ရတနာမြေက အပြန်

ရတနာမြေက ပြန်တဲ့ရက်မှာ မိုးကလေးကတဖွဲဖွဲ။
တောင်ခိုးတောင်ငွေ့တွေက ဝဲလို့လာပါတယ်။
မြို့အထွက်လမ်းကလေးရောက်တော့………….
အဝေးကတောင်မှာ မိုးကြောင့်တောင်ခိုးတွေဝေ
ရေတွေစိုရွှဲနေတဲ့ မြေနီလမ်းလေးက အပြန်ခရီးအတွက်လွမ်းစရာ။
တောင်ခိုးတွေဝေနေတဲ့တောင်ကြီးအောက်မှာတော့ လုပ်လက်စလုပ်ကွက်ကလေး
မြေနီလမ်းလေးကနေဝင်သွားရင် ဟိုးအဝေးမှာအိမ်လေးတွေနဲ့ခရစ်ယာန်ဘုရားကျောင်းလေးရှိပါတယ်။
အဝေးမှာတော့ တောင်မြင့်မြင့်ကြီး။
ကျပ်ပြင်မရောက်ခင်လမ်းမှာတွေ့ရတဲ့ ရွှေလိပ်ပြာကြီးလေ………..
သူ့အောက်မှာတော့ မြို့လေးတစ်မြို့
ကားပေါ်ကမြင်ရတဲ့ အဝေးက တောင်တန်းနဲ့အိမ်.
မိုးကုတ်-ကသဲ ပြီးတော့ကျပ်ပြင် အဲဒီမြို့လေးကအထွက်ပေါ့
ကျပ်ပြင်မြို့ရဲ့အထွက်က တောင်ပေါ်မှာတော့ စေတီ…………
ခဏနေတော့ မိုးကုတ်မြို့အထွက်ကို မြူခိုးတောင်ခိုးတွေကြားထဲကနေဖြတ်လာကြပါတယ်။
တစ်ခါတစ်လေဆိုရင် တောင်ခိုးတွေမိူင်းနေရင် ရှေ့ဘာကိုမှ မမြင်ရပါဘူးတဲ့။
စိမ်းစိုတဲ့ ကားလမ်းကလေး……….
သတိထားရှေ့မှာလမ်းကွေ့လေးရှိတယ်။
ဟိုးအဝေးမှာအိမ်ကလေးတွေ တောင်တွေကြားထဲမှာပါ။
ကားသွားနေရင်းရိုက်တာဆိုတော့မပီမသ……
မိုးရိပ်တွေဆင်နေတဲ့ကောင်းကင်အောက်က တောင်တန်းမူံရီ
ဒါကတော့ ကားဆရာပြောတဲ့နောက်ဖောက်တဲ့လမ်းတဲ့ သူ့ဘေးနားမှာလမ်းဟောင်းပြိုကျသွားတယ်ဆိုဘဲ
ဒါကတော့နောက်ကနေမြင်နေရတဲ့တောင်ကမ်းပါးယံမှာမေးတင်ဆောက်ထားတဲ့အိမ်ကလေးတွေ
ရွှေညောင်ပင်မှာနားတော့မြင်ရတဲ့အိ်မ်ကလေးတွေ
စိမ်းစိုနေတဲ့ သစ်ပင်များနဲအဝေးကတောင်စဉ်တန်း တိမ်လေးတွေကတော့အပြာ့
ပြန်အဆင်းလမ်းကလေး သူ့ညာဘက်ဘေးက ဖြူဖြူလေးက တော့ သဘာဝရေတံခွန်အသေးလေး……

ပြုန်းတီးသွားတဲ့သစ်တောတွေနေရာမှာအစားထိုးဘို့အတွက် ကျွန်းပင်တွေကိုအစားထိုးလို့စိုက်နေပါတယ်။
ဇရပ်ကွင်းမရောင်ခင်မှာ ကျွန်းတောတွေတွေ့ရပါတယ်။
အသီးတွေအပွင့်တွေနဲ့စိုပြေလို့ပေါ့။
ဒါကတော့လက်ပန်လှအလွန်မှာ တွေ့ရတဲ့မြင်ကွင်းလေးပေ့ါ။
တောင်ပေါ်မှာ အရိပ်ကွက်ကွက်လေးကျနေတာကချစ်စရာ။
လမ်းနံဘေးက နေချင့်စဖွယ်အိမ်ကလေးပါ။
တောင်အရိပ်ရယ် စိုက်ခင်းလေးရယ်တောင်တန်းရယ် စုတ်ချက်လှပတဲ့တိမ်ပန်းချီရယ်…………..
အဆက်မပြတ်တဲ့တောင်စဉ်တောင်တန်းတွေမြင်ရတာလွမ်းမောစရာ
တောင်မအောက်က အိမ်စုစုလေး
ဘုရားလေးတည်ထားတဲ့တောင်………………….

မြေလမ်းလေးက နေတည့်တည့်လျျောက်လိုက်ရင် အိမ်ကလေးဆီရောက်ပြီ
ဒီတိမ်တွေကို ငေးမောနေရင်း ကျနော်အိပ်ပျော်သွားပြန်ပါတယ်။
ကိုပေါက် ထတော့လို့အသံကြားတော့ မန်းလေးကိုရောက်နေပါပြီ။
ပူလိုက်တာ လွန်ပါရောဗျာ။
ဘယ်တော့များ မှ နောက်တစ်ခေါက်ပြန်ရောက်မယ် မသိဘူးနော်။……………………….

10 comments

  • နောက်ဆက်တွဲပြောရရင် အသွားတုန်းကတော့အပေါ်ရောက်လေအေးလေ
    အပြန်ကျတော့ အောက်ရောက်လေ ပူလေပါဘဲ။

  • maythakhin

    August 8, 2011 at 10:51 pm

    ရတနာမြေက အပြန်ပါလာတာ ဓါတ်ပုံတွေက အစိမ်းနဲ့ အပြာများတော့။ ကျောက်စိမ်းနဲ့ နီလာတွေပါလာတယ်လို့ ပြောရရင်ရတယ်နော်…….. “အပြန်ကျတော့ အောက်ရောက်လေ ပူလေပါဘဲ။”
    ပါလာတဲ့ ရတနာတွေ အတွက် ပူနေတာဖြစ်မယ်ထင်တယ်။ ဟုတ်လား……………..

    • redbull

      August 8, 2011 at 11:22 pm

      အားပါးပါး ပူတဲ့အကြောင်းတော့မပြောပါနဲ့ ပူတယ်ဆိုတာ ကြောက်စရာကြီးပါ
      ပူလွန်းရင် ချွေးထွက်များပြီး အပူရှပ် တတ်တယ်လေ
      ုကိုပေါက်ကိုကြည့်ပါလား ပူလွန်းတော့ ရေသောက်ပီး ဗိုက်ပူတယ်ပြောနေတယ်
      ရတနာ ရတနာ သည်းခြေကြိုက်ပါပဲ ကျွန်တော်လဲတစ်ခေါက်လောက် တော့သွားရတော့မယ်
      ရတနာကို သတိပေးဖေါ်ရလို့
      🙂

    • icecube

      August 8, 2011 at 11:28 pm

      ပူတယ် အကြောင်းပြောကြပါနဲ့ မန်းလေးမှာ မိုးရွာလဲ ပူတယ် . နေပူရင် နေသာရင် တွေးကြည့်လို့မရလောက်အောင် ခံစားရခက်
      ပါတယ် . မမေသခင် က ပန်းဂျီဆရာမ နဲ့တူတယ်နော်. စိနေအောင်ပြောတတ်ပါပေ့ရှင်. တတ်ပါပေ့.
      ဦးပေါက် တင်ပေးလို့ ဓါတ်ပုံလေး မြင်တွေ့ခွင့်ရတာ ကျေးဇူးပါ. အဖေါ်ကောင်းရင် သွားချင်စိတ်တွေ တောင်ဖြစ်လာမိပါတယ်.

  • ရာသီကလဲပူတယ်။
    စိတ်ကလဲပူတယ်။
    ရေချည်းဘဲသောက်နေရတော့ ဗိုက်ကလဲပူတယ်။
    ကြာတော့ မပေါက်ဘူး မေသခင်ရေ……………………

  • Mee2

    August 8, 2011 at 11:05 pm

    ကမ္ဘာကျော်တဲ့ရတနာမြေက ငိုကြွေးနေလေရဲ ့။ငါ့ဗိုက်ကိုတူး၊ငါ့အဆီအနှစ် တွေထုတ်ယူသွားကြတာ မင်းတို ့အိမ်တွေထဲ သိမ်းထားဖို ့မဟုတ်ဘူး။ငါ့အသွေးငါ့အသားထဲက အဆီအနှစ်မှန်သမျှ ပြည်သူတွေအတွက် ဘယ်လောက်အသုံးချ နေပီလဲ ဘယ်နေ ့ထိငါဆိုတဲ့ ရတနာမြေသက်ဆိုးရှည်နေဦးမှာလဲ။ငါ့သွေးသားတွေနဲ ့ငါ့ပြည်ထောင်စုကိုအလှဆင်ဖို ့ရတနာမြေလေး ငိုကြွေးနေတယ်နော် ကိုပေါက်

  • pan pan

    August 9, 2011 at 9:28 am

    လေးပေါက် ခရီးတွေခဏခဏထွက်နေတယ်
    ဧကန္တ လေးပေါက်က ဘောစိထင်တယ်

  • zawmyothu

    August 9, 2011 at 11:38 am

    လေးပေါက် ဖောင်တော်ဦး ဘုရားတို. ဆရာတော် ဦးဝိမလ တရားကျင်.တဲ. ဂူတွေ
    တို. ရောက်ခဲ.သေးလားဗျ
    ပုံလေးတွေရှိရင် တင်ပေးပါအုံး။

  • ကျနော်သွားတာက အလုပ်နဲ့သွားရတာပါဗျာ။
    မဘောစိပါဘူး သူလိုငါလိုထမင်းတစ်လုပ်အတွက် လုပ်စားနေရတဲ့သူပါ။
    ဖောင်တော်ဦးတော့ရောက်တယ် ပုံတွေတင်ပေးပါမယ်နော်။
    ဦးဝိမလ ဂူတော့ ကျနော်မရောက်ခဲ့ဘူးဗျ။
    မိုးရွာတာရယ် အချိန်မရတာရယ်ကြောင့်ပါ။

  • naywoonni

    August 9, 2011 at 8:44 pm

    ပုံတွေ ကြည့်ပြီး လွမ်းတော့ လွမ်းတယ်ဗျို့…။ ဒါပေမဲ့ ဘာကိုလွမ်းရမှန်းမသိဘူး…။ ကျောင်းတုန်းက သူငယ်ချင်းမလေးကိုလွမ်းရမလား …။ ကလေးတွေ တစ်ပြုံကြီးနဲ့ မြေးတွေ တွဲလောင်းနဲ့ဆို ဟိုက်ရောပဲ…။ လွမ်းရဲဘူး..။ ဒါပေမဲ့ ဘာကိုလွမ်းရမှန်း မသိဘဲ လွမ်းသွားပါကြောင်းးးးးးးးးး

Leave a Reply