ကမ္ဘာကြီးပူနွေး လာတာနဲ့ ပတ်သက်ပြီးတော့ ငလျှင်တွေ မုန်တိုင်းတွေ စတဲ့ သဘာဝဘေးအန္တရယ်တွေ ပိုမိုဖြစ်လာတယ် ဆိုတာကို အမေရိကန်နိုင်ငံရဲ့ စစ်တမ်းအရ ၇၅% သောလူတွေဟာယုံကြည်ကြပါသတဲ့… ကျွန်တော်တို့ နိုင်ငံမှာလည်း စစ်တမ်းသာ မရှိကောင်းမရှိမှာပါ အများစုကတော့ အဲဒီလိုပဲ ယုံကြည်ကြသလိုထင်ရပါတယ်… ကျွန်တော်လဲ ဟုတ်သလိုလိုနဲ့  ယုံရကောင်းနိုးနိုးပါပဲ…

အဲဒါနဲ့ ပဲလျှောက်စဉ်းစားကြည့်ပါတယ်… တကယ်လို့ များပေါ့ လူအများစုထင်ကြသလိုပဲ သဘာဝဘေး အန္တရယ်တွေ ပိုမိုသာဖြစ်လာနေတယ်ဆိုရင် သဘာဝတရာကြီး တစ်ခုခုကိုများ ကြံစည်နေရော့သလား…

ကမ္ဘာ့လူဦးရေက မကြာတော့တဲ့နှစ်များအတွင်း သန်းခုနှစ်ထောင် ပြည့်တော့မယ်ဆိုပဲ…နှစ်ထောင်ပြည့်နှစ်တုန်းက သန်းခြောက်ထောင်ကျော်ရုံမျှ 6.06 billion သာရှိခဲ့ပေမဲ့ ဆယ်စုနှစ်တစ်ခုကျော်အတွင်းမှာ သန်းတစ်ထောင်နီးပါးပွားများလာတဲ့ သဘောပါပဲ…နောက်ရာစုနှစ်တွေမှာဆိုရင် သန်းပေါင်း တစ်သောင်း နှစ်သောင်း စသည်ဖြင့်ဘာမှ မကြာလိုက်တဲ့ အချိန်အတွင်းမှာ ကမ္ဘာပေါ်လူတွေ အပြွတ်လိုက်ဖြစ်နေခြေရဲ့လို့  တွေးမိပါတယ်… နှစ်တစ်ရာ နှစ်ရာ ဆိုတာ ကျွန်တော်တို့ လူတွေအတွက်သာ ကြာကောင်းကြာမယ်… ကမ္ဘာကြီးရဲ့ သက်တမ်းနဲ့ ယှဉ်ကြည့်လိုက်ရင် မျက်စိတမှိတ်တောင် ရှိတာမှမဟုတ်တာကိုး… အဲဒိအတွက်များ သဘာဝတရားကြီးက ကျွန်တော်တို့ ကမ္ဘာလေးအပေါ်မှာ လူတွေကြပ်ညပ်နေမှာကို မကြည့်ရက်လို့ များ အခုကတည်းက wipe out လုပ်နေလေပြီလားပေါ့လေ…

ဆေးသိပ္ပံပညာဟာ နှစ်ဆယ်ရာစုကနေစပြီးတော့ အလွန့် အလွန် တိုးတက်တယ်လို့ ဆိုကြပါတယ်… ၁၉၅၀ ပြည့်နှစ်များတုန်းက ဗြိတိန်နိုင်ငံမှာ အသက်ရာကျော်ရှည်တဲ့လူ ရာဂဏန်းမျှပဲရှိခဲ့ပါတယ်… အခုအခါမှာတော့ သောင်းကျော်သွားပါပြီ… သေတဲ့လူဦးရေထက် လူသားထုပ်လုပ်မှုက ပိုမြင့်နေလေတော့ နှစ်အနည်းငယ်အတွင်း သန်းတစ်ထောင်နီးပါးပွားလာတာ အဆန်းတော့လဲမဟုတ်ပါဘူး… ပညာရှင်တွေကလဲ တတ်နိုင်သမျှ လူသားတွေရဲ့သက်တမ်းကို ဆွဲဆန့် နိုင်ဖို့ ကြိုးစားနေကြတာကိုး…

သဘာဝတရားဘက်ကကြည့်ကြည့်မယ်ဆိုရင်ရောဗျာ… တိုးတက်သလား… ဆုတ်ယုတ်သလား… လူဦးရေတိုးတက်လာတာနဲ့ အမျှ နေစရာနေရာတွေ.. စားနပ်ရိက္ခာတွေ.. Natural resource ထုပ်ယူသုံးစွဲမှုတွေ စသည်ဖြင့် လိုအပ်ချက်တွေ များများလာပါတယ်… ဒီအတိုင်းသာဆက်သွားရင် တစ်နေ့ မှာ ရှူနှာရှိုက်ကုန်းကမ္ဘာကြီးနဲ့  လူတွေပဲ ကျန်ခဲ့တော့မယ်ထင်ပါတယ်…

လူတွေကိုလူရယ်လို့ မမြင်ပဲ ကမ္ဘာပေါ်မှာနေကြတဲ့ မျိုးစိတ်တွေထဲက မျိုးစိတ်တစ်ခုအဖြစ်ပဲမြင်ကြည့်ပါ… လူသားမျိုးစိတ်တိုးပွားလာတာနဲ့ အမျှ တနေ့ တခြား အခြားသားငှတ်တိရစ္ဆာန်မျိုးစိတ်တွေ လျော့နည်းပျောက်ကွယ်ကုန်ပါတယ်… ဒါဟာမျှတရဲ့လား… ကျွန်တော်တို့ အတွက်မေးတာမဟုတ်ပါဘူး… သဘာဝတရားကြီးနေရာကနေမေးကြည့်တာပါ…

ကျွန်တော့်ကိုပြောချင်ကြပါမယ်… “မင်းပြောသလိုဆိုရင် စစ်သွေးကြွတွေ.. အသေခံဗုံးခွဲသမားတွေ.. နော်ဝေလက်သစ် ရမ်ဘို တို့ တတွေကို ကမ္ဘာ့လူဦးရေ လျှော့ချပေးလို့ ဆိုပြီး ကျေးဇူးတင်ရတော့မှာလား” လို့ …. အဲဒီလိုလဲမဟုတ်ရပါ.. အားပေးအားမြှောက်တွေးပေးခြင်းလဲမဟုတ်ပါ… ဒီပို့ စ်တင်ရတဲ့ရည်ရွယ်ချက်ကို သေချာစဉ်းစားကြည့်တော့ ဘာမှန်းမသိပါ… သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့  ဆော်သြတာလဲမဟုတ်… လူဦးရေလျှော့ချရေးပညာပေးတာလဲမဟုတ်.. အဖျက်လုပ်ငန်းများကို အားပေးထောက်ခံခြင်းလဲမဟုတ်ရပါ… ပေါက်တတ်ကရ အရူးလွယ်အိပ်ဖွင့်ပြခြင်းမျှသာ ဖြစ်ပါသည်…. သိုသော် တတ်နိုင်လျှင် မလိုအပ်ပဲ ကိုယ်ဝန်မရအောင်တော့ ရှောင်ကြစေချင်သည်….။   ။

About NAJA

has written 4 post in this Website..

ဖြစ်တည်လာခဲ့သော ယခုလူ့ ဘ၀တွင် လောကဓံ ရှစ်ပါးအား ကြုံကြိုက်ခွင့်ရပြီး ရှစ်ပါးလုံးသော လောကဓံအား ခံနိုင်ရည်ရှိသူ ဖြစ်ရပါစေ...။ ။