စက်ဖြင့် ဖတ်ရှု စစ်ဆေး နိုင်သည့် နိုင်ငံကူး လက်မှတ်များ စတင် ထုတ်ပေး

BayoteMay 9, 20101min1113

စက်ဖြင့် ဖတ်ရှု စစ်ဆေးနိုင်သည့် ကွန်ပျူတာ စနစ်သုံး နိုင်ငံကူးလက်မှတ် စာအုပ်သစ်များကို မကြာမီ ရက်ပိုင်းမှ စတင်၍ မြန်မာနိုင်ငံ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး အဖွဲ့က စတင် ထုတ်ပေးခဲ့ကြောင်း ယင်း စနစ်သစ် နိုင်ငံကူးလက်မှတ် ရရှိခဲ့သူ တစ်ဦးက ပြောကြားသည်။ အဆိုပါ စနစ်သစ် စာအုပ်များကို အက္ခရာ M ဖြင့် စတင်ပြီး မေလ ၅ ရက်နေ့ထိ နံပါတ် သစ်ဖြင့် စာအုပ်ပေါင်း ၅၆ဝ ကျော် ထုတ်ပေးပြီး သည်ဟု ယူဆ ရကြောင်း စာအုပ်သစ် အမှတ် ၅၆ဝ ကျော်ဖြင့် နိုင်ငံကူး လက်မှတ် ရရှိခဲ့သူ တစ်ဦးထံမှ သိရှိရသည်။

စနစ်သစ် နိုင်ငံကူး လက်မှတ်သည် နိုင်ငံ တကာပုံစံ၊ အမည် နှင့် နိုင်ငံကူး လက်မှတ် နံပါတ် နှင့် ဘားကုတ်များကို နိုင်ငံကူး လက်မှတ်တွင်း ထည့်သွင်း ဖော်ပြ ထားပြီး ယခင်ကဲ့သို့ လက်ရေးဖြင့် ရေးသားခြင်း မဟုတ်ဘဲ ကွန်ပျူတာဖြင့် ရေးသားခြင်း ဖြစ်ကြောင်း၊ စာအုပ်တွင် ဓာတ်ပုံ နှစ်ပုံ ပါရှိကြောင်းလည်း ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။

စက်ဖြင့် ဖတ်ရှု စစ်ဆေးနိုင်သော စာအုပ်များ ထုတ်ပေး သည်မှာ ယခင် စာအုပ်အဟောင်း အတိုင်း တစ်လခန့် ကြာမြင့် သော်လည်း နောင်တွင် ယခုထက် ပိုမို မြန်ဆန် လာမည်ဟု ယူဆ ရသည်ဟု ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီမှ တာဝန်ရှိသူ တစ်ဦးက သုံးသပ် ပြောကြားကြောင်း The Voice Weekly တွင် ဖော်ပြထားသည်။

3 comments

  • talker

    May 10, 2010 at 1:52 am

    မြန်မာသံရုံးတွေအသုံးမကျပုံများ။ စာအုပ်သက်တမ်းတိုးဖို ့ ဩစီသံရုံးကို ဖုန်းဆက်လိုက်တိုင်း စက်တွေ မရောက်သေးလို ့ နောက်နှစ်ပတ်နေမှ ထပ်ဆက်ပါ ဆိုပြီးလုပ်နေတာ ၂ ခါ ရှိနေပြီ။ အဲဒါကြောင့်လည်း လူရာမဝင်တာ နိုင်ငံဆင်းရဲနေတာ။ အသုံးမကျတဲ့သူတွေ အုပ်စိုးနေလို ့။ ဟုတ်တိပတ်တိနဲ ့ ဘယ်နေ ့ဘယ်ရက် စတင်လျှောက်ထားနိုင်ပါပြီဆိုပြီး လူသိရှင်ကြား ကြေငြာပြီးတော့ ကတိမတည်တဲ့ အစိုးရ။

  • intro

    May 10, 2010 at 5:28 am

    ဘာပဲပြောပြော ကြည့်ရတာ နည်းနည်းတော့ သားနားလာသားဗျ

  • moethiha

    May 22, 2010 at 10:00 am

    မဆိုးပါဘူး။အခုဆိုရင်လို်င်စင်တွေတောင်မှခန်းခန်းနားနားနဲ့ထုတ်ပေးနေတာဗျ။

Leave a Reply