား တူပေမဲ့   အမယ် က  tea-time ထက်ပိုများပါ တယ် ။

Buffet ဆိုတော့လွတ်လပ် စွာ အချိန်ပြည့်ကိုယ်ကြိုက်တာ ကြိုက်သလောက် ကိုယ့်ဖာသာ ယူစား ရပါတယ် ။   အရသာအ ရှိဆုံး ကို မဲပေးရရင် tomato soup, spaghetti, ျsushi,ပဲဟင်း ၊ သီးစုံဟင်း  နဲ့ ကြော်ငြာထားတဲ့  mango tiramisu တို့ဖြစ်ပါတယ် ။ ဒီ ဟိုတယ် ရဲ့ dessert က ပြိုင်ပွဲဝင် ဆုတံစိပ် ရဘူး ပါတယ် ။  စားလို့ ပြီးခါနီး မှ ကိုယ် ဘာစားတယ်ဆိုတာ ဓာတ်ပုံ နဲ့မှတ်တမ်း မတင်မိတာကို     သတိရ ပါတယ် ။  စားပွဲပေါ် ကဟင်းအမယ် တွေကို ဓာတ်ပုံလိုက် ရိုက်နေလို့ကလဲ ကိုယ်ကသာမန် စားသုံးသူဆိုတော့   တမျိုးထင် နေမှာလည်းစိုးရသေးတယ် ။  ဒါကြောင့် အစားအသောက်ပုံ ၂ပုံပဲ ရိုက်လိုက်ရပါတယ် ။

နေရာထိုင်ခင်း ကလည်း သက်တောင့်သက်သာ ရှိပါတယ်  ။ ကဖေး နံရံ တဖက်မှာ တော့အဆက်မပြတ် စီးဆင်းနေတဲ့  ရေတန်ခွန် နံရံရှိပါတယ် ။အစားသောက်စားပွဲ နဲ့မနီးမဝေး ၊ အမိုးဖန်သား ကိုဖောက်ထွင်း မိုးကောင်းကင် လဲမြင်ရ ၊ ဘေးကပ်ရက်  shopping center ကိုလည်း လှမ်းငုံ့ ကြည့် မြင်နိုင်တဲ့နေရာ လေးပါ ။ ပန်းချီ ဆန်လှ တဲ့ ဝါးပင် လေးက လည်း အဖော်ပြုနေ ပါတယ် ။ ချထားပေးတဲ့ နေရာ ကလည်း စိတ်တိုင်းကျ စရာ ကောင်းပါတယ် ။

အပြန်တော့ ဘတ်စ ပဲစီးပြီး ပြန်ပါတယ် ။  😀

 

အစားအသောက် နဲ့နေရာထိုင်ခင်း အခင်းအကျင်း   ကိုစိတ်ကျေနပ် မှုရတဲ့ အတွက်  MG ရွာသား/သူ တို့   ထိုင်ဝမ်  လာလည်ကြရင် ဒီမှာဖိတ်ကြွေး ချင်ပါတယ် ။  😀  😀

 

 

 

 

 

ကဖေး ဆိုင်အဝင်ဝ

 

ကဖေး ဆိုင်အဝင်ဝ နောက် ရှုဒေါင့်
ဆိုင် မှာအခု တင်ထားတဲ့ promotionနဲ့theme က သရက်သီး ဖြစ်ပါတယ် (madly in love with mango) တဲ့

 

အဝင်ဝမှ အတွင်းကို လှမ်းကြည့်လျှင်...

 

ကဖေး ဘေးချင်းကပ်ရက် ဟိုတယ် Health Club သွားရာ စင်းကြန်
နေရာ ယူပြီ

 

open- style kichen with foods display table
Breads and desserts table

 

cafe latte, sushi, sandwich, mango tiramisu, oyster
Cafe latte, sushi, mango tiramisu,oyster, mango juice
pan cake,desserts, fruits
pan cake,desserts, fruits
ဟိုတယ် အပြင် ရေပန်း
ဘတ်စ ကား ဂိတ် မှာကားစောင့် နေစဉ်
ဘတ်စ ကား မှတ်တိုင်

 

 

 

 

11 comments

  • etone

    August 13, 2011 at 11:08 am

    Shangri-la Taipei ကိုတော့ တခါမှ မရောက်ဖူးဘူး .. ပုံတွေထဲမှာရယ် .. သူတို့ ဆီက ပြက္ခဒိန်ထဲမှာရယ် … မြင်ဖူးတယ် … ။ အဲ့ဒီတုန်းကတော့ ဝန်ထမ်းကောင်မလေးတွေရဲ့ ရိုးရာ ဝတ်စုံက အလန်းပဲနော် .. ဟဲဟဲ 😛
    Shangri-la Yangon ကိုတော့ ခဏခဏရောက်ဖြစ်ပါတယ် … သူ့လို ့ပဲ ရိုက်ဖို့ အကြံမရလိုက်ဘူး … ရှိစေတော့ ရှိစေတော့ … ။ 🙄

  • ကြောင်ကြီး

    August 13, 2011 at 11:13 am

    ထိုင်ဝမ်ဘဲကင်၊ ဘဲပေါင်း၊ ဘဲကျွတ်၊ ဘဲခေါင်းဟင်းချို၊ ဘဲသွေး၊ ဘဲကလီစာသုတ် စားချင်တယ်။ သတ္တဝါအပေါင်း ဘေးကင်းကြပါစေ…။

    • ဆူး

      August 13, 2011 at 2:22 pm

      သတ္တဝါ အပေါင်း ဘဲမှ လွဲ၍ ဘေးကင်းကြပါစေ။ :ideal:

  • Foreign Resident

    August 13, 2011 at 11:44 am

    Dear Zoe,
    ” MG ရွာသား/သူ တို့ ထိုင်ဝမ် လာလည်ကြရင် ဒီမှာဖိတ်ကြွေး ချင်ပါတယ် ” 🙂
    Really ??? 😛
    If yes, I have plan to visit to China on coming September &
    It might be good to enter “Taiwan” on my way back. 😀

  • shwe ni

    August 13, 2011 at 1:25 pm

    သရက်သီးနဲ့ က cheese cake နဲ့တူတယ် စားချင်လိုက်တာ ——–
    tea ကတော့ မြန်မာပြည် tea shop က tea ကိုအကြိုက်ဆုံး zoe ရဲ့

    • zoe

      August 14, 2011 at 9:33 am

      မြန်မာပြည် tea shop က tea ကအချို လေး တယ် ။ ဒီမှာ ကော်ဖီ အသောက်များ တယ် ။ အချိုလဲ ပေါ့ပေါ့ စားလေ့ ရှိတယ် ။ ကိတ် ကအစ ။ အငန် လဲ လျှော စား တာပဲ ။ ကျန်းမာ ရေး အတွက် တဲ့ ။ မြန်မာပြည် က ဧည့်သယ် လာတော့ နင်တို့ဟာတွေ အရသာမတွေ့ပါဘူး ။ အားလုံး ပေါ့ရွှတ်ရွှတ် နဲ့တဲ့ ။ 😀

  • kai

    August 13, 2011 at 2:23 pm

    အယ်လ်အေ.. ဆန်ဂေဘရီယယ်က.. ထိုင်ဝမ်သားတွေတော်တော်အခြေချနေကြတာ..။
    ဒါပေမဲ့.. သူတို့ကဖေးဆိုင်တွေ သွားမစားသောက်ဖြစ်ဖူး..။
    အခု ဓါတ်ပုံလေးတွေနဲ့..ဆိုင်အနေအထားကြည့်ရသလောက်တော့.. .ယူအက်စ်က ဆိုင်တွေက.. ထိုင်ဝမ်မမှီဘူးလိုပဲ..။
    ထိုင်ဝမ်က..အပြင်အဆင်က… တော်တော်သပ်ရပ်လှနေတယ်နော..။

  • windtalker

    August 13, 2011 at 8:28 pm

    လာဖြစ် ရင် ကျွေးမှာ သေချာတယ်နော် zoe
    နောက်ရဘူးနော်
    တစ်ကယ်လာမှ ပုန်းနေရင် ဘယ်လို လုပ်ရမှာလဲ
    အခုကတဲ က ပြောထားဦး
    ပုံတွေ ကြည့်ရတာနဲ ့တင်
    ဗိုက်ဆာလာပြီ……လို ့

  • zoe

    August 14, 2011 at 9:18 am

    အားလုံးပဲ တ ကယ်ဖိတ် ကြွေး မှာပါ ။ 😀

    • MaMa

      August 14, 2011 at 4:24 pm

      ဒါဆို ဒါနလေးမြောက်သွားအောင် လေယာဉ်လက်မှတ်လေးပါ ပို့ပေးလိုက်ပါလား။
      🙂

  • nature

    August 14, 2011 at 1:44 pm

    zoe က အားလုံးကို အဝကြွေးမယ်တဲ့။ ဝင်ပေါက်ဝ အဝမှာကြွေးမှာ ။ 🙂

Leave a Reply