ပေ့ါနော်

panpanAugust 9, 20111min26320

 

(၁)

မေး။    ။ကျွန်တော်တို့မဂ္ဂဇင်းမှ အစ်မကိုအင်တာဗျူးချင်တယ်ပေ့ါနော်

ဖြေ။    ။ဟုတ်ကဲ့၊ ရပါတယ် အစ်မကလည်း မေးသမျှသေချာဖြေမယ်ပေ့ါနော်

မေး။    ။ဟုတ်ကဲ့၊ ခုလိုပေ့ါနော်၊ အစ်မအောင်မြင်လာတာလေးကပေ့ါနော်၊ ပရိသတ်တွေလည်း

အားပေးကြတယ်ပေါ့နော်၊ ဒီစီးရီးခွေကပေ့ါနော် ဘယ်အချိန်လောက်ကတည်းက စလုပ်ဖြစ်ခဲ့တာလဲ    မသိဘူးပေ့ါနော်

ဖြေ။    ။ဒီစီးရီးအယ်လဘမ်လေးကပေ့ါနော် အစ်မလွန်ခဲ့တဲ့နှစ်နှစ်လောက်ကတည်းက အမေရိကားကအပြန်ပေါ့နော်

ဒီကိုရောက်တုန်းလေး လုပ်ဖြစ်သွားလိုက်တာပေ့ါနော် ပရိသတ်နဲ့လည်း အလှမ်းကွာနေတော့ ဒီစီးရီးလေးနဲ့

ပြန်ပြီးထိစပ်မှုယူတဲ့သဘောပေ့ါနော်

မေး။    ။ဟုတ်ကဲ့ပါအစ်မ ခုအစ်မပေါ့နော် ဟိုကိုပြန်သွားဦးမလား ဒီမှာပဲ အနုပညာလုပ်ငန်းတွေ ဆက်လုပ်မလားခင်ဗျာ

ဖြေ။    ။အင်း…..ဟိုကိုပြန်သွားဖို့ကတော့ အလည်သဘောလောက်ပဲဖြစ်တော့မယ်ထင်တယ်ပေါ့နော်

ခုဒီမှာ ပရိသတ်နဲ့လည်း ပြန်ရင်းနှီးသွားပြီလေ ဒီမှာပဲ ဆက်လုပ်ဖြစ်နေမယ်ပေါ့နော်

မေး။    ။ဟုတ်ပါပြီအစ်မ ခုလိုပြေကြားပေးတဲ့အတွက်ပေါ့နော် အစ်မကိုအရမ်းကျေးဇူးတင်ပါတယ်

ဖြေ။    ။ဟုတ်ကဲ့ပါ အစ်မကလည်းကျေးဇူးတင်ပါတယ် ပရိသတ်ကြီးလည်း ကျွန်မရဲ့ဒီစီးရီးလေးကိုပေ့ါနော်

အားပေးကြပါလို့၊ နောက်ထပ်လည်းဒီထက် ကြိုးစားနေတယ်ပေါ့နော်

(၂)

မေး။    ။အန်တီကပေ့ါနော် ဒီကနေ့ရှိုးပွဲကို ဘာလို့လာဖြစ်တာလဲသိပါရစေရှင့်

ဖြေ။    ။အဆိုတော်တွေလည်း ကြိုက်တယ်ပေါ့နော် ဒီထဲမှာ အရမ်းခရေဇီဖြစ်တဲ့ ပိန်ပိန်လေးနဲ့ အရပ်ရှည်ရှည်တစ်ယောက်ကို

လာအားပေးတာပေ့ါနော်

မေး။    ။ဟုတ်ကဲ့ပါ ဒီကနေ့ပွဲမှာဆိုမယ့် အဆိုတော်တွေကပေ့ါနော် ခုပရိသတ်ကြားမှာ ရေပန်းစားနေတဲ့ အဆိုတော်တွေပေါ့နော်

ဒီထဲကမှ အန်တီက ပိန်ပိန်ရှည်ရှည်အဆိုတော်ကို လာအားပေးတာပေ့ါနော် သူ့ဘယ်သီချင်းတွေကိုကြိုက်တာလဲရှင့်

ဖြေ။    ။သူ့သီချင်းတွေတော့ အားလုံးကြိုက်တယ်ပေါ့နော် “မျှော်လင့်ရင်း..ဝေး”သီချင်းကတော့ အကြိုက်ဆုံးပေ့ါနော်

ဘာလို့လဲဆိုတော့ ခုလက်ရှိအရာရာကို မျှော်လင့်နေတဲ့ ပြည်သူတွေဘဝနဲ့ တူနေလို့ပေ့ါနော်

မေး။    ။ဟုတ်ကဲ့ပါအန်တီ ခုလိုဖြေကြားပေးတဲ့အန်တီ့ကိုပေ့ါနော် သမီးတို့ဘာညာတီဗွီမှ အရမ်းကျေးဇူးတင်ပါတယ်ရှင်

ဖြေ။    ။အန်တီလည်း ခုလိုဖြေခွင့်ရတာ ကျေးဇူးတင်တယ်ပေါ့နော် ဒီနေ့ပွဲတောင် အမေ့ကိုမနည်းပြောပြီး လာကြည့်တာဆိုတော့

တန်အောင်အဝကြည့်သွားမယ်ပေါ့နော်

(၃)

မေး။    ။ဦးရှင့် ဦးတို့အခုတည်ဆောက်နေတဲ့တံတားကြီးဟာဆိုလို့ရှိရင်ပေ့ါနော် ဘယ်နှစ်ပေအရှည်ရှိပါသလဲရှင့်

ဖြေ။    ။ကျွန်တော်တို့ ခုတည်ဆောက်နေတဲ့တံတားကြီးဟာဆိုရင်ပေ့ါနော် သံကူကွန်ကရစ်တံတားဖြစ်ပြီး ပေ၃၀ဝရှည်ပါတယ်

မေး။    ။တံတားတည်ဆောက်မှုတွေပေ့ါနော် အဲဒါလေးတွေလည်း ရှင်းပြစေချင်ပါတယ်

ဖြေ။    ။တံတားကို ၂၀–ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာပေ့ါနော် ကျွန်တော်တို့ ရုရှားကပညာရှင်တွေနဲ့ ပူးပေါင်းပြီးတော့ပေ့ါနော်

တံတားရဲ့ ဖော်ဒေးရှင်းကအစ အဆင့်မြင့်နည်းပညာတွေနဲ့ပေ့ါနော် စနစ်တကျတည်ဆောက်ခဲ့တာပါ

မေး။    ။ဟုတ်ကဲ့ပါဦးရေ ခုလိုတံတားကြီးမျိုး ဖြစ်ထွန်းပေါ်ပေါက်လာတဲ့အတွက်ပေ့ါနော် ဒေသခံပြည်သူတွေအတွက် ဘယ်လိုများအကျိုးပြုနိုင်မလဲရှင့်

ဖြေ။    ။သင်္ဘောတွေ၊ လှေတွေလည်း အသုံးပြုစရာမလိုတော့ဘူးပေါ့နော် အချိန်ကုန်ငွေကုန်သက်သာတဲ့အပြင် လူလည်းမပင်ပန်းဘဲ

သွားလာလို့ရသွားတာပေ့ါနော် ဆက်သွယ်ရေးတွေဖွံ့ဖြိုးလာတာနဲ့အမျှ တိုင်းရင်းသားအချင်းချင်း ပိုမိုထိတွေ့လာမယ်ပေ့ါနော်

ကူးလူဆက်ဆံပြီး စီးပွားရေးလမ်းတွေလည်း ပွင့်လာနိုင်တာပေ့ါနော် နိုင်ငံတော်ရဲ့စေတနာတွေပေ့ါဗျာ

မေး။    ။ဟုတ်ကဲ့ပါ ခုလိုဖြေကြားပေးတဲ့ ဦးကိုပေ့ါနော် သမီးတို့ မလှကြည်ရုပ်မြင်သံကြားမှ ကျေးဇူးတင်ရှိပါတယ်လို့ ပြောချင်ပါတယ်

ဖြေ။    ။ကျွန်တော်ကလည်း ခုလိုပြောခွင့်ရတဲ့အတွက်ပေ့ါနော် မလှကြည်ကို ကျေးဇူးအများကြီးတင်ပါတယ်လို့

(ဘာရယ်တော့မဟုတ်ဘူးပေ့ါနော်၊ ဟိုတနေ့က အမ်အာတီဗွီရနှစ်ပြည့်မှာ အင်တာဗျူးတာတွေကြည့်ပြီးတော့ရောပေါ့နော်၊

အရင်က ကျလိကျလိဖြစ်နေတာတွေကြောင့်ရောပေါ့နော် အဲဒါစိတ်ချဉ်ပေါက်လို့ လက်ကမြင်းလိုက်တာပေ့ါနော် 😀 😛

သဂျီးက စိတ်ခုပြီးပိုစ့်ဖျက်လိုက်ရင်လည်း မတတ်နိုင်ဘူးပေ့ါနော်၊ ဘာပဲပြောပြော ရွာသူရွာသား သူတော်ကောင်းအပေါင်းတို့လည်း

ပျင်းနေမှာစိုးလို့ပေါ့နော် အငြီးပြေရေးလိုက်ရပါကြောင်း….ပေ့ါနော်)

20 comments

  • နွယ်ပင်

    August 9, 2011 at 4:39 pm

    အခုလို ရေးပြတဲ့အတွက်ပေါ့နော် ပန်ပန်ကိုလဲ ကျေးဇူးတင်ပါတယ်ပေါ့နော် ..
    ရင်ထဲမှာပေါ့နော် ကျလိကျလိဖြစ်နေတာတွေကိုပေါ့နော် အခုလို ထုတ်ပြခွင့်
    ရလိုက်တဲ့ အတွက်ပေါ့နော် ပန်ပန်ရဲ့ ခံစားချက်လေးကိုပေါ့နော် ပြောပြပေးပါလား … 😛 😀

    • pan pan

      August 10, 2011 at 9:09 am

      ဒါကတော့ ဘယ်လိုပြောရမလဲမသိဘူးပေ့ါနော်
      ရေးလိုက်တော့လည်း ရင်ထဲပေ့ါသွားတာပေ့ါနော်
      မန်းထားတာတွေဖတ်ရတဲ့အတွက်လည်း မန်းသူအားလုံးကို ကျေးဇူးတင်တယ်ပေ့ါနော်

  • etone

    August 9, 2011 at 4:44 pm

    အဲ့ဒီပေါ့နော်က တော်သေးတယ် ပန်ပန်ရေ… တချို့ဆို … ရှိုက်သံနဲ့တင် အင်တာဗျူးဖြေတဲ့လူက အယောင်ယောင်မှားမှားဖြစ်ကုန်တာ… မေးတယ်လူက အဟက် အဟက် နဲ့ … တရှုံ့ ရှုံ လုပ်နေတော့ ဖြေတဲ့လူကလည်း … သူ့လိုပဲ အဟက်ဟက်တွေ အဟင့်ဟင့်တွေ လိုက်လုပ်ရတော့မလိုနဲ့…အတော်ဂွကျတာ 😀

  • moonpoem

    August 9, 2011 at 4:47 pm

    အင်း ရယ်ရတယ်ပေ့ါနော် ။ အဲဒီ ပေါ့နော်က မြန်မာ သဒါ္ဒမှာ မရှိဘူး ထင်တယ်။

  • manawphyulay

    August 9, 2011 at 5:18 pm

    အင်း ဒါပေါ့နော်… ဘယ်လိုပြောရမလဲ ပေါ့နော်… မီးကလည်း ဘာတွေပေါ့လဲလို့ ပေါ့နော် လာကြည့်တာပါ ပေါ့နော်… ပြန်တော့မယ်ပေါ့နော်… နောက်တွေကလည်း ခေါ်ပေါ့နော်… အဲ ယောင်လို့… 😛

  • naywoonni

    August 9, 2011 at 7:11 pm

    ပေါ့နော် ဆိုတဲ့နောက် လေးနက်တာ မရှိလို့ နေမှာပေါ့ကွယ်..။

  • windtalker

    August 9, 2011 at 7:45 pm

    အင်းပေါ့လေ
    စတိုင်ရား လေး တစ်ပုဒ် ပါပေ ပဲ လို ့ပေါ့လေ
    ကိုယ်ကတော့ မှတ်ယူ သွားတယ် ပေါ့လေ
    ကျလိကျလိ ဖြစ်ရင်ပေါ့လေ
    ပန်ပန်လို မျိုး စာချရေးလိုက်တာပေါ့လေ
    အကောင်းဆုံးပေါ့လေ ပေါ့နော်

    • pan pan

      August 10, 2011 at 8:58 am

      ဟုတ်တာပေ့ါလေ
      ကိုတော်ကာကြီးလည်း သဂျီးဆီအစာကြေဆေးတောင်းတဲ့ကိစ္စက ကျလိကျလိဖြစ်လို့ ရေးလိုက်တာပေ့ါလေ
      ဒါလည်း ဖြစ်သင့်တယ်ပေ့ါလေ

  • hmee

    August 9, 2011 at 10:04 pm

    အရမ်း အရမ်းကို သဘောကျသွားတယ် ပေါ့နော်။

  • kai

    August 10, 2011 at 4:28 am

    “ပေါ့”ကတော့.. တတိယတဦးလိုလို.. နေရာရောက်အောင်.. တာဝန်ယူမှုသိပ်မထားတဲ့ သဘောမှာ သုံးတယ်ပေါ့နော်..။
    “နော်”ကတော့.. စကားချောအောင်ဖြည့်တယ်ပေါ့နော်..
    ဆိုတော့..
    အင်တာဗျူးတာမှာ.. ဘယ်သူ့ဘယ်သူကမှ.. တလေးတနက်ကြီး..( ပြောတာတွေကို.. )သိပ်တာဝန်မယူတဲ့သဘောပေါ့နော်…။ 🙂

    • pan pan

      August 10, 2011 at 8:52 am

      သဂျီးလည်း ခုလိုရှင်းပြသွားတာ “ပေ့ါနော်”တွေသုံးသွားတာဆိုတော့ တလေးတနက်ပြောတာမဟုတ်ဘူးပေါ့နော်

  • MaMa

    August 10, 2011 at 7:59 am

    ဟုတ်ပါ့။ အဲဒီ ပေ့ါနော် တွေ အများကြီး ထည့်ပြောပြီး ကိုယ့်ရဲ့စကားတွေကို ပေါ့ပေ့ါပျက်ပျက်ဖြစ်စေချင်တာလား၊ ဒါမှမဟုတ် လိမ်ညာကွေ့ကောက်လှည့်ပတ်နေတာတွေကို စကားထောက်အနေနဲ့ ပေ့ါနော် နေတာလား မသိဘူး။ 🙁

  • redbull

    August 10, 2011 at 9:01 am

    ဖြီးနေတာ လှည့်ပတ်ပြောဆိုနေတာ မှန်းဆတမ်းတပြောနေတာတွေကို လေးနက်စေချင်တာ လို့ သဘော
    ပေါက်မိတယ်ပေါ့နော် ။ 😀

  • fatty

    August 10, 2011 at 9:20 am

    တနေ့က ခေါက်ဆွဲသုပ်သွားစားဖြစ်တယ် …………………။
    ပေါ့နော် …………………….။
    သိပါတယ် ငံပြာရည်မထည့်ဘူး .. အချိုမှုန့်ရှောင် … စားနေကြဘဲဟာ ..။

  • weiwei

    August 10, 2011 at 9:28 am

    အင်တာဗျူးတွေကို စိတ်မဝင်စားလို့ မကြည့်ဖြစ်ဘူး ပေါ့နော် … ပန်ပန်ရေးတာကိုတော့ ဖတ်လိုက်တယ်ပေါ့နော် … အဲဒီတော့မှ အဲဒီလိုပါလားလို့ သိလိုက်ရတယ်ပေါ့နော် … ဖတ်မိလိုက်မှ ကျလိကျလိဖြစ်ရတယ်ပေါ့နော် … ဘယ်လိုလုပ်ရမလဲ ပေါ့နော် … မသိတော့ဘူး ပေါ့နော် …

  • ကြောင်ကြီး

    August 10, 2011 at 9:43 am

    မေး။ ကြောင်ကြီးဘာတွေလုပ်ပါသလဲ
    ဖြေ။ ပြောရမယ်ဆိုရင်ပေါ့နော်…ဧည့်ခန်းထဲချီးပါ၊ အိပ်ခန်းထဲသေးပေါက်၊ ဆိုဖာဆက်တီအဖုံးတွေ ဆွဲဖြဲ၊ ကြောင်အိမ်ထဲက ဟင်းခိုးစားပါတယ်..။
    မေး။ ကြောင်ကြီးဘာတွေ မလုပ်ဘူးလဲ
    ဖြေ။ ကြွက်မခုတ်ဘူး။ ရွံလို့ပေါ့နော်..။
    မေး။ ကြောင်ကြီးမှာ ရည်းစားသနာ ရှိပြီလား
    ဖြေ။ ငယ်ပါသေးတယ်။ အချိန်တန်ရင်ပေါ့နော် စဉ်းစားမှာပါ။ အဲဒီအခါကြရင်ပေါ့နော် အားလုံးကို အသိပေးပါ့မယ်..။ အခုတော့ လူလစ်တဲ့အခါ တည်းခိုခန်းသွားပြီး…ဟိုဒင်းပေါ့နော် ဟိုဝှာပြုပါတယ်။

  • pan pan

    August 10, 2011 at 9:59 am

    မေး(၁)။ ။ဦးကြောင်ကြီး ရည်းစားထားရင်ပေါ့နော် ဘယ်လိုကြောင်မလေးမျိုးကို အဓိကထားပြီးစဉ်းစားမလဲ
    မေး(၂)။ ။ဦးကြောင်ကြီးက ငယ်သေးတယ် ရည်းစားမထားသေးဘူးလို့ ပြောတယ်ပေ့ါနော်
    ဒါပေမယ့် ညညကြောင်အော်သံတွေဆူညံပြီး တခါတခါရန်ဖြစ်သံပါကြားရတာ အဲဒီထဲ
    ဦးကြောင်ကြီး ပါဝင်နေတယ်လို့ ပြောကြတယ်ပေ့ါနော် အဲဒါလေးဘယ်လိုဖြေရှင်းချင်ပါသလဲ

    • ကြောင်ကြီး

      August 10, 2011 at 10:19 am

      အဲဒါ ပွဲမဝင်ခင် လေ့ကျင့်တာခေါ်တယ်။ ရည်းစားထားတာ ဟုတ်ဖူး။ အခုတောင် သွေးကြွလာပြီ၊ ခူး..ခွီး..ဂရား…ခြစ်မယ် ဂျစ်မယ် ကုတ်မယ် ခုတ်မယ် ကိုက်မယ် ဖိုက်မယ်…

  • စုံ စုံ

    August 10, 2011 at 11:18 am

    ပန်ပန်ရေပေါ့နော်
    စုံစုံကပေါ့နော်
    အလုပ်မအားတဲ့ကြားကပေါ့နော်
    ပို့စ်ကိုရောမန်းထားတာတွေကိုရောပေါ့နော်
    ဖတ်သွားရင်းနဲ့ပေါ့နော်
    ကျလိကျလိဖြစ်နေတာတွေကနေ အဟိအဟိဖြစ်သွားပြီးပေါ့နော်
    အပျင်းပြေ အငြီးပြေဖြစ်သွားပါတယ်ပေါ့နော်
    နောက်လဲဒီလိုတွေရေးဦးပေါ့နော်
    အားပေးနေတယ်ပေါ့နော်
    ပေါ့နော်
    ပေါ့နော် 🙂 🙂 🙂

    • pan pan

      August 10, 2011 at 11:52 am

      ဟုတ်ကဲ့
      ခုလိုပြောတဲ့အတွက် စုံစုံကို ကျေးဇူးတင်တယ်ပေ့ါနော်
      အဟိအဟိဖြစ်သွားတယ်ဆိုလို့ ဝမ်းသာတယ်ပေ့ါနော်
      အလုပ်မအားတဲ့ကြားထဲ ဖတ်ပြီးမန်းသွားလို့ ပိုလို့ကျေးဇူးတင်တယ်ပေ့ါနော် 😀

Leave a Reply