ဟာသလေးပါ

panncherryAugust 6, 20111min805

နှာဘူးပါဘုရား….
ကျွန်မတို့ ရွှေနိုင်ငံရဲ့ တစ်ချို့ မြို့ ရွာ နာမည်တွေဟာ
အင်မတန်မှ ကပေါက်တိ ကပေါက်ချာ နိုင်လွန်းတာပါ…ဥပမာ..
ပြွန်တန်ဆာတဲ့…နောက် ဂွေးချိုတဲ့..အဲ…ပြတိုက် ရောက်ဖူးတဲ့
ရေစကြိုနယ်ဘက်ကရွာဆို ဖုတ်ကုန်းတဲ့ဗျာ…အဲလိုပါ..ဘာေ

ကြာင့်
ဘယ်လို မှည့်ခေါ်ထားလဲဆိုတဲ့ သမိုင်းကြောင်းတော့ အတိအကျ
မသိရပါဘူး….။

ထားပါတော့လေ.. ခုက ပြတိုက်လေး ရောက်ဖူးခဲ့တဲ့ ရွာတစ်ရွာ
အကြောင်းလေး ပြောပြချင်လို့ပါ…ရွာနာမည်က ဂွေးကြီးရွာတဲ့..
ရပ်ရွာထုံးစံပေါ့ဗျာ.. ရွာဦးထိပ်မှာ ကျောင်းလေးဆောက် ဘုန်းတော်
ကြီးတစ်ပါး ကိုးကွယ်ထားတာပေါ့လေ…။

ရွှေမြန်မာတို့ ထုံးစံအတိုင်း မြို့ ရွာ ပညတ်ကို လိုက်လို့ ပုဂ္ဂိုလ်ကိုပါ
လိုက်ခေါ်လေ့ရှိတော့ ကျောင်းထိုင်ဘုန်းကြီးလည်း ကင်ပွန်းတပ်
စရာ မလိုပဲ ‘ဂွေးကြီးဆရာတော်’ ရယ်လို့ နာမည်တွင်သွားတာပေါ့.

ကျောင်းဘုန်းကြီးလည်း ဂွေးကြီးဆရာတော် ဂွေးကြီးဆရာတော်နဲ့
အခေါ်ခံရဖန်များတော့ ရှက်စိတ်လေးဝင်ပြီး အကြံထုတ်တာပေါ့..
မဖြစ်ချေဘူး…ငါတော့ ဒီနာမည်ကြီး ပျောက်အောင် တစ်ခုခုတော့
လုပ်မှပေါ့လေ..ဒါနဲ့ ကုသို်လ်ရလဲ နာမည်လဲ လှအောင် စေတီလေး
တစ်ဆူတည်မယ်ပေါ့..။

ဒီလိုနဲ့ ကိုးတောင်ပြည့်စေတီလေး တစ်ဆူတည်ပြီးတဲ့နောက်တော့
မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်ရပါတော့တယ်..။

စေတီတည်ပြီးကာမှ ဆရာတော်ရဲ့ နာမည်သစ်လေးက ပိုလို့ ဝေ
စည်သွားတော့တယ်…” ကိုးတောင်ပြည့် ဂွေးကြီးဆရာတော်” တဲ့.

ဇာတ်က မပြီးသေးဘူးဗျ…
တစ်နေ့ပေါ့ တစ်ခြားရွာမှာ ကထိန်ရှိလို့ ကြွရင်း ရေစက်ချအပြီး
မဲဖောက်လှူကြတာကိုး…။ အစီအစဉ်ကြေငြာတဲ့ သူကလည်း
ဟိုဘက်ရွာ ဒီဘက်ရွာ ကြားရအောင် မိုက်ကရိုဖုန်းနဲ့အော်တာလေ
မြောက်ကျောင်းဆရာတော် ပဒေသာပင်၁၀၀ဝ ပါဘုရား…..
တောင်ဖီလာဆရာတော် ကြာသင်္ကန်းပါဘုရားပေါ့လေ…အလှည့်
ကျအော်ပေးရင်း ဆိုင်ရာဆရာတော်တွေကလည်း အလှူခံရတာ..။

ကိုးတောင်ပြည့် ဆရာတော်အလှည့်ရောက်လာပါပြီ…အစီအစဉ်
ကြေငြာသူကလည်း ပေါက်တဲ့ မဲကို ဖြေပြီး ခုလို အော်လိုက်ပါတယ်
” ကိုးတောင်ပြည့် ဂွေးကြီးဆရာတော် နှာဘူးပါဘုရား”
ကဲ …ကောင်းရော…ဆရာတော်လည်း စိတ်က မထိန်းနိုင်တော့ဘူး
လေ…ဘာကွ…လို့ အကျယ်ကြီး ပြန်အော်လိုက်တော့မှ ဟိုက ပြန်
ပြင်အော်တယ်…
နှာရှူဗူးမဲပေါက်တာပါဘုရား….တဲ့…။
ဆရာတော်လည်း အဲဒီကျမှ ဟင်းးးးးးးးးးးးးးးးးးရယ်လို့ သက်ပြင်းခိုးချ
လို့ ပြန်ကြွသွားလေတော့သတဲ့…။



\\\ ///
/          \
| \\     // |
( | (.)   (.) |)
———o00o– (_)–o00o—————-
—— ooo0——————————–
(   )     0ooo
\ (       (   )
\_)      ) /
(_/


HHA
မေးလ်ထဲရောက်လာလို.တင်ပေးလိုက်တာပါ။ဟာသလေးတခုပေါ့။

5 comments

  • Kaung Htet Linn

    August 6, 2011 at 10:49 am

    အဟဲ……… အော်နာမည်တွေ နာမည်တွေ……… ကောင်းပဗျာ…………

  • nayminn

    August 6, 2011 at 2:15 pm

    Pancherry ကရော ဘယ်ရွာကလဲ။

  • KoNyeinChan

    August 6, 2011 at 5:09 pm

    ကိုင်း.. မပန်းချယ်ရီ.. ရွာသူအသစ်မို ့ စေတနာနဲ ့သတိပေးချင်တာပါ.. ဒီပို ့စ်မျိုး ဒီရွာထဲမှာ ကျွန်တော်ဖတ်ဖူးတယ်
    ဆိုလိုတာက ဆိုက်အသစ်တစ်ခုထဲကို ရောက်လာရင် ဟိုးပို ့စ်အဟောင်းတွေုကနေ လက်ရှိရောက်နေတဲ့ ပို ့စ်တွေအထိ ဖတ်စေချင်တယ်..
    ဘယ်သူမှတင်ထားတာမျိုး မတွေ ့တဲ့ ပို ့စ်မှသာတင်ပါ..
    ဥပမာဆိုရရင် ဆရာဝန်ကျောင်းဆင်းပူပူနွေးနွေးလည်း ဆရာဝန်လက်မှတ်ရပြီဖြစ်တဲ့အတွက်ကြောင့် ကိုယ်ကုသတဲ့လူမမာအပေါ် တာဝန်အားလုံးယူရတယ် ပြဿနာကြုံတွေ ့လာရင် ကျွန်တော် ဆရာဝန်အသစ်ပါ၊ မသိလို ့ပါလို ့ဆိုလို ့မရဘူး
    မပန်းချယ်ရီအနေနဲ ့လည်း အရင်တင်ထားတဲ့ ပို ့စ်ဟောင်းပိုင်ရှင်တွေ ကွန်ပလိန်းလုပ်ရင် ကျွန်မ ရွာသူအသစ်ပါလို ့လျှောက်လဲချက်ပေးလို ့မရပါဘူး
    ကောင်းသောကွန်မန် ့တွေ၊ လမ်းပြပေးမှုတွေ၊ သုတ ရသ ဖလှယ်မှုတွေနဲ ့ဒီရွာထဲမှာ ပျော်ပါစေဗျား…..

  • panncherry

    August 6, 2011 at 5:10 pm

    panncherry ကတောင်ပေါ်မြိုလေးတမြို.ကပါရှင်။

  • panncherry

    August 6, 2011 at 5:12 pm

    အဲလိုမျိုးလေးသတိပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။နောက်နောင်ဒီလိုမဖြစ်အောင်လည်းဆင်ခြင်ပါ့မယ်။နောက်ထပ်အမှားရှိရင်လည်းပြောပြပေးပါလို.တောင်းဆိုပါတယ်ရှင်။

Leave a Reply