ရွှေတိဂုံစေတီတော်ကြီး ကို ရောင်းစားနေကြပြီ

laypyayMay 8, 20101min1318

ဒီ forword mail လေးကို ပြန်ရှာနေတာ ကြာပြီဗျာ ..ခုမှ ပြန်တွေလို့ သိသင့်တယ်ထင်လို့ သူ့မူရင်အတိုင်းလေးပဲပြန်တင် ပြလို်က်ပါတယ်..

အရေးကြီးတဲ့ မေးလ်တစ်စောင်မို့လို့ forward လုပ်လိုက်တာပါ။ အွန်လိုင်းက
သူငယ်ချင်းများဆိုတာထက် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအတွက်ဆိုရင်
ပိုမှန်ပါလိမ့်မယ်။ ဒီမေးလ်ကို တခြားသူငယ်ချင်းတွေလည်း လက်ခံပြီးရင်
လက်ခံပြီးလောက်ပါပြီ။ ဘာပဲဖြစ်ဖြစ် မသိသေးသော ကျွန်တော်သူငယ်ချင်းများအတွက်
ထပ်ပြီး ပို့ပေးလိုက်တာပါ။ မေးလ်ကို ဖတ်ပြီးပြီးချင်း ပို့ပေးလိုက်တာပါ။
ဒီမေးလ်ကို ဖတ်ပြီးသွားတော့ အရမ်းကို အံ့ဩတုန်လှုပ်သွားတယ်။ ဒါဟာ
ဖြစ်သင့်သလားဆိုတာကိုရောပေါ့။ (ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပါ။) မေးလ်လေးကို
ဖတ်ပြီးသွားရင် forward မေးလ်လေး ထပ်လုပ်ပေးကြပါ။ တာဝန်ရှိသူများအနေနဲ့လည်း
ဗုဒ္ဓဘာသာလူမျိုးတွေရဲ့ သဒ္ဓါတရားကို အဲဒီလိုနည်းနဲ့ မစော်ကားသင့်ပါဘူး။
ဒီကိစ္စကိုလည်း မြန်မာနိုင်ငံမှာရှိတဲ့ သူငယ်ချင်းများအားလုံး
ဝိုင်းပြီးစုံစမ်းပေးစေချင်တယ်။ ဒီအကြောင်းအရာဟာ တကယ်ဟုတ်သလားဆိုတာကိုရောပေါ့။
ဘာသာခြားတွေကို အဓိကထားပြီး ပြောချင်တာ မဟုတ်ပါဘူ။ ဒီလိုမျိုးလုပ်ရပ်ကို ဘယ်သူက
လုပ်တာလဲဆိုတာကိုပဲ သိချင်တာပါ။ အရမ်း အံ့ဩတုန်လှုပ်ဖို့ကောင်းတယ်။

ဇေယျာဦး

ရွှေတိဂုံ ဘုရားမှ အလှူခံပုံးများ

ကျွန်မလဲ ညထဲက နှင်းဆီပန်းတွေ အမြဲဝယ်ထားတယ်။ မနက်ဆို
နှင်းဆီပန်းစီးကိုကိုင်ပြီး ဒီဇင်ဘာတစ်လလုံး ဘုရားတက်ခဲ့တာ ကျွန်မပေါ့။
အဲဒါမနက်ပိုင်း ညနေဆို ခုနှစ်နာရီထဲက သူငယ်ချင်းတွေ ကျွန်မတို ့ညီအမလေးယောက်
ဒေါ်ကြီး ထမင်းတွေဟင်းတွေ လ္ဘက်သုတ်ရေနွေး ကော်ဖီ အစုံထည့်ပြီး ဘုရားပေါ်တက်
ချမ်းသာကြီး တန်ဆောင်းမှာ ပုတီးစိတ် စကားတွေပြောပြီး။ ခေါင်းလောင်းထိုး
လူနှင်တော့မှ မဆင်းချင်ဆင်ခြင်နဲ့ ကျွန်မတို ့ ဆင်းလာခဲ့ကြတယ်။ ကျွန်မတို
့ညီအစ်မ ဘုရားမနက်တက် ညနေတက်လို ့ဘုရားတရား သိပ်လုပ်တယ်လို ့တော့ မထင်စေချင်ဘူး
။ အကြောင်းအရာတစ်ခုစလိုက်ရင် တစ်ယောက်တစ်ပေါက်မပြီးနိုင်မစီး
နိုင်ပြောတာတွေ
ရင်ထဲမှာစုထားတဲ ့ အကြောင်းအရာတွေ အကုန်ပြော ကြုံရင်ကြုံသလို နောက်တုန်း။

ကျွန်မကတော့ အကုန်စပ်စုတွေ ့သ မျှ အကုန် အဲလိုစပ်စုရင်းနဲ ့ရွှေတိဂုံဘုရားက
အလှူခံပုံးတွေ အကြောင်း ကျွန်မသိလာခဲ ့ရတယ်၊ ချမ်းသာကြီး
တန်ဆောင်းမှာပုတီးစိပ်နေရင်း ကိုးနာရီခွဲလောက်ဆို ခပ်ပိန်ပိန်ပုပု
ကောင်လေးတစ်ယောက်က သော့ခတ်ထားတဲ ့အလှူခံပုံးတွေကို လာလာထမ်းယူသွားတယ်။
ပြီးရင်တစ်ပုံးပြီးတစ်ပုံး မမောနိုင်မပမ်းနိုင် သူ ထမ်းနေတာ။
ဘုရားမှာရှိသမျှပုံး အကုန်တစ်နေရာမှာသူသွားသွားစုတာ တစ်နေ့လဲ မဟုတ် နှစ်နေ ့လဲ
မဟုတ် စဉ်းစားကြည့်ပါဦး။

ကျွန်မတို ့ငယ်ငယ်ကတောင် မိုးအလင်း ဝင်ချင်တဲ့လူ ဝင်ထွက်သွားလာနေတဲ့
့ရွှေတိဂုံဘုရားပေါ်မှာ အဲလိုသိမ်းတာ တစ်ခါမှမတွေ့ဖူးခဲ ့ဘူး။ အခုဆယ်နာရီဆိုရင်
ဘုရားဖူးတွေအကုန်ဆင်း ဂေါပကနဲ ့ဝန်ထမ်းပဲ ကျန်တာ။ သော့ခတ်ထားတဲ ့အလှူခံပုံးကို
ဘုရားပတ်ပြီး ထမ်းခိုင်းတာ ဒဏ်ပေးထားတာနဲ့မတူပေဘူးလား။ ပုတုတုနဲ
့အဲဒီပုံးလာထမ်းတဲ ့ကောင်လေးကို မမလေ – သိတယ်နော်။ ဟဲ ့နင်ကို
ဘယ်သူဒဏ်ပေးထားတာတုန်းလို့ ့ကျွန်မမေးတော့ – ဗျာ အစ်မတဲ ့ အဲဒီပုံးတွေထမ်းပြီး
ဘယ်ယူသွားတာတုန်းဆို တော့ – သိမ်းတာလေတဲ ့။ ဟဲ
့နင်အားနေလား*နင့်ဘယ်သူသိမ်းခိုင်းတာလဲ အဲဒါဘုရားပိုင်ပစ္စည်း နင်မသိမ်းလဲ
ခိုးမယ့်သူမရှိဘူးဆိုတော့။ မဟုတ်ဘူး အမ ကျွန်တော်တို ့က ဝန်ထမ်း။
ဒါကျွန်တော်တို ့သူဌေးပိုင်တာတဲ့။
*ကျွန်မခေါင်းနဘမ်းကြီးသွားသလို အစ်မတွေလည်း အနားတိုးလာတယ်။ ရှင်းရှင်းပြောစမ်း
နားမလည်ဘူး၊ ဂေါပကသွား တိုင်မှာနော် ဘုရားပိုင်ငွေတွေ
ပြည်သူတွေရဲ့အလှူငွေတွေကို ဘယ်ကသူဌေးက ပိုင်တယ်လို ့
နင်ပြောတာတုန်းဆိုတော့၊ ကျွန်တော်တို
့သူဌေးက ရွှတိဂုံဘုရားက အလှူငွေကို တစ်နှစ်ကို သိန်းငါးထောင်နဲ့ကန်ထရိုက
်ယူထားသတဲ့။ ရှင်။ ကျမတစ်ကိုယ်လုံး မိုက်ကနဲဖြစ်သွားသလို အစ်မတို
့အားလုံးလဲပါးစပ်အဟောင်းသားနဲ့။ နင့်သူဌေးက ဗုဒ္ဓဘာသာလား ဆိုတော့ – မဟုတ်ဘူး၊
ဘာသာခြားတဲ ့ ။ မလတ်က ဘယ်ဗုဒ္ဓဘာသာမှ ဒီအလုပ်မလုပ်ဘူး၊ မမ နင်မေးရက်တယ်တဲ့။
မလတ်ရယ် ဗုဒ္ဓဘာသာတွေလုပ်လို ့ ဒီအလှူငွေတွေ ဘာသာခြား လက်ထဲရောက်ကုန်တာမဟုတ်လား
ဆိုတော့မှ မလတ်က မဟုတ်ဘူးတဲ *့ဗုဒ္ဓဘာသာ မဟုတ်တဲ ့စီးပွါးရေးချွတ်ခြုံကျနေတဲ့
လူတစ်စုကြောင့် ရပြီးသား ဘုရားငွေတွေရော၊ မရေရသေးတဲ
့အလှူငွေတွေရော ရှင်းရှင်းပြောရရင် ရွေတိဂုံဘုရားကြီးကို
သိန်းငါးထောင်နဲ့ဘာသာခြားလက်ထဲမှာ ပေါင်ထားတာပေါ့တ*ဲ့။ ငါတို
့ကဘုရားကိုရည်စူးပြီးလှူတယ် ။ လက်စသတ်တော့ ဘာသာခြားက ရနေတာကိုးတဲ့။ အဲဒီနေ
့ကစလို ့ ဘုရားကို ရေလှူ ၊ ပန်းကပ်ရွှေသင်္ကန်းကပ်ရုံကလွဲလို ့သော့ခတ်ထားတဲ
့အလှူခံပုံးတွေထဲ ကျွန်မတို ့ အလှူငွေမထည့်တော့ဘူးရှင်။ ကဲ….. ရှင်တို
့ရောလှူကြဦးမလား…ရှင့်။

မှတ်ချက်။ ။ အဲဒီကိစ္စလုံးဝမဟုတ်ပါဘူးဆိုလျှင် ကျွန်မကို
ကျိုးကြောင်းခိုင်လုံစွာ ရှင်းပြပေးပါရှင်။ ကျွန်မ မဟုတ်ဘူးဆိုတာ
ကိုလက်ခံချင်လို့ပါ….။ ရင်းနှီးတဲ ့ဂေါပကလူကြီးတစ်ယောက်ကိုလဲ
ကျမမေးကြည့်တော့မှန်ပါတယ်တဲ ့ရှင် …..
(ကိုယ်တွေ ့ကြုံ ရေးသားသူ – မမ)။

ဒါကသူရေးထားတဲ့စာပါ။ ဒီအဖြစ်အပျက်က အမှန်ဆိုတာ သေချာမှ ကျွန်မ
ပြန်ပြီးမျှဝေတာပါ။
ကျွန်မအနေနဲ့ အလှူငွေတွေကို စီးပွားဖြစ်လုပ်တဲ့ တစ်ခြားဘာသာခြားတွေကိုလည်း
အပြစ်မဖို့ချင်ပါဘူး။ ဒီငွေတွေကို ဘယ်သူက သူတို့ကို ကန်ထရိုက်နဲ့ ရောင်းသလဲ
ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ ပုဂ္ဂလိက လုပ်ပိုင်ခွင့် သိပ်မရှိဘူးလို့ ပြောတဲ့
မြန်မာနိုင်ငံမှာ ရှိတဲ့ ပုဂ္ဂလိက လုပ်ပိုင်ခွင့်တွေကို ဘယ်သူတွေက ဘယ်လိုနည်းနဲ့
ရတယ်ဆိုတာပဲ ကျွန်မတို့က စဉ်းစားရမှာပါ။
Business View ကကြည့်ရင်တော့ စီးပွားရေးလုပ်တဲ့သူက သူအမြတ်ရရင် လုပ်မှာပါပဲ။
ဥပဒေဘောင်အတွင်းက ဘယ်ကိစ္စမဆို သူ့အနေနဲ့ တရားဝင် ပေါ်တင်လုပ်ပိုင်ခွင့်
ရှိပါတယ်။ Ethical View ကကြည့်ရင်တော့ Debatable Situation ပါပဲ။ သူတစ်ပါးက
ယုံယုံကြည်ကြည်နဲ့ လှူတဲ့ငွေတွေကို ကိုယ့်စီးပွားရေးအတွက် သုံးတယ်ဆိုတော့
Unethical ဖြစ်တယ်လို့ ယူဆနိုင်သလို ပတ်ဝန်းကျင်နဲ့ လူသားတစ်ရပ်လုံးကို
မထိခိုက်တဲ့အတွက် Ethical ဖြစ်တယ်လို့လည်း ပြောနိုင်ပါတယ်။ Religious View
ကကြည့်ရင်တော့ လုံးဝကိုလက်ခံနိုင်စရာ မရှိပါဘူး။ သူတစ်ပါးဘာသာဝင်တွေရဲ့
ယုံကြည်မှု၊ သဒ္ဓါတရားကို အလွဲသုံးစားလုပ်ရာကျတယ်လို့ မြင်ပါတယ်။
ဒါပေမဲ့ စာရေးသူ မမ မေးတဲ့ “ရှင်တို့လှူကြဦးမလားရှင်” ဆိုတဲ့ မေးခွန်းကိုတော့
ကျွန်မအနေနဲ့ ဖြေရရင် “ဟုတ်ကဲ့၊ လှူဦးမှာပါ” လို့ဖြေမှာပါ။
လှူတယ်ဆိုတာ စေတနာသုံးတန်နဲ့လှူတတ်ရင် အင်မတန်မြတ်တဲ့အလှူ ဖြစ်တယ်လို့
ကျွန်မယုံကြည်ထားလို့ပါ။ သူတို့ ဒီအလှူငွေတွေကို ဘာလုပ်သလဲလို့
ဆိုတဲ့မေးခွန်းဟာ ကျွန်မတို့ လှူလိုက်ပြီးတဲ့ နောက်မှာဖြစ်တဲ့ ကိစ္စပါ။
လှူနေတဲ့အချိန်မှာ ပစ္စုပ္ပန်တည့်တည့်ကိုပဲ ကြည့်ပြီး လှူရမှာပါ။
ကျွန်မအနေနဲ့ကတော့ လှူတဲ့အခါတိုင်း မြတ်စွာဘုရားရဲ့ ကြွင်းကျန်ခဲ့တဲ့
ဆံတော်တွေနဲ့ ပြုလုပ်ထားတဲ့ စေတီတစ်ဆူကို ကြာရှည်တည်တံ့အောင်
ကိုယ်တတ်နိုင်တဲ့ဘက်က ထိန်းသိမ်းတာဟာ ဗုဒ္ဓဘာသာကို
အဓွန့်ရှည်အောင်ထိန်းသိမ်းရာရောက်တယ်ဆိုတဲ့ စိတ်ထားပြီး လှူတာပါ။ အဲဒီ့လို
လှူမယ်ဆိုရင်တော့ နောက်ဖြစ်လာမဲ့ အကျိုးဆက်အတွက် သောကပွေစရာ မလိုတော့ပါဘူး။
ဒါကတော့ ကျွန်မရဲ့ ကိုယ်ပိုင်အမြင်ပါ။ အားလုံးလည်း အမှန်တရားကိုသိပြီး
ကိုယ်ကိုယ်တိုင် စဉ်းစားချင့်ချိန်ပြီး အလှူဒါနတစ်ခုကို ပြုနိုင်အောင်လို့
အခုလိုမျှဝေပေးလိုက်တာပါ။
ဗုဒ္ဓဘာသာ အဓွန့်ရှည်တည်တံ့ပါစေ။ ။…….

8 comments

  • intro

    May 8, 2010 at 6:17 pm

    ဒီကိစ္စ အမှန်သာ ဆိုရင်တော့… ကျွန်တော်တို့အားလုံး တတ်နိုင်တဲ့ဘက်က တစ်ခုခုလုပ်ဖို့လိုလာပြီ…. ဒါ စီးပွားရေးလုပ်စရာတစ်ခု မဟုတ်ပါဘူး…. ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ကိုးကွယ်ယုံကြည်မှု၊ သဒ္ဒါတရား၊ အခြေခံ ယဉ်ကျေးမှု အားလုံးကို စော်ကားနေတာနဲ့ အတူတူပါပဲ…. ဘယ်လောက်ပဲ လူနေမှု နိမ့်ကျနေပါစေ…. ဒီလို မလုပ်သင့်ပါဘူး။ အာဏာပိုင်တွေ အနေနဲ့ကလဲ ဒီလို ကိစ္စမျိုးရှိနေခဲ့ရင် ဒီအတိုင်း လက်ပိုက်ကြည့်မနေသင့်ပါဘူး….

  • kopauk mandalay

    May 9, 2010 at 7:14 am

    ကျနော်တို.မြန်မာပြည်သူပြည်သားတွေရဲ.သဒ္ဒါတရားဟာ
    ကန်ထရိုက်ပေးပြီးအရှုံးအမြတ်ဆွဲဘို.အတွက်မဟုတ်ပါ။
    မြန်မာပြည်မှာရှိသော ထက်မြက်သော လျှင်သော နေရာတကာရောက်သော အကုန်သိတယ်လို.ယူဆနို်င်သော
    များပြားလှတဲ.သတင်းထောက်တွေက မသိဘဲ ဘုရားလာဖူးသူမိန်းကလေးက သည်သတင်းကို အရင်သိတယ်
    ဆိုတော. စဉ်းစားစရာကောင်းနေပါတယ်။
    သည်သတင်းသာမှန်တယ်ဆိုရင်တော. ရန်ကုန်မှာရှိတဲ.သတင်းထောက်အားလုးံ trader hotle
    အပေါ်ဆုံးထပ်ကိုတက်လို.သာခုန်ချလိုက်ပါတော.။

  • mgmoetian

    May 9, 2010 at 3:38 pm

    ဒီလိုမျိုးလုပ်ရပ်တွေကိုဘယ်သူကမှလက်ခံမှာဟုက်ပါဘူး …. ဒါကိုလူတွေသိသွားရင် နော်ကိုဘယ်သူမှအလှူခံပုံးထဲကိုအလှူငွေထည့်မှာမဟုတ်တော့ဘူး ….ဒါဟာမလုပ်သင့်တဲ့အလုပ်တစ်ခုပါ …..အမျိုးဘာသာ သာသနာကိုစော်ကားနဲ့အတူတူပါပဲ…. ဘာသာခြားကိုလေလံပေးတယ်ဆိုတော့ပိုလို့တောင်ဆိုးသေးတယ်
    ရွှေတိဂုံစေတီ ဆိုတာမြန်မာလူမျိုးတွေ အလေးအမြတ်ထားတဲ့နေရာ တစ်ခြားနေရာမှာတွေကော ဒီလိုမျိုးတွေရှိသေးလား အားလုံးစုံစမ်းပေးကြပါ …..
    ဂေါပကလူကြီးများကိုလည်းပြောချင်ပါတယ် ဒီလိုမလုပ်ကြပါနဲ့ ခင်ဗျာ ………………….

  • mgmoetian

    May 9, 2010 at 3:40 pm

    ဒီလိုမျိုးလုပ်ရပ်တွေကိုဘယ်သူကမှလက်ခံမှာဟုက်ပါဘူး …. ဒါကိုလူတွေသိသွားရင် နောင်ကိုဘယ်သူမှအလှူခံပုံးထဲကိုအလှူငွေထည့်မှာမဟုတ်တော့ဘူး ….ဒါဟာမလုပ်သင့်တဲ့အလုပ်တစ်ခုပါ …..အမျိုးဘာသာ သာသနာကိုစော်ကားနဲ့အတူတူပါပဲ…. ဘာသာခြားကိုလေလံပေးတယ်ဆိုတော့ပိုလို့တောင်ဆိုးသေးတယ်
    ရွှေတိဂုံစေတီ ဆိုတာမြန်မာလူမျိုးတွေ အလေးအမြတ်ထားတဲ့နေရာ တစ်ခြားနေရာမှာတွေကော ဒီလိုမျိုးတွေရှိသေးလား အားလုံးစုံစမ်းပေးကြပါ …..
    ဂေါပကလူကြီးများကိုလည်းပြောချင်ပါတယ် ဒီလိုမလုပ်ကြပါနဲ့ ခင်ဗျာ ………………….

  • kilo

    May 9, 2010 at 6:39 pm

    3/12/09 မနှစ် က ဒီ ဇင် ဘာ လောက် က fwd mail ပါ .. တကယ် contract နဲ ့ လုပ် တာ ဆိုရင် တော့ ရှုတ်ချပါတယ်.. လက်တွေ့ မှာတော့ contract မရှိဘူး လို့ သိရတယ်.. စိတ်သန့်သန့် နဲလှု ကြပါ .. လှုသလောက် အကြိုး ရှိပါတယ်..

  • humanbeings

    May 10, 2010 at 7:52 am

    အော် သူတို ့ကလည်း သဘောမပေါက်ကြပါလား..ဘုန်းကြီးကိုတောင်ရိုက်နှက်ဝံ ့တဲ့ ဒီခေတ်ကြီးထဲမှာ ဒီအလုပ်လောက်က သူတို ့အတွက်ထမင်းစားရေသောက်တာလောက်ပဲရှိမှာပေါ ့.အာဏာပိုင်တွေကိုသွားပြောမနေနဲ ့.သူတို ့အခွင် ့မရပဲဘာမှလုပ်မရဘူး မြန်မာနိုင်ငံမှာ.သေရင်အဝီစိဂျိုးကပ်မဲ ့သူတွေကိုဘယ်လိုများလုပ်ရပါ ့။

  • etone

    May 10, 2010 at 9:06 am

    အဟောင်းကြီးကိုပြန်တင်ထားတယ် ။ အဟုတ်မှတ်လို့ဖတ်နေတာ ။ သူများတွေပြောတာကလည်း အဲ့ဒါအမှန်တဲ့ တချို့ကလည်း မဟုတ်ဘူးတဲ့ .. ။ ဘာဖြစ်ဖြစ်လေ လှူတဲ့လူက စေတနာနဲ့ ဘုရားအတွက်လှူတာပါ ။ fwd message မှာတွေ့တာ တနှစ်တောင်ကျော်နေပြီ ။

  • poeaung6

    May 10, 2010 at 4:33 pm

    ဒါသာမှန်ရင်လည်း အစ်မပြောသလို လှူသင့်ပါတယ် ဘုရားအတွက်ရည်မှန်းလှူတာကြောင့်ပါ အလှူခံပုန်းကိစ္စကြတော့ မလုပ်သင့်ပါဘူး မှန်တယ်ဆိုရင်တော့ တားမြစ်ရမှာပါ သက်ဆိုင်ရာလူကြီးများနှင့် အများပြည်သူတွေပါ ဝိုင်းဝန်းကူညီကြရမှာပါ

Leave a Reply