စာတန်းများနဲ့မြန်မာ

စာတန်းများနဲ့မြန်မာ

တိုင်းပြည်တစ်ပြည်တိုးတက်ဖို့ မှာ စာတန်းတွေနဲ့တိုးတက်အောင် လုပ်ဖို့ မဖြစ်နိုင်ပါဘူးစာတန်းတွေကြောင့်လည်း
တိုင်းပြည်မတိုးတက်ပါဘူး   ဒါပေမယ် ကျွန်တော်တို့ရွှေမြန်မာများကတော့ စာတမ်းတွေနဲ့
တိုင်းပြည်တိုးတက်အောင်လုပ်နေကြတယ်လို့မြင်မိတယ်ဗျ….။။
တိုင်းပြည်တိုးတက်ဖို့ မပြောနဲ့ ပြည်သူလူထုကိုတောင် ဘယ်လိုအကျိုးသက်ရောက်မှုပေးနိုင်ပါသလဲ

အဲဒီစာတန်းတွေကြောင့်
ပြည်သူလူထုရဲ့ ရုပ်ပိုင်းဆိုင်ရာ  စိတ်ပိုင်းဆိုင်ရာများကို ရောအကောင်းဖက်ကိုတိုးတက်ပြောင်းလဲစေပါသလား…။။
ဒါပေမယ့် ကျွန်တော်တို့ ကိုရွှေမြန်မာ များကတော့ စာတန်းတွေနဲ့ရင်းနှီး နေပြီးသားပါ အဲဒီစာတန်းတွေ
ကိုဖတ်ရလွန်းလို့လဲ ရိုးအီနေပါပြီ တစ်ခါတစ်လေလည်း အဲဒီစာတန်းတွေကို မျက်ကွယ်ပြုတတ်နေပါပြီ
တစ်ခါတစ်လေလည်း သတိမမှုမိသလိုလည်းနေတတ် နေကြပြီလေ ..။။ဒါကြောင်စာတန်းတွေက်ုမမုန်းကြ
သေးဘူးစာတမ်းတွေ ထပ်ကပ်ဖို့ လုပ်နေကြတုန်းဗျစာတန်းတွေရေးပြ ဖတ်ပြ ရုံနဲ့ သာတိုးတက်လာမယ်
ဆိုရင်ကျွန်တော်တို့ တိုင်းပြည်ဟာ စာတန်းတွေ အပေါ်လိုက်နာမှု အရှိဆုံးနဲ့ စာတန်းတွေကြောင့်တိုးတက်
လာတဲ့တိုင်းပြည်တစ်ခုအဖြစ် ကမ္ဘာ့အလယ်မှာ အထူးဆန်းဆုံးတိုင်းပြည်အဖြစ် ရပ်တည်နိုင်မှာပါ..။။

စာတန်းတွေက စနစ်တွေကိုပြောင်းလဲနိုင်သလား စာတန်းတွေက  ခေတ်တွေကို ပြောင်းလဲနိုင်ပါသလား
စာတန်းတွေက လူမှုဒုက္ခတွေကို  ဖြောက်ဖျက်ပစ်နိုင်သလား

စာတန်းတွေက  တိုင်းပြည်ချမ်းသာလာနိုင်စေသလား…စာတန်းတွေကရတဲ့  အကျိုးကဘာလဲ….။။။
စာတန်းဆိုရာမှာ ကားနောက်မြီးမှာရေးတဲစာကနေစလို့ ဆိုင်းဘုတ်ကြီးအခိုင်အမာထောင်ပြီး အများမြင်သာ
အောင် ရေးထားတဲ့ ဆိုင်းဘုတ်နီနီကြီးတွေထိပါ  ပါတယ်။။
စာတန်းတွေကို ကိုအများလိုက်နာဘို့ကပ်ထားမယ်ဆိုရင်  လိုက်နာနိုင်အောင် အဆင်ပြေတဲ့ပြုပြင်ပြောင်းလဲမှုတွေလည်း
လုပ်ပေးထားမှ လိုက်နာရမယ့်သူတွေအတွက် အဆင်ပြေစေမှာပါ….။။

ကားနောက်မြီး မှာ ..““တွယ်မစီးရလို့ ”” ရေးထားပြီးတော့ ကားအတွင်းထဲမှာ  ထိုင်ခုံတောင်မပါတဲ့ကားတွေ..
အပေါ်ကလက်ကိုင်တန်းလေးသာပါတဲ့ ကားတွေ အတွက် ..ဘယ်လိုစဉ်းစားကြမလဲ တွယ်မစီးရရင်
ထိုင်စီးလို့ရအောင်တော့ ပြောင်းလဲပေးထားမှသာ အများလိုက်နာဘို့ ရေးထားတဲ့စည်းကမ်းစာတမ်းက အသက်ဝင်စေမှာပါ …။။

““ အမှိုက်မပုံရ”” ဆိုရင် လည်း လူအများစည်းကမ်းမဲ့ အမှိုက်မပုံအောင် နည်းစနစ်ကျတဲ့ အမှိုက်သိမ်းစနစ် ထားရှိပေးမှ
ဖြစ်မှာပါ ..အမှီုက်မပုံရဆိုတဲ့နေရာမှာအမှိုက်ပစ်လို့ ဒဏ်ငွေ ရိုက်မယ်ဆိုရင်  လူကြီးမင်းတို့ရဲအမှိုက်သိမ်းစနစ်ကရော
ဘယ်လိုလဲ.. အမှိုက်ကန်တွေနေရာစေ့ လိုက်ဆောက်လဲ(၁၅)ရက်လောက်နဲ့ကွဲပြဲလဲပြိုနေတာတွေဟာ  ရှက်တတ်ရင်
ရှက်စရာကြီးပါ  ကျွန်တော်ကုမ္ပဏီကိုဧည့်သည်နိုင်ငံခြားသားတွေလာတိုင်း  အဲဒီရွဲပြဲနေတဲ့ အမှိုက်ပုံရှိတဲ့လမ်းကို ရှောင်ပြီး
ကားမောင်း နေရတာဟာ  မေးလာခဲ့ရင်ဖြေရမှာ ရှက်လို့ပါပဲ။။

ဘတ်စ်ကားကြီးတွေမှာ ရော မထသ ဆိုတဲ့ တံဆိပ်နဲ့စာတန်းကြီးကပ်လိုက်တာနဲ့ ရော မထသ စည်းကမ်းအတိုင်းတကယ်
လိုက်နာသွားကြရောလား မေးစရာပါ  တံဆိပ်နဲ့စာတန်းမကပ်ရင်အရေးယူမယ် ဆိုရင်  စာတန်းနဲတံဆိပ်တွေအပေါ်
လိုက်နာမှုမရှိရင်ရော   ဘယ်လိုအရေးယူမှာလဲ …။ တံဆိပ်နဲ့စာတမ်းက သပ်သပ်ပါ   စည်းကမ်းကသပ်သပ် ပါ ..။။

““မထသ အထူး””  တစ်ကယ်ထူးလို့လား တစ်ကယ်မထူးရင်ရှက်ဘို့ကောင်းပါတယ် နိုင်ငံခြားသားတွေ က မေးလာရင်
special bus လိုဖြေဘို့  ကျွန်တော်တို့ဖြေနိုင်ဘို့ အားမရှိပါဘူး ကို့ကိုယ်ကို အရူးလို့တော့ သူတို့ အထင်မခံနိုင်ပေါင်
““မတ်တပ်စီးခရီးသည်မတင်ရ”” ဆိုတဲ့ စာတမ်းအောက်မှာ  မတ်တပ်ရပ်စီးခဲ့ရတဲ အကြိမ်ပေါင်းမနည်းတော့ပါဘူး
စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့တွေကလည်း တစ်စီးကို ငွေနှစ်ရာကျပ်နဲ့ကျေနပ် နေကြပါတယ်…အဲဒီစာတမ်းဟာတစ်
ဖြေးဖြေးပျောက်ပါတော့မယ်..။။

ဟိုးအရင် အဲယားကွန်းဘတ်စ် ငွေ အစိတ်ကျပ်နဲ့စီးခဲ့ရပေမယ် နောက်ပိုင်း ငွေအစိတ်ပေးရတာသာ ခရီးသည် ဘက်က
မှန်ကန်ခဲ့ပြီး ဘတ်စ်ကားဘက်ကတော့  အဲယားကွန်းပျက်ခဲ့တာပါပဲ  ဒီဟာကိုသာဓကယူပြီးပြည်သူဘက်ကတော့
ဘာတွေဘယ်လိုပြောင်းပြောင်း ဒီဟာတွေက ဟောင်းသွားတတ်တာပဲဆိုတာ သိနေကြပါပြီ..။။

မြို့ထဲသွားရင်အတွေ့ရများတဲ့  လူအများခေါ် လှည့်ကင်းကား နဲ့ ယာဉ်ထိမ်းရဲတွေ  ကားဘေးမှာ ကပ်ထားတဲစာက
““ယာဉ်စည်းကမ်းထိမ်းသိမ်းရေး”” သူတို့လုပ်နေတဲ့ အလုပ်ကကျတော့  ယာဉ်စည်းကမ်းမထိမ်းပဲ  သစ်ပင်နဲ့ ကွယ်
ကားဂိတ်နဲ့ကွယ်ပြီး တူတူပုန်းနေတတ်ပါတယ် ဘယ်သူ့ကိုတူတူပုန်းနေတာလဲ   ယာဉ်စည်းကမ်းထိမ်းဘို့ ကားနဲ့
ထွက်လာတာလား အလစ်ချောင်ပြီး ကားဖမ်းဘို့ ထွက်လာတာလား …။။
အမှန်ကတော့ ““ယာဉ်စည်းကမ်းထိမ်းသိမ်းရေးဆိုတာနဲ့အညီ””
ယာဉ်ကြောပိတ်ဆို့တဲ့နေရာတွေချက်ချင်းသွားရောက်ဖြေရှင်းတာ  ယာဉ်မတော်တဆမှုဖြစ်ပွားရာကို အချိန်နဲတစ်ပြေးညီ
သွားရောက်ရှင်းလင်းတာ  ရံဖန်ရံခါ ယာဉ်စည်းကမ်းမလိုက်နာသူယာဉ်မောင်းများကို တားဆီး အပြစ်ပေးတာ
ဒါမျိုးတွေလုပ်ရမှာပါ  အခုတော့ဒီလိုမဟုတ်ပါဘူး ..။။
ညနေဆိုရင် မ/ဥက္ကလာအဝိုင်း မှတ်တိုင်ကနေ   တံတားလေးလမ်းဝမှတ်တိုင်ထိ  မော်တော်ပီကယ် ဆွန်းကြီးလောင်းပွဲလား
အောင့်မေ့ရပါတယ်  လှည်ကင်းကားတွေ တစ်မှတ်တိုင်တစ်စီးနှုန်းနဲ့  ဆင့်ကဲ ပိုက်ဆံတောင်းတော့တာပါပဲ
ဒီလမ်းမကြီး ဒီလောက်ယာဉ်တိုက်မှု မများတဲလမ်းမမှာ လှည့်ကင်းတွေဘာလို့ စိပ်နေအောင်ရောက်နေရတာပါလဲ.
ရှက်တတ်ရင်ပြင်ဘို့ကောင်းပါတယ်…။။

တိုးတက်ဖို့ အတွက် ပြောင်းလဲလုပ်ဆောင်တဲ့အခါတိုင်းမှာ တစ်ကယ်တိုးတက်ရဲ့လားဆိုတာတော့ သုံးသပ် ကြဘို့ တော့
လိုအပ်ပါလိပ်မယ် လိုင်းကားကြီးတွေ  ဓါတ်ဆီ/ဒီဇယ်တွေနဲ့ မောင်းနှင်ပြေးဆွဲစဉ်ကတော့  (၂၀)ကျပ်သာ ပေးခဲ့ရတာပါ
အလွန်ဈေးသက်သာတဲ့ ဂက်စ် ကိုအတင်းပြောင်းခိုင်းစဉ်က မပြောင်းခြင်လို့ ငြင်းဆန်တဲ ကားပိုင်ရှင်တွေတောင်ရှိခဲ့ပါတယ်
အဲဒီအချိန်တုန်းက ဘတ်စ်ကားစီးခရီးသည်တွေ ဟာ ဈေးသက်သာတဲ့ ဂက်စ်နဲ့ ပြေးဆွဲ မယ်ဆိုရင် ကားခဟာ(၁၀)ကျပ်
လောက်ကျဆင်းသွားမယ်လို ထင်ထားခဲ့တာပါ အထင်နဲ့အမြင်ကတော့ပါစင်အောင်လွဲခဲ့ ပါတယ် ဂက်စ်ကား မပြောင်းပဲ
တင်းခံနေတဲ့ ပိုင်ရှင်တွေကို ဂက်စ်ကားအဖြစ် ပြောင်းခြင်လာအောင် စည်းရုံးလိုက်တာကတော့ (မထသက လားမမှတ်မိတော့ပါ)
ဂက်စ်ပြောင်းပြီးကားများယာဉ်စီးခ ပိုမိုကောက်ခံခွင့် ပေးလိုက်ခြင်းပါပဲ အခု ကျွန်တော်တို့ ဘတ်စ်ကားစီးခရီးသွားများ
ခံစားကြပေအုန်းပေါ့  သဘာဝဓါတ်ငွေ့လို့စာတန်းကပ်ထားရင်  အဲဒီတုန်းက (၂၀)ကနေ (၂၀၀)ဖြစ်သွားတာပါပဲ..
မေးစရာကတော့ ဘာအတွက်ပြောင်းတာလဲ ဘယ်သူ့အတွက်ပြောင်းတာလဲ..ဆိုတာပါပဲ အဲဒီပြောင်းလဲခြင်းမှာ ပြည်သူအတွက်
အကျိုးအမြတ်ကဘာလဲ..။။

တွေးမိသလောက်ရေးကြည့်တာပါ  ထပ်ရေးမယ်ဆိုရေးစရာတွေများပါတယ် ဟန်ပြလုပ်တာထက် ဟန်ရေးပြနေတာက
ပိုဆိုးပါတယ် ဖတ်မိလို့ နည်းနည်း သိသွားကြရင် ရေးရကြိုးနပ်ပါတယ်….
စာတမ်းတွေ အတိုင်းတစ်ကယ်သာ လုပ်ကြမယ်ဆိုရင်တော့……။။။။။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

19 comments

  • windtalker

    August 9, 2011 at 7:00 pm

    အစိုးရ ဝန်ထမ်းလုပ်တဲ့ လူ ၂ဝ မှာ ၁ဝ ယောက်လောက် က စားဖို ့၊ ဝါးဖို ့ဆိုတဲ့ ရည်ရွယ်ချက်နဲ ့များ လုပ်သလား အောက်မေ့ရတယ်နော် ။ ဘယ်နေရာ ဘယ်ဌာန ကြည့်ကြည့်ပါ ။ လူကြီးပိုင်းတွေ က လဲ ဒီကိစ္စ ဒီအကြောင်း ကို မသိပဲ နေမှာ မဟုတ်ပါဘူး ။ သိကြမှာပါ ။ ခက်တာက….ခက်တာက
    ဒါနဲ ့မော်တော်ပီကယ်တွေ တူတူပုန်းတမ်း ကစားတယ် ဆိုတာလေး ကို ဖတ်ရတော့ သဘောကျ မိတယ် ဗျာ ။
    ဟဲဟဲ

    • maungmoenyo

      August 10, 2011 at 9:16 am

      ၂ဝ မှာ ၁ဝ လောက်က ရိုက်စားလုပ်တယ် ဆိုတာ ဟုတ်ပါ့မလားအရပ်ကတို့….။
      you are very optimistic!

  • thit min

    August 9, 2011 at 7:40 pm

    စာတမ်းကို စာတန်းလို့ ပြင်ရေးပေးပါဗျာ…. စာတမ်းနဲ့စာတန်း မတူလို့ပါ။

    • ogre

      August 9, 2011 at 7:44 pm

      နောက်နောင်သတိထားပြင်ဆင်
      ရေးသားသွားပါမယ်ခင်ဗျား..။။

      • kai

        August 10, 2011 at 4:43 am

        ကျုပ်ပဲပြင်ပေးလိုက်ပါတယ်နော…။
        အဓိပ္ပါယ်ကောက်လွဲနိုင်တာမို့ပါ..။

        • ogre

          August 10, 2011 at 7:41 am

          သူကြီး…ကျေးဇူးပါဗျာ
          တစ်ချက်တစ်ချက် ကွန်နက်ရှင်ဒေါင်းနေတာကြောင့်
          edit မလုပ်ရဲဘူးဖြစ်နေလို့ပါ
          အခုပိုစ့်တောင်..ရင်တမမနဲ့တင်လိုက်ရတာဖြစ်လို့ပါဗျား..။။။

  • forever

    August 9, 2011 at 8:40 pm

    စာတန်းဆိုလို.တခါကအသိအိမ်တအိမ်သွားတော. အိမ်မှာသူ.သားငယ် ဘဲ
    ရှိလို.မေးတော.အဖေရုံးသွားတယ်လို.ပြောတယ် သားတို.အဖေရုံးက
    ဘယ်နားမှာလဲဆိုတော. ဦးလေးကလဲ အဖေတို.ရုံးရှေ.မှာ ဒို.တာဝန်အရေးသုံးပါးဆိုတဲ.
    ဆိုင်းပုဒ်ကြီးရှိတယ်လို.ပြောတာကြုံဘူးတယ်

  • naywoonni

    August 9, 2011 at 8:50 pm

    အဲဒါ မြန်မာ့ အစဉ်အလာဗျ …။ထုံးစံ…။ ရှေးရှေး တုန်းက အိမ်နံရံတွေမှာ ခါးပန်းတွေမှာ ရေးတယ်..။ နောက် လမ်းပေါ် ဆိုင်းဘုတ်ထောင်ရေးလာတယ်..။ ရှေးက မြန်မာကြီးတွေရဲ့ ဆုံးမစကား ဆိုရိုးစကားတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းနေကြတာ ..။ လိုက်နာဖို့ လိုက်နာမလို့ ရေးတာမဟုတ်ဘူး…။

  • စာတန်းချိတ်ပြီး သတိပေးရတယ်ဆိုတော့
    အဲဒီအတွေးက ရင်ထဲကို တကယ်မရောက်သေးလို့သာမှတ်လိုက်ပေတော့။

  • pan pan

    August 10, 2011 at 8:54 am

    စာတန်းဆိုမှတော့ ဆိုင်းဘုတ်ပေါ်မှာပဲရှိတော့မပေ့ါ
    ကြွေးကြော်သံတွေ၊ ဦးတည်ချက်တွေ၊ စည်းကမ်းချက်တွေချရေးထားရုံနဲ့ အားလုံးလိုက်နာပါတယ်ပြောလို့မရဘူး
    ပြည်သူတွေ မလုပ်ကြလို့ လုပ်ပါလုပ်ပါပြောနေသလို၊ တခြားလူတွေကိုကျတော့ ဆိုင်းဘုတ်တွေမှာ ဒီလိုရေးထားတာ ဒီလိုကျင့်သုံးလို့ဆိုပြီး ကြွားချင်လို့လားမှမသိတာ :O

  • maungmoenyo

    August 10, 2011 at 9:14 am

    နိုင်ငံတနိုင်ငံ လူမျိုးစုတစု ရဲ့ အားနည်းချက် ကို အဲ့ ဒီ ကြွေးကြော်ချက်တွေ ကိုကြည့်ရင် သိနိုင်ပါတယ်။

    • ogre

      August 10, 2011 at 11:10 am

      ကြွေးကြော်ရုံနဲ့ မပြီးဘူးဗျ..
      ကြွေးကြော်သံအတိုင်းလုပ်နိုင်ဘို့လမ်းခင်းပေးထားမှရမှာလေ

      အဲလိုမှမဟုတ်ရင် ““အသံကောင်းဟစ်တာနဲ့အတူတူပဲပေါ့””

  • weiwei

    August 10, 2011 at 9:43 am

    အခုအသစ် စာတန်းကတော့ …
    ဆေးလိပ်မသောက်ရ
    ကွမ်းမစားရ ….. တဲ့

    ရုံးချိန်အတွင်း မည်သူတစ်ဦးတစ်ယောက်မှ ဆေးလိပ်မသောက်ရ ကွမ်းမစားရဘူး … ဝန်ကြီးအမိန့်လေ …
    ဆိုင်းဘုတ်အကြီးကြီးတွေနဲ့ သတိပေးထားတာပဲ …

  • ကြောင်ကြီး

    August 10, 2011 at 9:56 am

    စာတမ်းဆိုတာ
    စမ်းတာ..
    အတည်မဟုတ်
    ပြင်အုံးမယ်..
    မကောင်းသေးသမို့
    ဆိုးတာမဆန်း..
    ဆန်းတာဘီလူး
    ကြည်နူးပြီးအဆီဘူးကို
    အပြီနူးလိုက်တာ
    me too ဖြစ်သွားတယ်..။။။။
    စိတ်မဆိုးပါနဲ့ ဘီလူးကြီးရယ် ကျစ်လို့ချဒါဘာ။ 😉

    • ogre

      August 10, 2011 at 11:13 am

      ခွေးလွှတ်…အဲလေ
      ခွင့်လွှတ်ပြီးသားပါအမောင် ““ကြောင်””ရယ်

  • aungnng87

    August 10, 2011 at 11:09 am

    0rg ရေ ယာဉ်စည်းကမ်း ထိန်းသိမ်းရေးက ပိုက်ဆံတောင်းနေတဲ့ပုံတွေတင်ပါလား။

  • ogre

    August 10, 2011 at 11:17 am

    ကမ္ဘာအေး ဘုရားလမ်းမှာပြန်သောင်းကျန်းနေတဲ့
    ခွက်မှောက်လောင်းကစားသမားတွေပုံနဲ့
    ayngnng 87ပြောတဲ့ပုံတွေရဘို့ ခိုးချောင်ခိုးဝှက်
    အပင်ပန်းခံ လိုက်လံရိုက်ကူးနေပါတယ်ခင်ဗျား
    ရတာနဲ့တင်မှာပါ..။။

  • နွယ်ပင်

    August 10, 2011 at 11:26 am

    ဟိုနေ့က ဘဏ်တစ်ခုသွားခဲ့တယ် အဲ့မှာတော့ ရေးထားတာက လာဘ်ပေးလာဘ်ယူ တို့ရန်သူတဲ့ နောက်
    ဝန်ထမ်းများအား လာဘ်ပေးခြင်းဖြင့် အကျင့်စရိတ္တကို မဖြတ်စီးပါနှင့်တဲ့
    ဒါပေမယ့် သူတို့က RK ပေးမှ ကိုယ့်အလုပ်ကိုယ် ဂရုစိုက်တာလေ အဲတော့ ဘာပြောရမလဲ ဟင် …………..

  • etone

    August 10, 2011 at 3:45 pm

    စာတမ်းတွေကတော့ … ပြယုဂ်တစ်ခုအနေနဲ့ပဲ ရှိတာပါ .. ကွမ်းတံတွေး မထွေးရလို့ ရေးထားလျှင် … အဲ့ဒီစာပေါ်မှာ ဘယ်သူထွေးသွားမှန်းမသိတဲ့ ကွမ်းတံတွေးကွက်ကြီး …. ။ သေးမပေါက်ရဆိုတဲ့ နေရာလည်း ဖြတ်သွားလျှင် … သေးနံ ့ တထောင်းထောင်းနဲ့ …. အမှိုက်မပစ်ရ ဆိုင်းဘုဒ်လည်း… အမှိုက်တွေနဲ ့ ကွယ်နေတဲ့ အဖြစ် … မျိုးစုံပါပ ဲ.. ။ တကယ်တမ်း .. စာကစာပါပဲ .. လက်တွေ့ ကျင့်သုံးလိုက်နာရမယ်လို ့ ဘယ်သူမှ ခံယူထားတာ မဟုတ်ဘူးလေ … ။ 😛

Leave a Reply