ရောင်စုံဝမ်းဗိုက်နှင့် ပုရွက်ဆိတ်များ

ဂ်စ္စူAugust 8, 20112min24121

.

.Eat­ing their greens: The ants seemed to pre­fer lighter colours such as greens and yel­low to darker blues. (Mohamed Babu /​ Solent News & Photo Agency)

.
..

.

. good palette: Some of the ants even wan­dered from one colour to another, cre­at­ing new com­bi­na­tions in their stom­achs. (Mohamed Babu /​ Solent News & Photo Agency)


.

Ring of colour: An ant’s trans­par­ent abdomen shows the colour of the food they have eaten. (Mohamed Babu /​ Solent News & Photo Agency)

 

ပုရွက်ဆိပ်တွေရဲ့ ဗိုက်ကိုကြည့်ယုံနဲ ့ သူတို ့ဘာစားခဲ့သလိုဆိုတာ သိနိုင်သတဲ့။ဘာကြောင့်လဲဆိုတော့
သူတို ့စားခဲ့သမျှအရောင်ဟာ သူတို ့ဝမ်းဗိုက်မှာ သွားပေါ်နေလို ့ပါပဲ။ဒီပေါ်ကပုံတွေကတော့ Mohamed Babu
ရဲ့ စမ်းသပ်ထားတဲ့ ရိုက်ချက်တွေပါပဲ။ကြံကြံဖန်ဖန် စမ်းသပ်ခြင်းလဲ ဖြစ်ပါတယ်။ဘယ်လိုကင်မရာမျိုး အသုံးပြု
၍ ရိုက်ထားလေသနည်းတော့ မပြောတတ်။ကြည့်ရတာတော့ ကြည့်ကောင်းလှပေ၏။ကိုယ်တွေမြင်ဖူးတဲ့ ပုရွက်ဆိပ်
ဆိုတာတွေက မဲမဲတူတူးလေးတွေ၊ပုစိညှောင့်တောင့်လေးတွေ မိုလို ့ သူတို ့ဗိုက် ဘာအရောင်ရှိလဲ သေချာမသိ။
ခါချဉ်ဆိုလား..အဲအကောင်တွေကို စမ်းရင်တော့ ရမည်ထင်၏။ဟုတ်မဟုတ်.စမ်းသပ်ချင်ရင်တော့..ခါချဉ်တွေ..
လိုက်ဖမ်းပြီးစမ်းပေတော့..။အရောင်တစ်မျိုးထဲစားရင်တော့ ဗိုက်မှာ တစ်ရောင်ထဲပေါ်မှာပေါ့………….။
ဟိုစပ်စပ် ဒီစပ်စပ် စားတတ်တဲ့အကောင်နဲ ့တွေ ့ရင်တော့ သီးသန် ့တစ်ရောင်ထဲ မပေါ်တော့ပဲ..ရောသွားပြီး
နက်ပြာတို ့၊နီညိုတို ့၊ခရမ်းတို ့ပြောင်းကုန်မှာပေါ့။ထားပါလေ..။ဒါကလဲ..ဖြစ်တတ်တာပါပဲ….အပျင်းပြေပါ..။

Credit to:http://designyoutrust.com/

21 comments

  • MaMa

    August 8, 2011 at 8:31 pm

    ရောင်စုံဂျယ်လီ စားနေကြတာများလား။ လှတာတော့ အမှန်ပဲ။ ပုရောဆိတ်တွေကို အစာကျွေးပြီး အရောင်စပ်နည်း သင်မလို့များလား။ 🙂

  • ဗမာပြည်က ပုရွက်ဆိတ် ကတော့ကံဆိုးရှာမယ်။
    အရောင်စုံဆုးိထားတာတွေဘဲစားရမှာမို့ပါ။

  • icecube

    August 8, 2011 at 11:45 pm

    အချိုလေးပါသမို့ သူတို့အကြိုက်နေမှာပါ. ဘာပဲဖြစ်ဖြစ် ဒီပုရွက်ဆိတ်ကာလာ ရောင်စုံလေးကို မှတ်တမ်းတင်လိုက်ပြန်တော့လဲ
    မျက်စိ ပဒေသာ ဖြစ်ရတော့တာလေ. ကြည့်ရတာလဲ ညီညီညာညာ လေးနဲ့.

  • redbull

    August 9, 2011 at 12:01 am

    ရိုက်ကွက်အတွက် ကြိုတင်စီမံထားပုံရတယ်..
    မထူးဆန်းပေမဲ့ ကြည့်လို့ ကောင်းပါတယ်..
    ရတနာမက်တဲ့ သူတစ်ယောက်ကိုသတိရ မိတယ်ဗျာ..
    ခု နေ သူလေးများ ပုရွက်ဆိတ်လေး အနားမှာရှိနေခဲ့တယ်ဆိုရင်..မိုးကုတ်ကျောက်တွေရယ် ဆိုပြီး
    ဝင်လုမှာစိုးရတယ်… 😀

  • Mee2

    August 9, 2011 at 12:07 am

    ဟဲ့နင် ကဘယ်သူပြောနေတာလဲ ။မိုးကုတ်ကကျောက်ကဘယ်လိုရောက်လာရတာလဲ။ဒီပုံကို ရိုက်ယူတဲ့ကင်မရာ အမျိ ုးအစားကိုသိချင်တယ်။တော်တော်ကိုစိတ်ရှည်ရှည်နဲ ့ရိုက်ယူရမှာပေါ့

  • thit min

    August 9, 2011 at 5:03 am

    I wonder that the ants are alive or dead. Otherwise, the ants are real or immitation?

  • pan pan

    August 9, 2011 at 9:13 am

    ပုရွက်ဆိတ် အရေပါးတယ်ထင်တယ်
    အကောင်လေးတွေများကြီးရင် တစ်ကောင်ကို အရောင်တစ်မျိုးကျွေးပြီး
    အလှမွေးလို့တောင်ရမယ်

  • PaukPhaw

    August 9, 2011 at 10:37 am

    ပုရွက်ဆိတ် အစစ်ေတွေ နေမှာပါ.
    ပြီးတော့
    အိမ်ထဲမှာ စမ်းတာတော့ မဟုတ်နိုင်ဘူးဗျ
    ပုံက အစာတုံးလေးတွေပေါ်မှာ အရိပ်ထင်နေတာတော့ အပင်တွေရယ် ကောင်းကင်ရယ် က ပေါ်နေတာ..ဆိုတော့လေ

  • etone

    August 9, 2011 at 11:24 am

    တယ်လည်း ကြံတတ်ဖန်တတ်တဲ့ လူနဲ့ … အတော် အရှာဖွေကောင်းတဲ့လူတို့ ရဲ့ … ရလဒ်ကတော့ .. ရွာသားတွေ မျက်စိပသာဒဖြစ်ခြင်းပါပဲ ။ 🙂

  • zawthulay

    August 9, 2011 at 11:27 am

    မိုက်တယ်နော်.. ပုံလေးတွေ လှတယ် တော်တော်လေးကို စိတ်ရှည်ရှည်နဲ့ရိုက်ရမှာပဲနော်

  • etone

    August 9, 2011 at 11:38 am

    ဓါတ်ပုံကို သေချာလေး ပြန်ကြည့်မိတော့မှ ဖိုတိုရှော့လားလို့ … တွေးမိတယ် … အချိုရည်အစက်လေးတွေမှာ ရောင်ပြန်ထင်နေတဲ့…. သစ်ပင်တွေ အဆောက်ဦးတွေက တကယ်ဆိုပုံရိပ်ပြန်ထင်တာ … နေရာ တူမှာ မဟုတ်ဘူးလေ… အခုဟာ က အားလုံးလိုလို တူနေတယ် … ။ ဘာရယ်မဟုတ်ဘူး .. တွေးမိတာလေးပါ ။ 🙄

  • phyo1980

    August 9, 2011 at 12:01 pm

    လျှာမရှည်နဲ. မမရဲ.။ သူ.ဟာသူဘာနဲ.လုပ်ထားထားပေါ. …အဓိကက လှဖို.မလား

    • etone

      August 9, 2011 at 4:17 pm

      လူမှန်လျှင် ဆင်ခြင်တွေးခေါ်နိုင်စွမ်းရှိရတယ် … တွေးတောဆုံးဖြတ်နိုင်ခွင့်လည်း ရှိရတယ် … ပြောသမျှ ယုံတဲ့ ပုတ်သင်ညိုတွေချည်း ဆိုက်ထဲမှာရှိနေတာမဟုတ်ဘူး … မှတ်ပလား ငကြောင် ! 🙄

      • PaukPhaw

        August 9, 2011 at 4:26 pm

        မှတ်ပါပြီ ငကြောင်..
        အဲအဲ..
        မမ..ရယ်…. 🙄

  • ပေစုတ်စုတ်

    August 9, 2011 at 4:12 pm

    ဘာပဲဖြစ်ဖြစ်..ကြိုက်တယ်ဗျို ့…ကြံကြံဖန်ဖန်အတွေးကောင်းတစ်ခုပဲ..

  • moonpoem

    August 9, 2011 at 4:23 pm

    ဟုတ်လား မဟုတ်လားတော့ မသိဘူး ကြည့်လို ့ကောင်းတာတော့ အမှန်ပဲ

  • MOEPWINTPHYU

    August 9, 2011 at 5:23 pm

    လှတယ်ကြိုက်တယ်

  • windtalker

    August 9, 2011 at 7:37 pm

    ဖြိုး 1980 က တော့
    ကြည့်ရတာ အသစ်ဖြစ်မယ် ထင်တယ်
    ဆော်သလားတော့ မမေးနဲ ့
    ကိုပေါက်ဖော် ရဲ ့ပို ့စ်ကို ကြည့်ပြီး
    မျက်လုံးထဲ မှာ ဆန်းသွားခဲ့တာ အမှန်ပဲ
    ဖိုတိုရှော့ လား ၊ အမှန် လား မခွဲတတ်ပေမယ့် ကြည့်လို ့ဂွတ်ပါတယ်
    ပိုပြီး ဆန်းတာကတော့ ဖြိုး ပဲ

  • ဆူး

    August 9, 2011 at 8:46 pm

    ကင်မရာ ကောင်းတာ ဖြစ်လိမ့်မယ်။
    ဗိုက်ကြီး တင်းပြီး အရည်တွေ တင်းနေဖို့ ဆိုရင် ပုရွက်ဆိတ်က လောကကြီးကို အကုန်မေ့ပြီး တမေ့တမော သောက်မှ တင်းမှာ.. နွေဘက် ဆို.. ရေတွေ လာလာ သောက်တယ် တင်းကားသွားတဲ့ အထိ.. နောက်တော့ တခြား အကောင်တွေက သယ်သွားတယ်။
    သူတွင်းထဲမှာ ရေတိုင်ကီ လုပ်မယ် ထင်တယ်။
    အဲလို ကောင်တွေ တွေ့ဘူးတယ်။
    ရေဆိုတော့ အရောင်ကြည်နေတာပဲ။

    • PaukPhaw

      August 10, 2011 at 12:34 pm

      Thx စုံစုံ..
      ကျနော်က သူ ့ထက် ၂ ရက်ပိုစောပြီး တင်ထားတာဆိုတော့… တူက ကျနော့်ဆီက ကူးသွားတာပေါ့ဗျာ..ထားပါ
      အကူးခံထားရတာ တခြားပို ့စ်တွေ လဲရှိပါသေးတယ်

      ကူးတာခြင်းတူတူ Credit မပေးတတ်တဲ့ အကျင့်လေးပဲမကောင်းတာ..ပါ..

      ကျနော်ဒီပုံတွေကူးလားတယ်..သို ့သော်..ဓာတ်ပုံဆရာ၊ပုံရှိတဲ့ ဝဘ်ဆိုဒ် မြင်သာအောင်
      ပြထားတယ်လေ..

      🙁

      Google+ အကြောင်း မူရင်း..http://myanmargazette.net/55872/education/learn-how-to-do-just-about-everything

      စာရေးသူကို Credit တစ်လုံးမှမပေး.တစ်လုံးမချန်ကူးထားတဲ့..မိတ္တူ..

      http://www.edinooyin.com/profiles/blogs/google?id=4347155%3ABlogPost%3A2669452&page=1#comments

      http://ttu.wall.fm/splash-screen?back_uri=blogs%2F17

      Screen shot ပါ ဖမ်းထားပြီး မှတ်ထားပါတယ်..

Leave a Reply