Facebook နှင့် Twitter စသည်တို့ကို အလွန်အကျွံ သုံးပါက အချိန်မလေးစားခြင်း၊ အာရုံစူးစိုက်မှု အားနည်းခြင်း၊ လူမှုဆက်ဆံရေး အရည်အသွေး ကျဆင်းခြင်းတို့ ဖြစ်နိုင်
လူမှုကွန်ရက် ၀က်ဘ်ဆိုက်များ ဖြစ်သည့် Facebook နှင့် Twitter ကဲ့သို့သော ၀က်ဘ်ဆိုက်များကို အလွန်အကျွံ သုံးပါက အချိန် မလေးစားသော၊ အာရုံစူးစိုက်မှု အားနည်းသော၊ လူမှုဆက်ဆံရေး အရည်အသွေး ကျဆင်းသော မျိုးဆက်တစ်ခုကို ဖြစ်ပေါ်စေနိုင်ကြောင်း အောက်စဖို့ဒ်တက္ကသိုလ် ပါမောက္ခတစ်ဦးက သတိပေး ပြောကြားခဲ့သည်။
ယင်းဝက်ဘ်ဆိုက်များကို အလွန်အမင်း စွဲလမ်း အသုံးပြုပါက ဦးနှောက် ပြန်လန်းဆန်းအောင် လုပ်ဆောင်မှုများ အပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း အောက်စဖို့ဒ် တက္ကသိုလ်မှ ဆေးဝါးဗေဒဆိုင်ရာ ပါမောက္ခ
ဘာရွန်နက်စ်ဆူစန်ဂရင်းဖီးက ပြောကြားသည်။ အင်တာနက်ဂိမ်းများကို အလွန်အကျွံ ကစားသကဲ့သို့ပင် လူမှုကွန်ရက် ၀က်ဘ်ဆိုက်များအား အရူးအမူး အသုံးပြုပါက မျက်နှာချင်းဆိုင် တွေ့ဆုံ စကားပြောနိုင်သည့်
အရည်အသွေးကဲ့သို့သော ကိုယ်ရည်ကိုယ်သွေးများ ကျဆင်း စေနိုင်ကြောင်း Royal Institutino မှ သုတေသနအဖွဲ့ ညွှန်ကြားရေးမှူးဟောင်းလည်း ဖြစ်သူ ဂရင်းဖီးက ပြောကြားခဲ့သည်။
Twitter ကို အလွန်အမင်း သုံးစွဲသူများတွင် တီထွင်ဆန်းသစ်နိုင်မည့် အရည်အသွေး ယုတ်လျော့သွားမည်ကို စိုးရိမ်မိကြောင်း ၎င်းက ပြောကြားခဲ့သည်။ လူမှုကွန်ရက် ၀က်ဘ်ဆိုက်များကို အလွန်အကျူး သုံးစွဲသူတို့တွင်
ကိုယ့်ကိုယ်ကို မည်သူ ဖြစ်ကြောင်း အလွန်အကျွံ ဖော်ညွှန်းမှု ပဋိပက္ခ ကြုံရနိုင်ကြောင်း၊ သူတပါး အပေါ် လွှမ်းမိုးနိုင်ရေးအတွက်သာ စဉ်းစားတွေးခေါ်နေတော့မည် ဖြစ်ကြောင်း အောက်စဖို့ဒ်တက္ကသိုလ် ပါမောက္ခက
ထောက်ပြခဲ့သည်။
Facebook သုံးစွဲသူ အချို့မှာ အခြားသူများက ၎င်းကို စောင့်ကြည့်မှု၊ လေးစား အထင်ကြီးမှု ရရှိသည့် ထင်ရှား ကျော်ကြားသူ ပေါက်စများ (mini celebrities) ဖြစ်လာရန် အမြဲတမ်း မျှော်လင့်နေကြောင်းလည်း ဂရင်းဖီးက ပြောကြားခဲ့သည်။
၎င်းတို့က Facebook အား အဖိုးထိုက်ပစ္စည်း အဖြစ် သဘောထားကြပြီး Facebook တွင် လူသိ အလွန်များသည့် နည်းလမ်းတစ်ခုတည်းကသာ ၎င်းတို့ မည်သူဖြစ်ကြောင်း ဖော်ညွှန်းနိုင်သည်ဟု ယူဆနေကြောင်းလည်း ၎င်းက သုံးသပ်ခဲ့သည်။
Eleven Media Group မှ ကူးယူဖော်ပြသည်။
ဟုတ်ပါတယ်…။ တစ်ခုတည်းကိုသာ အာရုံစိုက်ရတာများလာရင် ကိုယ့်ဘာသာကိုယ်တောင် ထမင်းစားပြီးပြီလား ဆိုတာကို မမှတ်မိဘဲ ဖြစ်နေမိပါတယ်။
Was this answer helpful?
LikeDislikeကျနော်တို. ဒီမန်းဂဇတ် ရွာကြီးကို facebook မသုံးပဲနေနိုင်တယ် ရွာထဲမ၀င်မနေနိုင်တာကျတော.
ဘယ်လို ဖြစ်မလဲ သိချင်လိုက်တာ
Was this answer helpful?
LikeDislikeဆက်စပ်မှုရှိမရှိတော့မသိပါဘူး… အင်တာနက်ကို နေ့ စဉ်နဲ့ အမျှ ငါးနှစ်လောက်သုံးပြီတဲ့နောက်ပိုင်းမှာ စာဖတ်စွမ်းရည်သိသိသာသာကျပါတယ်.. အရင်က ၀ထ္ထုရှည်ကြီးတွေကို ဆက်တိုက်မပြီးမချင်းဖတ်နိုင်ပေမဲ့ အခု အာရုံစူးစိုက်လို့ မရတဲ့အတွက် လေးငါးခါလောက်ခွဲဖတ်ရပါတယ်… ကျွန်တော်ဖတ်ဖူးတာတော့ facebook တစ်ခုထဲတော့မပြောထားဘူး… internet နေ့ စဉ်သုံးနေတဲ့လူဟာ အာရုံစူးစိုက်မှုကျတယ်လို့ တော့ ဖတ်ဖူးပါတယ်… ဟုတ်မယ်လို့ ထင်ပါတယ်..
Was this answer helpful?
LikeDislikeသိပ်မှန်တာပေါ့။ ကျွန်တော်နဲ့ တိုက်ဆိုင်တယ်။ အရင်က စာတစ်အုပ်ရရင် လက်ကမချတဲ့ ကျွန်တော် အခုဆိုရင် pamphlet တောင် ဆုံးအောင်မဖတ်ချင်တော့ ဘူး။ ပုံကြည့်တယ်။ စာဆိုရင် စာလုံးနည်းနည်းကြီးတာ လှတာပဲ ကြည့်တော့တယ်။
Was this answer helpful?
LikeDislikeကိုယ်တွေ့ပါပဲ…. ကျွန်တော် အင်တာနက် သုံးတတ်လာတာ တနှစ်ကျော်ကျော် ခန့်ရှိခဲ့ပါပီ ၊
ထမင်းစားချိန် ၊ အလုပ်လုပ်ရမဲ့အချိန် တွေ နဲ့ ပျင်းရိငေးမောခြင်းများအပါအဝင် အထက်ကအချက်အလက်
အတိုင်း တစ်ထပ်တည်းနီးပါး ဖြစ်ပျက်နေပါပီ ၊
Gtalk နဲ့ Facebook ကြားထဲမှာလူးလွန့်ကူးခတ်နေခဲ့ရင်း ခုနောက်ပိုင်း Mandalaygazette မန်ဘာ ဖြစ်လာ
ပြန်တော့ ပိုဆိုးတဲ့ အခြေအနေရောက် တော့မှာလဲ စိုးရိမ်နေမိပါတယ် ၊
ဘယ်လိုလုပ်ရင်ကောင်းမလဲ အကြံဥာဏ်လေးများ ရလိုပါတယ် ၊။
Was this answer helpful?
LikeDislikeဟိုမှာကတော့ Facebook and Twitter ပေါ့..
အဲတာပဲ အသုံးများကြတာကိုး..
ဒီမှာတော့ Gazette ပေါ့ဗျာ..
Was this answer helpful?
LikeDislike