USB Stick ပြုပြင်ခြင်းနှင့် ဖြစ်တတ်သော ပြဿနာများ

ဂ်စ္စူAugust 7, 201115min19911

အဆင်ပြေချင်ရင် ပြေမယ်..မပြေချင်လဲ မပြေဘူး..နဲနဲများနေတော့ ခေါင်းရှုပ်သွားနိုင်တယ်။

ဒီအောက်က Tips တွေက တစ်ချို ့အတွက် နှစ်ချို  ့နေနိုင်ပေမဲ့..တစ်ချို ့အတွက် အရမ်းလိုအပ်နေလိမ့်

မယ်လို ့ထင်လို ့..ဗရုတ်သုက္ခ ဖြစ်ချင်လဲ ဖြစ်ပစေဆိုပြီး တစ်စုတစ်ဝေးထဲ  တင်လိုက်တာပါ။

အောက်မှာရှိတဲ့ တစ်ချို ့ပို ့စ်တွေကို Credit မှားပေးမိရင်လဲ တောင်းပန်ပါ၏.။အဆင်မပြေဘူးဆို

ရင်လဲ တောင်းပန်ပါ၏။

USB Drive ၏ လျှို ့ဝှက်ချက် တစ်ချို ့

(၁) USB Drive ကို Custom Icon အနေဖြင့် ပေးနိုင်သည်။

USB Drive ကို Custom Icon အနေဖြင့် သုံးစွဲသောအခါ တစ်ခုချင်းသုံးစွဲတဲ့ အခါမျိုးတွေမှာ ၎င်း Function သည် သိသာထင်ရှားမှု မရှိသော်လည်း USB Hub ကနေတစ်ဆင့် Drive များကို အများအပြား သုံးစွဲသောအခါတွင် ကိုယ်ထည့်ထားသော အချက်အလက်များကို icon ဖြင့် သီးသန့်ခွဲခြားနိုင်စွမ်းရှိသည်။(၂) Chrome OS ကို Drive ထဲတွင် ထည့်ထားနိုင်သည်။
အလွယ်တကူ သယ်ယူသွားနိုင်သော Application များ ပေါ်ပေါက်ပြီးတဲ့ နောက်ပိုင်းမှာ ထိုကဲ့သို့ Portable Application များဆန်ဆန် Portable OS ( အလွယ်တကူ သယ်ယူသွားနိုင်သော စက်လည်ပတ်ရေးစနစ် ) ကို Drive ထဲတွင် ထည့်ထားပြီး ကိုယ်သွားတဲ့နေရာ ဥပမာ Cyber Cafe လိုမျိုးတွင် ကိုယ့် OS နှင့် ကိုယ်သုံးစွဲသည့် အခါ လုံခြုံစိတ်ချမှု အပြည့်အဝ ရရှိစေနိုင်သည်။(၃) Portable Program ငယ်များကို ထည့်သွင်းသွားနိုင်သည်။
အချို့ Cyber Cafe တွေနဲ့ ရုံးတွေမှာ Hardware လိုအပ်ချက် မြင့်မားတဲ့ Software ( ဥပမာ- Photoshop ) တွေကို တင်မထားတတ်ဘူး။ အဲလိုနေရာတွေမှာ ကိုယ့်ရဲ့ Drive ထဲမှာရှိတဲ့ Portable Application က ကိုယ်လုပ်ဆောင်ချင်တဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်ပါလိမ့်မယ်။(၄) အမြန်ဆုံး ရွှေ့ပြောင်းနိုင်စွမ်းရှိပါတယ်။
အခုလက်ရှိမှာ USB 2.0 နှင့် 2.0 Plus ကို လက်ရှိ သုံးစွဲနေကြပြီး USB 3.0 မကြာခင် တစ်ခေတ်ရောက်တော့ မည် ဖြစ်ပေမယ့် အမှန်တကယ်တမ်းမှာ USB Drive ကို သုံးပြီး USB နှင့် Harddisk ကြားမှာ အလွယ်ကူဆုံးနှင့် အမြန်ဆန်ဆုံး အချက်အလက်တွေ ရွှေ့ပြောင်းစေနိုင်ဖို့ Sync back ကဲ့သို့သော software ကလေးကို ထည့်သွင်းသွားလိုက်မယ်ဆိုရင် သာမန်အချက်အလက်တွေ ရွှေ့ပြောင်းနှုန်းထက် ပိုမိုမြန်ဆန်တာကို တွေ့ရ ပါလိမ့်မယ်။

(၅) Windows စနစ်တစ်ခုလုံးကို သိမ်းဆည်းထားနိုင်ပါတယ်။
တကယ်လို့ Ubuntu ကို Thumb drive ထဲမှာထည့်ပြီး Portable OS အနေနဲ့ သုံးစွဲမယ်ဆိုရင် အဲဒီအချိန်မှာ computer မှာ Primary ရှိတဲ့ Windows OS ကို Temp File တွေ ရှင်းလင်းတာ၊ Error တွေ ရှင်းလင်းတာ၊ စနစ်ကို စီစဉ်တကျ ပြန်လည်ဖွဲ့စည်းတာ၊ Drive ၏ နေရာကို သန့်ရှင်းရေးလုပ်တာ စတာတွေ အကုန်လုံးကို Drive ထဲမှာ သိမ်းဆည်းထားနိုင်ပါတယ်။ အဆင့်အနည်းငယ် များပေမယ့် အလွယ်တကူ နဲ့ Recovery ပြန်လည် လုပ်ဆောင်နိုင်ပါတယ်။

Source: NetGuide (Vol-1 ISSUE: 42) 31 July 2010 & knowledge is free blog
Memory Stick ကို ပိုထည့်ရအောင်

ကိုယ်က ကိုယ့် USB Memory Stick ကို အမြဲတမ်းလိုလို မလုံလောက်ဘူး ဖြစ်နေတယ်ဆိုရင် သူ့ရဲ့ သိုလှောင်မူ ပမာဏကို တိုးစေဖို့ အလွန် လွယ်ကူတဲ့ နည်းလမ်းလေး တစ်ခုတော့ ရှိနေပါသေးတယ်။

ကိုယ့် USB Memory Stick ထဲက ဖိုင်များကို သိမ်းထားချင်သေးတယ်ဆိုရင် သူ့ထဲက ဖိုင်များကို ကွန်ပျူတာရဲ့ တစ်နေရာရာကို ကူးထားလိုက်ပါ။ ပထမဦးဆုံး Start ကို ဖွင့်ပြီး Computer ကို ရွေးလိုက်ပါ။ ပြီးတော့ ကိုယ့် Memory Stick ပေါ်ကို ညာကလစ် တစ်ချက်နှိပ်လိုက်ပြီး Format ကို ရွေးပါ။ File System ရဲ့ ရွေးချယ်စရာထဲက NTFS အမျိုးအစားကို ရွေးလိုက်ပြီးတော့ Format ချဖို့အတွက် Start ခလုတ်လေးကို နှိပ်လိုက်ပါ။ Format ချလို့ ပြီးသွားပြီး
ဆိုရင် Computer Window ထဲက ကိုယ့် Memory Stick ပေါ်ကို နောက်တစ်ကြိမ် ညာကလစ်နှိပ်လိုက်ပြီး Properties ကို ရွေးလိုက်ပါ။ General Tab ရဲ့ အောက်ခြေနားက Compress this drive to save disk space ဆိုတဲ့ Box လေးကို အမှန်ခြစ်လိုက်ပါ။ အခုဆိုရင် ကိုယ့်ရဲ့ USB Memory Stick ထဲကို ကူးထည့်တဲ့ ဘယ်ဖိုင်ကို မဆို အလိုအလျောက် ချုံ့သွားပါလိမ့်မယ်။ ဒါကြောင့် သိုလှောင်မူ အရွယ်အစားကို နေရာယူမူနည်းသွားပြီး Memory Stick ထဲကို ဖိုင်များ ပိုပြီး ထည့်နိုင်သွားပါပြီ။ ဒီနည်းလမ်းလေးက Memory Stick အရွယ်အစားကို ပိုပြီး ထည့်နိုင်သွားဖို့ အခမဲ့ နည်းလမ်းလေးတစ်ခု ဖြစ်ပါတယ်။

လင်းငယ်@MG

Repairing Memory Stick
Memory Stick တွေ လူသုံးများသလိုပဲ အပျက်လည်း များလှပါတယ်။ ကွန်ပျူတာက မသိတော့တာ၊ Format ချခိုင်းတာ၊ ဖိုင်တွေ ထပ်ထည့်လို့မရတော့တာ၊ Capacity အပြည့်မရတော့တာ စသည်ဖြင့် ပြဿနာတွေက စုံလှပါတယ်။ အခုတော့ Format ချခိုင်းတယ်၊ ဒါပေမဲ့ Format ချမရတဲ့ Memory Stick တစ်ချောင်းကို ပြုပြင်နည်းလေးကို ရေးသားပေးလိုက်ပါတယ်။

သဘောတရားကတော့ Format ချခိုင်းတယ်ဆိုတာက တနည်းအားဖြင့် File System မရှိလို့ပါပဲ။ Format ချလည်း မရတာကတော့ Partition Table က Corrupt ဖြစ်လို့ပါ။ အဲဒါကြောင့် Partition Table ဖျက်ပြီး အသစ်ပြန်ဆောက်၊ ပြီးတော့ File System ပြန်သတ်မှတ်လိုက်ရင် ပြန်ကောင်းသွားပါလိမ့်မယ်။ လိုအပ်တဲ့ Software ကတော့ နှစ်ခုတည်းပါ။Test Disk ရယ် Bootice ရယ်ပါ။
ပထမဆုံး Test Disk ကို Run ပါ။ အောက်မှာပြထားသလို ပေါ်လာပါလိမ့်မယ်။
Image and video hosting by TinyPic
No Log ကို Keyboard က Arrow Key နဲ့ ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ Hard Disk နဲ့ Memory Stick ရယ် ပေါ်လာပါလိမ့်မယ်။ Memory Stick ကို ရွေးပါ။ Enter ခေါက်ပါ။ နောက်ထပ် သူက Partition Table type ကို ရွေးခိုင်းပါလိမ့်မယ်။ Intel ကို ရွေးပြီး Enter ခေါက်ပါ။ အဲဒီအခါမှာ [Analyse] [Advanced] [Geometry] စသည်ဖြင့် ရွေးချယ်စရာတွေ ပေါ်လာပါလိမ့်မယ်။ အဲဒီထဲက [Delete] ကို ရွေးပြီး Enter ခေါက်ပါ။ Yes/No မေးရင် Y ကို နှိပ်ပြီး Enter ခေါက်ပါ။ ဒါဆိုရင် Memory Stick ရဲ့ Partition Table ကို ဖျက်ပြီး သွားပါပြီ။

ဒီထိဆိုရင် TestDisk ရဲ့အပိုင်း ပြီးသွားပါပြီ။ နောက်ထပ် Bootice ကို Run ပါ။ အောက်မှာ ပြထားသလို ပေါ်လာပါလိမ့်မယ်။
Image and video hosting by TinyPic
Perform Format ကို နှိပ်ပါ။ နောက်တစ်ဆင့် ပေါ်လာရင် USB-HDD mode (Single Partition) ကို ရွေးပါ။ Next ကို နှိပ်ပါ။ Dialog box ပေါ်လာရင် OK နှိပ်ပါ။ ဒါဆိုရင် Format စရိုက်ပါလိမ့်မယ်။
ရပါပြီ။ စာဖတ်သူရဲ့ Stick အပျက်ကလေး ပြန်ကောင်းသွားပါလိမ့်မယ်။

Download Bootice (100KB)

ဒေါင်းမယ်
http://www.mediafire.com/?k2y3kpsbimgq6mj

Download TestDisk (1.44MB)
ဒေါင်းမယ်
http://www.mediafire.com/?zuqq2axrpiipe1e

Credit to kokhaant.multiply

Memory Stick မှ Virus ကွန်ပြူတာသို့ မဝင်အောင်
Virus အများစုရဲ့File Extensions တွေက.exe .vbs .inf(autorun file) .com .bat .cmd တို့ဖြစ်ပါတယ်။
ဒီ File တွေ ဟာ Memory Stick မှာhidden လုပ်ထားတယ်။
ဒါမှမဟုတ် ပုံစံတူFolder လုပ်ပြီး Exe File လုပ်ထားမယ်။
ဒီFile တွေကို Run လိုက်ရင်တော့…. Virus ဝင်သွားပြီပေါ့ ဒီတော့ ဒီ File တွေကို မ Run အောင်လုပ်ထားလို့ရပါတယ်။
လုပ်ရမှာကStart>Run> secpol.msc လို့ရိုက်ပြီး Enter နိပ်ပါ။
Local security Settings ပေါ်လာပါပြီ။
Software Restriction ကို Right Click နိပ်ပြီး Create New Policies ကိုနိပ်ပါ။
Additional Rules မှာတစ်ချက်နိပ်ပါ။ ညာဘက်အကွက်မှာ Right Click > New Path Rule ကိုရွေးပါ။
Path နေရာမှာ ကိုယ့် Memery Stick ရဲ့ Drive Letter ကိုပေးရ ပါမယ်။
ဥပမာ Fဆိုရင်ဒီလိုရေးရပါတယ်။ f:\*.exe လို့ရိုက်ပြီးSecurity Level မှာ Disallowedကိုရွေးပါ။
ဒါဆိုရင် Memory Thick မှာရှိတဲ့ Exe File တွေမ Run တော့ပါဘူး။ မယုံရင် Run ကြည့်ပေါ့။
ဒါပေမဲ့ သူ့ရဲ့ ဆင့်ပွား Folder ထဲက Exe File တွေကတော့ Run ပါသေးတယ်။
Virus တွေက Memory Stick ထဲမှာပဲ Hidden လုပ်ထားပြီး Run တာပါ။
ဆင့်ပွား Folder ထဲမှာ Run တယ်ဆိုတာ ရှားပါတယ်။ကျန်တဲ့ file extension တွေကိုလည်းလုပ်ရပါမယ်။
Right Click နိပ်ပြီး New Path Rule ကိုရွေးပါ။ f:\*.vbs လို့ရိုက်ပါ။ Security Level မှာ Disallowed Disallowed ကိုရွေးပေးပါ။
vb Script File တွေ Run လို့မရတော့ပါဘူး။ဒီနည်းအတိုင်း
တခြား extension တွေကိုလည်းလုပ်ကြည့်ပါဦး။
Memory Stick မှာ Virus အများစုရဲ့ File တွေ Run လို့မရတဲ့ အတွက် Virus ကိုကာကွယ်ပြီးသားဖြစ်သွားပါပြီ။
Credit to kokhaant.multiply

USB – stick ထိုးမရခြင်းနှင့်ဖြစ်တက်တာလေးများ

စက်မှာ USB PORT ကို အသုံးပြုလို ့မရရင် start >Run >devmgmt.msc >device manager ကိုရောက်ခဲ့လျှင်
တော့ Universal serial bus controller ဆိုတာလေးကိုရှာလိုက်ပါ တွေ ပြီလား တွေ ့ပြီဆိုရင် Universal serial
bus controller ဆိုတာကို Right Clickလုပ်ပြီးတော့ enable လုပ်လိုက်ပါ….

USB PORT ကို သုံးလို ့မရတာ BIOS ထဲက usb controller ကို disable ပေးထားတာလည်း ဖြစ်နိုင်ပါတယ်….
ဒါဆိုရင်တော့ BIOS ထဲက usb controller ကို enable ပေးလိုက်ရင် အဆင်ပြေပါတယ်…
USB ရှေ့ပေါက် motherboard ပေါ်က ကြိုးကို ထိထိမိမိ သေချာတပ်ရဲ့လား/တခါတခါ ကြိုးလွတ်နေလိုdetected
မရတာဖြစ်နိုင်ပါတယ်..ဒါကြောင့် USB ကြိုးကိုသေချာစစ်ကြည့်လိုက်ပါ။
Usb port ကို registry ကနေပိတ်ထားတာလဲဖြစ်နိုင်တယ်…

start>run>regedit>
HKEY_LOCAL_MACHINE /SYSTEM /CurrentControlSet /Services /UsbStor ကို
ရွေးပေးလိုက်ပါ။ ညာဘက်မှာ ပြထားတဲ့ start ကို Double click လုပ်ပြီး
ဖွင့်လိုက်ပါ။ Value Data dialog box ပေါ်လာပါလိမ့်မယ်။ Value တန်ဖိုးက
default ဆိုရင် (3) ပါ။ တန်ဖိုးကတစ်ခုခုဖြစ်နေတယ်ဆိုမူလတန်ဖိုး(3)ကို
ပြောင်းထားပေးလိုက်ပါ…

ကိုယ့်စက်မှာပဲဖြစ်ဖြစ် သူများစက်မှာပဲဖြစ်ဖြစ် usb အသုံးပြုတဲ့အခါတိုင်း virus စစ်ဖို ့လိုပါမယ်..ဘာလို့လဲဆိုရင်
အဲကနေပဲအဝင်များဆုံးပါ။ဒုတိယကကျွှန်တော်တို့ internet ကနေ software ဒေါင်းလိုက်တိုင်းမှာ vrius ဆိုတာ ကဖိုင်လေးတွေနဲ့ကပ်ပါလာတက်ပါတယ်ဗျ။

stick ထဲမှာပြည့်နေရင်လည်းလက်မခံဘူး…မလိုအပ်တဲ့ ဖိုင်တွေကိုဖျက်ပြီးမှထည့်သင့်တယ်….Stick ကကောင်းပါရက်နဲ ့usb port ကအလုပ်မလုပ်တာ usb port ကအလုပ်လုပ်ပါရက်နဲ ့stickကမကောင်း တော့ ရင်တခြားသောကွန်ပျူတာတွေမှစမ်းသပ်ကြည့်ပါ…
နောက်တစ်ခုက reinstall ဖြစ်နေတာပါ။အဲလိုဖြစ်ရင် install ပြန်လုပ်ပေးပါ။

တခါတခါဝင်းဒိုး driver တွေကြောင့်အလုပ်မလုပ်တာဖြစ်နိုင်ပါတယ်.. device manager ထဲက usbdriver detail
ကနေ ခေါ်ကြည့်ရင်သိ်ပါတယ်…driver မတင်ရသေးရင် driver warning တောင်းပါတယ်..motherboard driver
ပြန် run ပေးလိုက်ပါ…(သို ့)usb driver ရှိရင် usb driver ပြန် run ပေးလိုက်ပါ…..

USB stick ကိုထိုးလို့ဘာမှကိုမပေါ်ဘူးဆိုရင်တော့ သူ ့ကို virus အရင်စစ်ကြည့်ရမယ်…virus အရင်ရှင်းထုတ်ပြီး
မှ ကိုယ်လိုချင်တဲ့ဒေတာ တွေကို fomat ချရမယ်…တခါတခါကျတော့ fomat ချတာ NTFS file နဲ ့ချ မှရတာမျိုးရှိ
သလို FAT file system နဲ ့ချမှရတဲ ့အခါလည်းရှိပါတယ်..

stick ကဘာနဲ ့format ချမှအဆင်ပြေမလဲလို ့ဆိုတော့NTFS file နဲ့အရင် စမ်းကြည့်ရမှာပဲ …သူနဲ ချလို့မှမရရင်
error message ထုတ်ပေးပါလိမ့်မယ်…အဲဒီအခါကျတော့ FAT file ပေးပြီး format ချကြည့်သင့်တယ်….

ဒီလိုလဲ တစ်နည်းရှိပါတယ်.

run>cmd>format/x E:or

run>cmd>convert E: /fs:ntfs

E: နေရာမှာ drive name ပေါ့ဗျာ

Write Protect Error

1- Click Start->Run.

2-Type regedit and hit enter.

4-Click on the plus sign next to HKEY_LOCAL_MACHINE

5-Click on the plus sign next to SYSTEM

6-Click on the plus sign next to CurrentControlSet

7-Click on the plus sign next to Control ကိုသွားပါ ပြီးရင် ..
StorageDevicePolicies 
ဆိုတာကိုရှာပါ..မရှိရင် Control ကို Select လုပ်ပြီး Right click>New>Key မှတစ်ဆင့် StorageDevicePolicies ဟု နာမည်ပေးလိုက်ပါ။မမှားပါစေနှင့်။
http://techsalsa.com/wp-content/uploads/2008/10/write_protect_1.jpg

 

8-Click on the plus sign next to StorageDevicePolicies

 

http://techsalsa.com/wp-content/uploads/2008/10/write_protect_2.jpg
StorageDevicePolicies  ကိုထောက်ပြီး Right Click>New>Dword Value ကိုနှိပ်လိုက်လျင်.ညာဘက်မှာ
New Value #1 ဆိုပြီးပေါ်လာလိမ့်မယ်..အဲဒီ New Value #1 ကိုဖျက်ပြီး WriteProtect  ဟုနာမည်ပေးလိုက်ပါ

9-Write click on WriteProtect and click modify.

ပြီးရင် အဲဒီ WriteProtect  ကို Double Click နှိပ်ပြီး  Value Data ကို 0 ဟုထားလိုက်ပါ။

မှတ်ချက်။    ။Write Protect ဖြစ်ပြီး သုံးမရ ဖြစ်စေချင်ရင် 0 မဟုတ်ပဲ 1 ဟုထားပါ။
http://techsalsa.com/wp-content/uploads/2008/10/write_protect_3.jpg

အထက်ပါအတိုင်း ControlSet001 နှင့် ControlSet002  တို ့ကိုလဲ လိုက်ပြောင်းလိုက်ပါ..။

ပြီးပါက ကွန်ပျူတာကို Restart လုပ်လိုက်ပါ။

ဒီအောက်က Pdf မူရင်းဖြစ်ပါတယ်။ကြည့်လို ့အဆင်ပြေအောင် လုပ်ထားတာပါ။သူ ့မူရင်း အတိုင်းပဲ ဒေါင်းကြည့်ချင်ရင်တော့ဒီမှာ ယူပါ။ကြာတော့ ကြာပြီထင်ပါတယ်.ဘယ်သူရေးထားမှန်းတော့ မသိပါ။


 

11 comments

  • etone

    August 8, 2011 at 9:18 am

    ပေါက်ဖော်ရေ… USB နှစ်ခုလောက် ပျက်ဖူးတယ် … ။
    ရုံးပိတ်ရက် အပြင်မှာ သုံးရင်း .. ကူးချင်တာလေးတွေ ကူးလာတယ် …အ ိမ်ရောက်တော့ ပြန်ဖွင့်ကြည့်လျှင် .. ဖွင့်လို့ကို မရတော့ဘူး … ။ဖောမက်ရိုက်ပါပဲပြောနေတယ် … ဒါနဲ့ .. နှမျော တသ သုံးကြိမ်ခေါ်ပြီး ဖော်မက်ရိုက်တော့လည်း တကယ်တမ်း အလုပ်မလုပ်ဘူး .. စက်ကကို မသိတာ.. ။ ဆိုင်သွားပြင်တော့လည် း… ဆေးမရှိဘူးတဲ့.. ဗိုင်းရပ်စ်ကိုက်တာတဲ့လေ…။
    သုံးမရပေမဲ့ .. သိမ်းထားတဲ့ stick လေးတွေ နှစ်ခုတောင် ရှိတယ်… အထဲကဒေတာလေးတွေ နှမျောလို့ .. ပြန်များဖွင့်ရမလားဆိုတဲ့ မျှော်လင့်ချက်နဲ ့ပေါ့ ။ 🙁

  • manawphyulay

    August 8, 2011 at 9:59 am

    ခုနောက်ပိုင်းဟာတွေက ပြင်လို့ကိုမရတာတွေများတယ်။ တစ်ခါသုံးပဲဖြစ်ဖြစ်သွားတယ်။ စမ်းကြည့်လည်းမထူးခြားတော့ဘူးဖြစ်နေတယ်။

  • ရွှေဘိုသား

    August 8, 2011 at 10:33 am

    recover software သာတင်ထားလိုက် ပျက်တဲ. စတစ် ထဲကဒေတာ တွေလည်း ပြန်ရှာပေးတယ်
    စတစ် သာဖွင်.လို.မရဖြစ်ချင်ဖြစ်မယ် ဖိုင်တွေကိုတော. ပြန်ယူပေးတယ် အသုံးတဲ. သဗျ

    • etone

      August 8, 2011 at 10:54 am

      ဟုတ်လား… ဒါဆိုစမ်းကြည့်ဦးမယ် .. stick ကတန်ဖိုး မရှိဘူး .. အထဲက ဒေတာတွေကိုသာ မက်မောတာ ။ 🙁

  • aungnng87

    August 8, 2011 at 11:54 am

    ကျေးဇူးဘဲ။ သိရတဲ့အတွက်။

  • Student

    August 16, 2011 at 10:42 am

    non of these information is useful to me.
    but it may be helpful to others.
    NOw. i like the Silicon Power Memory Stick..
    so powerful for me
    if you buy memstick friends, choose the best one, like apacer, toshiba, Silicon Power….

  • dootcheck

    December 6, 2011 at 8:38 am

    ကိုပေါက်ဖော်…ရေ…ကျေးဇူးပါဗျာ…ကောင်းသောနေ့ပါ…ကျွန်တော့်အတွက်လဲနေ့ကောင်းရက်မြတ်ဘဲ
    ကိုပေါက်ဖော်ကျေးဇူးကြောင့် ကျွန်တော့်ရဲ့ USB Stick နှစ်ခုစလုံးကောင်းသွားလို့ပါ တစ်ခြားပိုစ့်ကောင်း
    ကောင်းလေးတွေ ( နည်းပညာ ) ရှိရင်ကျွန်တော့် မေလ်းကိုပို့ပေးပါလားဗျာ ကျေးဇူးအများကြီးတင်ပါတယ်
    လူချင်းသိ့ရင်လဘ္ကရည် ( အချို ) တိုက်ချင်ပါသေးတယ်
    dootcheck@gmail.com

  • gar

    December 27, 2011 at 11:32 am

    ကိုပေါက်ဖော်…ရေ…ကျေးဇူးပါဗျာ No Log မ ပေါ လို. လုပ် ပါ အုပ်။

  • ငပေါက်ဖော်

    December 27, 2011 at 11:39 am

    ိကိုဂါးရေ
    ပြည့်ပြည့်စုံစုံလေး ပြောပါလားဂျာ..
    No Log ဆိုတာ ဘာကိုပြောတာလဲ ခင်ည
    အခုက ဖောမတ်ချနေတာလား.ဘာရုတ်နေတာရဲခင်ည

  • char too lan

    December 27, 2011 at 1:44 pm

    ဆြာပေါက် မျက်စိတော့နဲနဲနောက်သွားတယ် (ကိုယ်တိုင်ကအလှမ်းဝေးသကိုးးးးး) 🙂
    ကလိလွန်းမက ကလိရင် ကွန်ပျူတာတော့ မထိခိုက်သွားလောက်ပါဘူးနော် 🙂

  • ငပေါက်ဖော်

    December 27, 2011 at 4:02 pm

    Registry ထဲမှာသာ ရမ်းသမ်း မဖျက်မိရင် ပြဿနာမရှိဘူးကွဲ ့..ချာချာရဲ့

Leave a Reply