လွန်ခဲ့တဲ့ ၈ နှစ်လောက်ကပါ။ကျွန်တော်တို့ေ၇ွှမြန်မာ အဖွဲ့ ယိုဒယားရောက်တုန်းကပါ။ဘန်ကောက်ကိုFOC နဲ့ သွားခဲ့တုန်းက။သိတယ်မှတ်လား ယိုဒယား လူကြီးပိုင်း (အသက် ၅၀ ကျော်လောက်တွေက) မြန်မာဆိုရင် ကြည့်တဲ့မျက်လုံး တစ်မျိုးဖြစ်သွားရော။

ဘယ်ရမလဲ ကျွန်တော်တို့လဲမြန်မာပေါ့ လူလည်ပေါ့။ ဘယ်ကလာလဲမေးရင် ပါစပ်ထဲကြုံတာလျောက်ပြောတာ။(အဲတုန်းကတော့ ကိုယ့်ဟာကို အားငယ်သလိုလို ရှက်သလိုလိုနဲ့ မြန်မာလို့ပြောရမှာ ခုနေဆိုရင်တော့အမှန်အတိုင်းပြောမှာပါ)။ကြုံရင်ကြုံသလိုပေါ့။တရုတ်ပြောလိုပြော။ဗီယက်နမ်ပြော

 

လိုက်။ကိုယ် ကတရုတ်လို့ပြောလိုက်လို့ ဟိုဘက်က တရုတ်လိုမှုတ်နေလို့ထွက်ပြေးရတာ ခနခနပဲ။အဲဒါနဲ့ နောက်ပိုင်းကျတော့ ဂျပန်ပေါ့။ ဒါကျတော့နည်းနည်းအဆင်ပြေတယ်။ဂျပန်လိုသိပ်မတတ်ကြဘူး။အင်းအဲလိုလိမ်နေရင်းနဲ့ တစ်ည တော့  taxi ငှားပြီး ဟိုတယ်ပြန်တော့ ကားပေါ်မှာပေါ့။အောင်မာ ဒီတစ်ခါတော့ကိုယ်ကစပြောရဘူး။ driver ကဘာစိတ်ကူးပေါက်တယ်မသိဘူး YOU ARE JAPAN တဲ့။ဘယ်ရမလဲကျွန်တော်လဲ yes တောင်မပြောပဲ yeah လိုက်တာပေါ့။from tokyo လားတဲ့။ yeah ပေါ့။အဲဒါနဲ့ ကိုရွှေ driver က သူ ဟင်းဖုန်းထုတ်ပြီးတော့ ဆက်ပါလေရော။ကျွန်တော်လဲ ဘာလဲမသိဘူးပေါ့။အသာလေး စောင့်ကြည့်နေတာပေါ့။သူဟာသူယိုးဒယားလိုပြောပြီး ကျွန်တော့်ဘက်လှည့်ပြီးတော့  this is japan တဲ့။ ဘယ်ရမလဲ မြန်မာပဲ။ဖုန်းကိုခပ်တည်တည်လှမ်းယူပြီးတော့ hello ပေါ့။ဟိုဘက်ကတော့ဂျပန်လိုမှုတ်ပါလေရော။ဂျပန်လိုဆိုလို့ ငယ်ငယ်တုန်းက ပါဂျဲရိုး တစ်လုံးပဲကြားဖူးတာ။ဘယ်ရမလဲ  i am not japan ပေါ့  but come from tokyo ပေါ့။ဟိုဘက်ကလဲ အောင်မယ် sorry ပါတဲ့။ဘာအကူအည်ီပေးရမလဲပေါ့ ခပ်တည်တည်ပဲ

ပြန်ပြောလိုက်တယ်။

။ ဒါနဲ့ ဟိုဘက်က ယိုးဒယားမ ဗျ။  tokyo မှာလူရှာမလို့ဆိုပြီးဘယ်မှာနေတာလဲ ဘယ်တော့ပြန်မှာလဲ

အခန်းဘယ်လောက်လဲ လာတွေ့မလို့တဲ့။ဒါနဲ့ပါစပ်ထဲတွေ့တာတွေလျောက်ပြောပြီးကိုယ်နေတဲ့ဟိုတယ်တောင်မသွားရဲ

တော့ပဲ  လမ်းမှာတင် taxi ပေါ်ကဆင်းပြေးခဲ့ရတယ်။ဟော်တယ်ရောက်တော့ပြန်ပြောပြီး ရီလိုက်ရတာ။ ရွှေမြန်မာ လူလည်ပေါ့။

ပြန်ခါနီးတော့ မြဘုရားတော့သွားမှဆိုပြီး တစ်ခေါက်သွားတာပေါ့။taxi နဲ့ပဲသွားတာ။ချောချောမောမောပဲ ဘုရားရောက်သွားရော။ မြဘုရားကျတော့ သူများတွေဝင်သလိုက်ဝင်သွားရော။အဖြူကောင်တွေနဲ့ရောဝင် သွားတာကိုး ။ ယိုဒယား အသက်ကြီးကြီးတစ်ယောက်က ကျွန်တော်တို ၂ယောက် ယိုဒယားလိုပြောပြီး လူကြားထဲကဆွဲထုတ်သွားပြီ ဘယ်ဘက်ဘေးကအပေါက်ကိုပြပြီး

အဲဒီက၀င်သွားတဲ့။ကျွန်တော်တို့လဲခနတော့ကြောင်သွားတယ်။နောက်တော့ချက်ချင်းပဲ အော်ငါတို့ကို ယိုးဒယားမှတ်ပြီး ဒီဘက်က၀င်ခိုင်းတာကို ။ဟိုဘက်ကတော့ foreigner တွေ လက်မှတ်တွေထုတ်ပေးနေတာတွေ့တယ်။အပြန်မှမေးကြည့်တော ဘတ် ၂၀၀ တဲ့ ၀င်းကြေးက လက်မှတ်ကို အ၀င်ကတည်းက၀ယ်ရမှာတဲ့။ငါတို့ မြန်မာပေါ့ ။ ဘန်ကောက်မှာတောင်လူလည်ပေါ့။

ဒီလိုနဲ့ ဘုရားဖူးပြီး ပြန်တော့ရောပေါ့။ဘုရားကပြန်ထွက်ပြီး ညောင်းတာနဲ့ ဟိုကြည့်ဒီကြည့်လုပ်ပြီး အဲဒီနားကသစ်ပင် အ၀ိုင်းမှာခန ထိုင်ပြီးအမောဖြေတာပေါ့။အဲလိုထိုင်နေတုန်း ခိုစာရောင်းတဲ့ယိုးဒယားအဘွားကြီးရောက်လားပြီး

ယိုးဒယားလိုခိုစာလာရောင်းပါရော။အသက်တော့တော်တော်ကြီးပြီ။ ၇၀ ၈၀ လောက်ရှိပြီ။ ဘယ်လောက်လဲပေါ့ မေးလိုက်တော့ ယိုဒယားမဟုတ်မှန်းသိပြီး ဘိုလိုေ၇ာင်းပါလေရော။ဈေးမေးတော့ ကျွေးသာကျွေးပါတဲ့။ဈေးက  never mind ပါတဲ့။

ဒါနဲ့တစ်ပန်းကန် ယူကျွေးလိုက်ရော။သေးသေးလေးပါ။လက်ဖက်ပန်းကန်အသေးစားလောက်ပဲရှိတယ်။ ကျွေးပြီးတော့

ဘယ်လောက်လဲပေါ့။  အဘွားကြီးက ဘတ် ၂၀၀ တဲ့။မြန်မာကျပ်ငွေ ၆၀၀၀ကျော်ဖိုး။ ဆူးလေမှာ ၅၀ ၁၀၀ ပေါ့ ။ဒါနဲ့ဘယ်လိုဖြစ်တာပေါ့ များတယ်ပေါ့။အဘွားကြီးက သူမသိဘူး သူဟာကျွေးပြီးသွားရင်

ပိုက်ဆံပေးရမှာပေါ့တဲ့။အော်ကြီးဟစ်ကျယ်လုပ်ပါလေရော။ဒါနဲ့ဘေးကလူတွေဝိုင်းကြည့်ကြရော။

နောက်ဆုံးတော့ ၂၀၀ပေးပြီး လစ်လာရတော့တာပဲ။ဟိုတယ်ေ၇ာက်တော့ ပြန်ပြောတော့ သူများတွေရီလိုက်ကျတာ။ အခုထိကြုံလို့ပြောရင် ရီကြတုန်းပါ။ရွှေမြန်မာ လူလည်ပေါ့။

About koko

has written 14 post in this Website..