ကျွန်ုပ်နှင့်ဆရာတာရာမင်းဝေရဲ့ဈာပနခရီးမှတ်တမ်း

အာဂAugust 6, 20111min1497


ဒီပိုစ်လေးက လွန်ခဲ့တဲ့လေးနှစ်လောက် ကျွန်တော့် ဘလော့မှာတင်ထားတဲ့ ပိုစ့်လေးပါ။အခုဆရာဆုံးသွားတာ ဒီလ ၈ရက်နေ့ဆိုရင် ၄နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ဆရာကိုချစ်ကျသူတွေ။ဆရာ့စာပေတွေထဲမှာ ကျေနပ်မှုတွေနဲ့ ကခုန်နေခဲ့ဖူးသူတွေအတွက် အမှတ်တရအနေနဲ့ပြန်တင်ပေးလိုက်တာပါ။ ဓာတ်ပုံတွေကတော့ ပျောက်ဆုံးသွားလို့ မတင်နိုင်ခဲ့တာခွင့်လွတ်ပေးစေချင်ပါတယ်။
(အာဂ)
ကျွန်တော်လေထန်ကုန်းကိုရောက်တော့နေ့လည်၁၁း၃ဝနေပြီ။ အသုဘပို့တဲ့လူတွေမတွေတာနဲ့လေထန်ကုန်းမှာကျန်တဲ့လူတွေကိုမေးလိုက်တော့ဗိုလ်ချူပ်အောင်ဆန်းလမ်းကရုပ်ရှင်တွေရှေ့မှာရှိသေးတယ်
အမြန်လိုက်သွားရင်မီလိမ့်မယ်ဆိုလို့ ဗိုလ်ချူပ်အောင်ဆန်းလမ်းကိုအပြေးထွက်ခဲ့ပါတယ်။
၃၃လမ်းထိပ်မှာအသိတစ်ယောက်ကိုတွေ့တော့မေးလိုက်တယ် ကားထွက်သွားပြီလားလို့ပေါ။ ့အသိကပြန်ပြောရှာပါတယ်။-ကားတွေထွက်လို့မရဘူးပြသနာတွေတက်နေတယ်-တဲ့ပထမတော့ကျွန်တော်လည်းမယုံပါဘူး။ဒါပေမယ့်ကိုယ်တိုင်မြင်မှပဲယုံခဲ့ရပါတယ်။

ကျွန်တော်ထောက်လှမ်းရေးသမား

ဝီဇီရာရုပ်ရှင်ရုံလား။ဘုရင့်ရုပ်ရှင်ရုံလားမသိဘူး။၃၃လမ်းထိပ်ကရုပ်ရှင်ရုံထိပ်ကားလမ်းကနေဟို ဘက်ကားလမ်းကိုကြည့်လိုက်တော့လူအရောက်၄၊၅၊၆ဝလောက်စုစုနဲ့ရပ်တာကိုတွေ့လိုက်ပါတယ်။ဪ-ဒါနဲ့ကျွန်တော်လည်းမီသေးတယ်ဆိုပြီးကားလမ်းကူး
မယ်လို့လုပ်တုန်း။ကျွန်တော်သေသေချာထပ်ကြည့်မိလိုက်တော့ ဆရာ့အသုဘကိုပို့မယ့်လူတွေထဲကသုံးယောက်လောက်က၊စာရေးဆရာတာရာမင်းဝေ၊အသက်(၄၁)စတဲ့စာရွက်ဖြူလေးတွေကိုင်တန်းစီပြီးရပ်နေတာ တွေ့လိုက်ရတော့ကျွန်တော်သိပ်မသင်္ကာတော့ဘူး။ သူတို့ရပ်နေတဲ့ပုံစံကတစ်စုံတစ်ခုကိုဆန္ဒပြနေသရောင်ပဲလေ။
ဒါနဲ့ဒီဘက်ကားလမ်းကနေပဲအရိပ်အကဲကိုလှမ်းကြည့်နေမိတယ်။ ဘေးနာကလူတွေကလည်းဘာလုပ်နေကြတာလဲ၊ဆန္ဒပြနေကြတာလား၊စသဖြင့်မေးခွန်းတွေနဲ့အုံပြီးကြည့်နေကြတယ်။ကျွန်တော်ကလည်းတတ်နိုင်သမျှလောက်“မဟုတ်ပါဘူးအသုဘ
လိုက်ပို့ဖို့ပြင်နေကြတာပါ“လို့ပြောပြရသေးတယ်။သူတို့မေးမယ်ဆိုလည်းမေးလောက်စရာအဲဒီမှာရပ်နေကြသူတွေ၊စာရွက်တွေကိုင်ထားကြသူအချို့တွေကအမျိုးသားဒီမိုကရေစီအဖွဲ့ NLDဝတ်စုံတွေနဲ့ လေ။ဒါနဲ့ကျွန်တော်လည်းဒီဘက်ကားလမ်းရုပ်ရှင်ရုံရှေ့ကနေပြီး
အခြေအနေကိုစောင့်ကြည့်ကာ။ကျွန်တော့်ကင်မရာလေးနဲ့မှတ်တမ်းဓာတ်ပုံလေးတွေရိုက်နေလိုက်ပါတယ်။ အဲ့ဒီအချိန်မှာအင်္ကျီအဖြူလည်ကတုံး၊ပုလဲပေါက်ပုဆိုးအနက်နဲ့လူ၃ယောက်လောက်က၊စာရွက်ကိုင်ထားတဲ့လူတွေကိုရော၊အသုဘပို့မယ့်လူတွေကိုရော၊ရုပ်ရှင်ကင်မရာနဲ့တစ်မျိုး၊ရုပ်သေကင်မရာနဲ့တစ်မျိုးရိုက်ပြီးမှတ်တမ်းတင်နေတာတွေ့ရတယ်။
ကျွန်တော့်ကလည်းကျွန်တော့်ကင်မရာနဲ့ခိုးကြောင်ခိုးဝှက်ပေါ့၊နောက်တော့အဲဒီကင်မရာတွေနဲ့ရိုက်နေတဲ့သူတွေက ကျွန်တော်ဆီကိုလာရိုက်တော့တာပါပဲ။အဲဒါနဲ့
ကျွန်တော်လည်းကျွန်တော့်ကိုရိုက်ရင်ထီးနဲ့ကွယ်လိုက် လွတ်ရင်ပြန်ရိုက်လိုက်လုပ်နေတော့တာ။ မကြာပါဘူး အဲဒီလူတွေကကျွန်တော့်ကိုပေါ်တင်ကြီးထပ်ပြီးလာရိုက်နေတော့ကျွန်တော့် စိတ်ထဲထောက်လှမ်းရေးတွေထင်လို့အဲဒီနေရာနဲ့ ခပ်လှမ်းလှမ်းနေရာကိုပြေးထွက်သွားလိုက်တယ်။ ကျွန်တော်သွားခါနီးတစ်ချက်လှည့်ကြည့်လိုက်တော့ အဲဒီကင်မာကိုင်တစ်ယောက် ကနောက်တစ်ယောက်ကိုကျွန်တော့်ကိုချက်ပြလိုက်တာတွေ့လိုက်ရပါတယ်။ ပြီးတော့ကျွန်တော်က၃၃လမ်းထိပ်ဘက်ကကဗျာဆရာအောင်ဝေးတို့၊လေထန်
ကုန်းဆိုင်ရှင်တို့ဘက်နားမှာဝင်ရပ်နေလိုက်တော့တယ်။ဓာတ်ပုံလည်းဆက်မရိုက်ရဲတော့ဘူး။ ဆရာအောင်ဝေးတော့ကတော့ကားရဖို့စီစဉ်နေတာတွေ့ရပါတယ်။နောက်မကြာပါဘူး၊
ခုနကကင်မရာကိုင်အဖွဲ့ကလူတစ်ယောက်ကျွန်တော့်အနားကိုရောက်လာပြီး “ညီလေးက
ဘယ်ကလဲ၊ဘာလာလုပ်တာလဲ”လို့လာမေးတယ်။ကျွန်တော်ကလည်းသူ့မေးခွန်းနဲ့သူ့ကို
ပြန်မေးလိုက်ပါတယ်။အဲဒီတော့သူက“အကိုက၈၈မျိုးဆက်သစ်လူငယ်အဖွဲ့ကပါ။ ရွှေဘုန်းတို့နဲ့အကိုတို့ကကျောင်းတုန်းက တစ်နှစ်တည်းမိုလို့အခုလိုက်ပို့တာလေ”တဲ့ ဒါနဲ့ကျွန်တော်ကလည်းကျွန်တော့်ကစာရူးပေရူးတစ်ယောက်ပါ။ပြီးတော့ဆရာ့ကိုအရမ်းကြိုက်တဲ့
ပရိသတ်တစ်ယောက်ပါ။ဒါကြောင့်အခုဆရာရဲ့ဈာပနကိုလာပို့တဲ့သူပါလို့ပြောလိုက်တယ်။

အဲဒီတော့မှသူက “အော်မသိပါဘူး။အကိုတို့ကမင်းဟိုဘက် နေဓာတ်ပုံတွေရိုက်နေတော့ထောက်လှမ်းရေးကလူမှတ်လို့။ ပြီးတော့မင်းကလည်းအကိုအတို့ကပြန်ပြီးရိုက်ရင်ပုန်းပုန်းနေတာကိုး”။အဲဒီတော့မှကျွန်တော်လည်း ဖြစ်မှဖြစ်ရလေအကိုတို့ကိုကျွန်တော်ကလည်း
ထောက်လှမ်းရေးကမှတ်လို့ပုန်းနေတာလို့ပြန်ပြောပြလိုက်ရတယ်။ပြီးတော့သူကဒီမှာပြသနာတွေတက်နေတဲ့အကြောင်းကိုပြောပြပါတယ်။အသုဘပို့တဲ့ကားတွေက၁၁းဝဝနာရီလောက်ကလာသွားတယ်။လူတစ်ချို့လည်းကားပေါ်တက်ထိုင်လို့ထိုင်နေကြတာပေါ့။အဲဒီ့
အချိန်မှာအမည်မသိလူနှစ်ဦးယောက်လာပြီး ကားသမားတွေကိုမင်းတို့ဒီအသုဘကိုလိုက်မပို့ရဘူး။ လိုက်ပို့ရင်မင်းတို့တွေအဖမ်းခံရမယ်လို့လာပြောတော့ကားသမားတွေလည်း ကြောက်ပြီးပြန်ပြေးသွားကြတာတဲ့။သူတို့ကတော့ဒါကိုအစိုးရဘက်ကလုပ်တာလို့ထင်ပြီး

အခုလိုဆရာတာရာမင်းဝေရဲ့အမည်၊အသက်တွေရေးထားတဲ့စာရွက်တွေ(အမှန်ကကားမှာကပ်မယ့်စာရွက်ပါ)တွေကိုဆန္ဒပြလိုထောင်ပြီးတော့ကိုင်နေကြတာတဲ့။သဘောကတော့သူတို့နိုင်ငံရေးလုပ်နေကြတာမဟုတ်ဘူး။သူ့တို့မိတ်ဆွေရဲ့အသုဘကိုလိုက်ပို့ကြတာပါ
လို့ပြောချင်တာပါ။ နောက်သူတို့အခုမ-၀-တ-ဥက္ကဌကိုဖုန်းဆက်ထားတယ်တဲ့သတ်မှတ်
ချိန်အတွင်းမှကားပြန်မထွက်ရင် အုပ်စုလိုက်အခုလိုစာတန်းတွေကိုင်ပြီးချီတက်မယ်လို့ပေါ့။
ဒီတော့မှ..မ-၀-တ..ကကားတွေပြန်လွတ်ပေးမယ်ခဏစောင့်ပါဆိုတဲ့အဖြေကိုပြန်ရတယ်။ဒါကြောင့်ကျွန်တော်လည်းဟိုဘက်ကားလမ်းက လူအုပ်ဆီကူးပြီးကားအလာကိုစောင့်နေလိုက်တော့တယ်။

ကျွန်တော်ကဓာတ်ပုံရိုက်မယ်လုပ် တော့သူထဲကတစ်ယောက်ကဒီမှာဓာတ်ပုံမရိုက်ပါနဲ့။ ရိုက်ချင်ရင်ဟိုဘက်ကားလမ်းကသွားရိုက်လို့ထပ်ပြောသေးတယ်ဗျ။ဒီတော့
သူတို့ကြားထဲကကျွန်တော့်မှာလည်း စုံထောက်ကြီးလုံးလုံးကိုဖြစ်လို့နေတော့တာပါပဲဗျာ။

ကားလာပြီ
ကားက၁၂းဝဝနာရီလောက်မှာရောက်လာပါတယ်။ကားမလာရင်လမ်းလျောက်ပြီးဒီအတိုင်း
သွားမယ်ဆိုလို့လားမသိဘူး။မ-၀-တကစီစဉ်ပေးတာတဲ့။စုစုပေါင်းကားအရေအတွက်က
တော့(၄)စင်းပါ။ကံဆိုးချင်တော့ကျွန်တော်စီးတဲ့ကားကနောက်ဆုံးမှရေးဝေးကိုရောက်တဲ့
ကားဖြစ်နေတယ်လေ။ကားတစ်ကားလုံးလည်းနိုင်ငံရေးသမားတွေချည်ပါပဲဗျာ။ကားပေါ်က
အဖိုးကြီးတစ်ယောက်ကကျွန်တော့်ကိုနိုင်ငံရေးအကြောင်းအချို့ပြောပြတယ်။ဆရာအကြောင်း
ကိုလည်းပြောပြပါတယ်။သူတို့ထောင်ထဲမှာနေခဲ့ရတုန်းကရွှေဖုန်းကဘယ်လိုကဗျာတွေထထ
ရွတ်ကြောင်း။အဲဒီကဗျာတွေကိုလည်းကြိုက်တဲ့အကြောင်း။သူအကို-ကိုအောင်ဒင်ကဘာ
တွေလုပ်ကြောင်း။ဆရာမသေခင်ကသူဆရာကိုတွေ့ရတော့ဆရာကအရက်ပြတ်ပြီးလိုပြော
ကြောင်း။အမှန်ကအရက်သာပြတ်တယ်လို့ပြောတာခေါင်ရည်ပြောင်းသောက်နေတာသူမသိ
ကြောင်း။အရင်ကတဲဆရာကပိုက်ဆံရှိရက်သားနဲ့ချက်အရက်(ဘီ.အီး)ကိုသာစွဲစွဲလမ်းလမ်း
သောက်သူဖြစ်ကြောင်းသူအခုလိုဖြစ်ရတာလည်း အဲဒီချက်အရက်ကြောင့်ဟုသူထင်ကြောင်း
စသဖြင့်ဆရာ့အကြောင်းတွေအပြင်အစိုးရပိုင်းကို သူမကျေနပ်ချက်များကိုလည်းအားရပါရပြော
ကြားခဲ့ပါသေးတယ်။သူကအဲဒီလိုကျွန်တော့်ကိုအရွမ်းဝေဝေပြောပြီးမကြာဘူးသူ့ဘေးနား
လူတစ်ယောက်ကသူကိုဘာတွေကပ်ပြီးပြောလိုက်လည်းမသိဘူး။အဲဒီလူကြီးကကျွန်တော့်
ချက်ခြင်းပဲ၊-အေးခုနကငါပြောခဲ့တဲ့စကားတွေကိုမင်းရဲ့အထက်ကလူကိုပြန်ပြောချင်လည်း
ပြောလို့လေသံမာမာနဲ့လာပြောပြန်တယ်။ပထမတော့ကျွန်တော်လည်းအနည်းငယ်ကြောင်
သွားတာပေါ့။နောက်မှဪငါ့ကိုထောက်လှမ်းရေးထင်နေပြန်ပါကောလားဆိုပြီး။ကျွန်တော်
ကအနည်းငယ်ပြန်ပက်လိုက်ပါတယ်။ဦးတို့ကလည်းအကုန်လုံးယုန်ထင်ကြောင်ထင်နဲ့ပါ
လားဗျာ။ကျွန်တော်ကအပြင်ကအရပ်သားပါ။ဦးကကျွန်တော့်ကိုဒီအကြောင်းတွေသက်သက်
လာပြောနေတော့စိတ်ထဲမှာဦးကိုတောင်ထောက်လှမ်းရေး ကလူမှတ်လို့ကျွန်တော်ဘာစကား
မှသိပ်ပြီးတော့ပြန်မပြောတာ။ရော့ဗျာမယုံရင်ဒါတွေကိုသာကြည့်တော့ဆိုပြီးကျွန်တော့်ဝန်
ထမ်းကတ်တို့။ကျောင်းသားကတ်။တို့မှတ်ပုံတင်တို့တို့စိတ်တိုတိုနဲ့ထုတ်ပြလိုက်တော့တယ်
။ဒီတော့မှသူတို့လည်းငြိမ်သွားတယ်။ဪတယ်လည်းခက်တဲ့နိုင်ငံရေးလောက။

ရေဝေးသို့ရောက်ပြီ
ရေဝေးကိုရောက်တော့၁းဝဝနာရီကျော်နေပါပြီး။ကံဆိုးချင်တော့ကျွန်တော်စီးတဲ့ကားက
နောက်ဆုံးမှရောက်တဲ့ကားဖြစ်နေတယ်လေ။ရောက်ရောက်ခြင်းကျွန်တော်ကားပေါ်က
အမြန်ပြေးဆင်းပြီး။ဆရာရုပ်ကလာပ်ရှိရာခမ်းမဆီကိုအမြန်ပြေးရတာပေ့ါ။ကံကောင်းချင်
တော့ဆရာကိုမီယုံကလေးရောက်ခဲ့တာပါ။ခမ်းမထဲမှာစာပေအသိုက်အဝန်းကလူတွေရယ်။
နိုင်ငံရေးလောကလူတွေရယ်။ပရိသတ်အချို့ရယ်နဲ့တော်တော်များများရောက်နေတာတွေ့
ရပါတယ်။ဆရာရဲ့ရုပ်ကလာပ်ရှေ့မှာတော့အခန်းအနားမှုးအဖြစ်ဆောင်ရွက်နေတဲ့ဇာဂနာ
ကိုတွေ့ရပါတယ်။ကျွန်တော်ရောက်တဲ့အချိန်မှာဇာဂနာကကျွန်တော်တို့ရဲ့မိတ်ဆွေကြီး
တာရာမင်းဝေကိုဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့အားလုံးပဲ(၁)မိနစ်လောက်ငြိမ်သက်
ပေးကြဖို့ပြောလိုက်တော့အားလုံးခေတ္တငြိမ်သက်ပေးကြပါတယ်။ဆရာရုပ်ကလာပ်ရဲ့အပေါ်
ဝှိုက်ဘုတ်မှာမှင်နီရေးထားတဲ့စာသားလေးတွေကလည်းအသက်ဝင်လှပါတယ်။ဘာတွေရေး
ထားလည်းဆိုတော့-ဒေါင်းအလံကိုင်တဲ့ဘုန်းရွှေကိုထောင်ထဲပို့တော့။ကလောင်ကိုင်တဲ့တာ
ရာမင်းဝေအဖြစ်ပြန်ခဲ့သူ(သို့မဟုတ်)လွတ်လပ်ခြင်းနတ်သမီးနဲ့မပေါင်းဖက်ရသူကြယ်ကြွေ
သတို့သားရဲ့နောက်ဆုံးနှုတ်ဆက်ခရီး

    -၈၈မျိုးဆက်ကျောင်းသားများအဖွဲ့။လို့ရေးထားတာ
    ပါ။နောက်ကိုမင်းကိုနိုင်ကတာရာမင်းဝေအတွက် အောက်ပါကဗျာတစ်ပုဒ်ကိုရွတ်ဆိုကာမီး
    သင်းဂြိုဟ်စက်ထဲသို့ဆရာရဲ့ရုပ်ကလာပ်ကိုပို့ဆောင်ကြပါတော့တယ်။ငိုတဲ့သူကငို၊စိတ်
    မကောင်းတဲ့သူကမကောင်းနဲ့ပေါ့ဗျာ။အခမ်းအနားကျင်းပပုံကအရမ်းမြန်ဆန်လွန်းတယ်လို့
    လည်းထင်မိပါတယ်။

    ကိုမင်းကိုနိုင်ရွတ်ဆိုသွားတဲ့ကဗျာ-
    သူငယ်ချင်းမင်းဟာ
    ယုံကြည်ရာကို ရင်သွေးလိုလည်း
    မွေးခဲ့တယ်….။
    သူငယ်ချင်းမင်းဟာ
    ဒဏ်ရာတွေကို ဆီမီးလိုလည်းထွန်းခဲ့တယ်…။
    သူငယ်ချင်းမင်းဟာ
    ကိုယ့်အနာ ကိုယ့်လျာနဲ့ပြန်သပ်
    ရှင်တတ်ခဲ့ပြီးပြီပဲ…။
    သူငယ်ချင်းမင်းဟာ
    ကိုယ့်အရေပြားကိုယ်လွာ၊ ကိုယ့်အရိုးကို်အပ်လိုသွေး
    ကိုယ့်ဝတ်စုံ ကိုယ် ချုပ်လို့ ကျကျနနလှခဲ့ပြီးပြီးပဲ။
    သူငယ်ချင်း………..
    သွားနှင့်သူငယ်ချင်း
    ကြယ်အစင်းစင်းကြွေခဲ့…ဟောဒီကမ္ဘာမြေရဲ့
    အနာတရ တွေကိုစွမ်းသမျှကုစားဖို့
    ငါတို့နေရစ်ခဲ့ဦးမယ်………။
    သွားနှင့်သူငယ်ချင်း
    နေအစင်းစင်းပူတဲ့ ကမ္ဘာမြေရဲ့ဒဏ်ရာကို
    လက်ဖဝါးတွေနဲ့ကာကွယ်ဖို့ ငါ့တို့ နေရစ်ခဲ့ဦးမယ်..။
    သွားနှင့်သူငယ်ချင်း
    ကမ္ဘာမြေရဲ့ကြေကွဲခြင်းဓာတ်ပြားထဲ
    မင်းရဲ့ကဗျာတွေမာတိကာပြင်ဖို့
    ငါ့တို့နေရစ်ခဲ့ဦးမယ်….။
    သွားနှင့်သူငယ်ချင်း….
    ကျောင်းနံရံတစ်ဝိုက်…
    ဒေါင်းအလံပြန်စိုက်တဲ့တစ်နေ့…..
    ငါ့တို့………………….။

    အရာရာဟာပြီးဆုံးချုပ်ငြိမ်းသွားခဲ့ပါပြီ
    ဆရာရဲ့ရုပ်ကလာပ်မီးသင်ဂြိုဟ်စက်ထဲထည့်ပြီးတော့စိတ်ထဲတစ်မျိုးကြီးနဲ့
    ဝမ်းနည်းမိရပါတယ်ဆရာ။ဆရာကိုချစ်တဲ့တစ်ပြည်လုံးကပရိသတ်တွေလည်း
    ကျွန်တော်နဲ့ထပ်တူဝမ်းနည်းနေကြရမှာအသေချာပါဆရာရယ်လို့စိတ်ထဲ
    တီးတိုးရေရွတ်ကာဆရာဈာပနအတွက်အမှတ်တရပေးတဲ့လက်ကမ်းစာစောင်
    လေးကိုအများလိုတိုးတိုးဝေ့ဝေ့ယူခဲ့ကာဆရာရဲ့လက်ရေးမူနဲ့နောက်ဆုံးရေးခဲ့
    ကဗျာလေးတွေကိုကြည့်နေရတဲ့ခံစားမှုကတော့။ပြန်ရေးချမပြတက်အောင်
    ပါပဲ။အဲဒီဈာပနပွဲမှာဆရာနဲ့ကွဲနေတဲ့ဆရာရဲ့ချစ်ဇနီးနဲ့သားတို့ဘာလို့မလာတာ
    လဲလို့လည်းကျွန်တော်ဝမ်းနည်းစွာမေးခွန်းထုတ်နေမိတယ်။ဆရာဟာဒီလိုအိမ်ထောင်
    ရေးပြိုကွဲမှုတွေရဲ့အကျိုးဆက်တွေကြောင့်အရက်ကိုရက်စက်သောက်တတ်နေတယ်
    ဆိုတာကျွန်တော်အရင်ကတည်းကကြားဖူးခဲ့ပါတယ်။ဒါပေမယ့်ဒီလောက်အထိဖြစ်မယ်
    လို့မထင်ခဲ့မိပါဘူး။ဒါပေမယ့်ဆရာရယ်…..အခု….တော့……
    ကျွန်တော်တို့ကောင်းကင်ယံမှာ ကြယ်တစ်လုံးကြွေခဲ့ပြီပေါ့….။

7 comments

  • alinsett

    August 6, 2011 at 7:33 pm

    ကိုယ်လည်းတာရာမင်းဝေရဲ ့စာတွေ နဲ ့ကြီးပြင်းခဲ ့တာပါ။ သူ့ စာအုပ်တွေ အကုန်လုံးနီပါးကို ဖတ်ပြီးချိန်မှာ..
    သူ ါကို ကိုယ် က တကယ် ့စာပေအနုပညာသမားတစ်ယောက်လို ့ သတ်မှတ်လိုက်ပါတယ် ။
    တစ်နေ ့မှာတော့ ကိုယ် သူနဲ ့ ဆံ ုဖြစ်ပါတယ် ။ စာပေ အကြောင်းတွေ လည်းပြောဖြစ်တယ် ။။
    ပြောဖြစ်တယ် ဆိုတာထက်..သူ ပြောတာတွေ ကို နားထောင်တာပါ ။ အဲဒီမှာ မှ သူ ့ကို ကိုယ် ပို လေးစား မြတ်နိုးမိသွားတယ် .။ ဟုတ်တယ် ….သူဟာ…တကယ် ့အနုပညာသမားစစ်စစ် တစ်ယောက်ပါပဲ..။ သူ ကွယ်လွန် သွားတာဟာ…ဘာနဲ ့မှ မတူတဲ ့ဆုံးရှုံးမှု ပါ။ သူ ့လို အနုပညာရှင် မျိုး….
    စောစောစီးစီး ဆုံး ရှုံးသွားးတာဟာ…စာပေလောက အတွက်…. အလွန်ပဲ…. နှမြောစရာကောင်းလှပါတယ် ။
    ကိုယ် ချစ်တဲ ့ သူတွေ ထဲ မှာ တာရာမင်းဝေလည်းပါတယ် ။ကိုယ်….14 နှစ်သား ကတည်းက သူ ့စာအုပ်ကလေးတစ်အုပ်နဲ ့စ ရင်းနှီခဲ ့တာ…။ အဲဒီစာအုပ်ကလေးက အရှေ့မြို ့ရိုးမှ..မိုးရေစက်များ..တဲ ့။ အဲဒီစာအုပ်ကြောင့်ပဲ..ကိုယ် စာပေကို ချစ်မိသွားတာလေ။

  • windtalker

    August 6, 2011 at 10:16 pm

    ကျွန်တော့် အတွက်
    မော်ဒယ်စာပေ ကို ဆွဲဆောင်စေနိုင်ခဲ့သူဟာ
    တာရာမင်းဝေပါ
    အခုနောက်ပိုင်း ကြားရတဲ့ သတင်း ကတော့
    ခွေးသုံးကောင် စာပေ က တိုက်ပိုင် နဲ ့
    စာရေးဆရာမ မနော်မရ နဲ ့ငြိနေကြတယ် ဆိုပဲ
    တော်တော် စိတ်ပျက်မိပါတယ်

    • ကြောင်ကြီး

      August 8, 2011 at 9:50 am

      မနော်ဟရီက တာရာမင်းဝေ မိန်းမမိုလို့လား။ ဟုတ်တော့ ဘာဖြစ်လဲဗျာ.. တပင်လဲမူ တပင်ထူ အဲဒါဘာဆန်းလဲ..။

      • R Ga

        August 8, 2011 at 3:49 pm

        ဦးကြောင်ကြီး ကလည်း ကြောင်အချင်းချင်းကတော့ စည်းလုံးနေပါလား။ တစ်ပင်လဲ တစ်ပင်ထူ ဆိုရင် တော့မပြောပါဘူး။ အခုက ဆရာတာရာမင်းဝေ မသေခင်ထဲက ဖြစ်နေတာဆိုတော့ နည်းနည်း တော့ အမြင်ကတ်တာပေါ့ဗျာ။ နောက်ဆရာတာရာမင်းဝေ သေသွားရတာလည်း သူတို့ကြောင့် စိတ်ညစ်ညစ်နဲ့ အရက်တွေ ဖိသောက်နေတာလည်းပါတယ်ဗျ.။

  • စုံ စုံ

    August 8, 2011 at 4:10 pm

    ဆရာတာရာမင်းဝေရဲ့စာအုပ်တွေကိုတော်တော်သဘောကျတယ်
    တော်တော်များများလဲဖတ်ဖူးတယ်
    သူ့စာအုပ်တွေကိုဖတ်ရင်သူ့စာဖတ်စွမ်းအားကိုအကဲခတ်လို့ရတယ်
    တကယ်အရည်အချင်းရှိတဲ့သူတစ်ယောက်ပါ
    စောစောစီးစီးကွယ်လွန်သွားတာတော်တော်နှမြောမိတယ်

  • နွယ်ပင်

    August 8, 2011 at 4:10 pm

    နွယ်ပင် လုံးချင်းဝတ္တူစာအုပ် စဖတ်တာ ဆရာတာရာမင်းဝေရေးခဲ့တဲ့ စာအုပ်လေး တစ်အုပ်နဲပါ ။
    နောက်ပိုင်းလဲ ဆရာ့စာအုပ်တွေ အကုန်လုံးကို ဖတ်ရှူဖြစ်ခဲ့ပါတယ် ။
    ဆရာ ဆုံးပါးသွားတာ မြန်မာစာပေအတွက်တော့ နစ်နာမူတစ်ခုပါပဲ ….

  • Nan Shin

    August 28, 2011 at 2:49 am

    ဆရာဆုံးတဲ့နေ့ကတစ်ခါဝမ်းနည်းခဲ့တယ်။အခုတစ်ခါထက်ပြီး ဝမ်းနည်းမိပြန်ပြီ။

Leave a Reply