အမည်မသိပေမဲ့ လှတာတော့သိတယ်…………………….

ပြင်ဦးလွင်ရောက်တဲ့ရက် မြင်ရသမျှပန်းရောင်စုံကလှပနေတော့ လက်ဆော့မိပါတယ်။
ဒီပန်းလေးကတော့ ပြည်တော်ချစ်ဘုရား ပါတ်ပါတ်လည်က အုဌ်ခုံနားကပန်းဝါဝါ
ပန်းကလေးတွေက မွစိမွစိ အရောင်အသွေးလေးကလည်း လှ၏ လှ၏။
အရွက်ကအစိမ်း အရွက်နဲ့တူတဲ့အပွင့်ကရောင်စုံ..ဆန်းတော့လဲဆန်းတယ်။
ခရမ်းရောင် ပန်းလေးတွေကလဲ သဘာဝအတိုင်း လှမှလှ……..
အဖြူရောင်ထဲမှာအဝါ လှလိုက်တာ သဘာဝဖန်တီးတာ လူလိုက်လို့မမှီနိုင်ပြန်ပါဘူး။
မတူတာလေးတွေစုနေတာကလည်း တစ်မျုးိလှပါသဗျာ။
ပေါက်ပေါက်ရှာရှာ ဘယ်သူလာပြီး ဆေးဆိုးသွားတယ်မသိဘူးနော်။
ပန်းကလေးကတော့ ရဲရဲစိုစို နဲ့အလှတွေပိုနေလိုက်တာ……….
ပုံစံတူလေးပါ
တယ်တော်တဲ့အရောင်စပ်တဲ့သူဘဲနော်
ရဲရဲစိုနေတာလေးက အဝါနှောလို့ တွဲလွဲလေးခိုနေပါတယ်။
အခုလက်ဆောင်ပေးတဲ့ ပန်းလေးတွေကို ရွာသူများ က ဘုရားလဲတင် ပန်လဲပန်
ရွာသားတွေက တော့ ယူသွားပြီး လက်ဆောင်ပေးနော်…………………

14 comments

  • etone

    August 9, 2011 at 9:32 am

    ပန်းလေးတွေ ကြည့်ပြီး .. ရင်ထဲ အေးချမ်းသွားပါတယ် လေးပေါက်ရေ.. ။
    သိတဲ့ပန်းဆိုလို့ … ကြက်တူးရွှေးပန်း၊ ကြယ်တာယာပန်း ၊ ခေါင်ရမ်းပန်း တွေပါပဲ 🙄

  • Shwe Ei

    August 9, 2011 at 9:40 am

    အောက်ဆုံးက အနီနဲ့ အဝါတွဲလောင်းလေးက ကြက်တူရွေးပန်းမို့လား
    ဦးပေါက်ရဲ့။ သူ့အပါ်က အရာင်နာမည်မခေါ်တတ်တဲ့ ပန်းလေးကတော့ အလှဆုံးဘဲ။

  • MOEPWINTPHYU

    August 9, 2011 at 10:06 am

    ပန်းလေးတွေလှလိုကူးသွားပြီ

  • pan pan

    August 9, 2011 at 10:09 am

    “ပေါက်ပေါက်ရှာရှာ ဘယ်သူလာပြီး ဆေးဆိုးသွားတယ်မသိဘူးနော်။”
    ဆိုတဲ့ပုံက ပွင့်တူရွက်တူပင်နဲ့တူတယ်
    အပေါ်က ပန်းသေးသေးလေးတွေ အများကြီးပြည့်နေတဲ့ပုံတွေ သိပ်ကြိုက်တာပဲ
    ကြည့်လို့ကောင်းလိုက်တာ
    ဝေါပေပါလေးတွေပေ့ါ
    လေးပေါက်ကတော့ မြင်သမျှရှုခင်း အကုန်ခံစားတတ်ပါပေ့

  • စုံ စုံ

    August 9, 2011 at 10:14 am

    အရမ်းလှတာဘဲ
    ပြင်ဦးလွင်မှာကတော့ပန်းမြို့တော်လို့မပြောရဘူး
    မြင်သမျှပန်းအကုန်ကိုလှနေတော့တာဘဲ

  • နွယ်ပင်

    August 9, 2011 at 10:16 am

    ပန်းပုံလေးတွေက လှလိုက်တာ
    လောက်လောက်ပေးတို့ကတော့ ရောက်တဲ့ နေရာ
    လက်စွမ်းပြချက်ကတော့ ………….. 🙂

  • PaukPhaw

    August 9, 2011 at 10:59 am

    ခေါင်ရမ်းပန်းလေး ပေးချင်တယ်. ဘတူ ယူမရဲ ကွယ်.. 😛

  • zawthulay

    August 9, 2011 at 11:32 am

    ပန်းလေးတွေကလှတယ်နော် ဘယ်မှာရိုက်ထားတာလဲမသိဘူး ကျွန်တော်ကော်ပီကူးချင်တယ် ရမလား… ကွန်ပျူတာ Background မှာ တင်ထားချင်လို့

  • moonpoem

    August 9, 2011 at 3:54 pm

    ဓာတ်ပုံလေးတွေက လှလိုက်တာ။ ကိုပေါက်က စာရေးဆရာထက် ဓာတ်ပုံဆရာပိုလုပ်သင့်တာဗျ။

  • လိုရင် အကုန်လုံးယူ…………………………………
    ရိုက်ထားတာကတော့ ပြင်ဦးလွင် ကန်တော်ကြီးရယ်
    ပြည်ချစ်ဘုရားအနောက်ဘက်က ပန်းခြံမှာရယ်ပါ။

  • Mee2

    August 9, 2011 at 6:18 pm

    လှလိုက်တာနော်။အိမ်မှာလဲ စိုက်ချင်ပါတယ်။လှလို ့ကူးသွားပါတယ်နော်။မြန်မာပြည်တခွင်လုံးလဲ ပန်းကလေးများလို လန်ဆန်းပြီး မွှေးရနံ ့သင်းနိုင်ပါစေ။ဆုမွန်ကောင်းတောင်းလျှက်ပါနော်

  • naywoonni

    August 9, 2011 at 6:46 pm

    လိုရင် အကုန်လုံးယူ………………………………… ဆိုတော့ ခိုင်ထူးသီချင်းလား…။ အဲဒိလိုဆိုရင် ဆက်ဆိုလိုက်မယ်…။ ” မင်းတို့ ငါတို့ တွေ … လူဖြစ်လာကြတဲ့ အခါ ….. ရတာ အကုန်ယူမယ်လို့ စိတ်ကူးကြတယ်မဟုတ်လား …သေသေချာချာ စဉ်းစားကြည့်တော့ မိန်းကလေးရေ ….ပေးနေရတာက သာ ပိုများ..နေ..မှာပါ..လေ…. လိုရင် အကုန်လုံးယူ… မိန်းကလေးရေ…….” ဒီလိုမဟုတ်လား သီချင်းကိုပြောတာနော်…။ တွေးစရာ စာလေးတွေလည်း ရေးပါဦးဗျ…။

  • ကိုနေ
    တွေးစရာတွေက နေ့တိုင်းတော့ မထွက်ဘူးလေကွယ်။
    တိုက်ဆိုင်မှ ထိမှ ထွက်လာတာလေ။.
    တစ်ပါတ်တပုဒ်တော့ ရေးနေပါတယ်။

  • forever

    August 9, 2011 at 8:57 pm

    ဝင်ပြီးသိပ်မမန်းဖြစ်ပေမယ်.
    ကိုပေါက်ရဲလက်ရာကို အားပေးနေကြ
    မန္တလေးရဲ.နာမယ်ကျော် လက်မှု အတတ်ပညာတွေ
    ရဲ.လှုပ်ရှားမှု.ပုံရိပ်တွေကိုလဲမျှော်နေမိတယ်

Leave a Reply