ဘောလုံးသမား Part II

မောင် ပေAugust 9, 20111min2309

ကိုယ်ကိုတိုင် ရေးသော အမှာစာ  ။  ။ 8.8.2011 က ` ဘောလုံးသမား များ ဒီကိုလာ ´ ဆိုတဲ့ ပို ့စ် ကို တင်ခဲ့ပါတယ် ။ ကျွန်တော် သိထားတာ ကတော့ ဂေဇက် အဖွဲ  ့ဝင်တော်တော်များများ ဟာ အသက် ၅ဝ ပတ်ချာလယ် တွေ လို ့ပါ ။ သို ့ပေသည့် ၊ ဒီဘောလုံးပွဲ လောင်းတာ နဲ ့ပတ်သက်ပြီး ရေးထားတာကို မမြင်မိလို ့ရေးလိုက်တာပါ ။ အသက် ၅ဝ အရွယ်တွေ အတွက် ကတော့ ကျွန်တော် ရေးတင်တဲ့ ပို ့စ်လေးဟာ သိပြီးသား ဖြစ်နေမှာပါ ။ ပျင်းစရာ ဖြစ်မှာပါ ။                       ထို ့အတွက် အထူး သည်းခံ ခွင့်လွတ်ပေးကြဖို ့လည်း တောင်းဆိုချင်ပါတယ် ။ ရေးပြီ ဆိုမှတော့ သိထားသလောက် လေးတွေ ကို အကုန်အစင် ပြန်လည် ဝေမျှ ပေးချင်တဲ့ အတွက် အခု ဆက်ပြီးရေးတင်လိုက်ပါပြီ ။ ဖတ်ပြီးလို ့မှားနေတာ တွေ ့ခဲ့ရင်လည်းကွန်မင့်အနေနဲ ့ဝေဖန်ပြောပေးကြပါဦးလို ့တောင်းဆိုပါရစေ နော် ။ပထမ ပို ့စ် မှာ ကိုဘီလူး ဝင်မန်းသွားသလို ဘောလုံးပွဲ ဒိုင် မဟုတ်ဘူး ဆိုတာလည်း အသိပေးအပ်ပါတယ် ။ ထိုးသား တစ်ယောက် ပါ ။ ဘောလုံးပွဲ လောင်းတာနဲ ့ပတ်သက်ပြီး၊ သိထားတာလေး တွေ ကို ရေးလိုက်ပါပြီ ။

ဘောလုံးပွဲ ဆိုတာ လောင်းလို ့ရပါလား ဆိုတာ ကို ၂၀၀ဝ ခုနှစ် မှာ စသိခဲ့ပါတယ် ။ အဲဒီတုန်း က ရန်ကုန် ၊ မန်းတလေး မြို  ့တွေ မှာ အခကြေးငွေ ယူပြီး ဘောလုံးပွဲ ပြသတဲ့ ရုံတွေ ရှိပါတယ် ။ အဲဒီ ရုံတွေ ထဲ မှာ တင် လောင်းလို ့ရပါတယ် ။ အဲဒီ ရုံတွေ က ဘောလုံးပွဲ ရှိတဲ့ နေတိုင်း ဘောလုံးပွဲ တွေ ပြလေ့ရှိပါတယ် ။ ဘောလုံးပွဲ မရှိတဲ့ အချိန်မျိုးဆို ဗီဒီယို ရုံ ပါ ။ ဘောလုံး ပွဲ ရှိတဲ့ နေ ့မျိုးတွေ မှာဆိုရင် ၊ ဘောလုံးပွဲ မစခင် ၅ မိနစ်လောက် အချိန်အထိ ၊ ရုံထဲ မှာ စားပွဲခုံ တစ်ခုံ နဲ ့ထိုးကြေး လက်ခံပါတယ် ။ နံရံ မှာ ဘလက်ဘုတ် ( သို ့) ဝှိုက်ဘုတ် တစ်ခု ကပ်ထားပြီး ၊ ဘောလုံးပွဲစဉ် များ နဲ ့ ပွဲစဉ်တစ်ခု စီဘေးမှာ ပေါက်ဈေး ( လောင်းကစားခြင်းအတွက် ) ကို ရေးထားပါတယ် ။ လောင်းချင်တဲ့ သူ က အဲဒီ ဘလက်ဘုတ် မှာ ကိုယ်လောင်းချင်တဲ့ ပွဲ ရဲ  ့ပေါက်ဈေးကို ကြည့် ။ ပြီးရင် လောင်းမယ် ဆိုရင် ၊ စားပွဲခုံ မှာ ဒိုင် ကိုယ်တိုင် သော်လည်းကောင်း ၊ စာရေး များသော လည်းကောင်း ထိုင်ပြီး လက်ခံ နေပါတယ် ။ သူတို ့ဆီ မှာ ကိုယ်လောင်းချင် တဲ့ အသင်း နဲ ့ကိုယ်လောင်းမယ့် ငွေပမာဏ ကို ပြောလိုက်ရပါတယ် ။ သူတို ့က စာရင်းသွင်းပြီး ဘောင်ချာအသေးလေး ( ရွက်စုတ် ) တစ်စောင်မှာ ၊ ကိုယ်လောင်းတဲ့ အသင်းနဲ ့လောင်းတဲ့ ငွေပမာဏ ကို ရေးပြီး ပြန်ပေးပါတယ် ။  ကိုယ်လောင်းလိုက်တဲ့ ဘောလုံးပွဲ ပြီး ပြီ ဆိုမှ ၊ ကိုယ် က နိုင်တယ် ဆိုရင် ၊ အဲဒီ ဘောင်ချာ  နဲ ့ အနိုင်ရငွေ ကို သွားထုတ်ရပါတယ် ။ ဒိုင်တစ်ချို  ့က ဘောင်ချာ ပျောက်ရင် အလျော်အစား မလုပ်ပါဘူး ။ တစ်ချို  ့ဒိုင်တွေ က တော့ ကိုယ့်ရဲ  ့နာမည် ( မာကာ လို ့လဲ ခေါ်ပါတယ် ) ကို မှတ်ယူထားပါတယ် ။ အဲဒီ မာကာ နဲ ့ပြန်လျော်ပေးပါတယ် ။ တစ်ချို  ့ဒိုင်တွေ ကြတော့ ဘောင်ချာ နံပါတ် နဲ ့ပြန်တိုက်ပြီး အလျော်ပေးပါတယ် ။ ၂၀၀ဝ ခုနှစ်ပတ်ချာလည် တုန်းက ဆိုရင် အခုရေးပြထားတဲ့ ဘောလုံးပွဲပြသပြီး လောင်းကြေး လက်ခံ တဲ့ ဒိုင်တွေ အများကြီး ရှိခဲ့ပါတယ် ။ အနည်းဆုံး ရပ်ကွက် တစ်ခု မှာ တစ်ရုံတော့ အနည်းဆုံး တွေ  ့ခဲ့ဖူးပါတယ် ။ အဲဒီတုန်း က ဆိုရင် ရဲတွေ လည်း ဝင်ငွေ တော်တော် ဖြောင့်ခဲ့ကြပါတယ် ။ ဘောလုံးပွဲ ရုံ တစ်ရုံ အနေ နဲ ့တစ်လ ပေးရတဲ့ ရဲကြေး က လည်း မနည်းပါဘူး ။ ဒါ့အပြင် ပွဲရှိတဲ့ နေ ့တွေ မှာ ပတ်တရောင် လှည့်တဲ့ ရဲတွေ ကို ပါ နေ ့စဉ် ကြေး သီးသန် ့ ပေးရပါသေးတယ် ။

အဲဒီ ရုံတွေ မှာ (focus) ဖိုးကပ်စ် လို ့ခေါ်တဲ့ ပွဲအပြီး ထွက်မယ့် ရလဒ် ၊ ဥပမာ ( ၁-၁ ) ၊ (၀-၀) အစရှိသဖြင့် ၊ ခန် ့မှန်းလောင်းတဲ့ လောင်းခြင်း ကို လည်း လောင်းလို ့ရနိုင်ပါတယ် ။ ဖိုးကပ်စ် ကတော့ အဆ တွေ နဲ ့လျော်ပါတယ် ။ အနည်းဆုံး ရ ဆ မှ သည်  ၃၆ ဆ လောက်အထိ လျော်ပါတယ် ။ ဥပမာ ပွဲတော်တော် များများ မှာ အဖြစ်များတဲ့ (၀-၀) လို ရလဒ်မျိုး ကို လောင်းမယ် ဆိုရင် ရ ဆ ပါပဲ ။ ဖြစ်နိုင်ချေ နည်းတဲ့ ရလဒ် မျိုးကို လောင်းမယ် ဆိုရင်တော့ အဆ များပါတယ် ။  ဥပမာ ( ၅-၁) လို ရလဒ် မျိုး ဆိုရင် အဆပေါင်း ၃ဝကျော် လျော်ပါတယ် ။ ဒီဖိုးကပ်စ် မျိုးကိုတော့ လောင်းတာ နည်းပါတယ် ။ ဘော်ဒီ လောက် သိပ်မလောင်းကြပါဘူး ။ သူ က တော်တော်ကြီး ခန် ့မှန်းရတာမို ့ပါ ။ ဖြစ်နိုင်ချေ နည်းလို ့လဲ ဒိုင်များက  ဆ တွေ နဲ ့လျော်တာပါ ။အကောက် က တော့ ၁ဝ % မှ သည် ၁၅ % အထိ ကောက်ကြပါတယ် ။ယနေ ့ခေတ် မှာတော့ ဒီဖိုးကပ်စ် ကို ဒိုင်တွေ မဖွင့်ကြတော့ပါဘူး ။ လောင်းလို ့မရနိုင်တော့ပါဘူး ။ ရှားရှားပါးပါး တစ်ချို  ့သော ဒိုင်ကြီး အနည်းငယ်သာ ဖွင့်တတ်ပါတယ် ။ နည်းပါတယ် ။

ဂိုးပေါင်း လောင်းတာကိုလည်း ပြောပြချင်ပါတယ် ။ ဂိုးပေါင်း ဆိုတာ က ၊ ဘောလုံးပွဲ တစ်ပွဲ မှာ ဂိုးသွင်းကြတဲ့ ဂိုးအရေအတွက် ကို ခန် ့မှန်းလောင်းတာပါ ၊ ဂိုးပေါင်း အပေါ် နဲ ့ ဂိုးပေါင်း အောက် ဆိုပြီး ၂ မျိုး ရှိပါတယ် ။ ဥပမာ အခု ပြီးခဲ့တဲ့ တနင်္ဂနွေ နေ ့ည က ကန်ခဲ့တဲ့ မန်ယူ နဲ ့မန်စီးတီး တို ့ပွဲ ဟာ ၃ ဂိုး ၂ ဂိုး နဲ ့ပြီးခဲ့ပါတယ် ။ အဲဒီပွဲ ဆိုရင် ဂိုးပေါင်း အပေါ်စားတယ် လို ့ခေါ်ပါတယ် ။  ကိုယ်က အဲဒီပွဲ မှာ ၊ ကန်ကြတဲ့ အသင်းများ အနေနဲ ့ဂိုးသွင်းများကြမယ် လို ့ယူဆ ပြီး ဂိုးပေါင်းအပေါ် ၁၀ဝ ကျပ် လောင်းခဲ့မယ် ဆိုရင် ၉၅ ကျပ် အလျော် ရမှာပါ ။ ဂိုးပေါင်းမှာ အကောက် က ဘော်ဒီနဲ ့အတူတူပါပဲ ။ ၅% ကောက်ပါတယ် ။  တစ်ကယ်လို ့မန်ယူ နဲ ့မန်စီးတီး ကန်ခဲ့တဲ့ ပွဲဟာ ဂိုးမရှိ သရေ နဲ ့ပြီးခဲ့မယ် ဆိုရင် တော့ ဂိုးပေါင်း အောက် စားတာဖြစ်ပြီး ဂိုးပေါင်းအောက် လောင်းထားတဲ့ သူတွေ အလျော်ရရှိမှာ ဖြစ်ပါတယ် ။ ဂိုးပေါင်း ဈေး ကိုတော့ ၂ ဂိုး ၅ဝ ရှုံး ၊ ၂ ဂိုး ၅ဝ စား ၊ ၃ လုံး ၅ဝ ရှုံး ၊ ၃ လုံး ၅ဝ စား ၊ ၂လုံးသရေ ၊ ၃ လုံးသရေ အစရှိသဖြင့် ဖွင့်ကြပါတယ် ။ ၂ သရေ ဆိုတာ က (၁-၀) ၊ (၀-၁) ၊ (၀-၀) ဆိုရင် ဂိုးပေါင်းအောက်လောင်းတဲ့ သူ က အပြည့်အဝ အနိုင်ရပါမယ် ။ (၁-၁) ဆိုရင် သရေ ၊ ပြန်ခွာ ပါ ။ တစ်ကယ်လို ့နှစ်ဘက် သွင်းဂိုး ၂ ဂိုးထက် ကျော်ခဲ့ရင်တော့ ဂိုးပေါင်းအောက် လောင်းထားသူ အပြည့်အဝ ရှုံးပါမယ် ။ ဂိုးပေါင်းအထက်လောင်းထားသူ အနေ နဲ ့က တော့ ဂိုးပေါင်းအောက် လောင်းထားသူ နဲ ့ဆန် ့ကျင်ဘက် ပါ ။ (၁-၁) ဆိုရင် ပြန်ခွာ ပြီး ၊ နှစ်သင်းလုံး သွင်းဂိုး ၂ ဂိုး ကျော်မှ အပြည့်အဝ အနိုင်ရပါမယ် ။  ၂ဂိုး ၅ဝ ရှုံး ဆိုတာ က ဂိုးပေါင်းအောက် လောင်းထားလို ့ (၁-၁) ရလဒ် နဲ ့ပွဲပြီး ခဲ့ရင် ဂိုးပေါင်းအောက် ၁၀ဝ ကျပ်လောင်းထားသူ ဟာ ၄၅ ကျပ် နိုင်မှာ ဖြစ်ပါတယ် ။ ၅ % အကောက်နုတ်ပြီးသားပါ ။ ဂိုးပေါင်း အပေါ် ၁၀ဝ ကျပ် လောင်းထားသူ က တော့ ၅ဝ ကျပ် ရှုံးပါမယ် ။  ၂ဂိုး ၅ဝ စား ဆိုတာက တော့ ဂိုးပေါင်းအောက်၁၀ဝကျပ် လောင်းထားလို ့(၁-၁) ရလဒ် နဲ ့ ပွဲပြီး ခဲ့ရင် ၅ဝ ကျပ် ရှုံးပါမယ် ။ ဂိုးပေါင်းအပေါ်၁၀ဝကျပ် လောင်းထားသူ ကတော့ ၄၅ ကျပ် အနိုင်ရပါမယ် ။  အပြည့်ရှုံး ၊ အပြည့်နိုင်ဖို ့ဆိုတာ ကတော့ ၂ ဂိုးထက် နည်း မှသော်လည်းကောင်း ၊ ၂ ဂိုးထက် များမှသော် လည်းကောင်း ဖြစ်မှာပါ ။ ၃ လုံး ၅ဝစား နဲ ့ ၃လုံး ၅ဝ ရှုံး ဆိုတာ ကလည်း ထို ့အတူပါပဲ ။ ဒီလောက် ဆိုရင် ဂိုးပေါင်းလောင်းခြင်း ကို သိကြမှာပါ နော် ။ ဂိုးပေါင်း ကတော့ ယနေ ့ထိ ၊ ဘောပွဲ ဒိုင်များ မှာ လောင်းလို ့ရပါတယ် ။ ဘော်ဒီ လောင်းကစားခြင်း ကိုတော့ ပြီးခဲ့တဲ့ ပို ့စ်မှာ အသေးစိတ် ရေးခဲ့ပြီး ပြီ မို ့၊ည ဒီပို ့စ်မှာ ရေးမပြတော့ပါဘူး ။`

စာဖတ်သူ များအနေနဲ ့ သောကြာ ၊ စနေ ၊ တနင်္ဂနွေ နေ ့မျိုးတွေ မှာ ဆိုရင်  ရပ်ကွက် ထဲ က ဆိုက်ကားဂိတ် ၊ ကွမ်းယာဆိုင် များ မှာ လက်တစ်ဖဝါးစာ အရွယ် ရှိတဲ့ စာရွက်ကလေး တွေ  ကိုင်ထားကြတာ ကို တွေ ့ဖူးကြမှာပါ ။ အဲဒါ ` မောင်း ´ လို ့ခေါ်တဲ့ စာရွက်ကလေးတွေ ပါ ။ သေချာ ကြည့်လိုက်မယ် ဆိုရင် ၊ စာရွက်ပေါ်မှာ ကန်ကြမယ့် ဘောလုံးအသင်းများ နဲ ့ ၊ တစ်ပွဲ ချင်းစီ ရဲ  ့ဈေးတွေ ကို ရေးထားတာ ကို တွေ ့နိုင်ပါတယ် ။ မတွေ ့ဖူး ၊ မမြင်ဖူး ဘူး သူ များ အနေနဲ ့ အခုလာမယ့် သောကြာ၊စနေ၊ တနင်္ဂနွေ နေ ့များ မှာ ကိုယ့်အနီးအနား ရှိ ဆိုက်ကားဂိတ် ၊ ကွမ်းယာဆိုင် စတဲ့ နေရာမှာ မေးမြန်းတောင်းယူ ကြည့်ရှု နိုင်ပါတယ် ။ ` မောင်း ´ ဆိုတဲ့ လောင်းကစားခြင်း ဟာ ကျွန်တော်တို ့မြန်မာနိုင်ငံ မှာ တော်တော်လေး ကျယ်ပြန် ့နေတဲ့ လောင်းကစားခြင်း တစ်မျိုးပါ ။ လူတန်းစား မရွေး လောင်းလေ့ ရှိကြပါတယ် ။ များသောအားဖြင့် အခြေခံ လူတန်းစားတွေ လောင်းတာ များပါတယ် ။ သူ က အနည်းဆုံး ၅၀ဝ ကျပ် မှသည် ၁၀၀၀ဝကျပ် ၊ ၂၀၀၀၀ဝ ကျပ် ( အချို  ့ဒိုင်ကြီးတွေ မှာဆိုရင် ကျပ်သိန်းချီသည်အထိ ) အထိ လောင်းလို ့ရတာကြောင့်ပါ ။   `မောင်း ´ ဆိုတာ က ပွဲ ၅ ပွဲ မှ သည် ၆ ပွဲ ၊ ရ ပွဲ ၊ ၈ ပွဲ စသည်ထိ ရွေးခြယ်ပြီး လောင်းရတာပါ ။ တစ်ကယ်လို ့ကိုယ်ရွေးခြယ်ထားတဲ့ ပွဲအားလုံး မှန်ကန်ခဲ့မယ် ဆိုရင် ၅၀ဝ ကျပ်အရင်းမှသည် တစ်သိန်းကျပ်ကျော် အထိ အလျော် ရရှိနိုင်တာကြောင့် အခြေခံ လူတန်းစား များ လောင်းကြတာ များပါတယ် ။ အလယ်အလတ် များနဲ ့ အချို  ့ဝါသနာကြီးသူ လုပ်ငန်းရှင် တစ်ချို  ့ပါ လောင်းကစားလေ့ ရှိကြပါတယ် ။ ` မောင်း ´ ဆိုတာ ကို ဥပမာ ပေးရမယ် ဆိုရင်  ၊ မနက်ဖန် ည မှာ အာရှတိုက်အတွင်းရှိ နိုင်ငံများ ဖလားလုပွဲစဉ် တစ်ခု ရှိတယ် ဆိုကြပါစို ့ ။ မြန်မာ vs ထိုင်း ၊ စင်ကာပူ vs မလေးရှား ၊ ဗီယက်နမ် vs အိုမန် ၊ လာအို vs အိနိ္ဒယ ၊ အင်ဒိုနီးရှား vs တရုတ် ၊ ဂျပန် vs ဩစတြေးလျ ၊ တောင်ကိုရီးယား vs မြောက် ကိုရီးယား  စတဲ့ ပွဲစဉ်တွေ ရှိတယ် ဆိုပါစို ့။ `မောင်း´ စာရွက် ကလေး ထဲ မှာ အဲဒီပွဲစဉ်တွေ ရဲ  ့ကန်မယ့် အချိန်တွေ နဲ ့ ပွဲစဉ်တစ်ခု စီရဲ  ့ဘေးမှာ ဈေးတွေ ပါရှိပါတယ် ။ လောင်းမယ့်သူ က တစ်ပွဲချင်း စီမှာ အနိုင်ရမယ့် အသင်းကို ခန် ့မှန်း ရွေးခြယ် ရတာပါ ။ ဥပမာ ကျွန်တော် ပြောခဲ့တဲ့ ပွဲစဉ် ရ ပွဲ အတွက် ၊ စာဖတ်သူ က ဒီလို ရွေးလိုက်တယ် ဆိုပါစို ့။  မြန်မာ ၊ စင်ကာပူ ၊ အိုမန် ၊ လာအို ၊ အင်ဒို ၊ ဂျပန် နဲ ့တောင်ကိုရီးယား ဆိုပြီး ရ သင်း ရွေးခြယ် လိုက်ပြီး ၅၀ဝ ကျပ် လောင်းလိုက်တယ် ဆိုပါစို ့။ အဲဒီရွေးခြယ်လိုက်တဲ့ ရ သင်းလုံး ဟာ ပေါက်ဈေးအရ ပြတ်ပြတ်သားသား အပြည့်အဝ အနိုင်ရခဲ့မယ် ဆိုရင် စာဖတ်သူ က ၅၁၂၀ဝ ကျပ် အလျော် ရရှိမှာ ဖြစ်ပါတယ် ။ အကောက် ၂ဝ % နုတ်ပြီးသားပါ ။ အကောက် က ၂ဝ % နုတ်ကြပါတယ် ။ တစ်ကယ်လို ့စာဖတ်သူ ရွေးခြယ်တဲ့ ရ ပွဲ အနက် တစ်ပွဲ က အပြည့် မနိုင်ဘူး ၊ တစ်ဝက်ပဲ နိုင်ခဲ့မယ် ဆိုရင်တော့ ဒီထက် လျှော့ မှာပါ ။ သူ ရဲ  ့တွက်ပုံ က ၊ ကိုယ်ရွေးခြယ်လိုက်တဲ့ ရ သင်း ကို အပေါ်ဆုံး အသင်းကနေ အောက်ဆုံး အထိ ၊ တစ်ပွဲစီ တွက်သွားတာပါ ၊ ဥပမာ စောနက ရွေးခဲ့တဲ့ ရ သင်း ဆိုရင် ၊ ပထမ ဆုံး မြန်မာ က နေ စတွက်ပါတယ် ၊ မြန်မာ အပြည့်နိုင်ရင် ကိုယ်က ၅၀ဝ လောင်းထားတဲ့ အတွက် ၁၀၀ဝ ဖြစ်သွားပါတယ် ။ ဒုတိယ  စင်ကာပူ ကို ၁၀၀ဝ ကျပ်နဲ ့ဆက်ကူး သွားပါတယ် ၊ စင်ကာပူ က အပြည့်နိုင်ခဲ့ ရင် ၂၀၀ဝ ကျပ် ဖြစ်သွားပါမယ် ။ စင်ကာပူ က နေ အိုမန် ကို ၂၀၀ဝ နဲ ့ဆက်ပါတယ် ။ အိုမန် ပွဲ မှာ ထပ်အပြည့်နိုင်ခဲ့ရင် ၄၀၀ဝ ဖြစ်သွားပါမယ် ။ အိုမန် က နေ လာအို ကို ၄ထောင် နဲ ့ဆက်လို ့အပြည့်နိုင်ရင် ၈ထောင် ၊ လာအိုကနေ အင်ဒို ၁၆၀၀ဝ ၊ အင်ဒို ကနေ ဂျပန် ၃၂၀၀ဝ ၊ ဂျပန်ကနေ တောင်ကိုရီးယား ၆၄၀၀ဝ ပါ ၊ အားလုံး ပြီး မှ အကောက် ၂၀% နုတ်လိုက်တော့ ၅၁၂၀ဝ လျော်ပါတယ် ။  တစ်ကယ်လို ့ပထမ ဆုံး အဆင့်မှာပဲ ဖြစ်ဖြစ် ၊ နောက်ဆုံး အဆင့်မှာပဲ ဖြစ်ဖြစ် တစ်ပွဲ ပွဲဟာ  ပေါက်ဈေးအရ အပြည့်မနိုင်ပဲ ၊ ၅ဝ ပဲ စားခဲ့တယ်ဆိုရင် တော့ ၃၈၄၀ဝ ကျပ် ပဲ အလျော်ရရှိမှာပါ ။ တစ်ကယ်လို ့ ရွေးခြယ်ခဲ့တဲ့ ရ ပွဲ မှာ တစ်ပွဲပွဲ က လောင်းဈေးအရ အပြည့်ရှုံးခဲ့ပြီ ဆိုရင်တော့ ၊ ကိုယ်လောင်းထားတဲ့ စာရွက် ကို စုတ်ဖြဲ လိုက်ရုံပါပဲ ။ တစ်ပွဲ အပြည့်ရှုံးတာနဲ ့ကျန်ပွဲ များကို ဆက်တွက် စရာ မလိုတော့ပါဘူး ။ တစ်ကယ်လို ့အပြည့်မရှုံးပဲ  ၊ ပထမဆုံး မြန်မာပွဲ မှာ ၅ဝ ရှုံးခဲ့ပြီး ကျန်အောက်ပွဲ တွေ အားလုံး အပြည့်နိုင်ခဲ့မယ် ဆိုရင် ၊ မြန်မာပွဲ အပြီးကို ၂၅ဝ နဲ ့ ဆက်တွက် သွားရပါမယ် ။ ဒီလို မျိုး ဖြစ်လာပါတယ် ။ ၂၅ဝ ၊ ၅၀ဝ ၊ ၁၀၀ဝ ၊ ၂၀၀ဝ ၊ ၄၀၀ဝ ၊ ၈၀၀ဝ ၊ ၁၆၀၀ဝ ဆိုပြီး ဖြစ်ပြီး အကောက်နုတ်ပြီး ၁၂၈၀ဝ ကျပ် ရရှိပါမယ် ။ ဒီလောက်ဆိုရင် စာဖတ်သူ များအနေနဲ ့ ` မောင်း ´ ဆိုတာ ကို သိရှိလောက်ပါပြီ ။

` မောင်း ´ ဆိုတဲ့ အမျိုးဟာ ဘောလုံးပွဲ ဝါသနာပါသူ တော်တော် များများ လောင်းကြလေ့ ရှိပါတယ် ။ တစ်ကယ် ကျွမ်းကျင်တဲ့ သူတွေ ဆိုရင် တစ်လ ကို ၂ ကြိမ် ၊ ၃ ကြိမ် ခန် ့ မောင်းပေါက် လေ့ ရှိပါတယ် ။ အနိုင်ရရှိခြင်း ကို မောင်းပေါက် တယ် ၊ မောင်းအောင် တယ် လို ့ပြောကြပါတယ် ။ ` မောင်း ´ လောင်းခြင်း ဟာ အရင်းအနှီး နဲ တဲ့ အတွက် ဘောလုံး ပွဲ တစ်ရာသီ မှာ ဆိုရင် တစ်ကြိမ်လောက် အပြည့်အဝ ပေါက်ရုံ နဲ ့တစ်ရာသီစာ အရင်းကြေပါတယ် ။ ဒါကြောင့် မို ့လည်း တော်တော်များများ လောင်းကြတာပါ ။ ဆိုးတာ တစ်ခု ကတော့ မောင်းဆိုတာ ကို များသောအားဖြင့် ဒိုင်အသေးလေး တွေ လုပ်ကြတာ များတဲ့ အတွက် ၊ ခိုင်မာမှု မရှိခြင်းပါ ။ ထိုးသားတော်တော်များများ မောင်း ကို ငွေပမာဏ များများ နဲ ့ပေါက်ပြီ ဆိုရင် ဒိုင်ပြေးလေ့ ရှိပါတယ် ။ ဒါပေမယ့် လည်း ဝါသနာ ကြီး သူ များ က တော့ နောက်ထပ် မောင်းဒိုင် ထပ်ရှာပြီး လောင်းကြစမြဲ ပါပဲ ။

အခု ဆိုရင် မြန်မာနိုင်ငံ မှာ လောင်းကစား တာ များတဲ့ ဘော်ဒီ ၊ ဂိုးပေါင်း ၊ မောင်း နဲ ့ဖိုးကပ်စ် တို ့အကြောင်း ကို ကျွန်တော် ရေးပြ ပြီးပါပြီ  ။  အခု ပို ့စ်မှာ ကျွန်တော် ရေးခဲ့တာလည်း တော်တော် ရှည်နေပြီ ဖြစ်တဲ့ အတွက် နားလိုက်ပါဦးမယ် ။ ဆက်လက်ပြီး ဒိုင်များ အကြောင်း ၊ ပေါက်ဈေးများ အကြောင်း နဲ ့ ၊ လောင်းကစား ကြသူ တွေ ရဲ  ့သဘောတရား လေးတွေ ကို ရေးသား ဖော်ပြပါဦးမယ် ။

အထူးပြောချင်တာကတော့ ဒီစာများကို ရေးသားခြင်း ရဲ  ့ရည်ရွယ်ချက် ဟာ မသိသေးသူများ သိရှိစေလို သော ရည်ရွယ်ချက် သီးသန် ့ဖြင့်သာ ရေးသားထားခြင်း ဖြစ်ပါတယ် ။ အပျင်းပြေ ဖတ်စရာ အဖြစ် ရေးသားထားခြင်းပါ ။ ဒီစာကို ဖတ်ပြီး လောင်းကြ ပါ လို ့လုံးဝ မဆိုလို ပါ ။ ကျွန်တော် ဒိုင် မဟုတ်ပါ ။ လောင်းကစား ဝါသနာပါသူ ၊ လောင်းကစားလေ့ ရှိသူ တစ်ဦး သာ ဖြစ်ပါတယ် ။

(  အားလုံး ကို ကျေးဇူးတင်ပါတယ် )

 

 

9 comments

  • ogre

    August 9, 2011 at 11:06 pm

    ိဒိုင်မဟုတ်ရင်ထိုးသားပေါ့
    မပြေးနဲ့………။။။
    ..တစ်ကယ်ဘောလုံးကိုဝါသနာမပါလို့
    တစ်ကယ် စိတ်မဝင်စားတဲ့အကြောင်းတွေ
    တစ်ကယ်စိတ်ဝင်စားလာအောင်ရေးပေးတဲ့အတွက်ကျေးဇူးပါ
    အိမ်က..အိမ်ဦးနတ်မဖုရားနဲ့ ပြသနာများရင်တော့
    မောင်ရင်ရှင်းပေးရမယ်နော်…..

  • Mee2

    August 10, 2011 at 12:05 am

    အင်းထိုးသားရောခု အဆင်ပြေရဲ ့လား။အဆင်ပြေပါစေ ဆုတောင်းပါတယ်။ငွေရေးကြေးရေးအစစရာရာပေါ့။လောင်းကစားအလုပ်၊ငွေတိုးချေးတဲ့အလုပ်ဆိုတာ ဘုရားမကြိ ုက်ဘူးနော်။ရှောင်စေချင်ပါတယ်

  • windtalker

    August 10, 2011 at 1:12 am

    Mee2 ခင်ဗျာ ၊ စိတ်ကောင်း စေတနာ နဲ ့လမ်းညွှန်ပြသပေးတာကို ကျေးဇူးတင်ပါတယ် ။
    ကိုဘီလူး ကို လည်း ကျေးဇူးတင်ပါတယ် ။
    မ Mee2 ကို ပြောလို တာ က
    အဆိပ် ဆိုတာ ရှိခဲ့ရင် ဖြေဆေး ဆိုတာ ရှိပါတယ် ဆိုတာ လေးပါ ပဲ ။
    ဘုရား မကြိုက်တဲ့ အလုပ် ဆိုတာ မှန်ပါတယ်
    ကျွန်တော် ယနေ ့အချိန်ထိ လောင်းကစား နဲ ့ပတ်သက်ပြီး
    သတိတရားကြီးစွာ ၊ ဆင်ခြင်တုံ တရားကြီးစွာ နဲ ့ လုပ်ကိုင်ခဲ့သဖြင့်
    ရသင့်ရထိုက်သလို ရခဲ့ပါတယ် ။
    ဘုရား တရား သံဃာ ကို လည်း မမေ့ ခဲ့ပါဘူး
    ကိုယ် စေတနာ ပေါက်သလောက်
    ကိုယ့်ရဲ ့ဝင်ငွေ ကနေ လှူဒါန်းခဲ့ ၊ လှူဒါန်းဆဲ ၊ ဆက်လက် လှူဒါန်းနေမှာ ဖြစ်ပါကြောင်း ပါ ။

    • Mee2

      August 12, 2011 at 12:57 am

      အော် ဟုတ်ကဲ့ပါ ကိုလေရွှီးရယ်။ခုလို ကုသိုလ်ရေးမှာ တတပ်တအား ပါဝင်နေတယ်ဆ်ုတော့သာဓုပါတော်။ဒါပေမယ့် တတ်နိုင်သလောက်တော့ရှောင်စေချင်ပါတယ်။မှန်မှန်တွေး၍ရှေ ့ရေးလှပါစေ

  • TTCG

    August 10, 2011 at 1:40 am

    အခုလို စိတ်ရှည်လက်ရှည်ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်… တော်တော် ဗဟုသုတရတယ်ဗျာ… ဒါနဲ့ ဒိုင်ပြေးရင် ထိုးသားတွေ ဘာလုပ်ကြလဲ? အဲ့ဒီဒိုင်ကရော တစ်သက်လုံး ပြန်မလာတော့ဘူးလား? သိရင် ဆက်ပြောပေးပါဦးခင်ဗျာ

  • ကြောင်ကြီး

    August 10, 2011 at 9:00 am

    သဟုတုဗ ရပါတယ်။ မြန်မာပြည်မှာ လောင်းကစားဒိုင်တွေ ပိုက်ဆံကောက် ဘောက်ချာဖြတ်တဲ့ ပုံစံကိုတော့ အံ့ဩမိတယ်။ ကိုလေရွှီးပြောသလို လက်တဝါးစာ ဘောက်ချာစာရွက်အစုတ်လေးနဲ့ အမှတ်အသားတခုခုလုပ်ပြီး ဖြတ်ပိုင်းထုတ်ပေးတယ်။ အတုလုပ်တာ၊ ပေးသူနဲ့ယူသူကြားထဲမှာ နားလည်မှုလွဲ ကလိမ်ကျတာ မဖြစ်နိုင်ဘူးလား။ တချို့ဆို ဖုန်းထဲကနေ ဘောက်ချာဖွင့်တယ်။ ပိုက်ဆံကိုလည်း အကြိမ်များစွာစုပြီးမှရှင်းတယ်။

  • aungnng87

    August 10, 2011 at 1:25 pm

    အော်… ဒါကြောင့်မောင်ပေလို့ခေါ်တာနေမှာ။

  • PaukPhaw

    August 10, 2011 at 4:42 pm

    ကိုတော်ကာ တစ်ဖြစ်လဲ မောင်ပေသည် ဘောလုံးလောင်းကစားအရာ၌ နှံ ့စပ်သူ တစ်ဦးဖြစ်ပေသည်
    ဘောတင်ဟုတ်ပါဘူး.. ၁လုံး..၂ လုံး..မလေးလုံး အကုန် နားလည်သူဖြစ်ပါသည်.
    သို ့ပါ၍…
    တစ်လုံး ၂ လုံး မလေးလုံးမှ ၁ပြား..၂ပြား..ပဲနံပြား …အဲ..ရှုပ်ကုန်ပြီ..

    နောက်ပွဲတွေကြရင် မောင်ပေနဲ ့ တိုင်ပင်ပြီး တစ်ပွဲ..၂ပွဲ ရိုက်ကြည့်လိုက်ဦးမယ်..
    အောက်ကြေးက နိုင်တာများပေမဲ့ ..ကိုတော်ကာက အပေါ်ပဲ ရိုက်တယ်လို ့လဲသိရတယ်….
    တော်ကြာ .ငါ့ရှိတဲ့ လခလေး ပလုံသွားမှဖြင့်.. နိပ်သေးပါဘူး..

    🙄

  • nature

    August 11, 2011 at 11:20 pm

    တော်တော်လေးစုံတာပဲ။ ချီးကြူးပါတယ်။

Leave a Reply