ဘောလုံးသမားများ ဒီကိုလာ

မောင် ပေAugust 8, 20111min19610

ဘောလုံး သမား များ ဒီကိုလာပါ ဆိုလို ့ ၊ ဘောလုံးကန် အားကစား သမား တွေ ကို ဆိုလိုခြင်း မဟုတ်ပါဘူး ။

သို ့သော် ကျွန်တော် တင်တဲ့ ခေါင်းစဉ် ကို ကြည့်ပြီးရင် ဘောလုံးပွဲ လောင်းသူတွေ က တော့ တန်းသိကြမှာပါ ။

ယနေ ့ခေတ် မှာ ဘောလုံးပွဲ ကို ငွေကြေးဖြင့် လောင်းကစား ပြုလုပ်ခြင်း ကို ယောက်ျားသားများသာ မက အမျိုးသမီးများပါ ပြုလုပ်လာကြတာ ကို တွေ ့မြင်ကြရမှာပါ ။

( အမှန်က ဒီစာကို 7.8.2011 ကွန်မြူနတီ ဒိုင်း မကန်ခင် ကတဲက တင်ချင်နေခဲ့တာပါ ။ သို ့သော် အခု မှ တင်ရတဲ့ အတွက် နဲနဲ ပြည့်စုံအောင် ထပ်တွေးမိပါတယ် ။ အခု ပို ့စ် ဟာ လုံးဝ ပြီးပြည့်စုံတဲ့ ပို ့စ် မဟုတ်ပါ ။ စာဖတ်သူများ ရဲ  ့ ကွန်မင့် များ ဖြင့် အတွေ ့အကြုံလေးများ ကို ဖလှယ်ပေးမှ ပို ပြည့်စုံလာမှာပါ  )

ဦးစွာ ပြောလိုတာက ကျွန်တော် က ဘောလုံးပွဲ လောင်းရတာ ဝါသနာကြီးတဲ့ သူ တစ်ယောက်ပါ ။ များသော အားဖြင့် အထက်ကြေး လောင်းတတ်သူ ဖိုက်တာ တစ်ယောက်ပေါ့ နော် ။

ပြီးခဲ့တဲ့ ၅ လပိုင်း လ ဝက် လောက် က နေ ၊ သမ္မတကြီး  ရဲ  ့ဆန္ဒ အရ ချဲထီ ၊ ၂ လုံး ထီ ၊ ဘောလုံး ဒိုင်များ ကို ရဲများက အသည်းအသန် လိုက်ဖမ်းပါတယ် ။

အဲဒီမှာ ဘာဖြစ်သလဲ ဆိုရင် ထိုးသားတွေ ၊ လောင်းကစား လုပ်တဲ့ သူတွေ ပဲ အဓိက နစ်နာ ကြရတာပါ ။  ဥပမာ တစ်ခု ပြောရရင် ၅ လပိုင်း ထဲ မှာ ၊ ဘောလုံးပွဲ လောင်းသူ များ အတွက် တစ်ကယ့် ပွဲကောင်း ၂ ပွဲ ဖြစ်တဲ့  ချန်ပီယံ လိဂ် ဖိုင်နယ် ပွဲ နဲ ့ ၊ အီတလီ ကိုပါအီတာလီယာ ဖလား ဖိုင်နယ်ပွဲ ၂ ပွဲ ရှိခဲ့ပါတယ် ။ မြန်မာနိုင်ငံသားများ ရဲ  ့အသည်းစွဲ ပရီးမီးယား လိဂ် ၊ အီတလီ စီးရီးအေ ၊ စပိန်လာလီဂါ ပွဲစဉ်များ ပြီးသွားခဲ့တဲ့ အချိန်ပေါ့ ။ တစ်ရာသီ စာ ( ဩဂုတ်လ မှ နောက်နှစ် မေလ အထိ ၁ဝ လကြာ ) လောင်း ခဲ့သူ တွေ မှာ အခြေအနေ ကောင်းခဲ့သူ တွေ လည်း ရှိသလို အခြေအနေ မလှခဲ့သူ တွေ လည်း ရှိပါတယ် ။ သူတို ့ဟာ နောက်ဆုံးပိတ် ပွဲ ၂ပွဲ ဖြစ်တဲ့ ချန်ပီယံ လိဂ် ဖိုင်နယ် နဲ ့ ကိုပါအီတာလီယာ ဖိုင်နယ် ကို စောင့်မျှော်နေခဲ့ကြပါတယ် ။ ချန်ပီယံ လိဂ် ဖိုင်နယ် မှာ စပိန်က ဘာစီလိုနာ အသင်းနဲ ့ အင်္ဂလန် က မန်ချက်စတာ ယူနိုက်တက် အသင်းတို ့ကန်ခဲ့ပါတယ် ။ ဘာစီလိုနာ အသင်း က အနိုင်ရရှိခဲ့ပါတယ် ။ ထို ့အတူ ထိုးသား (လောင်းကစားသမား) တော်တော်များများလည်း အခြေအနေ လှခဲ့ပါတယ် ။  သို ့သော် မြန်မာနိုင်ငံ ဘောလုံးချစ်သူ များ အတွက် မန်ချက်စတာယူနိုက်တက် ( အတိုကောက် = မန်ယူ ) အသင်း ဟာ အသည်းစွဲ အသင်းပါ ။ အသင်းစွဲ ပြီး မန်ယူ မှ မန်ယူ ဖြစ်ခဲ့သူ တစ်ချို  ့အတွက်တော့ ကာလာ မလှ ခဲ့ပါဘူး ။  ဒီ ချန်ပီယံ လိဂ် နဲ ့ အခြေအနေ ကောင်းခဲ့သူ တွေ ရော ၊ ပလုံ သွားခဲ့သူတွေ ရော ဟာ ၊ နောက်ဆုံးပိတ် အိတ်နဲ ့လွယ်ဖို  ့ ၊ ချန်ပီယံ လိဂ် အပြီး နောက်တစ်ပါတ် မှာ ၊ ကန်မယ့်  ကိုပါ အီတာလီယာ ဖိုင်နယ် ကို စောင့်မျှော်နေကြပါတယ် ။ ဖိုင်နယ် ပွဲ ကို အင်တာမီလန် အသင်း နဲ ့ပါလာမို အသင်း ကစားကြမှာ ဖြစ်ပါတယ် ။ ဘောလုံးပွဲလောင်းသူ တော်တော် များများ ဟာ အင်တာမီလန် အသင်း ကို အားပေးဖို ့အတွက် စောင့်မျှော်နေခဲ့ကြပါတယ် ။ ကန်မယ့်နေ ့မှာ ၊ ပေါက်ကြေး ထွက်လာတာ ကတော့ အင်တာမီလန် အသင်း အနေ နဲ ့ တစ်ဂိုးသွင်းရင် ပြား၅ဝ ရှုံး တဲ့  ၊ ဈေး ဖွင့်လာပါတယ် ။ ( ၁၀ဝ ကျပ် လောင်းထားလို ့ အင်တာမီလန် က ၁ ဂိုး၊ဂိုးမရှိဖြင့် နိုင်ခဲ့မယ် ဆိုရင် လောင်းတဲ့သူ က ၅ဝ ကျပ် အရှုံးပါ ။ ၂ ဂိုးပြတ် နဲ ့ အနိုင်ရမှ လောင်းတဲ့သူ က အပြည့် နိုင်ပါမယ် ၊ ၅ % ကို အကောက်နှုတ်ပါတယ် ) သို ့သော် အင်တာမီလန် အသင်း နှင့် ပါလာမို အသင်းကြား ကစားသမားကောင်း ကွာခြားမှု ၊ အောင်မြင်မှု စိတ်ဓါတ် ဆာလောင်မှု အနေအထား အရ အင်တာမီလန် ကို ပဲ လောင်းကြပါတယ် ။ မလောင်းရသေး သူ များလည်း လောင်းဖို ့တာဆူ နေခဲ့ပါတယ် ။ အဲဒီ အချိန်မှာပဲ သမ္မတ ကြီး ရဲ  ့လမ်းညွှန်ချက် အရ ၊ ရဲများ က လိုက်ဖမ်း တဲ့ အတွက် ဒိုင်များ က ၊ အဆိုပါ အီတာလီယာ ဖိုင်နယ် ပွဲစဉ် ကို ဈေးဖွင့်ပြီးသား ဖြစ်ပေမယ့် ပိတ်ပစ်ခဲ့ပါတယ် ။ အနည်းငယ်သော ဒိုင်အချို  ့သာ ဆက်လက် ဖွင့်ခဲ့ပါတယ် ။ ပြောချင်တာကတော့ ဒိုင်တွေ အနေအထားဖြင့် ၊ အဆိုပါ ပွဲ ကို မဖွင့်ချင် ပဲ ဖွင့်ခဲ့ရတာပါ ။ သူတို ့ရဲ  ့အတွေ  ့အကြုံ အရ ၊ ဒီပွဲ ကို ဖွင့်ရင် လောင်းမယ့်သူတွေ ကြိမ်းသေ အနိုင်ရရှိတဲ့ အနေအထား ရှိတယ် ၊သူတို ့ဆုံးရှုံးမယ်ဆိုတာ ကို သိရှိခဲ့ပါတယ် ။ အဲဒီမှာ သူတို ့အတွက် ကံကောင်းသွားတာ က တော့ ရဲများ က လိုက်ဖမ်းခြင်းပါပဲ ။ အခြေအနေ မကောင်းလို ့ဟု ဆိုကာ ပိတ်ပစ်ခဲ့ပါတယ် ။ တစ်ကယ်တမ်း နစ်နာကြရတာ ထိုးသား တွေ ပါ ပဲ ။ ရဲ က ဖမ်းတယ် ။ ဒိုင် က ပိတ်တယ် ။ ဒိုင် ပိတ်တော့ ကြိမ်းသေ ငွေရမယ့် ပွဲ တစ်ပွဲ လွတ်သွားပါတယ် ။ ဒီနေရာ မှာ ပွဲပြီး မှ  ဒီစကား ပြောတယ် လို ့တန်ပြန် ပြောဆိုလာခဲ့ရင်တော့ ၊ အဆိုပါ အင်တာမီလန် နဲ ့ပါလာမို ပွဲ ကို ကြုံခဲ့တဲ့ ဘောလုံးပွဲ လောင်းသူ များ ကို မေးမြန်း ကြည့်နိုင်ပါတယ် ။ စာဖတ်သူများ ကြားဖူးနေကြ  ရှေးတုန်းက ပြောစကား တစ်ခွန်းလို ဖြစ်ခဲ့ပါတယ် ။ “ လမ်းထွက်ရင် ၊ အိတ်ထဲ ပိုက်ဆံ တစ်မတ် ထည့်ယူသွား ၊ လမ်းမှာ ဆင်တစ်ကောင် တစ်မတ်နဲ  ့ချရောင်းတာတွေ ့နေမှ ၊ အိတ်ထဲ တစ်မတ် မပါရင် မဝယ်လိုက်ရပဲ ဖြစ်နေမယ် ” ဆိုတာမျိုး ၊ ဘောလုံးပွဲ လောင်းသူ များ ကြုံ ခဲ့ ရပါတယ် ။

ကျွန်တော် ကိုယ်တိုင် လည်း အဆိုပါနေ ့က ၊ အင်တာမီလန် အသင်း ကို လောင်းပြီးသားပါ ၊ ပွဲမစခင် မှာပဲ ဒိုင်က အကြောင်းပြန်ကြားလာပါတယ် ။ အခြေအနေ မကောင်းလို ့ပိတ်ပြီ တဲ့ ။

ပွဲအပြီး အဖြေ မှာ အင်တာမီလန် အသင်း က ပါလာမို အသင်း ကို ၃ ဂိုး ၁ ဂိုး ဖြင့် အနိုင်ရရှိခဲ့ပါတယ် ။ တစ်ကယ်လို ့အခြေအနေ ပုံမှန်မျိုး မို ့ ၊ ပုံမှန် ဖွင့်ပေးခဲ့မယ် ဆိုရင် လောင်းသူ တော်တော် များများ ပိုက်ဆံ ရကြမှာပါ ။

မနှစ်က တန်ဆောင်တိုင် ပွဲတော် မှာ တောင်ကြီးမြို  ့သို ့၊ အလည်အပတ် အဖြစ် ကျွန်တော် ရောက်ရှိခဲ့ပါတယ် ။ သူငယ်ချင်း တစ်ယောက် ရဲ  ့အိမ်မှာ တည်းခို ခဲ့ပါတယ် ။ ကျွန်တော့် သူငယ်ချင်း ဟာ အချမ်းသာကြီး လို ့မဆိုနိုင်ပေမယ့် ၊ စားနိုင်သောက်နိုင် ပိုက်ဆံရှိတယ် လို ့ပြောလို ့ရ ပါတယ် ။ အဲဒီမှာ ဘာကို တွေ ့ခဲ့သလဲ ဆိုရင် ။ သူငယ်ချင်း ရဲ  ့ဖခင် ( စီးပွားရေး လုပ်ငန်းများ မှ အငြိမ်းစားယူထားသူ ) ဟာ ၊ သူ ့ရဲ  ့နေ ့တဓူဝ လုပ်ငန်းစဉ် အနေနဲ  ့ မနက်ဆို လမ်းလျှောက်ထွက် ၊ မိတ်ဆွေ များ ဖြင့် လဘက်ရည် ဆိုင်ထိုင် ၊ စီးပွားရေး ၊ လူမှုရေး ၊ နိုင်ငံရေး အစရှိသဖြင့် အလာပ သလာပ ပြော ၊ နေ ့လည် ထမင်းပြန်စား ၊ အိမ်မှာ အခွေကြည့် ၊ ရုပ်သံလိုင်းများ ကြည့် ၊ တစ်ရေးအိပ် ၊ ဘောလုံးပွဲ ရှိသည့် နေ  ့မျိုးဆိုရင် ၊ တစ်ပါတ် အတွင်း ထွက်သမျှ အားကစားဂျာနယ် တွေ ထိုင်ဖတ် ၊ အချက်အလက်တွေစု ပြီး ၊ သူ ့စိတ်ထဲ အသေချာဆုံး ပွဲ တွေ ကို လောင်းပါတော့တယ် ။  ပြီးရင် သူလောင်းထားတဲ့ ဘောလုံးပွဲ တွေ ကို ရုပ်သံလိုင်းများ ကနေ ဖမ်းယူ ကြည့်ရှူပါတယ် ။ ကျွန်တော် ထိုအန်ကယ် ဖြင့် စကားပြော စပ်စု ကြည့်တော့ ၊ သူ ့အနေနဲ ့တော်တော်လေး အဆင်ပြေနေကြောင်း ကို သိရပါတယ် ။ လောင်းကစား လုပ်တယ် ဆိုတာ မကောင်းပါဘူး ။ ဒါကို သူလည်း လက်ခံပါတယ် ။ ကျွန်တော်လည်း လက်ခံပါတယ် ။ ဒါပေမယ့် တစ်ကမ္ဘာလုံး က လုပ်နေကြတဲ့ ကိစ္စ မှာ ၊ ကိုယ် ပါ ဝင်လုပ် မယ်ဆိုရင် ၊ ကိုယ် ဝါသနာ ပါတယ် ဆိုရင် ၊ ကိုယ့်အတွက် နစ်နာမှု ၊ ဆုံးရှုံး မှု အနည်းဆုံး ဖြစ်အောင် ရှာလို ့ရပါတယ် ။

ဒီနေရာမှာ ရရှိခဲ့တဲ ့အတွေးအခေါ်လေးက ။ ဆပ်ကပ်တွေ ထဲ မှာ ခြင်္သေ့ နဲ ့ဆော့ကစား ပြ တဲ့ ဆပ်ကပ်သမား တွေ ကို တွေ ့မြင်ဖူး ၊ ကြားဖူးကြမှာပါ ။ ခြင်္သေ့ ဆိုတာ အသားစား တဲ့ ရက်စက်ရိုင်းစိုင်းကြမ်းကြုတ် တတ်တဲ့ အင်အားကြီး သတ္တဝါမျိုးပါ ။ ဒီလို ကြမ်းတမ်းတဲ့ သတ္တဝါ ကြီး နဲ ့ဆော့ကစား ပြတဲ့ ဆပ်ကပ်သမား ဟာ သူ ့အတွက် ဆုံးရှုံးမှု ၊ နစ်နာမှု ၊ ထိခိုက်မှု မရှိအောင် အတတ်နိုင်ဆုံး ကြိုတင် ပြင်ဆင်ပြီး မှ ၊ ဆပ်ကပ်ကြည့်နေသူ ပရိသတ်ကြီး  ကို ဖျော်ဖြေ ပြတာပါ ။ ဒီလိုပါပဲ ၊ ဘောလုံးပွဲ လောင်းကစား တယ်ဆိုတာ က လည်း ၊ ကိုယ်လောင်းမယ့် ဘောလုံးပွဲ အကြောင်း ကို ဘာမှ မသိ ၊ ဘာမှ နားမလည်ပဲ လောင်းကစား လို ့မရပါ ။ လောင်းတယ် ဆိုကတဲ က အောင်မြင်နိုင်ခြေ ရာခိုင်နှုန်း က ဒိုင်ဘက် မှာ ပိုများပါတယ် ။ ထိုးသား ဘက် မှာ ရာခိုင်နှုန်း နဲ ပါတယ် ။ ဒီတော့ ထိုးသား များ အတွက် ရာခိုင်းနှုန်း များလာအောင် စဉ်းစားရပါမယ် ။ ဘောလုံးပွဲ လောင်းကစား ခြင်း မှာ ၊ ဘော်ဒီ ၊ ဂိုးပေါင်း ၊ ဖိုးကပ်စ် ဆိုပြီး အဓိက အားဖြင့် ၃ မျိုး လောင်းကစားကြလေ့ ရှိပါတယ် ။ ဘော်ဒီလောင်း ကစား ခြင်း ဆိုတာ ကို ပြောပြချင်ပါတယ် ။ သိရှိပြီးသား စာဖတ်သူများ အနေဖြင့် သည်းခံ ဖတ်ပေးကြပါ ။

ဘော်ဒီ လောင်းတယ် ဆိုတာ ဘောလုံးပွဲ တစ်ပွဲ မှာ ကန်ကြတဲ့ အသင်း နှစ်သင်း အနက် မှ တစ်သင်း ကို ရွေးခြယ် လောင်းခြင်းပါ ။ ဘောလုံးပွဲ တစ်ပွဲ မှာ ကန်ကြတဲ့ အသင်းနှစ်သင်း ရဲ  ့ခြေစွမ်း ၊ ကစားသမား ကွာခြား မှု အပေါ်မူတည်ပြီး အထက်ကြေး ၊ အောက်ကြေး ဆိုပြီး ဖွင့်ပါတယ် ။ ခြေစွမ်းပိုကောင်း ၊ ကစားသမားကောင်းများ ပို ပိုင်ဆိုင် တဲ့ အသင်း ကို အထက် အသင်းအဖြစ် သတ်မှတ်ပြီး ကျန်အသင်း ကို အောက်အသင်း အဖြစ် သတ်မှတ်ပါတယ် ။ ဥပမာ ဆိုရရင် စာဖတ်သူ တော်တော်များများ သိရှိကြမယ့် မန်ချက်စတာ ယူနိုက်တက် အသင်း နဲ ့ မြန်မာနိုင်ငံ ဘောလုံးအသင်း တို ့ ဘောလုံးကစားကြတော့ မယ် ဆိုပါစို ့။ လောင်းကစား ဒိုင်များ က ဖွင့်မယ် ဆိုရင် မန်ချက်စတာ အသင်းကို အထက်ကြေး ဖွင့်မှာပါ ။ တစ်လုံး ဂိုး ဝင် ရင် ဘယ်လောက် ရာခိုင်နှုန်း ရှုံး ဆိုပြီး ဖွင့်ကောင်း ဖွင့်နိုင်ပါတယ် ( ဥပမာ ပေးထားခြင်း ဖြစ်ပါတယ်နော် ) ၊ မန်ယူ နဲ ့မြန်မာ ကန်ကြမယ့် ဟာ ကို ဈေးအနေနဲ ့ တစ်လုံး သွင်းရင် ၅ဝ ရှုံး ဆိုကြပါစို ့ဗျာ ။ ၁၀ဝ ကျပ် လောင်းထားခဲ့လို ့မန်ယူ ဘက် က လောင်းခဲ့မယ် ဆိုရင်  ၊ (၁-၀) ဆိုပြီး ပွဲပြီး ခဲ့ ရင် ၊ မန်ယူ ဘက် က လောင်းသူ ဟာ ၅ဝ ကျပ် ရှုံးပါမယ် ။ မြန်မာ ဘက် က လောင်းသူ ဟာ ၄၅ ကျပ် အနိုင်ရရှိပါမယ် ။ ဒီနေရာ မှာ ၅ ကျပ် ဘာလို ့ကွာရသလဲ ဆိုရင် ။ ၅ ကျပ် က ဒိုင် ကို အကောက် ပေးရတာပါ ။  တစ်ကယ်လို ့၁ လုံး သွင်း ၅ဝ နိုင် ဆိုတဲ့ ဈေး ဖွင့်ခဲ့မယ် ဆိုရင် ၊ (၁-၀) နဲ ့ပွဲပြီး ခဲ့ ရင် မန်ယူ လောင်းသူ က ၄၅ ကျပ် နိုင်မှာ ဖြစ်ပြီး မြန်မာ လောင်းသူ ကတော့ ၅ဝကျပ် ရှုံး မှာ ဖြစ်ပါတယ် ။ ဒီလောက် ဆိုရင် ဘော်ဒီလောင်းခြင်း ကို မသိရှိသူများ အနေနဲ ့ သဘောပေါက်ကြမှာပါ ။

ဘောလုံးပွဲ တော်တော် များများ မှာ ၊ အောက်ကြေးစားတာ များပါတယ် ။ ၁ဝ ပွဲ ကန် ခဲ့ ရင် ၁ဝ ပွဲလုံး အထက်ကြေးစားတယ် ဆိုတာ အလွန်အင်မတန် မှ ဖြစ်ခဲပါတယ် ။ အထက်ကြေး အလွန်ဆုံး စား မှ ၁ဝ ပွဲ ကန် ရင် ၃ ပွဲ ၊ ၄ ပွဲ လောက်ပါပဲ ။  ၁ဝ ပွဲကန် ၁ဝ ပွဲလုံး အထက်ကြေး အောင်ဖို ့ဆိုတာ မဖြစ်နိုင်ပါဘူး ။ မလွယ်ပါဘူး ။ ဒီအကြောင်း ကို နောက်ပို ့စ် မှာ ဆက်ရေးပြပါမယ် ။  ၁ဝ ပွဲ ကန် ခဲ့ ရင် ရ ပွဲလောက် အောက်ကြေး စား တာ များပါတယ် ။ သို ့သော် ဘောလုံးပွဲ လောင်းကစား သူ တော်တော် များများ ဟာ အောက်ကြေး ကို ရွေးခြယ်ခြင်း မရှိပါ ။ ဘောလုံးပွဲ လောင်းသူ ၁ဝ ယောက် ကို လေ့လာကြည့်ရင် ရ ယောက် က အထက်ကြေး ပဲ စွဲစွဲမြဲမြဲ လောင်းကြတာပါ ။ ဒီကိစ္စဟာ ဆိုက်ကို နဲ ့ဆိုင်မယ် ထင်ပါတယ် ။ 7.8.2011 မှာ ကွန်မြူနတီ ဖလား ပွဲ ကန်ခဲ့ပါတယ် ။ အင်္ဂလန် မှာပါ ။ ပရီးမီးယားလိဂ် လို ့ခေါ်တဲ့ အမှတ်ပေး ပွဲစဉ် များ မကန်မှီ ၊ ဖွင့်ပွဲ လို ့ပြောလို ့ရပါတယ် ။ မန်ချက်စတာ ယူနိုက်တက် နဲ ့မန်ချက်စတာ စီးတီး အသင်း ကစားခဲ့ပါတယ် ။ ပွဲ အပြီး မှာ မန်ချက်စတာ ယူနိုက်တက် အသင်းက ၃ဂိုး ၂ ဂိုး ဖြင့် အနိုင်ရရှိသွားပါတယ် ။  အဆိုပါ ပွဲ မှာ မန်ချက်စတာ ယူနိုက်တက် (မန်ယူ) အသင်း က အထက်ကြေး ပေါက်ပါတယ် ။ Level-40 သရေကျရင် ၄ဝ ရှုံး ပါ ။  ဒီပွဲ မတိုင် ခင် မှာ မန်ယူ အသင်းရော ၊ မန်စီးတီး အသင်းပါ ကစားသမား အသစ် ခေါ်ယူ အားဖြည့်မှု များ ပြုလုပ်ထားကြပါတယ် ။ မန်စီးတီး အသင်း ခေါ်ယူထားတဲ့ ကစားသမား အသစ်များ က ပိုပြီး နာမည်ကြီး ၊ ခြေစွမ်းပိုကောင်းတာ ဖြစ်လို ့ မန်စီးတီး အသင်းကို လောင်းသူ များ က အာရုံ ကြ ကြပါတယ် ။ မန်ယူအားပေးနေကြ ပရိသတ် အတော်များများ တောင်မှ ၊ ဒီလို တစ်ပွဲ ထဲ ကစားရတဲ့ ပွဲ မျိုး မှာ ၊ မန်စီးတီး အသင်းကို လောင်းမိကြပါတယ် ။  လောင်း မိတော့ ရှုံးသွားတာပေါ့ နော် ။ တစ်ခု ရှိတာ က ၊ ဒီပွဲ မတိုင်ခင် ကြိုထွက်တဲ့ ဘောလုံး ဂျာနယ် များ က ပါ မန်စီးတီး အသင်းဘက် အသားပေး  ရေးထားခြင်းကြောင့် လည်း ဖြစ်နိုင်ပါတယ် လို ့ထင်မိပါတယ် ။   မန်ချက်စတာ ယူနိုက်တက် နဲ ့မန်ချက်စတာ စီးတီး အသင်းတို ့ဟာ မြို  ့ခံ ပြိုင်ဘက် တွေ ပါ ။ တစ်မြို  ့ထဲ မှာ အခြေစိုက်တဲ့ ဘောလုံးအသင်း ၂ သင်း ဖြစ်ပြီး တစ်သင်းနဲ ့တစ်သင်း ပြိုင်ဆိုင် မှု ကြီးမားပါတယ် ။ ကစားခဲ့ရာမှာ ပထမပိုင်း ၄၅ မိနစ်တွင် မန်စီးတီး အသင်း က ၂ ဂိုး အသာနဲ  ့ဦးဆောင် နိုင်ခဲ့ပါတယ် ။ ဒုတိယ ပိုင်း မှာတော့ မန်ယူ အသင်း က ခြေပဂိုး ၂ ဂိုး ပြန်သွင်းယူ နိုင်ခဲ့ပြီး ၊ မိနစ် ၉ဝ ပြည့်လို ့ပွဲမသိမ်းခင် နာကျင်ချိန် ၊ အချိန်ပို ပေးတဲ့ အချိန်ကြ မှ အနိုင်ဂိုး သွင်းယူ သွားခဲ့ခြင်းပါ ။  ဒီအတွက် မန်စီးတီး အသင်း ကို အားပေးခဲ့တဲ့ ပရိသတ်တွေ အတွက် ကတော့ ပါးစပ်နား ရောက်ခါနီး အစာ ပြုတ်ကျ သွားသလို ခံစားခဲ့ကြရပါတယ် ။ ကျွန်တော် လည်း ပါပါတယ် ။ ပွဲအခြေအနေ အသေးစိတ် ကို တော့ မရေးပြတော့ပါဘူး ။ မဖြစ်သင့်တာ တော်တော်များများ ဖြစ်ခဲ့ရတာတော့ ပွဲကြည့်ခဲ့သူ များ သိရှိကြမှာပါ ။ စာလည်း တော်တော် ရှည်နေပြီ မို ့ ဒီမှာပဲ ရပ်နား လိုက်ပါဦးမယ် ။ ဆက်လက်ပြီး ဂျာနယ် များ က လောင်းကစား သူ များ ကို တောခြောက်၊တောလှန် ့သလို လုပ်ကွက်များ ၊ ဒိုင်တွေ ရဲ  ့ဆိုက်ကို နည်းသုံး ပြီး ကြေးဖွင့် တတ် ပုံ များ ကို ရေးသား ပါဦးမယ် ။ အခု ပို ့စ်မှာ လိုနေသေးတဲ့ အကြောင်းအရာ များ ကို နောက်ထပ် ဆက်ရေးတင်ပါဦးမယ် ။ စာဖတ်သူများ ရဲ  ့အတွေးအမြင် ၊ အတွေ  ့အကြုံ လေးများ ကို လည်း ကွန်မန် ့များ အနေဖြင့် ဖတ်ရှူ ရမယ်လို ့မျှော်လင့်ပါတယ် ။ အထူးပြောချင်တာ တစ်ခုကတော့ စာဖတ်သူ များ ကို ဘောလုံးပွဲ လောင်းစေချင် လို ့ ဒီပို ့စ် ကို ရေးတင်တာ မဟုတ်ကြောင်းပါ ။ ဘောလုံးပွဲ လောင်း တာကို မသိသေးသူ များ အတွက် နှင့် ၊ သိရှိပြီး ကျွမ်းကျင်သူ များ ဖြင့် အပြန်အလှန် ဆွေးနွေးလိုသောကြောင့် ရေးတင်ထားခြင်း ဖြစ်ပါသည် ။

အထက်ပါ ပို ့စ်မှာ ရေးခဲ့သမျှ နဲ ့ပတ်သက်ပြီး အမှားအယွင်း ရှိပါက ရေးသူ  ကျွန်တော် ၏ အသုံးမကျ မှုကြောင့် သာ ဖြစ်ပါကြောင်း ။

( အားလုံး ကို ကျေးဇူးတင်ပါသည် )

10 comments

  • ပေစုတ်စုတ်

    August 8, 2011 at 5:30 pm

    ဘောလုံးသမားမဟုတ်လို ့လားမသိဘူးဗျို ့ ပိုစ့်ရဲ့ဆိုလိုရင်း ရှာမတွေ ့သလိုဖြစ်နေလို ့ပါဗျာ.. ဘောလုံးလုံးလောင်းတဲ့အကြောင်း ဗဟုသုတပေးတယ်လို ့ပဲ မှတ်သွားပါတယ်..

  • windtalker

    August 8, 2011 at 6:41 pm

    အေးဗျာ
    ဒီပို ့စ်အတွက် “ ပေစုတ်စုတ် ” မှာ ဗဟုသုတ ရခဲ့တယ် ဆိုရင်
    ကျေနပ်မိပါတယ် ။ ဒီပို ့စ်ဟာ ပြီးပြည့်စုံသေးတဲ့ ပို ့စ် မဟုတ်သေးဘူး ဝန်ခံပြီးသားပါနော် ။

    • ogre

      August 9, 2011 at 10:38 am

      တွေ့ပြီ.. ““ဒီမှာဘောလုံးဒိုင်တစ်ယောက်ဗျို့””

      အဲဒီဘောလုံးလောင်းတာကို လုံးဝနားမလည်တာ
      အခုလိုသေချာရှင်ပြတာ..ကျေးဇူးပဲဗျို့

  • naywoonni

    August 8, 2011 at 7:46 pm

    တော်ကာရေ….. ဘောလုံးပွဲ လောင်းတာ နှစ်လုံး သုံးလုံးထိုးတာက စနစ်ပြောင်းသွားပြီလေကွယ်…။ ဟန်းဖုန်း တစ်လုံးနဲ့ ကြိုက်သလောက် အလောင်း အစားလုပ်လို့ရနေပါပြီ..။ အချင်းချင်း စနည်းနာလိုက်ရင် ဒိုင်ရဲ့ ဖုန်းနံပါတ်ရလာပါလိမ့်မယ်…။ သေချာ စုံစမ်းပြီးလောင်းပေါ့…။ ပေါက်ကြေးနဲ့ ဂိုး စကိုးတွေက တော့ အွန်လိုင်းပေါ်မှာ ရှာကြည့်လို့ရပါတယ်ကွယ်…။ အဲဒိဝက်ဆိုဒ်တွေ ပိတ်မထားပါဘူး..။ နောက် သုံးလုံး ပေါက်ဂဏန်းကြည့်တဲ့ ဆိုဒ်ကလည်း ပိတ်သေးပါဘူး ..။ ဒီအတိုင်းဝင်ကြည့်လို့ရပါသေးတယ်..။

  • nature

    August 8, 2011 at 7:52 pm

    လောင်းကစားလုပ်တယ်ဆိုတာ နိုင်မယ်ထင်တဲ့ဘက်ကပဲ လောင်းကြတာပါ ။ လောင်းကစားလုပ်တဲ့သူ ၁၀ဝ ကို စစ်တမ်းကောက်ကြည့်ပါ။ မြတ်သလား ရှုံးသလားဆိုတာ။
    …ဒီပွဲ ကို ဖွင့်ရင် လောင်းမယ့်သူတွေ ကြိမ်းသေ အနိုင်ရရှိတဲ့ အနေအထား ရှိတယ် …
    လောင်းကစားမှာ ၁၀၀% သေချာတယ်ဆိုတာ မရှိပါဘူး။ လောင်းကစားနဲ့စီးပွားဖြစ်ဖို့ ၊ ငွေရဖို့ဆိုတာ မှန်ကန်တဲ့နည်းလမ်းလို့ မမြင်ပါ။ တယောက် နိုင်တယ်ဆို တယောက်က ရှုံးမှာပဲ။ ရှုံးတဲ့သူက ငွေမရှိရင်ဘာလုပ်မလဲ။ ငွေလွယ်လွယ်ရမဲ့ဒုစရိုက်မှုတွေလုပ်လာနိုင်ပါတယ်။
    လောင်းကစားလုပ်တဲ့သူတွေဟာ လဲ ကိုယ်ရှိတာနဲ့ ချင့်ချိန်ပြီး လုပ်တတ်ဖို့လိုပါမယ်။ သေချာပြီဆိုပြီး လောင်းတိုင်းမနိုင်တတ်ဖူးဆိုတာ ကြပ်ကြပ်သတိထားဖို့လိုပါမယ်။ သေချာပြီဆိုပြီး ပုံအော လိုက်လို့ ဘဝပျက်သွားသူတွေကို တွေ့ဖူးမှာပါ။

  • windtalker

    August 8, 2011 at 9:09 pm

    ဟုတ် အဘနေဝန်းနီ ပြောသလို ပါ ပဲ ။
    သို ့သော် ကိုနေချား ကို ပြောချင်တာကတော့
    ဘောလုံးလောင်းကစား ဆိုတာ မြွေနဲ ့ဆော့ကစား သလို မျိုးပါပဲ
    သေချာ လေ့လာ ၊ သေချာ ချည်းကပ် ပြီး မှ အသေချာဆုံး ကို ရွေးခြယ် ရင်
    ကိုယ့်အတွက် ရွှေပါပဲ ။
    ကိုနေချား ပြောတာ မှန်ပါတယ် ။ ဘယ်လောင်းကစား မှ မကောင်းပါဘူး ။
    ကျွန်တော် ရေးချင်တာ ပြောချင်တာ က
    မနေနိုင်လို ့၊ ဝါသနာ ကြီး လွန်းလို ့ လောင်းကစား မယ့် သူတွေ အတွက်
    အရှုံးနည်းစေမယ့် ၊ နည်းလမ်းများ ကို ဆွေးနွေးချင်တာပါ ။ ကိုယ်သိထားသမျှ လေးတွေ ကို
    ဝေမျှပေးချင်လို ့ဒီပို ့စ်ကို တင်တာပါ ။
    ကိုနေချားပြောသလို ဆိုရင် အမြဲပဲ ရှုံးမယ် ၊ လောင်းတိုင်း ရှုံးမယ် ဆိုရင် လောင်းကစားတဲ့ သူ ရှိတော့ မှာ မဟုတ်ပါဘူး ။
    နောက်ပြီး ရှုံးလို ့ဒုစရိုက် လုပ်တယ် ဆိုတာ ၊ ပညာမဲ့သူတွေ ရဲ ့အလုပ်ပါ ။
    ပညာရှိတဲ့ လောင်းကစား သမား က တော့ အမြဲတမ်း ချင့်ချိန်ပြီး ကစားနေတာပါ ။ အမြဲတမ်း ၁၀၀% နိုင် မယ်လို ့ကျွန်တော် လည်း မဆိုခဲ့ပါဘူး ။ သို ့သော် တစ်ကယ်လောင်းကစားနေတဲ့ သူတွေ ကို မေးကြည့်မယ် ဆိုရင် ၊ သေချာပေါက် နိုင်မယ့် ပွဲ မျိုးတွေ ရှိပါတယ် ၊ ဒါကလဲ အမြဲလောင်းကစား နေတဲ့ သူတွေ ကိုယ်တိုင် သာ သိနိုင်တဲ့ ability တစ်ခုပါပဲ ။
    ကျွန်တော် တို ့နိုင်ငံ မှာ လောင်းကစား ကို သီးသန် ့လုပ်ပြီး သူဌေးဖြစ်နေတဲ့ သူတွေ အများကြီး ဆိုတာ
    ကိုနေချား သိမှာပါ ။ မသိသေးရင်လည်း စုံစမ်းကြည့်ပါ ။ စီးပွားရေး လုပ်ငန်း တစ်ခု ကို ဘန်းပြ ပြီး လောင်းကစား ကို အခြေပြု ငွေရှာနေတဲ့ သူတွေ အများကြီး ရှိပါတယ် ။ တစ်ချို ့ ဆိုရင် စင်ကာပူ မှာ ဘဏ်အကောင့် လှမ်းဖွင့်ထားပြီး အွန်လိုင်း က ပါ လောင်းနေကြပါပြီ ။

  • windtalker

    August 9, 2011 at 12:24 pm

    ကိုဘီလူး
    ဘယ်နှယ့်လို ့ဘောလုံးဒိုင်ရမှာလဲ ဗျ
    လောင်းတဲ့ ကောင်ပါဗျ
    ဒိုင်မဟုတ်ပါဘူး
    အသာလုပ်ပါ
    တစ်ကယ် မှတ်လို ့လာစိနေဦးမယ်
    ကျုပ်သာ ဒိုင်ဆိုရင်တော့
    မြန်မာနိုင်ငံ က ရှိသမျှ အင်တာနက် လိုင်းတွေ အကုန်တပ်
    ကွန်နက်ရှင် ကို အမြန်ဆုံး လုပ်ပြီး
    ဂေဇက် မှာ နေ ့တိုင်း ပို ့စ် ၂ ခု
    တင်ချင်တယ်ဗျာ
    ဒိုင်မဟုတ်ပဲ ထိုးသား တစ်ယောက်သာမို ့
    စုတ်ပြတ်နှေးကွေးနေသော
    ကွန်နက်ရှင် ကို စိတ်ရှည်ပေးရင်း
    ပေးရင်း
    ပေးရင်း

  • GreeNSheeP

    November 5, 2011 at 1:44 pm

    မှန်လိုက်တာ ။ ထိုးသားတွေ အတွက် အသေချာဆုံး ဖြစ်အောင် ဝိုင်းဝန်းစဉ်းစားပေးကြပါစို ့။

  • km

    November 5, 2011 at 7:42 pm

    အေးဗျာ။ ဒီအပတ်အောက်ကြေးကပဲရိုက်လိုက်တော့မယ်။

  • ရာဇဝင်လူဆိုး

    November 5, 2011 at 8:31 pm

    ဘယ်လောင်းကစားမဆို ဒိုင် ၆၀%….ထိုးသားက ၄၀% ပါ။ လုပ်တတ်ကိုင်တတ်၊ တွက်တတ်ချက်တတ်ဖို့ လိုအပ်သည်ထင်ပါကြောင်း…….။

Leave a Reply