ရန်ကုန်မြို့ တွင် ကန်တော်ကြီးနှင့် အင်းလျားကန်ရှိရာတွင် နှစ်ခုစလုံးသည် စည်ကားလှပါသည်။
ကန်တော်ကြီးကတော့ ကျွန်မအထင်ပြောရမည်ဆိုလျှင် ၀င်ပေါက်များစွာ ရှိသည့်အနက် မျှော်စင်ကျွန်းရှိရာ
ဝင်ပေါက်သည် အစည်ကားဆုံးဖြစ်မည် ဟုထင်ပါသည်။ ကျွန်မသည် မကြာခဏဆိုသလို
မြို့ထဲမှ အလုပ်သွားရာတွင် ဗဟန်းသုံးလမ်းမှတ်တိုင်ကို ဖြတ်ရခြင်း၊ ရတနာပုံတယ်လီပို့ကို သွားရာတွင်
မာလာမှတ်တိုင်ကို ဖြတ်ရခြင်းတို့ကြောင့် ထိုကန်နှစ်ခုလုံးကို ဖြတ်သွားတိုင်း ကြည့်မိပါသည်။

ကြည့်မိတိုင်း မပြောင်းလဲသည့်မြင်ကွင်းကတော့ လက်ချင်းချိတ်ပြီး လမ်းလျှောက်နေသောအတွဲများ၊
ထီးဆောင်းပြီးထိုင်နေသော အတွဲများ၊ပုံစံမျိုးစုံ စတိုင်မျိုးစုံသာဖြစ်ပေသည်။ ကန်တော်ကြီးကတော့
မိသားစုတွေ ကလေးတွေရော လာတတ်သည့်နေရာဖြစ်သည့်အတွက် အင်းလျားကန်လောက်တော့
အတွဲတွေက အခြေအနေဆိုးမည်ဟု မထင်ပါ။ တစ်ခါတစ်ရံတွင် ကျွန်မတို့ အိမ်ကို ဧည့်သည်လာသော
အခါ လူကြီးပိုင်းဖြစ်ပါက ရွှေတိဂုံဘုရားကို ပို့ ရသည်မှာ စိတ်ချမ်းသာစရာကောင်းသလောက်
လူငယ်နှင့်ကလေးများက သူတို့ ဗွီဒီယိုကားထဲတွင် ကြည့်ရလေ့ရှိသော ကန်တော်ကြီးနှင့်
အင်းလျားကန်က အကြော်ဆိုင်ကို ပို့ခိုင်းသောအခါ တော်တော် စိတ်ညစ်ရပါသည်။

မပို့ ချင်ဟုပြောလျှင်လည်း သူတို့ မိဘတွေက တစ်မျိုးထင်ဦးမည်။ အခြေအနေကိုရှင်းပြကာမှ
ပိုစိတ်ဝင်စားပြီး သွားချင်နေရင်လည်း ခက်ဦးမည်။ အဲဒီတော့ ကျွန်မသည် အမြဲတမ်းလိုလို
ကန်တော်ကြီးရှိ ကလေးများ ကစားတတ်သောနေရာ ရွှေတိဂုံဘုရားကို လှမ်းပြီး ဖူးရသော
နေရာကိုသာ ခေါ်သွားလိုက်ပါသည်။

ခုနကပြောသလို အင်းလျားကန်သည် ညနေဘက်လမ်းလျှောက်ချင်သူများအတွက် အဆင်ပြေမည်
ဖြစ်သော်လည်း မိသားစုနှင့် သွားမည်ဆိုပါက သင့်တော်မည် နေရာမဟုတ်ဟု ထင်ပါသည်။
ကန်တော်ကြီးကတော့ မဆိုးလှဟုလည်း မြင်ပါသည်။ ကဲ သူငယ်ချင်းတို့ ရော ဘယ်လိုထင်ကြသလဲတော့
မသိ။ ကိုယ်ကတော့ ကိုယ့်ထင်မြင်ချက်ကို ပြောပြလိုက်ပြီ။

moonpoem

About moonpoem

has written 159 post in this Website..

ရယ်သောသူ အသက်ရှည်၏ THAKHIN CJ #2212011 ( 5/5/16)