ရတနာမြေ ကိုသွားရအောင်…………………

မိုးကုတ်သွားမယ်ဆိုတဲ့ရက်မှာမ အမြဲပူတဲ့မန်းလေးက မိုးတွေရွာပြနေပါတယ်။
ဒါနဲ့ဘဲမိုးထဲလေထဲ ခရီးထွက်ခဲ့ရပါတယ်။
ဟောလမ်းရောက်တော့ မိုးတွေတိတ်လို့သာသာယာယာ။
ဒီတံတားလေးက တော့ နာမယ်ကျော်တံငါတံတား။
အရင်ကလမ်းဖြတ်သန်းခအရမ်းများတယ်လို့ နာမယ်ကျော်တာပါ။
အခုတော့ လွဲပြောင်းယူလိုက်လို့ ပုံမှန်ထိုက်သင့်တဲ့ဖြတ်ခဘဲပေးရတယ်လို့ကားဆရာတွေကပြောကြပါတယ်။
အရင်ကမိုးကုတ်မန်းလေးအသွားအပြန် ဖြတ်သန်းခဂိတ်ကြေး သောင်းဂဏန်းကနေခုထောင်ဂဏန်းဘဲကုန်တော့ ကားခလဲလျှော့ယူတယ်လို့ပြောပါတယ်။
ဒါကတော့လမ်းဘေးမှာအရိပ်ရသစ်ပင်စိုက်နေတဲ့လုပ်သားကြီးတွေပါ။
ဟိုးအဝေးမှာတော့ အဖြူရောင်စွက်နေတဲ့ စကျင်တောင်ကြီးကိုတွေ့ရမှာပါ။
အကြောင်းများမသိရင် နှင်းဖုံးနေတဲ့တောင်တွေလိုလိုပေါ့။
ဒါတော့ အစိမ်းထဲမှာအဝါနှောနေတဲ့လယ်ကွင်းလေး အဝေးကစကျင်တောင် လမ်းဘေးမှာတော့ တဲအိမ်လေးတစ်လုံး။
လမ်းမှာတွေ့ရတဲ့သစ်ပင်တွေနဲ့ အုပ်ဆိုင်းလို့စိမ်းမှောင်နေတဲ့တောင်တန်း။
သူ့ဘေးမှာတော့ နေချင်စဖွယ်တဲအိမ်လေးကလေးတွေရှိပါတယ်။
တဲအိမ်လေးတွေစုနေတဲ့ရွာကလေးကလဲသာသာယာယာ။
သွားနေတဲ့ကားပေါ်ကနေရိုက်ရတယ်ဆိုတော့ သိပ်တော့မပြတ်သားပါဘူး။

ဒီလမ်းလေးမှာရွာဆက်ကတော့မပြတ်ပါဘူး။
တဲအိ်မ်စုစုလေးတွေပေါ့။

ဒါလေးကတော့ တောင်ကျချောင်လေး။
သေးတယ်ဆိုပြီးတော့လျှော့မတွက်လိုက်ပါနဲ့။
သူတကယ်ရေဆင်းလာရင်ဘယ်ကားမှဖြတ်မရပါဘူးတဲ့။

လမ်းအနောက်ဘက်ဘေးက တနိုင်စိုက်ထားတဲ့စပါးခင်းလေးက စိမ်းမြယိမ်းကနေတာ မြင်ရတော့ ကြည်နူးစရာ၊
လမ်းအနောက်ဘက်ဘေးက တနိုင်စိုက်ထားတဲ့စပါးခင်းလေးက စိမ်းမြယိမ်းကနေတာ မြင်ရတော့ ကြည်နူးစရာ၊
ရေဝင်နေတဲ့လယ်ကွင်း၊အစာကောက်တဲ့ဗျိုင်း၊
ပြာလွင်သောကောင်းကင်မြင်ရတာ့ တကယ်လှပ။

ဒါကတော့ထမင်းစားနားတဲ့လက်ပန်လှ ကလှပသောတိမ်တို်က်နဲ့ကောင်းကင်။
တောင်တက်လမ်းအစ စိမ်းစိမ်းစိုစို
ဒီနေရာလေးရောက်တော့ လေကလဲအေးစိမ့်စိမ့်နဲ့တောရနံ့လေးမွှေးမြမြ။

ဒါကတော့ သစ်ထုတ်လုပ်ရေးစခန်းတစ်နေရာ
အဝေးကလှပတဲ့တောင်စဉ်တန်းတွေနဲ့စိမ်းလန်းတဲ့တောအုပ်။


မိုးကောင်းတော့စိမ်းစိုနေတဲ့သစ်ပင်တွေနဲ့ တောင်စဉ်တန်း တောင်ခိုးတွေတောင်ဝေနေပါတယ်။
ဒီနေရာလေးရောက်တော့ ကားစက်အေးအောင်ခဏအနားပေးတယ်
ရွှေညောင်ပင်တဲ့။
ကားပေါ်မှာကျနော်ခဏလေးအိပ်ပျော်သွားပါတယ်။
ကားဆရာကရောက်ပြီဆိုလို့ထကြည့်လိုက်တော့…………..
ဒါနဲ့ဘဲမိုးကုတ်မိုတယ်မှာတည်း။
ကိုယ်နေတဲ့အခန်းထဲရောက်လို့ ပြတင်းပေါက်လဲဖွင့်ကြည့်လိုက်ရော လှပတဲ့မြင်ကွင်းကိုမြင်ရတော့ ပင်ပန်းသမျှ လန်းသွားရပါတယ်၊
ခဏနေတော့ တိမ်တွေမိူင်းပြလု့ိ တောင်ခိုးဝေတဲ့ညနေခင်းလေးက လွမ်းစရာ။
ကဲမုးိကုတ်ဆိုတဲ့ရတနာမြေကိုတော့ရောက်ဘူးသွားပြီပေါ့နော်။

2 comments

  • pyinlepyaw

    August 6, 2011 at 11:37 pm

    ကျေးဇူးပါ
    မရောက်ဖူးတဲ့ မိုးကုတ် ရဲ့ ရှုခင်းလေးတွေ မြင်ခွင့်ရ လို့ပါ
    🙂 နက်ဖိုး ရအောင် ငွေရှာမည်
    ကိုပေါက်ကျောက်တူးသည် 🙂

Leave a Reply