အဝေးရောက်များအတွက်အမှတ်တရ …

fattyAugust 8, 20112min14715

ရန်ကုန်မှာမိုးကောင်းနေပါတယ် ….။
ဒီနေ့ဆိုနေတောင်ကောင်းကောင်းမထွက်ပါဘူး ….။
မနက်စောစော ရွှေတိဂုံ ရောက်ဖြစ်တာနဲ့ … အမှတ်တရ … ပုံတွေရိုက်လာတာတင်ပေးလိုက်ပါတယ် …။

ငယ်ငယ်တုန်းက ကစားစရာလေးတွေ ပြန်သတိရလို့ပါ။ ဟိုတုန်းကတော့ စောင်းတန်းတလျှောက်မှာ ဗုံသံလေးတွေ အိုးစည်သံလေးတွေ လင်းကွင်းသံလေးတွေ ညံနေတာဘဲ။
အခုတော့ မကြားရတော့ပါဘူး …။ ( auto shot )

ရောင်စုံထီးလေးတွေ … တနေ့တနေ့ အတော်ရောင်းရမှာပါ .. အပူတွေသောကတွေ ငြိမ်းစေဖို့ လှုဒါန်းကြတာဆိုတော့ … လူတိုင်း အပူမီးသောကမီးမကင်းကြဘူးလေ ။

ကောင်းကင်ကလည်းမှိုင်းနေတယ် မနက်စောစောလည်းဖြစ်နေတာမို့ manual နဲ့ဘဲ
ရိုက်ယူရပါတယ်။

ဂြိုလ်ညံ့ဂြိုလ်ဆိုးတွေ ပြေရာပြေကြောင်း ….။

သူတို့လေးတွေလဲစားရသောက်ရတာပေါ့ …။

စိတ်ငြိမ်းချမ်းမှုပေးသူနှင့် လိုက်နာ ရှာဖွေကျင့်ကြံနေသူများ …..။

ရင်ပြင်တော်ပေါ်တွင် ဘုရားဖူးများတစတစရောက်ရှိ
လာချိန် .. မိုးလေးကလည်းတဖြောက်ဖြောက်မို့
ကျနော်လည်း ပြန်ခဲ့ပါတော့တယ်။

ကျေးဇူးတင်လျှက် …………………………….။

15 comments

  • aungnng87

    August 8, 2011 at 12:42 pm

    ရွှေတိဂုံဘုရားကြီးကိုမြင်လိုက်ရတော့စိတ်ထဲမှာပြောမပြတတ်တဲ့ခံစားမှုတမျိုးဖြစ်ပေါ်လာတယ်။

  • manawphyulay

    August 8, 2011 at 12:54 pm

    လေးဖက် မီးဖို့ကို ဖိုးဝရုပ်လေးဝယ်ခဲ့ပေးတာဟုတ်ဘူး။ မှာထားတာကို နောက်တစ်ခါဝယ်ခဲ့ပေးနော်…

  • MaMa

    August 8, 2011 at 5:01 pm

    ရွှေတိဂုံရဲ့ ပုံရိပ်အစုံကို စုံစုံလင်လင် ထင်ဟပ်နိုင်ပါပေတယ်။

  • fatty

    August 8, 2011 at 10:00 pm

    ပုံတွေအများကြီးရိုက်ထားပေမဲ့ နှေးတော့ အားလုံးမတင်နိုင်ဘူး ….
    ဖိုးဝရုပ်လိုချင်ရအောင်ညည်းက ပိန်ပိန်လေး …….
    ရွှေတိဂုံပေါ်က ကျောင်းသား ၁ဝ ဦးဆုံတဲ့ သမိုင်းဝင် မော်ကွန်းကျောက်စာသွားရိုက်တော့ လုံခြုံရေးက
    အဲဒီနေရာ ဓါတ်ပုံမရိုက်ရ ပါဘူးခင်ဗျာတဲ့ လျှော့ရှိလို့တဲ့ ….။
    ဓါတ်ပုံတွေကျန်သေးတာမို့ … နောင်အချိန်ရရင်ထပ်တင်ပါရစေ ……………….။

  • maythakhin

    August 8, 2011 at 11:19 pm

    တင်လို့ရပါတယ် ( သူကြီးကိုယ်စားပြောတာပါ) အဝေးရောက်တဲ့ လူတွေအတွက် ။ အဝေးရောက်နေတဲ့ မြန်မာတွေအတွက် တန်ဖိုးရှိပါတယ်။

    • redbull

      August 8, 2011 at 11:35 pm

      အဝေးရောက် တဲ့ နိုင်ငံသားတွေအတွက် မြန်မာတွေအတွက် အရမ်းကိုတန်ဖိုးရှိတာ..
      ကိုဖက် ရေ တွေ့တယ်နော်. ခွင့်ပြုတယ် တင်လို့ရတယ်တဲ့. ဘယ်တုန်းက admin ရာထူးရသွားလဲမသိဘူး.
      တင်ရင် သေချာတင်နော် . တော်ကြာ ၂ဝ .. ဆိုတာကြီး ကိုလန့်လို့ပါ ..

  • Mee2

    August 8, 2011 at 11:41 pm

    အော် fatty ရေတင်လို ့ရပါတယ်တဲ့တင်ပေးလိုက်ပါနော်။ရွှေတိဂုံစေတီ စနေထောင့်က ပုံကိုမရိုက်ရဘူးတဲ့လား။ကျောင်းသားက ၁ဝဦးမဟုတ်ပါဘူး ၁၁ ဦးပါ။မထမကောလိပ်ကျောင်းသား ၁၁ ဦးဟာ ၁၉၂ဝ ပြည့် ဒီဇင်ဘာ ၃ ရက်သောကြာနေ ့မှာ ရွှေတိဂုံစေတီရဲ ့စနေထောင့်မှာ သစ္စာဆို အဓိဌာန်ရေးခဲ့ကြတာ။အင်္ဂလိပ်လိုရေးခဲ့တာနော် အဲဒီတုန်းက။သိချင်ရင်ရေးပြပါမယ်

  • fatty

    August 9, 2011 at 3:57 pm

    ရိုက်ခဲ့ပါတယ် နောက်တော့တင်ပါ့မယ်နော

  • moonpoem

    August 9, 2011 at 4:00 pm

    ကျောင်းသား က ၁၁ဦးလား။ ၁ဝဦးပဲထင်နေတာ ကျေးဇူးပဲဗျို ့။ ဒီပိုစ့်ကိုဖတ်တာ အကျိုးရှိသွားပြီ

  • MOEPWINTPHYU

    August 9, 2011 at 4:06 pm

    အဲဒီအကြောင်းတွေရေးပါအုံး မသိလိုပါ အခုမှကြားဖူးတာ

  • etone

    August 9, 2011 at 4:58 pm

    ယတြာသွားချေရင်း ရိုက်လာခဲ့တာလားဟင် ။

    • etone

      August 9, 2011 at 4:59 pm

      ဘုရားပြင်ပြီး သုံးလလောက်မှာ ကျွန်မရိုက်ထားတဲ့ပုံလေးတွေ ရှိသေးတယ် … တင်ပေးပါဦးမယ် … အတော်တန် နားမလည်နိုင်တဲ့… ပုံမျိုးမို့… တင်သင့်မတင်သင့် စောင့်နေတာ နှစ်ပတ်လည်သွားပြီ 🙄

  • ဆူး

    August 9, 2011 at 9:05 pm

    အပေါ်က စက္ကူနဲ့ လုပ်ထားတဲ့ အရုပ်ကလေးတွေ အခုခေတ် ကလေးတွေ ဆော့တောင် မဆော့တော့ဘူး ထင်ပါတယ်။
    ရိုးရာ အရုပ်လေးတွေ မျက်နှာ မပွင့် ဖြစ်နေကြတယ်။

    ငယ်ငယ်ကတော့ အဲလို အရုပ်ကလေးတွေ ဆော့ခဲ့ဖူးတယ်။

  • zay

    November 2, 2011 at 10:06 pm

    ရွှေတိဂုံ အတူဖူးခဲ့တာကို သတိရမိတယ် u fatt ရေ ခုတော့—— thank

Leave a Reply