ရိုးသားခြင်း၏ …အလွဲများ။။။

ရိုးသားခြင်း၏ …အလွဲများ။။။

မိတ်ဆွေ ဒီတစ်ခါလဲ မေးခွန်းလေးတစ်ခုနှစ်ခုလောက်မေးပါမယ့်
ရိုးသားခြင်းဟာကောင်းပါသလား..?
ဘဝတစ်လျှောက်လုံးတစ်သက်လုံး ရိုးသားစွာနေတာကောင်းပါသလား..?
“““( ရိုးသားမှုဂုဏ် စားမကုန်)”””
******************************************************
ရိုးသားခြင်းရှိသူအား  လူနှင့်လူပတ်ဝန်းကျင်တွင် လူတော်လူကောင်းအဖြစ်သတ်မှတ်နိုင်ပါသလား
ရိုးသားတိုင်း ထူချွန်ထက်မြက်သော လူသားတစ်ဦးအဖြစ်ရပ်တည်နိုင်ပါသလား
ရိုးသားမှုရှိသူသည် လူမှုရေး စီးပွားရေ ဘက်တွင် ထူးချွန်အောင်မြင်သောသူတစ်ယောက် ဖြစ်နိုင်ပါသလား
ရိုးသားတိုင်းအောင်မြင်တဲ့သူဖြစ်မဖြစ် ဆိုတာထက်
ကျွန်တော်သိတဲ့ အလွန်ရိုးသားသူတစ်ယောက်ရဲရိုးသားမှုကို သင်ခန်းစာယူနိုင်စေချင်ငှာ တင်ပြရေးသားအပ်ပါတယ်

အသက်က ၁၃ နှစ်သားအရွယ် ဧရာဝတီတိုင်း ရွှေလောင်းမြိုကလေးရဲ့ တဖက်ကမ်း ဘွတ်တန်း ဆိုတဲ့ ရွာကြီးကနေ
ရန်ကုန်ကို ဦးလေးတစ်ယောက်အားကိုးနဲ့ တက်လာခဲ့တဲ့ချာတိတ်ကလေး အတန်းစာမတတ် အသိပညာဗဟုသုတ က ဘာမှမရှိ
ရွားဘေးက ဧရာဝတီ မြစ်ကြီးထဲမှာနေ့စဉ် အစုန်အဆန်ခုတ်မောင်းနေတဲ့ နှစ်ထပ်သင်္ဘောကြီးတွေကိုတောင် မစီးဘူးပဲ
သေသွားတဲ့လူတွေ  ရွာတစ်ဖက်ကမ်းက ရွှေလောင်းမြို့ကလေးကိုတောင် မရောက်ဖူးဘူးဘဲ သေသွားတဲလူတွေရှိခဲ့ဘူးတဲ့
ရွာကလေးမှာ ကြီးပြင်းလာခဲ့ရသူသူအတွက်တော့ရန်ကုန်ဟာ အိမ်မက်တစ်ခုပါပဲ…….။။။။။။
ဒီအကြောင်းအရာဟာ လွန်ခဲ့တဲ့ အနှစ်၃ဝ ကျော်ကာလတစ်ခုကပါ….။။။
အမိအဘတွေကမရှိ ကျန်ခဲ့တဲ့ ညီမလေးနှစ်ယောက်ကို သူရင်းငှားလုပ် ငရုပ်စိုက် ပေါင်းခုတ် နွားကျောင်းအလုပ်တွေနဲ့
ခါးမလှပေမယ်ဝမ်းဝအောင်ရှာကြွေးနေသူ သူ့ရဲ့  အသက်နဲ့ဆို သူညီမလေးတွေဘယ်လောက်ငယ်ကြအုံးမယ်ဆိုတာ
မှန်းကြည့်လို့ရတယ်ပါတယ်..။။ ဒါပေမယ်သူ့မှာ ကျိုးစားချင်စိတ်ကလေးတော့ရှိတယ်လို့ပြောရမယ်ဗျ  သူညီမလေးတွေကို
ကောင်းကောင်းမွန်မွန် ချမ်းချမ်းသာသာထားချင်တယ် သူကိုယ်တိုင်လဲ စီပွားရေးကို ရန်ကုန်မှာအခြေပြုပြီးရှာဖွေမယ်ဆိုပြီ
သူ့ဦးလေး တစ်ယောက်ရဲ့ အကူအညီနဲ့ မျှော်လင့်ချက်ပေါင်းများစွာရင်မှာပိုက်ပြီး ရန်ကုန်ရွှေမြို့တော်ကြီးကို ခြေချခဲတာပါပဲ…
ကျေးလက်တောရွာမှာနေတဲ့သူတစ်ယောက်အနေနဲ့  စိတ်နေစိတ်ထားအနေနဲ့ကော နေရာဒေသအနေနဲ့ပါ
ရိုးသားမူအရင်းခံစိတ်ထားလေးရှိနေတာတော့သေချာလှပါတယ် ဒီလိုရိုးသားမှုအရင်းခံတဲ့စိတ်ကလေးကို
ပိုမို ပြီးကြီးထွား ရိုးသားနေတတ်အောင်ပုံစံချပေးလိုက်တဲ့အခါမှာတော့ ..သူရဲဘဝဟာ  …။။။။
““ပညာမတတ်ပဲ ကြီးပွားလိုစိတ်ပြင်းထန်စွာရှိတဲ့သူဟာ..လုပ်သမျှအမှားနဲရင်ဆိုင်ရတတ်ပါတယ်….။။
““ရိုးသားမှု့ အရင်းခံတဲ့ ကြီးပွားလိုစိတ်ပြင်းထန်စွာရှိတဲ့သူဟာလဲ ..အခြေမခိုင်ပဲကျဆုံးမှုကိုဖြစ်စေတတ်ပါတယ်….။။
***************************************************************************************
ဒီလိုနဲ့ ရန်ကုန်ရောက်လာခဲ့တဲ့သူ…
ဦးလေးလုပ်သူက သူအလုပ်နဲ့နီးစပ်ရာ လက်ဖက်ရည်ဆိုင်တစ်ခုမှာ စားပွဲထိုးအလုပ်လေး
သွင်းပေးရှာပါတယ် ဆိုင်မှာနေ ဆိုင်မှာအိပ် ဆိုင်မှာစားပေါ့ ..အလုပ်စတင်ဝင်ရောက်တဲ့နေက အလုပ်ပေးတဲ့လက်ဖက်ရည်ဆိုင်ကို
လိုက်အပို့ ဦးလေးလုပ်သူရဲ့ လမ်းမှာပြောတဲ့ဆုံးမစကားတွေက ..““တူလေး ဆိုင်မှာ ရိုးရိုးသားသားလုပ်နော်…ပြသနာတွေဘာတွေ
မဖြစ်စေနဲ့  ကြားလား””…။။သူလဲခေါင်းညိမ်ရှာခဲ့မှာပါ  ရန်ကုန်မြို့ကြီးမှာ ကြီးပွားရာကြီးပွားကြောင်း အလုပ်တွေအတွက် ရိုးသားမှုနဲ့
စတင်အရင်းခံ ရမယ်လို့ သူ့ရဲစိတ်မှာထင်သွားစေပါတယ်။။။။
သူ့ရဲ့ဦးလေးက ““ သူ့ကို ဘာလို့ ရိုးသားဖို့ ပြောရတာပါလဲ””…?။။
ဆိုင်ရှင်ဦးလေးကြီးဆီရောက်တဲ့အခါမှာတော့  ဆိုင်ရှင် ဦးလေးကြီးကလည်း
““တူလေးရိုးရိုးသားသား လုပ်နော် ရိုးသားမှုဂုဏ် စားမကုန်တဲ့ ကွ ငါ့ဆိုင်မှာနေပြီ အလုပ်လုပ်ရင်တော့ ရိုးသားမှရမယ်””
ဆိုင်ရှင်ကလည်း လက်ဖက်ရည်ဆိုင်စားပွဲထိုးအလုပ်လေးတစ်ခုအတွက် ဘာလို့ရိုးသားခိုင်းရပြန်တာပါလဲ
သူရဲဦးနှောက်ထဲမှာ တော့ ရိုးသားမှု ရှိမှ ရမယ်ဆိုတဲ့အတွေး   ကတော့ ရိုးရိုးသားသားနဲ့ကို စွဲထင်သွားစေပါတယ်
အမှန်တော့ ဦးလေးလုပ်သူကလဲ သူ့တူရဲ့တာဝန်ကိုမယူချင်လို့ အိပ်/စား နေလို့ရတဲ့ လက်ဖက်ရည်ဆိုင်စားပွဲထိုးလုပ်ခိုင်းတာပါ
ဆိုင်မှာမရိုးမသားလုပ်လို့ ပြသနာတက်ရင်သူဆီ ပြန်ရောက်လာမှာစိုးလို့ ရိုးရိုးသားသားလုပ်ဖို့ပြောတာဖြစ်နိုင်သလို
ဆိုင်ရှင်ကလည်း စာပွဲထိုးပိုက်ဆံခိုးမှာစိုးလို့ ရိုးသားခိုင်းရတယ်ဆိုတာ
(နောက်ပိုင်းမှ ကိုယ်ဘာသာတွေကြည့်ပြီးမှ ကျွန်တော်ဘာသာသိတာပါပ)ဲ
သူရဲ့ ပထမဦးဆုံးလက်ဦးဆရာဟာ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ပါပဲ  နေ့စဉ် သူထက် အရင်ရောက်နှင့်တဲ့ ရန်ကုန်သား
စားပွဲထိုးများက လက်ဖက်ရည်ဖိုးရှင်းငွေမျာကို မသိမသာ ခိုးကြလို့ ဆိုင်ရှင်ရဲ နေ့စဉ် ဩဝါဒ တစ်ခုလို ရိုးရိုးသားသား
လုပ်ကြဘို့ စားပွဲထိုးတွေကိုပြောဆိုခဲ့တဲ့စကားဟာ သူအတွက်တော့လိုက်နာရမယ် ဆုံးမဩဝါဒပါပဲ…။။
တစ်လမှာလစာ  ခုနှစ်ကျပ်သာ ရတဲ့ စားပွဲထိုးလုပ်ငန်းအတွက် သူဘဝင်ကျမယ်မထင်ပါဘူး
ဒါပေမယ့် အခုမှစရောက်တဲ့သူအတွက်ကတော့ ရန်ကုန်မြို့မှာ သင်ယူစရာ  လေ့လာစရာမြောက်များစွာအတွက်
ရွာက သူများခြေကျိုလက်ကြား မှာ ကျန်ခဲ့တဲ့ ညီမလေးနှစ်ယောက်အတွက် သူဆက်ကြိုးစားရအုံးမှာပါ
ဘယ်လိုကြိုးစားကြိုးစား  ရိုးသားမှုကိုတော့ သူလက်ကိုင်ထားသွားမှာပါပဲ..။။
ဆိုင်မှာလုပ်ရင်းတစ်လလောက်ကြာတော့ ဆိုင်ရှင်သားလေးရဲ ့ သူငယ်တန်းဖတ်စာအုပ်အဟောင်းလေးနဲ့
စာရေးတတ်ဖတ်တတ်တဲ့စားပွဲထိုးများဆီက  စာစသင်ပါတယ်  တစ်လနှစ်လအတွင်းသင်ချင်စိတ်တတ်ချင်စိတ်
ကြီးမားတာကြောင့် စာအတတ်မြန်ခဲ့ပါတယ်  မြန်မာစာကို အတော်အတန်ရေးတတ်ဖတ်တတ် လာတော့  အင်္ဂလိပ်စာဆက်လေ့လာ
ပါတယ် စပီကင် စာအုပ် တွေဝယ်ကျက်ပါတယ် ဒီလိုနဲ့ အင်္ဂလိပ် စာပါအတော်အတန်တီးခေါက်မိလာပါတယ်
ကျွန်တော်တောင် ရောက်ခါစ နှစ်လသုံးလအတွင်းမှာ အင်္ဂလိပ်လို မသိတာတွေလာလာမေးတဲ့သူ့ကို
တော်တော် အံ့ဩနေမိပါသေးတယ်““ငါအခုစာတွေစဖတ်နေပြီလို့လဲပြောပါတယ်””
ဘယ်လိုစာတွေဖတ်တာလဲဆိုတော့စာရေးဆရာ ပီမိုးနင်းရေးတဲ လူ့ဘဝ တက်ကျမ်းစာအုပ် နီနီလေးတွေ
တစ်ထပ်ကြီးထုတ်ပြရှာပါတယ်….။။။။။။။။။။
သူဘဝရဲ့တိုးတက်ရေးလမ်းကြောင်းကိုဖျက်ဆီးသူများထဲမှာ စာရေးဆရာပီမိုးနင်းလည်း ပါပါတယ်လို့ပြောချင်ပါတယ်
(ဆရာကြီးပီမိုးနင်အား စော်ကားလိုခြင်းမဟုတ်ပါ  သူ၏ရေးသားချက်မျာအား မှီကြမ်းပြု၍တိုးတက်လမ်းရှာနိုင်စေခြင်းငှာ
နည်းလမ်းများရေးသားထားမှုအပေါ်  ထိုသူ၏ ဗဟုသုတနည်းပါးမှုကြောင့် တိုက်ရိုက် ပုံတူကူးချ လုပ်ဆောင်ခြင်းကိုသာ
ဆိုလိုသည်ဖြစ်ပါကြောင်း)
သူဟာ စာစတတ်ပြီဆိုကတဲကပီမိုးနင်းရဲ့စာများကိုသာဖတ်လာတဲ့သူပါ …အဲဒီစာအုပ်တွေမှာရေးထားတဲ့အထဲက
မှတ်မိတဲ့အကြောင်းအရာလေးတစ်ခု ကိုပြန်ပြောပြချင်ပါတယ်
““ လူတစ်ယောက် ဟာ အရင်းအနှီး အဖြစ်  ငွေတစ်မတ်ရှိခဲ့မယ်ဆိုရင် အဲဒီ တစ်မတ်နဲ့
ပေါက်တူးတစ်လက်ကို တစ်ခြားသူဆီက ငှားရမ်းပြီး မြေကြီးပေါက်စားရင် မြေပေါက်ခ တစ်နေ့ ငါးမူး ရပါမယ်တဲ့
အဲဒီငါးမူးနဲ့ ပေါက်တူးတစ်လက် ဝယ်ယူပြီး နောက်တစ်နေ့ မြေပေါက်ရင် ငါးမူးထပ်ရမှာပါ အဲဒီရတဲ့ငါမူးနဲ ပေါက်တူးထပ်ဝယ်
သူများကို ငှာစား ထပ်ဝယ်ငှားစားနဲ့  အချိန်ကြာမြင့်လာရင် ထိုသူဟာပေါက်တူးပိုင်ရှင်သူဌေးကြီး အဖြစ်နဲ့
ကြွယ်ဝ ချမ်းသာလာနိုင်ပါတယ်တဲ့..”””။။။။။
သူဟာအဲဒီစာအုပ်တွေ ထဲအတိုင်း  အဲဒီစာအုပ်ထဲကလူတွေကို အားကျအတုယူ ခဲ့တဲ့သူပါ.. ကြီးပွားဖို့ အတွက်
ရိုးရိုးသားသားနဲ့ အောက်ခြေကစရမယ်လို့  စိတ်ထဲမှာအမြဲ စွဲထင်နေခဲ့တဲ့သူပါ ..
သူဟာလက်ဖက်ရည်ဆိုင်လုပ်ရင်းကနေ  ပလာတာ အီကြာကွေး လုပ်ပုံလုပ်နည်းကိုသင်ယူပါတယ်
ဂျုံ ထိုးပုံထိုးနည်း နှဲ ပုံနှဲနည်းတွေ  အတော်အတန်တတ်မြောက်လာတဲ့အခါမှာတော့  သူရဲ လစာဟာ အစိတ်ခန့် တိုးရခဲ့ပါတယ်
ပလာတာ အီကြာကွေး နံပြား  စမူဆာ  စတဲ့ လက်ဖက်ရည်ဆိုင် အစားအသောက်တွေအတွက်
သူ့ဆိုင်မှာ သူဟာမရှိမဖြစ် အရေးပါတဲသူတစ်ယောက်ဖြစ်လာပါတယ်…
ဒါပေမယ် အဲဒီအချိန်မှာသူဟာ (ရ )နှစ်တာကာလကိုဖြတ်ကျော်ပြီးနေပါပြီ  ဒီချိန်ထိ ကြီးပွားရေးလမ်းကြောင်းပေါ်ကို
မလျှောက်နိုင်ခဲ့သေးပါဘူး သူနဲ့ကျွန်တော်ဟာ အသက် ၂ နှစ်ခန်သာကွာတာပါ  သူအဲဒီလို လစာအစိတ်ရတဲ့အချိန်မှာ
ကျွန်တော်ဟာ  (၉)တန်းကျောင်းသားဘဝနဲ့  ကျောင်းပိတ်ရက်များမှာ ယခုသိမ်ကြီးဈေး ဒီရုံအောက်မှာပေါ့
ဒူးယားရမယ်/ခပေါင်း ရမယ်ဆိုပြီး ကျောင်းပိတ်ရက်တိုင်း သွားသွားရောင်းခဲ့တာပါ
ဈေးရုံထဲက ဆိုင်မှာ မှိုတက် စီးကရက်ဘူးများကို  သက်သက်သာသာ ဈေးနဲ့ ဝယ်ပြီး
ဒီရုံအောက်မှာဘဲ  တစ်လိပ်ကို (၁၅)ပြား နှစ်လိပ်  တစ်မတ် နဲ့ရောင်းချတာဟာဆိုရင်မနက်စာ ထမင်းဆိုင်ထမင်းဘိုး စရိတ်
ငါးမတ် မပါ (၇)ကျပ်ခန့် မြတ်ပါတယ်  တစ်ပါတ်ကို ကျွန်တော့်အမေကို (၁၄)ကျပ် ပြန်ပေးနိုင်ပါတယ်…။။
ကျွန်တော်က ဒီလုပ်ငန်းလေးအကြောင်းပြောပြပါတယ်  နောက်ပြီး စီရုံအောက်မှာပဲ ဗန်းလေးတွေနဲ့ ပရုတ်ဆီတေဇောဗန်း
သင်းပေါင်ဒါ စနှိုး ပန်ဆိုဒင့်သွားတိုက်ဆေး စသည်များ ရောင်းချနေတဲ့သူများဟာ ဝင်ငွေပိုကောင်းကြောင်း ပြောပြခဲ့ပါတယ်..။။။
တစ်ခုပဲပြောစရာရှိပါတယ် အဲဒီပစ္စည်းအကုန်လုံးဟာ အတုတွေချည်ပါပဲ အဲဒီအချိန်က အတုလုပ်တဲ့ ကုလားလူမျိုးတစ်ယောက်သူဌေးပါပဲ
သူက ပစ္စည်းအားလုံး အတုလုပ်ပြီး လက်လီရောင်းတဲ့ စီရုံ အောက်က လူတွေဆီကိုခေါက်ပြန်ကြေးနဲ့ လိုသလောက်ချပေး
နေတာပါ နာမည်က  ““လှမြင့်””လိုထင်ပါတယ် သိပ်မမှတ်မိတော့ပါ…အင်းတစ်ခါတစ်ရံ ဂဋုန် လိုက်ရင်လည်းပြေးရတတ်ပါတယ်
ဂဋုန် ဆိုတာ အဲဒီခေတ်ကခေါ်တာပါ အခုတော့  စည်ပင်သာယာဝန်ထမ်းပေါ့ ဒါပေမယ့် ဂဋုန်ကတော့ ဝါးဆစ်ပိတ် နံပါတ်တုတ်တွေ
ကိုင်းထားကြပါတယ် လိုက်လို့မမိရင် တုတ်နဲရိုက်တတ်ပါတယ်…။။။
ကျွန်တော်လည်း ကိုယ်လက်လှမ်းမှီရာ  စီးပွားရေးအကြောင်းလေးပြောမိ အကြံဉာဏ်ပေးမိတော့
““ဟေ့ကောင်ရေ မင်းတို့လိုတော့ မှိုတက်နဲ့ အတုရောင်းပြီးစီးပွားမရှာခြင်ပါဘူး
ရိုးရိုးသားသားပဲလုပ်စားတာကောင်းတယ်ကွ  ..ငါကတော့ တစ်သက်လုံးရိုးသားသွားမယ်ကောင်ရေ””တဲ့ဗျာ..၊။
နောက်ပိုင်းကျောင်းပိတ်ရက် မှာ တရုတ်ကလာတဲ စွပ်ကျယ် ပုံစံမျိုးစုံဆေးရိုက်ထားတာတွေ တစ်ရာဘိုးသုံးထည်နဲ့
ကျွန်တော်ရောင်းနေချိန်အထိ သူဒီလုပ်ငန်းက သူထက်ဝင်ငွေပိုရတယ်ဆိုတာတောင် မလုပ်တဲ့သူပါပဲ..။။။။

***************
ဒီလိုနဲ့ သူနဲကျွန်တော် တစ်နှစ်ကျော်ခန့် ကွဲကွာသွားပြီး သူလည်းသူအောင်မြင်ရာ အောင်မြင်ကြောင်းကြီးပွားတိုးတက်ရေး
အတွက် ကြိုးစားခဲ့ဟန်တူပါတယ် ဘာမှသာမဟုတ်တာကျွန်တော်တောင် အစိုးရဝန်ထမ်းဖြစ်နေပါပြီ တစ်ရက် လမ်းမှာဆုံကြတော့
ခေါင်းပေါ်မှာ စစ်ဦးထုတ် အနားပျော့အဝိုင်းကြီးဆောင်းပြီး ဝတ်ထားတဲ့ စစ်အင်္ကျီကလည်းချွေးတွေစားလို့ ပြဲတဲ့ နေရာတွေပြဲ
လွယ်အိတ်ခပ်စုတ်စုတ်တစ်လုံးလဲ လွယ်ထားပါတယ် တွန်းလာတာက ယိုင်နဲ့နဲ့ လှည်းလေးပေါ်မှာဆားတွေ အော်သူဆားလှည်း
တွန်းပြီးလိုက်ရောင်းနေတာပါလားပေါ့  ….။၊
““ အကို ဆင်ပြေလား”” မေးတော့
““ပီမိုးနင် လမ်းစဉ်အတိုင်းပဲကောင်ရေ ..ငါအခု ဆားလှည်းတွန်းရောင်းရင်းနဲ့ အရင်စုထားတဲ့ပိုက်ဆံတွေ ပါပေါင်းပြီး
အိမ်လေးတစ်လုံး ဝယ်ထားတယ် ပြီးတော့ ဆားလှည်း တစ်စီးထပ်ဝယ်ပြီးသူများကိုငှားစားနေတယ်လေ ငါလည်းရောင်းပေါ့
အဆင်ပြေတယ်လဲမဟုတ်သေးပါဘူးကွာ”””
““သေလိုက်ပါတော့ အကိုရာ လာလက်ဖက်ရည်သောက်ရအောင်””ခေါ်တော့ သူလွယ်အိတ်ထဲကပိုက်ဆံအနွမ်းလေးတွေ
ထုတ်ရေကြည့်ပြီးမှ  အေးလိုက်မယ်ဆိုပြီးနီးစပ်ရာလက်ဖက်ရည်ဆိုင်ကို လှည်းကြီးတွန်းပြီးလိုက်လာ ရှာပါတယ်…။
ဆိုင်ရောက်မှ ကျွန်တော်က ““အကိုရယ် ဒီဆားလှည်းတွေနှစ်စီးလုံးရောင်းပြီး ဆိုက်ကားဝယ် နင်းပါလားဗျာ..ဒီလောက်တောင်
ညံ ရလားဗျ .ဆိုက်ကားက ဈေးလည်သိပ်ရှိတာမဟုတ်ဘူးလေ .အခုတော့ တစ်နေကုန် လှည်းကြီးတွန်းပြီး ရတော့ ဒီလောက်ပဲ
မိုးရွာတဲ့နေ့ မိုးတွင်းဆိုအကိုဘယ်လိုလုပ်မလဲဗျ””
““ဆိုက်ကားတော့မလုပ်ပါနဲ့ကွာ လူစုံတယ်ကွ မကောင်းတာရောကောင်းတာရောအကုန်လုပ်နေကြတာ  ပြီးတော့ ညဆို သူတို့က
ဟိုမကောင်းတဲ့မိန်းမတွေခေါ်ပေးရတာမျိုးတွေရှိတယ်လေ  တော်ပါကောင်ရာ ငါဘာသာရိုးရိုးသားသားပဲလုပ်စားပါ့မယ်ကွာ””
တဲ့ခင်ဗျား…၊။။။။
““မင်းရောအဆင်ပြေလားဆိုပြီး ရိုးရိုးသားသားလုပ်ဘို့ ကျွန်တော့်ကိုနားချသွားသေးတယ်လေ””။။
နောက်ပိုင်းခဏခဏ တွေဖြစ်ကြတယ် တစ်ခါတရံသူအိမ်ကိုသွာလည်တဲ့အခါလည်တယ် သူညီမလေးတွေတောင်ရန်ကုန်ကို
ခေါ်ထားပြီးပါပကောလား…ဒီလိုနဲမိုးတွင်းရောက်တော့ သူဆားလှည်းလုပ်ငန်းက နားသွားရပြီလေ  သူငှားထားတဲ့လူကလဲ
လှည်းကို လာပြန်အပ်သွားပြီ  သူမှာဝင်ငွေ မရှိတော့ဘူးပေါ့  ..။။။ဒါနဲ့ကျွန်တော်လည်း သူလုပ်ငန်းလေးအဆင်ပြေအောင်
အကိုပွဲစားလုပ်ပါ့လားလို့ စည်းရုံးကြည့်တယ် ဒီလုပ်ငန်းက လည်လည်ပတ်ပတ်လုပ်တတ်ရင် စီပွားရေးအဆင်ပြေလာနိုင်တယ်လေ
တစ်ခါပြောမရ နှစ်ခါပြောမရနဲ့  နောက်ဆုံးဝင်ငွေလုံးဝပြတ်တော့မှ လုပ်မယ်ကွာလို့ အဖြေရတော့တယ်..။။။
ကျွန်တော်လည်းအသိ သူငယ်ချင်း ပွဲစားလုပ်နေတဲသူဆီ  သေသေချာချာအပ်ပေး ဘို့ သူငယ်ချင်းအိမ်ကို တစ်ကူးတက
ခေါ်သွားရတယ်လေ သူငယ်ချင်းကလဲ လိုလိုလားလား ပညာကုန်သင်ပေးမယ်ဆိုတဲ့အကြောင်း ပြောရှာပါတယ် ပွဲစားသူငယ်ချင်းက
ကားရောအိမ်ခြံမြေတွေပါ ပွဲစားလုပ်တာပါ  အဲဒီခေတ်အချိန်က ပွဲစားလောကက ဒီလောက်မကျယ်ပြန်သေးပါဘူး…။။
မနက်သန့်သန့် ပြန့်ပြန့် ဝတ်စားပြီးအိမ်ကိုလာခဲဘို့နဲ့  တစ်ခါတည်း ပွဲစားတွေစုံတဲ့နေရာတွေ ခေါ်သွားမယ်ဆိုတဲ့အကြောင်း
ကျွန်တော့်ကို အာမခံရှာပါတယ်…။။
ဒီလိုနဲ့နောက်တစ်ရက် သူ့အိမ်ရှေ့က ဖြတ်သွားတော့ သူ့ကိုအိမ်ပေါ်မှာတွေ့တာနဲ့ အကို အလုပ်မသွားဘူးလားဆိုတော့…..
““တော်ပါကောင်ရာ မင်ပွဲစားကမဟန်ပါဘူး လူနေတော့သာ အိမ်က သေးသေးလေးနဲ့ သိန်းထောင့်ငါးရာတန်အိမ်ကို သူယူမယ်လို့ပြော
နေတာနဲ့ နောက်နေ့မသွားပဲ နေလိုက်တာ””  ပါတဲ့
““အင်းလေ..အဲဒါဘာဖြစ်လဲဗျ””
““ဟကောင်ရ သူတောင်ဆေးပေါ့လိပ်သောက်နေတဲ့ ကောင်က သိန်းထောင့်ငါးရာတန် အိမ်ကိုယူမယ်ဆိုတာဖြစ်နိုင်ပမလား
မနက်သွားတာတောင် ဘတ်စ် ကားပဲစီးတဲ့လူက ဝယ်မယ်ဆိုတာလိမ်ပြောနေတာပဲကွ  ရိုးရိုးသားသား လုပ်စားတာပဲကောင်းပါတယ်
ကောင်ရာ  မလုပ်ချင်တော့ပါဘူး ဒီအလုပ်ကြီး””
ကျွန်တော်ပြန်ပြောနိုင်တာဆိုလို့ ““ အကို ရိုးရိုးသားသားလုပ်စားလာတာဘယ်လောက်ကြာပြီလဲ ..ကြီးပွားချင်လိုက်တာကလွန်ရော
ဒီပုံနဲကြီးပွားပါလိမ်မယ်””
သူမာနကိုထိသွားတယ်ထင်ပါတယ်။။။။
““ဟေ့ကောင်ရ မင်းကြည့်နေ ငါလုပ်ပြမယ် အခု စာလေးခွေ ကြော်ပြီး မြို့ပါတ်ရထားတွေမှာလိုက်ရောင်းဘို့လုပ်နေတာကွ””
“““ မင်းတို့လိုတော့ မရိုးမသားနဲ့ အလုပ်မလုပ်ချင်ပါဘူး..မင်းစားသောက်နေတာတွေကရိုးသားလို့ရတဲ့ပိုက်ဆံလားကွ””
““မဟုတ်သေးဘာဘူးဗျာ လောကမှာမကြီးပွားမချမ်းသာတောင် လူတန်းစေ့နေနိုင်ဘို့က ဉာဏ်ရယ် ဝိရိယ ရယ် လိုတာ မှတ်လား
အဲလိုအောက်ခြေကြီးကစစပြီးလုပ်နေတာကိုသဘောမကျတာ သူများကိုလိမ်ဘို့ပြောတာမဟုတ်ဘူး တိုးတက်ချင်ရင် တိုးတက်မယ့်
လမ်းကြောင်းကိုလိုက်မှရမယ် နေရာတစ်ကာရိုးသားနေလို့မရဘူးဗျ””
“““မင်းတော်တော့””တဲ့ ငါဟာငါ ရိုးရိုးသားသားရှာပြမယ်ကြည့်နေ…လို့ဆိုပါတယ်။။။။
အဲဒီနောက်သူနဲ့ကျွန်တော်သိပ်မတွေဖြစ်ကြတော့ဘူးလေ..ကျွန်တော်ရုံးကိစ္စနဲနယ်ပြောင်းသွားတာလဲပါတာပေါ့..
ကျွန်တော့ညီကတော့ သူနဲအမြဲအဆက်အသွယ်ရှိသလို ကျွန်တော့ဆီကိုလည်းဖုန်းဆက်လေတိုင်း…သူဘယ်လောက်ရိုးသားစွာ
ကြိုးစားလုပ်ကိုင်နေကြောင်း ဟာသနှောကာပြောတတ်ပါတယ်…….
*******************************************************************************************
ကျွန်တော်အစိုးရအလုပ်က အပြီးတိုင်ထွက်လိုက်ပြီးနောက်ပိုင်းရန်ကုန်ကိုပြန်လာခဲ့တယ်…
သူအိမ်လေးနဲ့ သူနေရာမှာတော့ ဒီတိုင်းပါပဲ သိပ်လည်းမတွေဖြစ်ကြဘူးလေ ကျွန်တော်လည်း အလုပ်တစ်ခုအမြန်ရဘို့
ကျိုးစားနေရတာနဲ့ အင်တာဗျူးတွေဝင် လိုအပ်တဲ့စာရွက်စာတမ်းတွေစု သင်တန်းတက်သင့်တာတက် (၆)လလောက်အတွင်း
အကုန်နားလည်အောင်လုပ်  ကိုယ်လိုချင်တဲ့ ရာထူးနေရာရအောင် ကုမ္ပဏီပေါင်းစုံ အင်တာဗျူး ဝင်ခဲ့ရတာပဲ
အဲဒီလတွေကဆို နေ့စဉ် ညနေစာထမင်းတနပ်ပဲစားပြီး ပညာတွေ သင်ခဲ့ရတယ် ဒီလိုကုမ္ပဏီ အလုပ်က ကျွန်တော်အနေနဲ့
အကျွမ်းတဝင်မရှိလှပေမယ့် ကျွန်တော်မှန်ကန်တဲ့လမ်းကြောင်းတစ်ခုကိုလျှောက်နိုင်ခဲ့တယ်…။။။။
တစ်နေ့ …..
ရုံးကစောစောပြန်လာတဲ အခါ သူဟာ ထမ်းပိုတစ်ခုမှာရှေနောက်တောင်းကြီး နှစ်လုံးထမ်းပြီးပြန်လာတာတွေ့လို့
နှုတ်ဆက်လိုက်တော့…အရင်လိုအဆင်ပြေလားပဲပေါ့ဗျာ…““အဆင်ပြေတယ်ကောင်ရေ မနက်ဆို အရင်ငါလုပ်ခဲ့တဲ့
လက်ဖက်ရည်ဆိုင်ကိုလေးနာရီလောက်ထသွားပြီး နံပြား အီကြာကွေး ဆမူဆာကြော်တာက တစ်လ နှစ်သောင်းလောက်ရတယ်
မနက်ခင်းပိုင်းတင်ပဲကွ နေ့လည်လောက် ကျောင်းလွတ်ချိန်ဆိုကိုယ်ဘာသာ စာလေးခွေကြော်ပြီ ဒီတောင်းတွေထဲထည့်
ကျောင်းတွေမှာလိုက်ရောင်းတယ်လေ ”” အဆင်ပြေတယ်ဆိုရင်ပြီးတာပါပဲ..
ပိုက်ဆံလဲအရင်ကထက် ပိုစုမိပါတယ်တဲ့  ……….ဒါပေမယ့်  ကျွန်တော်ပေးချင်တဲ့အကြံလေးတစ်ခုကိုတော့ ရင်ထဲမှာပဲ
မျိုသိပ်ထားလိုက်တယ် အဲဒါက တော့ …အဆင်ပြေရင် ဒီလို ပင်ပန်းတဲ့ အလုပ်တွေအစား ဆိုင်လေးတစ်ခုပဲဖြစ်ဖြစ်
ညနေပိုင်းထွက်တဲ့ ပလာတာဆိုင်လေးပဲဖြစ်ဖြစ် လှည်းလေးနဲ့ အိန္ဒြေရမဲ့  စိပွားရေး အလုပ်တစ်ခုပြောင်းလုပ်ကြည့်ဘို့ပါပဲ
နောက်ပိုင်း ကျွန်တော်လည်းအလုပ်နဲနီးရာမှာအိမ်ဝယ်ပြီးပြောင်းနေလိုက်တဲ့ အခါမှာတော့ အဆက်သွယ်ပြတ်သွားခဲ့ပါတယ်
အခုနောက်ပိုင်းသိရသမျှတော့…….
အရင်က အရက်မပြောနဲ့ဆေးလိပ်တောင်မသောက်ခဲ့တဲ့သူက နေ့မလင်းညမလင်း သောက်တတ်
နေပါပြီတဲ ယခင်ရိုးသားခဲတဲ့ အတွက် ယခုချိန်ထိ ဒုက္ခတွေ နဲ့ နပန်းလုံးနေရတဲ့ သူ့ဘဝကို ရေစုံမျှောနေလိုက်ပါတော့တယ်
။။။။။သူဟာလဲလူသားတစ်ဦးပဲမို့ ကံတရားက မျက်နှာသာပေးတဲ့ အချိန်တွေ ရှိခဲဘူးမှာပါ…အဲဒီအချိန်တွေကို
ကံ/ဉာဏ် /ဝိရိယ ပေါင်းစပ်ပြီးအရမယူတတ်ခဲ့လိုသာ ရန်ကုန်မြို့မှာဒီချိန်ထိ ဒီလိုဘဝနဲ့နေခဲ့ရတယ်လို့သာ
ပြောလိုက်ချင်ပါတော့တယ်…။။။။။။။။။။။။။။။။။။။။။။။။။။။။

ကာလ/ဒေသ အလိုက် ရိုးသားမှုအားအချက်ပိုင်ပိုင်အသုံးချနိုင်ကြပါစေ(ရိုးသားမှုဂုဏ် စားမကုန်)

သူဟာထာဝစဉ်ရိုးသားခဲ့သူပါ
သူဟာ မိဘရဲ အဆုံးအမကို မခံခဲရရှာပါ
အတတ်ပညာသင်ပေးခဲ့ သူမရှိပါ
အသက်ရွယ်ကြီးရင့်တဲ့ သူများရဲ့အဆုံးအမကိုမခံခဲရရှာပါ
ဗဟုသုတရှိသူများရဲ့ အဆုံး အမကိုမခံခဲ့ရရှာပါ
အတန်းကျောင်းက ဆရာတွေရဲ့ သွန်သင်မှုမခံခဲ့ရရှာပါ
မှန်ကန်တဲ စာပေတွေရဲ့ အဆုံးမကိုမခံခဲ့ရရှာပါ
စည်းပွားရေးအတွက် လမ်းညွန်ပြပေးမယ့်သူမရှိခဲ့ပါဘူး
ဘယ်ဟာက best way ဘယ်ဟာက wrong way လမ်းကြောင်းပေးမယ်သူမရှိပါဘူး
သူစတင်ကြုံတွေ့ခဲ့ရတဲ့ ပါတ်ဝန်းကျင်က လူတွေပြသတဲ့ အကောင်းဆုံးဆိုတဲ့ အဆုံအမတရားတွေနဲ့
အကောင်ဆုံးလမ်းတွေကိုသာ အမြင်ကျဉ်းမြောင်းစွာတွေ့ထိ သိရှိမှုကို အမှန်တရားလိုခံယူရင်းနဲ့
““အင်းလျှောက်ပေးအုံးတော့  ..ဘဝလမ်းတွေကို””     လို့သာပြောလိုက်ချင်ပါတော့တယ်ခင်ဗျား…။။။။

အခုချိန်ထိတောင်းကြီးတစ်လုံးနဲ့ ဈေးရောင်းနေတဲ့ သုံးဝမ်းကွဲအကိုကြီး အတွက် ရေးသားပါတယ်….

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

13 comments

  • MaMa

    August 6, 2011 at 7:21 pm

    ကြီးပွားဖို့ဆိုရင် ရိုးသားမှုဟာ မဖြစ်မနေ လိုအပ်ပေမယ့် အဲဒီတစ်ခုထဲနဲ့လည်း မပြည့်စုံနိုင်ပါဘူး။
    ကြီးပွားတဲ့လူတိုင်း မရိုးသားကြသလို၊ ရိုးသားတဲ့လူတိုင်းလည်း ကြီးပွားချင်မှ ကြီးပွားမှာပါ။
    ရိုးရိုးသားသားနဲ့ ကြီးပွားရင်တော့ အကောင်းဆုံးပေ့ါ။

  • KoNyeinChan

    August 6, 2011 at 7:36 pm

    ရိုးလွန်းတော့ အ
    ထုံလွန်းတော့ နုံ
    တဲ့

  • hmee

    August 6, 2011 at 8:26 pm

    ရိုးလွန်းတော့လည်း အသလို ဖြစ်သွားတာပါ။ ကိုယ်ပိုင် လက်မှုအတတ် တတ်တာကို အသုံးမချတတ်တော့ ဒုံရင်း ဒုံရင်းပေါ့။

  • PaukPhaw

    August 6, 2011 at 8:45 pm

    ဖတ်ရတာ စိတ်မကောင်းလှပါဘူး..
    နုံလွန်းလို ့ ထင်သလောက်မကြီးပွားလာပေမဲ့..အလည်လွန်ပြီး..ဒုက္ခမရောက်ခဲ့တာပဲ အမြတ်လို ့ဆိုရမှာပေါ့နော်
    Fighting!..fighting!…

  • naywoonni

    August 6, 2011 at 9:14 pm

    စာတွေ့နဲ့ လက်တွေ့ ကွာခြားမှုပါပဲ…။ တက်ကျမ်းဆိုလို့ သူဟာ ပီမိုးနှင်း ကိုပဲ သိတာမဟုတ်လား..။ လောကမှာ အတော်များများဟာ စာတစ်အုပ် ဖတ်ယုံလောက်နဲ့ မလုံလောက်ဘူးဆိုတာ ပြလိုက်တာပါပဲ..။ ဒါကြောင့် စာစုံအောင်ဖတ်ဖို့ လိုအပ်တာပေါ့ နော့

  • nature

    August 6, 2011 at 9:23 pm

    ရိုးရိုးသားသားလုပ်ချင်တဲ့ သူစိတ်ကလေးကို သဘောကျပါတယ်။ သူ့ရဲ့ အလုပ်က သမ္မာအာဇီဝ ဖြစ်လို့ ကုသိုလ်လဲရ ဝမ်းလဲဝလို့ဆိုရပါမယ်။ ကျနော်တွေ့ဘူးသလောက်တော့ ရိုးသားပြီး စိတ်ကောင်းစေတနာ ရှိ ပြီး အလုပ်တခုတည်းကို စွဲစွဲမြမြဲလုပ်ရင် အလုပ်ရှင်အများစုက သဘောကျလို့ လူယုံခန့်ပြီး ကြီးပွားသွားတတ်ပါတယ်။ ရိုးရိုးသားသားလုပ်ပြီး မချမ်းသာရကောင်းလားလို့တော့ အပြစ်မတင်သင့်ပါဘူး။

  • Foreign Resident

    August 7, 2011 at 8:40 am

    As for me,
    “Honesty is the best policy”
    The truth, the whole truth and nothing but the truth.

    “ဘုရားအလောင်းတော်သည် ပါရမီမရင့်သေးမီက ပါဏာတိပါတ – စသော ပြစ်မှုမျိုးကို ပြုတန်သလောက်ပြု မည်ဖြစ်သော်လည်း မုသားကိုကား သူတပါးအကျိုးပျက်အောင် သစ္စာဖျက်၍ မည်သည့်အခါမျှ မဆိုခဲ့ပေ ”
    ( ဗုဒ္ဓဝင်အမေးအဖြေ )

    “သီလစောင့်တယ်ဆိုတာ
    သတ်စရာမရှိလို့ မသတ်တာ မြဲတာမဟုတ်ဘူး၊
    ခိုးစရာမရှိလို့ မခိုးတာ မြဲတာမဟုတ်ဘူး၊
    မဟုတ်တာကို လုပ်ခွင့်ကြုံလည်း မလုပ်မှမြဲတယ်လို့ ခေါ်တယ်”
    ( မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး )

  • siamonone

    August 7, 2011 at 6:29 pm

    စာရေးသူရေးတဲ့ သူဟာ ရိုးသားမှု ဆိုတဲ့ စကားလုံး ကို အလွဲသုံးစားလုပ်ပြီး မလုပ်ရဲတဲ့အလုပ်တွေကို ရှောင် နေတယ်လို့ …

  • pan pan

    August 8, 2011 at 11:09 am

    ပီမိုးနင်းက ပေါက်တူးဥပမာပေးတာက အဲဒီအတိုင်း လိုက်လုပ်ဖို့ပြောတာမဟုတ်ဘူး
    အမြဲရှေ့ကိုတွေးပြီး ကြိုးစားနေဖို့ပြောတာနေမှာ
    ကိုယ်တိုင်ပေါက်တူးတလက်ပိုင်အောင်လုပ်၊ နောက်တော့အများကြီးပိုင်တော့ ငှားစား
    အဲဒါက စီးပွားရေးအမြင်ရအောင် လုပ်အားချည်းမစိုက်ဘဲ ငွေကိုငွေနဲ့ပြန်ခိုင်းတတ်အောင် ဥပမာပေးတယ်ထင်ပါတယ်
    ကျွန်မအထင်ပြောတာပါ
    လွဲသွားရင်တော့ ဝန္ဒာမိ

    • ogre

      August 8, 2011 at 11:56 am

      မှန်လိုက်တာ ..
      အခုတော့ သူက ..ဒဲ့ကြီး ပဲ လုပ်ချလိုက်တော့

  • pay sote sote

    August 8, 2011 at 12:26 pm

    ဟုတ်ပါ့ဗျာ ဘေဘီလုံ လိုစာအုပ်ကလဲ အဲဒိခောတ်က ခောတ်မစားသေးဘူးလားမသိဘူး…

  • susunosuki

    August 8, 2011 at 12:43 pm

    ရိုးသားခြင်းနှင့် အသိပညာနည်းခြင်း မကွဲပြား။ ကြောက်တတ်ခြင်းနှင့် သည်းခံခြင်းမကွဲပြား။ လူရည်လည်ခြင်းနှင့် လူလည်ကျခြင်းမကွဲပြား။

    စာဖတ်ပြီးလွဲတဲ့အထဲမှာ ကျွန်တော်လည်း ကာလအတော်ကြာအောင်ပါဖူးပါတယ်။ အတော်ကိုခံရပါတယ်။ ကျွန်တော်တစ်ခုကံကောင်းတာက ခေတ်ပညာသင်ဖူးတာရယ်၊ ယောကျင်္ားတစ်ယောက်ဖြစ်တဲ့အားလျော်စွာ ရွေးချယ်ခွင့်များတာရယ်၊ မှားတဲ့ အမှားတော်တော်များများက ပြင်လို့ရတာတွေနဲ့ကြုံလိုက်တာပါပဲ။ မြို့ကြီးမှာ လူဖြစ်ရတာလည်း ပါတာပေါ့နော……..။

  • susunosuki

    August 8, 2011 at 1:00 pm

    ရိုးသားခြင်းနှင့် အသိပညာနည်းခြင်း မကွဲပြား။ ကြောက်တတ်ခြင်းနှင့် သည်းခံခြင်းမကွဲပြား။ လူရည်လည်ခြင်းနှင့် လူလည်ကျခြင်းမကွဲပြား။

    စာဖတ်ပြီးလွဲတဲ့အထဲမှာ ကျွန်တော်လည်း အချိန်အတော်ကြာအောင်ပါဖူးပါတယ်။ အတော်ကိုခံရပါတယ်။ ကျွန်တော်တစ်ခုကံကောင်းတာက ခေတ်ပညာသင်ဖူးတာရယ်၊ ယောကျင်္ားတစ်ယောက်ဖြစ်တဲ့အားလျော်စွာ ရွေးချယ်ခွင့်များတာရယ်၊ မှားတဲ့ အမှားတော်တော်များများက ပြင်လို့ရတာတွေနဲ့ကြုံလိုက်တာပါပဲ။ မြို့ကြီးမှာ လူဖြစ်ရတာလည်း ပါတာပေါ့နော……..။

Leave a Reply