မနေ့ က ကျွန်တော်..စစ်မှုထမ်းဟောင်းတစ်ယောက်နဲ့  စကားလက်ဆုံ ကျခဲ့ ပါတယ်။ အဲဒီ စစ်မှုထမ်းဟောင်းကြီးက အသက် 60 ကျော်ပါပြီ။
အခု ဆိုရင်တော့ ဘာသာရေးရဲ့  ပြုပြင်ပြောင်းလဲ ပေးမှုကြောင့်
အတော်လေးလည်း..တည်ငြိမ် ရင့် ကျက်နေပါပြီ။
သူက သူ့ ဘ၀ရဲ့  အတိတ်ကို ပြန်မတွေးရဲ လောက်အောင်ကို
ကြောက်လန့် နေခဲ့ တာပါ….တဲ့ ။
“””” တောထဲတောင်ထဲ မှာ…. နှစ်နဲ့ ချီပြီး..နေလာခဲ့ ကြတဲ့ .
ယောက်ျား အစုအဖွဲ့ တစ်ခု အနေနဲ့ …. ဒီကိစ္စမျိုးကို ထိန်းဖို့ ဆိုတာ..အင်မတန် ခက်ပါတယ် ။ ကိုယ်တို့ အဖွဲ့ မှာ..ဒီ ကစ္စ မျိုးတွေကို…မကျူးလွန်တာ ဆိုလို့
တစ်ယောက် နှစ်ယောက် ပဲ ရှိတယ် ။
ကိုယ် အပါအ၀င်.. အခြားသူတော်တော်များများကတော့. ဆန္နနောက်ကိုလိုက်ပြီ.း…. ပျော်ပျော်ကြီး မှားပစ်လိုက်ကြတာပဲလေ…။ အဲဒီ တုန်းကတော့… လိုချင်တပ်မက်မှု ကို ပဲ..ရှေ့ တန်းတင်ခဲ့ တော့…မှားမှန်းလည်းမသိဘူး။ မတွေး မိခဲ့ ဘူးလေ။ ” “”

သူတို့ ကျူးလွန်တဲ့ အမှားဆိုတာကို သေချာ ရှင်းပြတော့ ကျွန်တော်… ဟန်မဆောင်နိုင်လောက်အောင်…ထိတ်လန့် သွားမိတယ် ။
ယောကျာ်းတွေဟာ..sex ကိစ္စ အတွက်နဲ့ … အဲဒီလောက်ထိ…မိုက်မဲ သွားကြမယ်လို့  ထင်မထားဘူးလေ။
ဒါပေမယ့် ယောကျာ်းတွေတိုင်းကတော့ မှားတတ်ကြတာ မဟုတ်လောက်ပါဘူး။ ယောကျာ်းတစ်ယောက် ဟာ….sex ကိစ္စ မပြု လုပ်ပဲ… ဘယ်လောက်ကြာကြာနေနိုင်သလဲ….။
နေနိုင်လွန်းသူတွေလည်းရှိမယ်..။ ဒါပေမယ့်  မနေနိုင်တဲ့ အခါ… မဆင်ခြင်နိုင်လောက်အောင် ပိုးစိုးပက်စက်..လုပ်ပစ်တတ်တာတော့ မကောင်းဘူး ထင်ပါရဲ့ ။
“””” ကိုယ်တို့ အားလုံး….ဟာ ဆန္န ကို လပေါင်း များ…စွာ…ချုပ်တည်း..ထားရတဲ့ ယောကျာ်းတွေလေ..။ အဲဒီလို အချိန်မှာ..တောထဲ မှာများ..မိန်းမတစ်ယောက် မတွေ့ လိုက်နဲ့ ။ တွေ့ ပြီ ဆိုတာနဲ့ အားလုံးက အတင်းဆွဲခေါ် ပြီး……. …………. ….. …………………………………………………….
အဲဒါ ……………………………… တစ်ယောက်ပြီးတစ်ယောက်နော်…။ရှောင်နိုင်သူ..ဆိုတာက 1 ယောက် 2ယောက် ပဲ..ရှိမယ် ။ ဒီလောက် ယောကျာ်းတွေ အများကြီး ရဲ့ အနိုင်ကျင့် တာကို ခံလိုက်ရတဲ့  မိန်းမဟာ…ဘယ်လို ဖြစ်သွားမယ် ထင်လဲ…။ မြော့ ..သွားတာပေါ့။ သတိ ပါ လစ်သွားတာလေ..။ ပြီးပြီ ဆိုရင် အဲဒီမိန်းမကို ပစ်သတ်လိုက်တာပဲ..။
ချောက်ထဲ ကို ကန်ချ လိုက်တာပဲ…။ “””””
ဘုရား..ရေ…။ အဲဒီလောက်ထိ…ရက်စက်နိုင်ကြတာ
ဘာကြောင့်ပါလိမ့် ..။

“”” များသောအားဖြင့် … ရန်သူ့  ဘက်က မိန်းကလေးတွေ..နဲ့  တောထဲ ကို ဟင်းသီ ဟင်းရွက် လာခူး ကြတဲ့ မိန်းကလေးတွေ..ပဲ ခံရတာလေ။ “””

ကြောက်စရာပဲ..။ ရမ္မက်မီး….ဟာ…စစ်မီးထက် ပို ကြောက်စရာကောင်း တာပဲ..။
မိန်းမ တစ်ယောက်ရဲ့ အသက်နဲ့ ..အရှက်…ကို တန်ဖို့း မထားနိုင်လောက်အောင်..၊.လူသားချင်း စာနာ ထောက်ထားခြင်း ကင်းမဲ့ သွားလောက်အောင်… ရမ္မက်မီးတွေ က တောက်လောင်တတ်ပါသလား….။.
စစ်မီတောက်တွေ ထက်…ပိုလောင်တတ်တဲ့ …ရမ္မက်မီးတွေ ကို မွှေးသူတွေ…အခုခေတ်မှာတော့… မရှိလောက်တော့ပါဘူးနော်။
………. အင်း မျှော်လင့်ရတာပါပဲလေ..။

( ကြမ်းတမ်းတဲ့ အရေးအသားပါခဲ့ ရင် ခွင့်လွတ်နားလည်ပေးကြပါလို့ တောင်းပန်ပါတယ် ။ ဒီအကြောင်းတွေ ကို ပြောပြတဲ့  သူ… ပြောတဲ့အတိုင်းသာ ပြန်ရေးရရင်… ဒီထက် အဆများစွာ ညစ်ညမ်းသွားနိုင်ပါတယ် ။။ဒီအကြောင်းတွေ ကို သူပြောပြနေချိန်မှာ… ကျွန်တော် သူ့ ကို ရွံရှာ နေမိပါတယ် ။ လည်ပင်း ထ ညှစ် ချင် လောက်အောင်လည်း မုန်းမိပါတယ် ။
ကျူးလွန်သူတွေ ကို စိတ်ဆိုးမိတာကို ၀န်ခံပါတယ် ။ ဒီအကြောင်းကို ချရေး ဖြစ်တာကတော့… ဒီ အဖြစ်တွေ မရှိပါစေနဲ့ တော့ လို့  ဆန္န
ပြုချင်ရုံ…….သက်သက်( မနေနိုင်လွန်းလို့  ) ချရေးမိပါတယ် ။
ဘယ်သူ့ ကို မှ တိုက်ခိုက်စော်ကားလို စိတ် မရှိပါဘူး ဆိုတာလေးကိုတော့ လက်ခံပေးစေလိုပါတယ် ။)

အားလုံးကို ခင်မင်..လေးစားစွာ..ဖြင့် ….

အလင်းဆက်

alinsett

About alinsett

alinsett has written 615 post in this Website..

. . .