The poorest country in Asia Pacific Region ???

Foreign ResidentAugust 9, 20111min24837

Dear Villagers,

This is the interesting Survey result & public comments upon it.

 

This is the survey carried out :

– In Asia & Oceania region,

– By JETRO ( Japan External Trade Organization ),

– For the year of 2010,

Title of the survey is

“ Monthly Base Salary in Asia Pacific Region ”

Detail link is —http://www.jetro.go.jp/en/reports/survey/pdf/2010_08-biz.pdf—

 

An Interesting Comments are :

ဒါကြောင့် သိန်းဂိန်က ငမွဲ ပပျောက်ရေးလုပ်နေတာပေါ့ကွယ်

ဆင်းရဲ မွဲတေမှုတွေကို တိုက် ဖက် ကျမယ်ကွယ်။

 

ဘင်္ဂလားကုလားအဆင့်လောက်တောင်​မရှိတော့ပါလား။

ဘင်္ဂလား ကို ကျော်ဖို့ ဘယ်လောက် အချိန်ပေးရအုန်းမလဲ …

အခုတော့ ရက်ပေါင်း ၁၅ဝ ကျော်သွားပြီ။

စေတနာမှန်သူရဲ့ လက်ထဲမရောက်ခဲ့တာ အနှစ် ၂ဝ ကျော်ပေါ့ …

 

အောက်ဆုံးမှာ နေရတာ ကြာတော့ မွန်းကျပ်လာတယ်။

မန်မာ တစ်ယောက်ရဲ့ တလ တန်ဖိုးက နည်းလိုက်တာ။

ခိုင်းလို့ ကောင်းလိုက်တယ် နိုင်ငံ။

အလုပ်ရှင်များရဲ့ နိဗ္ဗာန်။

 

နိုင်ငံသား တစ်ဦးရဲ့ ပျမ်းမျှလစာဟာ ဒေါ်လာ ၄ဝ ပဲ ရှိတဲ့နိုင်ငံမှာ

မီလီယံနာ … ဘီလီယံနာ များစွာရှိနေတယ် ဆိုတော့ …

ပြည်သူတွေရဲ့ လည်ချောင်းသွေးကို စုပ်ယူထားတာပဲ ဖြစ်မယ်။
အခုက သူတောင်းစား လစာ ဖြစ်နေပြီ၊

ရသင့်ရထိုက်တဲ့ အလုပ်သမား အခွင့်အရေးတွေလည်းမရ၊

ပညာတတ်ပေးထားတဲ့ လစာကျတော့လည်း မက်လောက်စရာမရှိဘူး၊

 

 

37 comments

  • Foreign Resident

    August 9, 2011 at 4:56 pm

    Don’t forget to find Myanmar in အောက်ဆုံးမှာ အောက်ဆုံးမှာ အောက်ဆုံးမှာ

  • Foreign Resident

    August 9, 2011 at 5:43 pm

    အောက်ဆုံးဆိုတော့ သူများကျော်တက်မှာမပူ ရဘူး ဟီး ။

  • susunosuki

    August 9, 2011 at 5:46 pm

    တကမာ္ဘလုံး စာရင်းကောက်နိုင်ရင် ပိုကောင်းမယ်။ world wide စာရင်းကောက်တဲ့ Third Party ရှိသလား။

  • naywoonni

    August 9, 2011 at 8:52 pm

    တစ်ကမ္ဘာလုံး စာရင်းကောက်လည်း အောက်နားက မတက်ပါဘူး…။ ဒီလောက်နဲ့တင် သိသာနေပြီပဲ..။

  • forever

    August 9, 2011 at 8:53 pm

    ွှအကြမ်းစားလယ်စာရင်းဌားတို. ခြံမြေရှင်းသမားတွေတောင်
    တရက်နေ.စားခ၂၅၀ဝကျပ်နဲ. ၃၀၀ဝကြားရှိပါတယ်
    အိမ်ကားမောင်းတဲ.ယဉ်မောင်းတယောက်ကိုအနဲဆုံး
    တလ ၇၅၀၀ဝကျပ်နဲ. ၈၀၀၀ဝကြားပေးရပါတယ်
    အထည်ချုပ်စက်ရုံအလုပ်သမားတွေတောင် ၆၀၀၀ဝလောက်ရနိင်တယ်
    ပညာတတ်ဆိုရင်…..
    ဒီဆာဗေးဟာနဲနဲတော.မြန်မာပြည်ကိုလျော.တွက်ထားပုံရတယ်ဗျာ

    • xman

      August 9, 2011 at 11:50 pm

      ဘာမှမတတ်တဲ့ လက်သမားအကူတယောက် တနေ့ ၂၅၀ဝကျပ်မှ ၃၅၀ဝကျပ်၊
      ဘာမှမတတ်တဲ့ ပန်းရံအကူတယောက် တနေ့ ၃၀၀ဝ ကျပ်မှ ၄၀၀ဝ ကျပ်၊
      နယ်မှာ လယ်ယာလုပ်သား နေ့စား -ဧရာဝတီတိုင်း ၂၀၀ဝကျပ်၊ ပဲခူးတိုင်း-၂၅၀ဝကျပ်။
      စားသောက်ဆိုင်စားပွဲထိုး ရန်ကုန် – ၇၀၀၀ဝကျပ်ဝန်းကျင်၊ နယ် ၄၀၀၀ဝ ကျပ်ဝန်းကျင် (ဒါပေမယ့် သူတို့က အခြားအပိုဝင်ငွေများစွာရတယ်)။
      အောက်ဆိုက်ရှိတဲ့ ကုန်ကားစပယ်ယာနေ့စား တရက် ၃၀၀ဝကျပ်။

      ကျွန်တော့အလုပ်က သန့်ရှင်းရေးဝန်ထမ်း (နေ့ဆိုင်း၊အလုပ်ချိန် တရက် ၈ နာရီ) July , 2011 လစာ ၉၅၀၀ဝ ကျပ်၊
      ကျွန်တော့်အလုပ်က ဘာမှမတတ်တဲ့ ဝင်ခါစ အလုပ်သင်ဝန်ထမ်း တရက် ၃၀၀ဝ ကျပ်။

      Forever ပြောသလိုပဲ – ဒီဆာဗေးဟာနဲနဲတော.မြန်မာပြည်ကိုလျော.တွက်ထားပုံရတယ်ဗျာ

    • PEACEMAKER

      August 10, 2011 at 7:33 am

      အဲဒီ တစ်လ ရသောင်းခွဲ၊ ၈သောင်းတို့ဆိုတာ ဘယ်တုန်းကပေးတဲ့လစာမှန်း မသိသလို အပေါ်ကဆာဗေးကလည်း ဘယ်တုန်းကလုပ်ထားတဲ့ဆာဗေးလည်းမသိတော့ ဝေဖန်ရခက်ပါတယ်။ အပိုဝင်ငွေမပါ လစာချည်းသက်သက်ကိုပဲ ဆိုလိုချင်တာဆိုရင်တော့ အပေါ်ကဆာဗေးက လွန်ခဲ့တဲ့နှစ်တွေအတွက်ဆိုရင်တော့ ဖြစ်နိုင်ချေရှိပါတယ်။ ကိုယ်အစိုးရဝန်ထမ်းလုပ်ခဲ့တုန်းက ရာထူးသိပ်မနိမ့်ပဲနဲ့တောင် အဲဒီအခြေခံလစာလောက်တောင် မရခဲ့ပါဘူး။ အဲတုန်းက ဒေါ်လာဈေးက အခုလိုမျိုး ကျနေတာမဟုတ်ဘူးလေ။ အလုပ်ချိန်ပြင်ပမှာရှာတဲ့ငွေ ဝင်ငွေပေါ့ အဲဒါကတော့ရှိတယ်။ လစာနဲ့ဝင်ငွေပေါင်းရင်တော့ သိန်းနားကပ်သွားတာပေါ့လေ။

      ပြီးခဲ့တဲ့လက မြန်မာပြည်ပြန်တော့ လေဆိပ်ကအိမ်သာဝင်ပြီး မှန်ကြည့်ရင်း မိန်းမပီပီ စပ်စုခဲ့လိုက်သေးတယ်။ လေဆိပ်အိမ်သာမှာသန့်ရှင်းရေးလုပ်နေတဲ့ သန့်ရှင်းရေးဝန်ထမ်းကောင်မလေးကို “တစ်လဘယ်လောက်ရလဲ”ဆိုပြီး။ တစ်လကို ၈သောင်းရတယ်ဆိုပဲ။ တစ်နေ့ကို ၃ထောင်နီးပါးလောက်ပေါ့။ မဆိုးဘူးပဲ။ မနားမနေ၄ရက် နားရတယ်။ မနားပဲအလုပ်ဆင်းပြီး ပိုက်ဆံရှာခွင့်မပေးဘူး။ ၄ရက်ထက် ပိုပျက်ရင် ပျက်တဲ့ရက်အပေါ်မူတည်ပြီး လစာကိုဖြတ်တယ်။ တစ်ရက်မှမပျက်ဘူးဆိုရင် အိမ်သာသန့်ရှင်းရေးဝန်ထမ်းဟာ တစ်လကို ၈သောင်းရတာ အတော်ကိုမဆိုးဘူးလို့ ဆိုရမယ်။ ဒါကလည်း လေဆိပ်ဝန်ထမ်းမို့လို့ ထင်တာပဲ။

  • Foreign Resident

    August 10, 2011 at 2:52 am

    Dear Forever & X man,

    Not only you, I also feel ,
    Forever & X man ပြောသလိုပဲ –– ဒီဆာဗေးဟာနဲနဲတော.လျော.တွက်ထားပုံရတယ်ဗျ

    About 2 months ago, my friends from Myanmar said they would visit to Australia.
    At that time, I was very busy ( in fact, lazy ) 😛
    I cannot clean my house by myself alone. 🙁
    Therefore,
    my wife hired some part-time domestic helper ( Australian, White, ဘာမှမတတ် )

    1. ဘာမှမတတ်တဲ့ အိမ်အကူ (clean my 1 kitchen & 2 bath rooms) – 3 hrs = 200 A$
    2. ဘာမှမတတ်တဲ့ ခြံမြေရှင်းသမား (cut my grass & maintain my garden) – 3 hrs = 200 A$

    According to this real information / facts, ( I repeat, real facts )
    ( If I calculate by neglecting being a part-time labor, unemployed hours, etc ),

    Then, their wage are
    တနာရီ = 200 ÷ 3 = 66 A$
    တရက် ၈ နာရီ = 66 x 8 = 528 A$
    တလ ( ရက် ၂ဝ ) = 528 x 20 = 10560 A$ x 1.05 (recent Ex rate) = 11088 US$ 😛

    This is only for ဘာမှမတတ်တဲ့ (ဘာမှမတတ်တဲ့ uncertified ) အိမ်အကူ & ခြံမြေရှင်းသမား
    Then, I may say,
    “ ဒီဆာဗေးဟာနဲနဲတော. Australia ကိုလျော.တွက်ထားပုံရတယ်ဗျာ ” 😛

    I really don’t know much about this survey.
    ( their sampling method, their frequency & how much this survey covered )

    The only thing I know is
    This survey was carried out by world renowned ( famous & trust worthy ) JETRO &
    JETRO ( Japan External Trade Organization ) is a Japanese government-related organization. 😛
    —http://www.jetro.go.jp/—

    Even though, you may argue this survey does not represent the whole Myanmar,
    But, in general, It clearly reveals the Myanmar recent situation &
    its position among other countries. 🙁

    Thanks. 😀

  • Foreign Resident

    August 10, 2011 at 2:56 am

    တစ်ကမ္ဘာလုံး စာရင်းကောက်လည်း အောက်နားက မတက်ပါဘူး…။ ဒီလောက်နဲ့တင် သိသာနေပြီပဲ…။

  • kai

    August 10, 2011 at 4:13 am

    ထလော့မြန်မာ၊ အိုမြန်မာတို ့ တို ့ရွာ တို ့မြေ၊ တို ့ရွာမြေဝယ် စေတီစပါး၊ များလည်းများ၏ များပါလေလဲ၊ တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် ယာစကာမျိုး၊ တညှိုးညှိုးနှင့် ပုထိုးမြင့်မောင်း၊ကျောင်းကြိုကျောင်းကြား လှည့်လည်သွားလျှက် မစားလေရ၊…

    တို့တိုင်းပြည်(ဇော်ဂျီ).. မှ..။

    ငွေကြေး..သယံဇာတ..အရင်းအမြစ်… စီးဆင်းမှုတွေ အကြီးအကျယ်မှားယွင်းနေတာပါ..။
    ဆိုတော့…
    ရွှေတွေ..ရတနာတွေစီခြယ်ထားတဲ့ စေတီ..။ ခန့်ညားထယ်ဝါတဲ့ပုထိုးမြင့်မောင်း..၊ ရဟန်းသံဃာတွေ သီတင်းသုံးတဲ့..ကျောင်းကြီးရခိုင် ..တွေရှိတယ်..။ ထူးမြတ်သာလွန်..များသထက်များ… ကောင်းသထက်ကောင်းလာတယ်..။
    .. စပါးတွေသီးတယ်..။ အပင်တွေ ..ဖြစ်ထွန်းတယ်..။ မြေကြီးကတူးဖေါ်လို့…. ဒေါ်လာဝင်ငွေ ဘီလီယန်ချီတွေရလာတယ်..။ ကမ္ဘာ့အကောင်းဆုံး.. တွင်းထွက်တွေထွက်တယ်..။
    ဒါပေမဲ့…။
    တမွဲမွဲနှင့် ဆင်းရဲကာသာ၊ ကာလကြာလျှင် ယာစကာမျိုး၊ တညှိုးညှိုးနှင့် .. မြန်မာတွေဖြစ်နေတာပါပဲ..။

    • maungmoenyo

      August 10, 2011 at 9:18 am

      သယံဇာတ ဆိုတာမျိုး ကရှိနိုင်ပေမဲ့ လူသုံးကုန်ဖြစ်ဘို့က အတတ်ပညာ လိုသေးတယ်လေ။ သယံဇာတရှိတိုင်းချမ်းသာရမယ်ဆိုရင်…အာဖရိက တိုက်က အမေရိကားကိုခွစီးနေပြီပေါ့။

    • pan pan

      August 10, 2011 at 9:22 am

      ထလော့မြန်မာ အိုမြန်မာတို့
      တို့ရွာ တို့မြေ တို့မြေရွာဝယ်
      ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
      သီးနှံချိုပြား များလည်းများ၏
      များပါလေလည်း တမွဲမွဲနှင့်…………………
      (စာလုံးပေါင်းလွဲမလားမသိဘူး)
      ——————————-
      ဆရာကြီးအောင်သင်းပြောတာကတော့ သဘာဝပစ္စည်းသယံဇာတတွေနဲ့ လုပ်အားနဲ့ပေါင်းရင် တန်ဖိုးဖြစ်မယ်တဲ့
      ဥပမာ- ရေနံထွက်တဲ့နေရာမှာ ရေနံဆိုတဲ့သယံဇာတကိုတူးဖော်ဖို့ လုပ်အားလိုမယ်၊ အဲဒီနှစ်မျိုးရှိရင် လိုချင်တဲ့ရေနံရပြီ
      ဒါပေမယ့် သဂျီးပြောသလို ဒေါ်လာတွေအများကြီးဝင်ပြီး ဆင်းရဲနေတာဘာလို့လဲဆိုတော့ ဆင်းရဲနေတဲ့ပြည်သူတွေက အဲဒီဒေါ်လာမှမဝင်ဘဲကိုး 😐

  • nature

    August 10, 2011 at 9:24 am

    မြန်မာနို်င်ငံဟာ ဆင်းရဲတဲ့နိုင်ငံဆိုတာကတော့လက်ခံပါတယ်။ ဒါပေမဲ့ စရိပ်ခြင်းဂရပ်ဆွဲကြည့်ရင်လဲ ဒီ ဂရပ်ပုံစံလောက်ပဲသွားမယ်ထင်တယ်။ ဥပမာ- ရထားခ ၁ဝ ကျပ်၊ ဒလ သဘောင်္ခ 50 ကျပ်။

    • pan pan

      August 10, 2011 at 9:32 am

      ဒါပေမယ့် ဘတ်စ်ကားခရယ်၊ တယ်လီဖုန်းခရယ်၊ အိမ်လခရယ်၊ အရေးအကြီးဆုံး မီးဖိုချောင်စရိတ်ရယ်က ဝင်ငွေနဲ့ မမျှဘူးလားလို့
      အိမ်လခကပဲ နှစ်ချုပ်ကို တစ်လလေးငါးသောင်း အနည်းဆုံးရယ်
      ဖုန်းကတော့ PCOကို အားကိုးလို့ရတော့ ထားပါတော့
      ရထားတို့ သင်္ဘောတို့က လူတိုင်းတော့မစီးဖြစ်ကြဘူး
      ရထားဆိုပိုဆိုး
      အချိန်ကြာတယ်
      ဘူတာနဲ့ သွားလာဖို့ဝေးတဲ့လူက များတယ်
      ဘတ်စ်ကားခက တစ်ရက်ကို အပြန်အသွား သုံးလေးရာအနည်းဆုံးပဲ
      ဟင်းချက်စရာစရိတ်ကလည်း မနည်းဘူး

    • Foreign Resident

      August 10, 2011 at 12:42 pm

      Dear Nature,

      When we are talking about poverty, we generally referred,
      How much percentage do you use for food, of your income ?

      In Europe, food & non-alcoholic beverage take 12.7 % of your income.
      —http://epp.eurostat.ec.europa.eu/statistics_explained/index.php/
      Household_consumption_expenditure#Household_budget_survey—

      Unfortunately, there was no fact for Burma.
      So, you need to imagine yourself ( How many % you used for food )

      Another way of comparison is,
      In Australia , 1 kg ( 60 Kyat thar ) of Chicken drum stick = 3.50 A$
      So 1 viss ( Paik Thar ) of chicken drum stick = 3.50 ÷ 0.60 = 5.83 A$
      Australia average monthly salary = 3690 A$
      So, every Australian can buy = 3690 ÷ 5.83 = 632.5 Viss of Chicken Drum stick every month.
      Then you can imagine yourself,
      How many viss ( Paik Thar ) of Chicken you can buy with your salary.

      • pan pan

        August 10, 2011 at 3:10 pm

        ကြက်သားတော့ တစ်ပိဿာအသာထားပါဦး
        တစ်နေ့တည်း ၅ဝသားတောင်ဝယ်မစားနိုင်ဘူး၊
        ရှိတာက လူသုံးယောက် စားလို့ကုန်လည်းမကုန်ဘူး
        မြန်မာနိုင်ငံကလူတွေ ဟင်းနည်းနည်းပဲစားတာ အကျင့်ဖြစ်နေပြီ
        ကြက်သားတစ်ဆယ်သား ၆၀ဝဈေး
        ၅ဝသား ၃၀၀ဝကျပ်
        အဲဒါမွေးမြူရေးစီပီကြက်၊ ဗမာကြက်က ၇၀ဝဈေး တစ်ဆယ်သားကို
        အဲ…ခုတလော ဆီဈေးတော့ ကျသွားတယ်

        • Foreign Resident

          August 10, 2011 at 3:26 pm

          By the way, For your knowledge,
          Those Australian ( Caucasian ) eat a lot of meat.
          One Australian generally eat around ကြက်သားတစ်ပိဿာ in one time.
          I saw, the amount of meat eaten by one Australian is
          roughly equal to the amount of meat eaten by five Burmese.
          😛

        • pan pan

          August 10, 2011 at 4:48 pm

          အဲဒါကြောင့် ဆရာအော်ပီကျယ်ပြောတာပေ့ါ
          ဟင်းငတ်ပါတယ်လို့
          ကြက်သားတစ်ပိဿာ၆၀၀၀/၇၀၀ဝဈေးမှာ ဩစတေးလျမ်းတွေလို တစ်လပိဿာ၆၀ဝကျော် ဘယ်လိုလုပ်ဝယ်စားနိုင်မှာလဲ
          ကြက်သားဖိုးနဲ့တင် သုံးသိန်းခွဲနဲ့ လေးသိန်းကြားရောက်နေပြီ
          ဒီကလူတွေခမျာ တန်ရာတန်ရာပဲ တန်သလောက်စားနေကြရတာ

        • Foreign Resident

          August 11, 2011 at 7:10 am

          Dear pan pan,
          sorry, your calculation is wrong,
          ကြက်သားတစ်ပိဿာ၆၀၀ဝ x ၆၀ဝပိဿာ = 36 သိန်း
          ( not သုံးသိန်းခွဲနဲ့ လေးသိန်းကြား )
          Thanks. 😛

        • pan pan

          August 11, 2011 at 8:59 am

          ဟုတ်သားပဲ 😀
          အဲလောက်ကြီးတောင်မများလောက်ဘူးထင်နေတာ
          သုံးလေးသိန်းတောင်လွန်နေပြီလားလို့

      • nature

        August 10, 2011 at 7:00 pm

        မြန်မာနိုင်ငံ ဆင်းရဲတယ်ဆိုတာ လက်ခံပါတယ်။ မြန်မာနိုင်ငံ မှာ ဒေတာ မရှိဘူးဆိုတာလည်း မှန်ပါတယ်။ ကောက်ပေမဲ့ ကောက်တဲ့ ဒေတာ တွေဟာလည်း အကျိုးမရှိပါ။ အမှန်မရပါ။
        မြန်မာနိုင်ငံ မှာ ဝန်ထမ်းအများစုဟာ ကြက်သားစားနိုင်ဘို့ နေနေသာသာ၊ အိမ်ငှားစရိပ် ၊ ကားခ၊ စားစရိပ် ၊ စတဲ့စရိပ်တွေနဲ့တင် မလောက်ငှပါ။စီပီကြက်ဟာ ၁ပိဿာ ၄၀၀ဝ ကျပ် လာက်ရှိပ်တယ်။ ဗမာကြက်ကတော့ ၆၀၀၀-၇၀၀ဝ ။ဒီ မလောက်ငှတဲ့ အခြေအနေမှာ ဝန်ထမ်းတွေ လာဘ်ပေးလာဘ်ယူ လုံးဝ ပပျောက်အောင်မလုပ်နိုင်ပါ။
        ကျနော်သိသလောက်တော့ ပုဂ္ဂလိက လုပ်ငန်းရဲ့ ဝန်ထမ်းလစာဟာ အခြေခံ တလ ၃၀၀၀ဝကျပ် ထမင်းကြွေးရပါတယ်။
        ၁ဒေါ်လာ=၈၀ဝကျပ်(ကနေ့ 750ကျပ်ခန့်)
        ကျနော်ဆိုလိုတာကတော့ လစာတွေနဲသလို စရိပ်တွေကလည်းနည်းတယ်ဆိုတာကိုပါ။ ဘာပဲပြောပြာ လစာတွေဟာ မလောက်ဘူးဆိုတာကတော့ လူတိုင်းမငြင်းနိုင်ပါ။
        ကြက်သားအချိန် ၆၀ဝ ကျော်ဆိုရင် ၁လ သိန်း ၃ဝ ကျော်ရှိပါတယ်။ ဒီလိုနေရာမျိုးမှာ လာဘ်ပေးလာဘ်ယူ ကင်းရှင်းအောင်လုပ်ဖို့လွယ်ပါလိမ်မယ်။
        င်္FR ဆီမှာရောလာဘ်ပေးလာဘ်ယူတွေဘယ်လိုအခြေအနေရှိလည်း သိချင်ပါတယ်။

        • Foreign Resident

          August 11, 2011 at 9:33 am

          Dear Nature,

          It seems, it apparent,
          There is no bribery (လာဘ်ပေးလာဘ်ယူ) in Australia ( so far ).

          1. nobody dare to give bribe to government staff.
          Because, government staff’s salary are very high.
          Sometime, journalist pretend to give bribe (trap).

          2. those Australian even hate too much to lie.
          Let say, Australian community doesn’t accept liar.

          3. very very rare to see or heard ( not even heard as rumor or gossip ).
          During my 2 years stay in AU, I have never heard of bribery.

        • Foreign Resident

          August 11, 2011 at 9:35 am

          Dear Nature,
          Most of the Australian Government Officers’ salary are more than
          10,000 A$ per month.

  • ပေစုတ်စုတ်

    August 10, 2011 at 10:30 am

    ဆရာဇော်ဂျီနှိုးထားခဲ့တာလဲကြာပါပြီ… အခုထက်ထိလဲ မနိုးနိုင်ကြသေး… မျိုးချစ်စိတ်ဆိုတာဘာလဲ.. နိုင်ငံရေးဆိုတာဘာလဲ မသိကြတော့တဲ့လူငယ်တွေကြီးပဲဖြစ်ကုန်ပြီကိုး… ဒါကလဲပြောသာပြောရတယ်… တစ်ခါတစ်လေ မျိုးချစ်စိတ်လေးပြင်းထန်လာလို ့မှရင်ဖွင့်မယ်ကြံရင်… ဘေးမှာစကားပြောဖော်က တရုတ် ကုလား.. တွေပဲဆိုတော့ ခက်တယ်… ဝင်ငွေအကြောင်းသာပြောနေကြတယ်… ငွေတွေသဲ့ယူနေတဲ့ လုပ်ငန်းတွေဘယ်သူတွေပိုင်လဲ မန်းန္တလေးကို..တစ်ခေါက်လောက်လာကြည့်ကြပါဦး…

  • etone

    August 10, 2011 at 10:36 am

    ဘယ်သူသေသေ ငတေမာလျှင်ပြီးရော ဆိုတဲ့ လုပ်ငန်းရှင်တွေ တဖြည်းဖြည်းများလာသရွှေ့ … လုပ်ခလစာကလည်း ..ပျမ်းမျှ ဒီလောက်က တက်မှာတောင်မဟုတ်ဘူး .. ။

  • ကြောင်ကြီး

    August 10, 2011 at 11:01 am

    ဆာဗေးမှာ salary ခေါင်းစဉ်တပ်ထားလို့ လခစားဝန်ထမ်းတွေရဲ့ အခြေခံလစာကို တွက်ပြထားပုံရပါတယ်။ နေ့စား၊ အိုဗာတိုင် စတာတွေကို ထည့်မတွက်ဖူးထင်တယ်။ ဘယ်လိုတွက်တွက် တဦးချင်းဝင်ငွေဆိုရင်တော့ ဒီထက်နဲသွားပါမယ်။ အသက်ပြည့်ပြီး အလုပ်လုပ်နိုင်သူ လူဦးရေအားလုံးကို ထည့်တွက်လို့ပါ။

    • pan pan

      August 10, 2011 at 11:11 am

      monthly base salary ဆိုတော့ အခြေခံလစာပဲပေ့ါ
      ကျန်တဲ့allowance အတွက် မပါလောက်ဘူး
      အဲဒါကြောင့်လည်း ၄၁ဒေါ်လာပဲဖြစ်နေတာ

  • Niko

    August 10, 2011 at 12:25 pm

    ကိုယ့်ထမင်းကိုယ်စားတာ ဘယ်သူ့ ဂရုစိုက်ရမတုန်း

  • Foreign Resident

    August 10, 2011 at 12:53 pm

    In March 2011,
    Burmese Gem sale = 2,800 million US$ = 2.8 billion US$ 🙂
    Where is this money ?
    Who take this money ?
    This is called “mismanagement” & “cronyism”
    This is the main cause of our poverty.
    🙁

    • pan pan

      August 10, 2011 at 2:59 pm

      ဒေါ်လာတွေတော့ဝင်ပါရဲ့
      ဆင်းရဲတာတော့ဆင်းရဲပါရဲ့
      အဲဒီဒေါ်လာတွေ ဘယ်မှာလည်းဆိုတော့ လူချမ်းသာတွေဆီမှာပေ့ါ
      လူချမ်းသာတွေယူထားတာလေ
      အဲလူတွေက တော်ရုံချမ်းသာတာမဟုတ်ဘူး
      ဆင်းရဲတဲ့လူတွေများကျတော့လည်း နိုင်ငံခြားကဒေါ်လာတွေအများကြီးဝင်လို့
      နေရေးထိုင်ရေးထူးထူးခြားခြားလည်း မြင့်မလာပါဘူး
      ကိုယ့်နိုင်ငံကထွက်တဲ့ ကျောက်မျက်ရတနာတွေ ဝတ်ဆင်ဖို့မပြောနဲ့ ကိုင်တောင်ကြည့်ဖူးတာခပ်ရှားရှားရယ်
      ပုစွန်ထုပ်ကြီးတွေလည်း နိုင်ငံခြားရောက်၊ ငါးသလောက်တွေရော၊ ဆန်တွေရော၊ ကောင်မလေးတွေရော အယ်…ရေးရင်းဘယ်တွေရောက်ကုန်ပါလိမ့် :-/

  • windtalker

    August 10, 2011 at 1:34 pm

    ရှားလော့ဟုမ်း တို ့ဦးစံရှား တို ့ ဦးထင်ကျော် တို ့ ဆားပုလင်း နှင်းမောင် တို ့007ဘွန်း တို ့
    လက်မှိုင်ချ ၊ ငုတ်တုတ်မေ့ ၊ မျက်ရည်တောက်တောက်ကျ
    ဘယ်တော့မှ စုံထောက်မလုပ်တော့ပါဘူး လို ့
    ဖြေသွားစေနိုင်တဲ့ မေးခွန်း ကို
    မထုတ်လိုက်ပါလေနှင့်
    အဆွေတော် ဖော်ရိန်း ရက်စီဒန် ့ခင်ဗျား ။

  • Foreign Resident

    August 10, 2011 at 3:38 pm

    “ဦးတေဇဟာ အီတလီ သတင်းထောက် Bultrini ကို တပုလင်း ဒေါ်လာ တသောင်း တန်တဲ့ ဝိုင်အရက်အကောင်းစားနဲ့ ဧည်ခံခဲ့”
    “ကျနော်ဟာ မြန်မာနိုင်ငံမှာ အချမ်းသာဆုံးလူတယောက် ဖြစ်တယ်ဆိုတာကို လူတွေသိအောင် တခါတည်းပြောလိုက်ချင်လို့ပါပဲ”
    “တွေ့ဆုံမေးမြန်းခန်းအတွင်း စီးပွားရေးလုပ်ငန်းတွေကနေ တနှစ်ကို ဒေါ်လာ သန်းပေါင်း ၅၀ဝ ဝင်ငွေရရှိကြောင်း ပြောဆိုခဲ့တဲ့ ဦးတေဇ”

  • Don Juan Ronald

    August 10, 2011 at 8:36 pm

    တရုတ်တယောက်အပျော်တန်းပြောပြသော​ဗမာပုံပြင်များ~~~~~
    လွန်လေပြီးသောအခါ(about 45 years ago)ဗမာပြည်၏မော်တော်ကားများသည်​ Japan,Enghland လိုလက်ဝဲကပ်မောင်းကြပါတယ်၊ထိုအခ​ျိန်ကနိုင်ငံတော်ဥေဿျှာင်နံပါတ်​ဝမ်းကြီးဟာအာဏာသိမ်းထားတာလည်းကြ​ာပြီဖြစ်၍၊နိုင်ငံတော်ကြီးကိုလက်​ဝဲလမ်းစဉ်(socailist)နဲ့အုပ်ချု​ပ်ရမှားလား၊လက်ျာလမ်းစဉ် democracyနဲ့အုပ်ချုပ်ရမှာလားရွေးခြယ်တဲ့အခါမှာသူ၏လက်စွဲတော်ဗေဒင်ဆရာန​ဲ့တွက်ခိုင်းလိုက်ပါတယ်၊ရလာတဲ့အ​ဖြေကတော့လက်ဝဲလမ်းစဉ်(socailist​)နဲ့အုပ်ချုပ်ရင်နိုင်ငံတော်သည်​မွဲသေပြီးငရဲသို့လား၏၊လက်ျာလမ်း​စဉ် democracyနဲ့အုပ်ချုပ်ရင်နိုင်င​ံတော်သည်ဖွင့်ဖြိုးတိုးတက်ပြီးန​ိဗာန်သို့သွားမည်။ဥေဿျှာင်နံပါတ်ဝမ်းကြီးစိတ်ထဲမှာတွက်ထားတာကလက်ျာလမ်းစဥ​်democracyကိုသွားရင်ရွေးကောက်ပွဲလုပ်ရမယ်၊အာဏာလွဲပေး​ရမယ်၊ဒါကြောင့်ဥေဿျှာင်နံပါတ်ဝမ်းကြီးသည်ယတရာချေတဲ့အနေနဲ့မော်တော်ကားးများကိုတော့လက်ျာလမ်းစဉ်ပြောင်းးမောင်းခိုင်းပြီး၊နိုင်ငံတော်အာဏာကိုတေ့ာစစ်အုပ်ချုပ​်ရေးကနေတစ်ပါတီအာဏာရှင်စံနစ်ဖြစ​်တဲ့လက်ဝဲလမ်းစဉ်(socailist)နဲ့​အုပ်ချုပ်ကာငရဲသို့ပြည်သူများအာ​းခေါ်ဆောင်သွားရာ၊ဥေဿျှာင်နံပါတ်​ဝမ်းကြီးသည်ပန်းတိုင်သို့အရင်ရေ​ာက်နှင့်ပြီလေ~~~~~~See more
    by: Donjuan Ronald

  • Don Juan Ronald

    August 10, 2011 at 10:35 pm

    ကျနော်ဟာဗမာပြည်ကနေထွက်ခဲ့တာနှစ်ပေါင်း၂ဝကျော်ပါပြီ။
    ကင်းကြေး၊ချောကြေး၊စေတနာကြေးစသဖြင့်ကြေးပေါင်းစုံကောက်ခံသောနိုင်ငံမှသော်၎င်း
    ဧည့်စာရင်းတိုင်၊ဧည့်စာရင်းစစ်၊ခရီးသွားရင်ဂိတ်ပေါင်းစုံကစစ်၊အခမတင့်ရင်MIကခေါ်စစ်လိုက်၊စသုံးလုံးကခေါ်စစ်လိုက်မှသော်၎င်း
    မီးရထားစီးရင်၃ရက်ကြိုသန်းကောင်ယံမှာသွားတန်းစီရ၍ဝယ်လို့ရခြင်မှရမည်သော်၎င်း
    လေယာဉ်ပျံစီးခြင်ရင်မှေင်ခီုဝယ်ခြင်သော်လည်းအဆက်အနွယ်ရှိမှရနိုင်သည်ပော်၎င်း
    ရပ်ဝေးဖုံးပြောခြင်ရင်ဖုံးရုံးမှာ၂နာရီ၃နာရီသွားဆောင့်ရခြင်းမှသော်၎င်း၊စသဖြင်ံပြောလို့မကုန်နိုင်ပေါင်
    ယခုကျနော်ဟာကျနော်တို့ရဲ့နိုင်ငံတော်သမ္မတတောင်အရေးစိုက်ဖို့မလိုဘူးဥပဒေဘောင်အတွင်းမှာနေရင်ဘယ်ကောင်မှကြေက်ဖို့မလိုဘူး။
    ကျနော်ဗမာပြည်ကြီးကိုလုံးလုံးလျားလျားကြီးမေ့သွားတာကြာပါပြီ။
    ခုတလော net ပေါ်မှာBurmese website များ face book ပေါ်ဗမာခလေးများစွာတွေ့ရတဲ့အခါတကယ်တော့ကျနော်ဗမာပြည်ကိုမမေ့နိုင်ပါ၊ကျနော့ဘဝရဲ့အနှစ်သာရအရှိဆုံးအချိန်သည်ဗမာပြည်ကြီးမှာဖြုံးခဲ့ခြင်းဖြစ်ပါသည်။
    အသက်ကြီးသောလူကြီးများသည်၊ယခုလုပ်သောအလုပ်ကိုခဏနေကျရင်မေ့သွားတတ်လေ့ရှိတယ်၊သို့သော်လည်းငယ်စဉ်ျတုံးကအဖြစ်အပျက်တော့တသက်လုံးမမေနိုင်ပါ။
    ဗမာပြည်ရဲ့ဒီမိုကရေစီခေတ်ကိုကျနော်နဲနဲမြီးလိုက်ရဘူးသည်၊အာရှတိုက်မှာအချမ်းသာဆုံးနိုင်ငံမှအမွဲဆုံးနိုင်ငံသို့လှမ်းသွားသည်ကိုကိုယ်တိုင်ပါဝင်ခဲ့ပါဆယ်။
    တကယ်ကိုအလွန်အရမ်း~~တကယ်အရမ်း~~တကယ်အရမ်း~~တကယ်အရမ်း~~ ဝမ်းနည်းပါတယ်
    တကယ်ကိုအလွန်အရမ်း~~တကယ်အရမ်း~~တကယ်အရမ်း~~တကယ်အရမ်း~~ စိတ်နာပါတယ်
    တကယ်ကိုအလွန်အရမ်း~~တကယ်အရမ်း~~တကယ်အရမ်း~~တကယ်အရမ်း~~ နှမျှောပါတယ်
    တကယ်ငိုချင်တယ်ဗျာ
    ခွေတွေလို reverse လုပ်လို့ရရင်~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~။

  • thit min

    August 11, 2011 at 8:44 am

    Most of offical surveys are far from actual cases because they have to base on strong data-sources.Developing countries’ economies are partly relying on “informal sectors” such as street-vendors, tri-cycle-drivers and black markets . Perhaps, these kinds of surveys are not taking consideration about “income from informal sectors”.

Leave a Reply