မပြောမကောင်း ပြောမကောင်း မပြောင်းမကောင်း ပြောင်းမကောင်း

ကျနော်တို.အလုပ်မှာက မိန်းကလေးရောယောက်ျားလေး ရော လူတော်တော်များများရှိပါတယ်။
နောက်တချက်က ကျနော်က အရောင်းသမားတစ်ယောက်လည်းဖြစ်တဲ.အတွက် နေရာတော်တော်များများကိုရောက်ပါတယ်။
သည်တော.လူတော်တော်များများနဲ.တွေ.ရပါတယ်။
အထူးသဖြင်.လူငယ်လေးတွေနဲ.က အဖွဲ.ကျပါတယ်။
ကျနော်ကအချိန်ရတယ်ဆိုရင် ဒီကလေးတွေနဲ.ပေါ.ပေါ.ပါးပါးစကားပြောကြည်.တဲ.အခါ
သူတို.လေးတွေရဲ.ရင်ထဲမှာရှိနေတဲ.သိမ်းထားရတဲ.ဘဝပုံပြင်လေးတွေကိုသိလာရပါတယ်။

မဝင်းမာ ဆိုတဲ.ကလေးမလေးက တော. စကားလည်းနည်းအေးလည်း အတော်အေးပါတယ်။
မေးမှပြောတတ်တဲ. သူမျိုးပါ.
တစ်ရက်အားတဲ.အချိန်စကားပြောနေရင်း ” ဝင်းမာ ညည်းကရော အရင်အလုပ်က ဘာလို.ထွက်လာလဲ ”
လို.မေးတော. ” လေးလေးရေ ထွက်ချင်လို.ထွက်ခဲ.တာ မဟုတ်ပါဘူး ထွက်အောင်ဖန်တီးလို.ပါ ခုခေတ်ကြီးထဲမှာ
ရပြီးသားနေရာလေးကို စွန်.ဘို.ဆိုတာလွယ်တာမှမဟုတ်တာ ”
မဝင်းမာ အရင်လုပ်ခဲ.တဲ.နေရာမှာ 7နှစ်ကျော်ကျော်လောက်လုပ်ခဲ.တာပါ။
သူတို.အလုပ်က လခပေးပုံက သူများနဲ.မတူပါဘူး။
သူစဝင်ဝင်ချင်းလစာ ကျပ်နှစ်သောင်းစရပါတယ်။
တစ်လကိုလခက တစ်ထောင်လတိုင်းတိုးပေးပါတယ်။
အလုပ်ကတော.ပိတ်ရက်မရှိပါဘူး။
တစ်လမှာ သုံးရက်ကျော်ပြီးအလုပ်ပျက်တယ်ဆိုရင်အဲသည်လအတွက်တစ်ထောင်တိုးမပေးပါဘူး။
အလုပ်ချိန်ကတော.မနက်8း30ကနေ ညနေ အလုပ်မပြီးမချင်းဆိုပါတော.။
ဒါပေမဲ.သူလုပ်သက်တစ်လျှောက် ည 6း30ထက်စောပြီးတဲ.ရက် တစ်ရက်မှမရှိဘူးပါဘူးတဲ.။
တစ်ခါတစ်လေကုန်လက်ကျန်ငွေလက်ကျန်မကိုက်တဲ.နေ.မျုးိမှာဆိုရင် အမှားမတွေ.မချင်းရှာ မတွေ.ရင်ကွာသလောက်
အားလုံးစိုက်ဘဲ။
သူအစက ကုန်အမှာပစ္စည်းတွေကို ကုန်သည်အလိုက် ဖာထဲသေတ္ကာထဲ ထည်.ပေးရတဲ.နေရာမှာပါ။
နည်းနည်းကြာတော. အရောင်းကောင်တာ အဲဒီကမှတစ်ဆင်.ဈေးထဲကိုဆင်းလို.အရောင်းထွက်
နောက်တစ်ဆင်.ကတော. ဘဏ်မှာနယ်ကလွှဲငွေတွေလိုက်ထုတ် ကုန်သည်တွေ အချင်းချင်းအပြင်မှာလွှဲတဲ.ငွေတွေကိုသွားထုတ်ရပါတယ်။
အဲသည်အလုပ်က တာဝန်ကြီးပါတယ် ငွေအရေမှားလို.ကွာရင်စို်က်ရပါတယ်။
တစ်ရက်တော.နယ်ကကုန်သည်ကလွှဲတဲ.ငွေကို ထုတ်ပြီးငွေအပ်တဲ.အခါ ကုန်သည်နာမည်ကိုလွဲပြီးပြောမိပါသတဲံ.။
နောက်နှစ်ရက်လောက်နေတော. အဲဒီငွေလွှဲထားတဲ.ကုန်သည်ကို ရုံးက ကလေးလေးတွေ သူတို.တာဝန်အတိုင်းငွေလွွှဲဘို.လှမ်းပြောလိုက်တဲ.အခါမှာ ပေးပြီးသားကိုထပ်တောင်းရပါ.မလားဆိုပြီးစိတ်တွေဆိုးပြီးတော.
သူတို.ဆရာလက်ကိုင်ဖုန်းကိုဆက်လို.တိုင်ပါသတဲ.။
သည်ကိစ္စကိုဘယ်သူ.အမှားလဲလို.လိုက်လိုက်တော. မဝင်းမာအပေါ်လုံးလုံးပုံကြလာတော.ငွေထုတ်ပေးတဲ.အိမ်ကိုသေချာပြန်ကြည်.ခိုင်းတော.မှထုတ်ပေးတဲ.အိမ်က စကထည်းက နာမယ်မှားမှတ်ထားတာကိုသိရပါသတဲ.။
ညနေရောက်တော. မဝင်းမာ ကိုသူ.ဆရာက အားလုံးရှေ.မှာ ပက်ပက်စက်စက်ဆူတဲ.အပြင် သည်လိုမှားတာ
ဆိုင်သိက္ခာကျတယ်တို. အလုပ်ထဲကိုစိတ်မပါရင် ဆက်မလုပ်နဲ.တို. လခကောင်းကောင်းယူထားပြီးစေတနာမပါဘူးတို.ဖြစ်လာပါတယ်။
မဝင်းမာလဲစိတ်မကောင်းတော. မျက်ရည်တောင်ကျမိပါသတဲ.။
လုပ်ဖော်ကိုင်ဘက်တွေက မဝင်းမာမမှားတာကိုလဲသိတော.နာမယ်မှားပေးတဲ.ဆိုင်ကို မဝင်းမာမှားတာမဟုတ်တဲ.အကြောင်းသူ.ဆရာကိုပြောခိုင်းဘို.ဝိုင်းပြီးအကြံပေးကြပါသတဲ.။
မဝင်းမာကလည်း အဲဒီဆိုင်ကိုပြောတော.သူတို.ကလဲချက်ခြင်းဘဲပြောပေးပါတယ်။
အဲလိုပြောလိုက်မှပြဿနာက ပိုရှုပ်ကုန်ပါတော.တယ်။
သူ.ဆရာက မဝင်းမာကို အထဲကမီးကို အပြင်ယူတယ် ကိုယ်ဆိုင်ထဲကကိစ္စကိုသူများသိအောင်လုပ်တယ်ဆိုပြီး
မဝင်းမာ လခကို တစ်သောင်းခွဲ.လျှော.ပစ်ပြီး အလုပ်နေရာကိုလည်းအလုပ်ဝင်စလူတွေလုပ်တဲ. ပစ္စည်းထဲ.တဲ.နေရာကိုပြန်ပို.ပြီး မဝင်းမာနေရာကို မဝင်းမာကိုယ်တိုင်အစစအရာရာသင်ပေးထားတဲ.ကလေးမလေးကိုပေးလိုက်ပါသတဲ.။
” ဒါနဲ.ဘဲညည်းအလုပ်ကထွက်ရောပေါ. “လို.မေးတော.
” ထွက်ရတာပေါ.လေးလေးရယ် အလုပ်ရှင်က မကြည်ဖြူမှတော.ဆက်လုပ်လဲအလကားပါဘဲ။
နောက်မှသိရတာကတော.နာမယ်မှားတဲ.ကိစ္စကိုငွေထုတ်ပြီးနောက်တစ်နေ.ကတည်းက အဲဒီအိမ်ကသူ.ဆရာကိုပြောပြီးသားပါတဲ.။
ကျမကသာမရိပ်မိတာပါ အဲဒီရက်မတိုင်ခင်ကတည်းက ကျမလုပ်သမျှကို စိတ်တိုင်းမကျဖြစ်ပြီးခေါ်ခေါ်ဆူနေတာကိုသွေးရိုးသားရိုးဘဲမှတ်တာကိုး။
အရင်က နေရာပြောင်းလုပ်ရရင် ငါ.ကိုအားကိုးတယ် ရာထူးတက်တယ်ထင်မိတာ အခုမှ
ကိုယ်.ရှေ.က အမကြီးတွေကို အနုနည်းနဲ.မထွက်ထွက်အောင်လုပ်ပြီးသူတို.နေရာမှာကိုယ်.ကိုအစားထိုးတယ်ဆိုတာသိလာပါတယ်” လို.ပြောရှာပါတယ်။
မဝင်းမာအလုပ်ထွက်တဲ.အချိန်မှာလစက တစ်သိန်းကျော်ရနေတဲ.အချိန်ဖြစ်ပါတယ်။

ကိုစိုးသန်းကြုံရတာကတော. ” ပဲလှော်ကြားဆားညှပ်တဲ. “ဇာတ်လမ်းပါ။
သူကတော.အဝတ်အထည်တွေရောင်းတဲ.စတိုးဆိုင်ကြီးရဲ.မန်နေဂျာပါ။
သူ.ဆရာက မနက်ဆိုင်လာဖွင်.ပေးပြီးကထည်းကပျောက်သွားလိုက်တာ ညငွေအပ်တဲ.အချိန်မှသာတွေ.ရပါတယ်။
မနက်ဆယ်နာရီလောက်ဆိုရင် ဆရာကတော်က ဈေးဘိုးလာယူပါတယ်။
သူဘာသာသူ အံဆွဲကိုဖွင်.ယူပြီးမှ ကိုစိုးရေ မမဘယ်လောက်ယူသွားတယ်ဆိုတာကိုသိပြောမှသိရပါတယ်။
သူ.ဆရာရဲ.အမေ ညီမ ညီ ယောက်ဖ ခယ်မ အားလုံးက သည်ပုံစံပါဘဲ။
သူတို.ကြိုက်သလိုယူပြီးမှ ကိုစိုးရေလိုက်တာပါ။
ညနေငွေအပ်ရင်သူတို.ယူတာကို စာရင်းနုတ်ပြီးအပ်လိုက်တာပါဘဲ။
သူ.ဆရာကလဲဘာမှမပြောပါဘူး။
သည်လိုနဲ.တရက်မှာ အပ်ငွေက 8သောင်းလောက်ဘဲကျန်ပါတယ်။
သူ.ဆရာက နည်းတယ်ဆိုပြီးရောင်းကြေးစစ်တော. 3သိန်းကျော်ကျော်လောက်ရောင်းရပါတယ်။
အဲဒီမှာဒေါသူပုန်ထတော.တာပါဘဲ။
ဒီလိုသာဆို ဆိုင်ပြုတ်ရောပေါ.တို. မင်းကလဲမင်းပိုက်ဆံမဟုတ်တိုင်း လာယူတာကိုကြည်.နေတာတို.ဆိုပြီးကိုစိုးကို မဆီမဆိုင်ဆူပါတယ်။
နောက်နေ.ကစပြီး ပိုက်ဆံထည်.တဲ.အံဆွဲကိုသော.ခတ်ဆရာကတော်လာရင်တစ်ရက်ကို တစ်သောင်းခွဲပေး
ကျန်တဲ.လူဘယ်သူ.ကိုမဆိုငါးထောင်ဘဲ ပိုပေးရင် မင်းစိုက်ဆိုပြီး အမိန်.တွေပေးပါတော.တယ်။
မနက်ရောက်တော.ဆရာကတော်လာတော. ကိုစိုး ဆိုတာနဲ.တစ်သောင်းခွဲထုတ်ပေးလိုက်ပါတယ်။
သူကတော.သိပြီးသားထင်ပါတယ်။
ဘာမှမပြောဘဲပေးတာကိုယူသွားပါတယ်။
ခဏနေတော.ယောက်ဖနဲ.ခယ်မ ရောက်လာတော.အံဆွဲသောခတ်ထားတာကိုဘာသဘောလဲဆိုတဲ.အကြည်.နဲ.မေးငေါ.ပြတော. သူ.ဆရာရဲ.အမိန်.အသစ်ကိုပြောပြီးငါးထောင်စီထုတ်ပေးလိုက်တော.လဲ အေးဆေးပါဘဲ။
ပြဿနာက ဆရာ.ကတော်.အမေအလှည်.ရောက်မှ သူ.ကိုငါးထောင်ထဲပေးလို. ပိုက်ဆံတွေကိုလွှင်.ပစ်ပြီး
သူ.ကိုကန်.သတ်ပေးရအောင် သူတောင်းစားမဟုတ်ဘူး တို. ဒါဟိုကောင်မလက်ချက်နေမှာတို.
မင်းကရောငါ.ကိုသည်လိုလုပ်ရအောင် ဘာကောင်မို.လဲတို. ဒါငါ.သားဆိုင် ဆိုတာနင်မသိဘူးလားတို.နဲ.
ဗျောက်တွေဖောက်သလို ပါလာတဲ.သမီးတော်ကလည်း ကိုကိုတို.က ဒီလိုလုပ်တာ မမိုက်ဘူးတို.ဘာတို.နဲ.
မီးလောင်ရာလေပင်.လို.အောက်ဆီဂျင်လုပ်ပြီးထပ်ပွားပါတယ်။
ညနေငွေအပ်တော. သူ.ဆရာကို နေ.လည်ကအကြောင်းပြောပြတော. ငါ.အမေက ဖုန်းဆက်တိုင်ပြီးပြီ
အဲဒါ မင်းလုပ်တာ အသုံးမကျလို.ပြဿနာတက်တာဆိုပြီးအပြစ်တင်ပါလေရော။
ဒါနဲ. မင်းလဲ ဒိုးတော.တာပေါ.လို.မေးတော. လေးပေါက်ရာဘယ်ဆက်နေရဲပါ.မလဲလို.ရီကျဲကျဲနဲ.ပြောပါတယ်။
ဖြစ်ပုံက ဆရာဘက်က အရင်က အတော်လေးကိုနွမ်းပါးပါသတဲ.။
ဆရာကတော်ဘက်ကတော. မိဘနှစ်ပါးကွယ်လွန်တော. မလုပ်တတ်မကိုင်တတ်နဲ.စီးပွားပျက်လုဆဲဆဲ။
အဲဒီအချိန်မှာ ဆရာနဲ.က လုပ်တတ်ကိုင်တတ်ဆိုတော.စီးပွားပြန်မတ်လာသလိုဆရာနဲ.ဆရာကတော်ကလဲ
လက်ထပ်လိုက်ပါသတဲ.။
သူ.ဆရာလက်ထက်မှာစီးပွားကတက်သထက်တက်လာချိန်မှာပေါ်လာတဲ.အခက်ကတော. နှစ်ဖက်ဆွေမျုးိတွေက
ဝိုင်းနှိုက်ကြတာပါ။
ဆရာ.ဘက်ကကျတော.သူတို.သားကြောင်.စီးပွားတက်လာတာ သူတို.ချည်းသာဆိုရင် အိမ်ပေါ်ကဆင်းပေးရတာကြာပေါ.လို.မှတ်ချက်တွေပေးသလို ။
ဆရာကတော်ဘက်ကလဲ သူ.အမနဲ.ယူလိုက်လို. နို.မဟုတ်ရင်ထမင်းတောင်နပ်မှန်မှာမဟုုတ်ဘူးလို.ပြန်ပက်ပါသတဲ.။
နောက်ဆုံးအချက်က တော. ဒီဒဏ်တွေကိုမခံနိုင်လို.ပြောင်းပြေးရတဲ.သူထဲမှာကိုစိုးသန်းကခြောက်ယောက်မြောက်ပါ။

ကိုမော်ကြီးကတော. လူသုံးကုန်ပစ္စည်းဖြန်.တဲ.ကုမ္မဏီမှာ အရောင်းသမားလေးတွေကို စီမံအုပ်ချုပ်ရတဲ.သူပါ။
သူ.ဆရာကတော.အလုပ်ခွင်စည်းကမ်းတွေခဏခဏထုတ်ပါတယ်။
ဒါပေမဲ.ပြဿနာပေါ်ပြီဆိုရင်ကျတော.သူဓါတ်ကျရင်တစ်မျိုး မကျရင်တစ်မျုးိစည်းကမ်းတွေလိုတိုးပိုလျှော.လုပ်ပါတယ်။
တစ်ခါမှာ နယ်ခရီးဝေးက အရောင်းထွက်ပြီးပြန်လာတဲ.ကလေးတစ်ယောက်က ရောင်းကြေးပြန်အပ်တဲ.အခါ ငွေငါးသောင်းလိုနေပါသတဲ.။
သူလဲမသုံးဘူး ဒါပေမဲ.ဘယ်နေရာမှာမှားခဲံ.သလဲဆိုတာရှာလို.မတွေ.ဘူး။
သူ.ဆရာလဲသိရော ဒီလိုမရိုးသားတာလက်မခံဘူးဒါလူလည်လုပ်တာ နက်ဖြန်ပေးရင်ပေး မပေးရင်ရဲတိုင်ဥပဒေအတိုင်းလုပ်တွေဘာတွေဖြစ်ကုန်ပါတယ်။
ကောင်လေးက လကုန်ရင်လခထဲကအကုန်ဖြတ်ပါပြောလဲမရပါဘူး။
ကောင်လေးလဲသူများဆီကခဏယူပေးလိုက်ပြီး လကုန်တော. သူတို.နဲ.ပြိုင်ဘက်ကုမ္မဏီကိုပြောင်းသွားပါသတဲ.။
ဟောမကြာပါဘူးဗျာ အကြွေးတွေလိုက်ကောက်ရတဲ.ဝန်ထမ်းတစ်ယောက်ရဲ.နယ်မြေက ရောင်းအားလဲမတက်
အကြွေးတွေကလည်းရက်ကြာ ငွေကလဲမဝင်ဆိုတော.စစ်လိုက်တော.မှ
ဆယ်သိန်းကျော်လောက်ကိုငွေလှည်.သုံးထားတာကိုတွေ.ပါတော.တယ်။
အဲသည်လူက တစ်လုံးနှစ်လုံးသုံးလုံးနဲ.ပြုတ်ပြုတ်ပြုန်းတာပါ။
သူ.ဆရာကိုတင်ပြတော. ခဏလောက်စောင်.ကြည်.လိုက်ပါကွာတဲ.သူမှာဘာအခက်အခဲရှိနေမှန်းမှမသိ
လို.ဆိုပါတယ်.
ဒါနဲ.ဘဲကိုမော်ကြီးလဲစိတ်ညစ်ပြီးထွက်လိုက်ပါတယ်။
ဒါတွေကတော.ထူးခြားတာလေးတွေမို.အသေးစိတ်ပြောပြတာပါ။
ကလေးတွေပြောပြတာတွေကို သရုပ်ခွဲလိုက်ရင်
(1) မနက်အလုပ်ရောက်တာနောက်ကျတာနဲ.ဖိုင်းတပ်လို.လခထဲကဖြတ်ပေမဲ. အချိန်ပိုလုပ်ရတဲ.အခါကြရင် ပိုက်ဆံပေးဘို.မပြောနဲ. အဆာပြေမုန်.ဝယ်ကြွေးဘို.တောင်သတိမရတဲ. အလုပ်ရှင်။
(2)လခပေးခါနီးတို. ကော်မရှင်ပေးခါနီးတို.ကျရင် မေ.နေတာလိုလို အလုပ်ဘဲများလို.မပေးတာလိုလိုနဲ.
အချိန်တွေဆွဲပြီးပေးပြန်ရင်လဲပိုက်ဆံအစုတ်တွေကိုရွေးလို.ပေးတတ်တဲ. အလုပ်ရှင်။
(3)လေဒီဖတ်စ်ဆိုတာကို လက်ကိုင်ထားလို. ကောင်မလေးများမှားရင် အလုပ်လုပ်ရင်မှားမှာပေါ.လို.ခွင်.လွှတ်ပြီးယောက်ျားလေးများမှားလို.ကတော. အပြင်းထန်ဆုံစကားလုံးတွေနဲနှိပ်ကွပ်တတ်တဲ. အလုပ်ရှင်။
(၄) အိမ်အလုပ်တွေကို တစ်မျိုးပြီးတစ်မျုးိမရိုးရအောင်ခိုင်းလို.ဆိုင်အလုပ်များမပြီးလို.ကတော.
ရေသာခိုတယ်ဆိုပြီးအပြစ်တင်တတ်တဲ. အလုပ်ရှင်။
(5) မိန်းကလေးတွေကို လူလစ်တာနဲ.ဖင်ပုတ်ခေါင်းပုတ်နဲ.အရသာခံတတ်တဲ. အလုပ်ရှင်။
(6)မိန်းကလေးတွေကို အသွားအပြန်အရမ်းကိုဂရုစိုက်လို.အိမ်ကိုအမြဲပြန်ပို.ပေးချင်တဲ.အလုပ်ရှင်။
(7)သားကြီးမယားကြီးရှိရက်နဲ.မိသားစုဝင်အဖြစ်တရားမဝင်ဇွတ်ကိုရာထူးတိုးပေးချင်တဲ. အလုပ်ရှင်။
(8)လုပ်ငန်းအကြောင်းဘာမှမသိဘဲရှိသမျှဆွေမျိုးအားလုံးက ဝင်စွက်ဖက်လို. အမိန်.တွေဝင်ပေးချင်တဲ. အလုပ်ရှင်။
(9)မလုပ်ချင်ထွက် လုပ်ချင်တဲ.သူပေါတယ်ဆိုတဲ.အချုးိမျုးိနဲ. လူကိုတန်ဘိုးမထားတဲ.အလုပ်ရှင်စော်ကားမော်ကားပြောချင်တဲ.အလုပ်ရှင်။
(10) ပြဿနာတစ်စုံတစ်ခုပေါ်ပြီဆိုတာနဲ.ဝန်ထမ်းကို ဇွတ်လွှဲချလို.လျော်ခိုင်းတတ်တဲ.အလုပ်ရှင်.
(11)လစာပေးခါနီးကျရင် သူ.တို.ပိုက်ဆံဘဲအလကားယူနေသလိုသူကမဘဲအလှုပေးနေတာလိုလိုပြောတတ်တဲ. အလုပ်ရှင်။
ပြောရရင်တစ်ယောက်ကိုပုံပြင်တပုဒ်မကုန်နိုင်ပါဘူး။
ဆက်လုပ်ရင် နစ်မှာစိုးတော.မထွက်ချင်လဲထွက်ရတာပေါ.။
အားလုံးမကောင်းတာလားဆိုတော.လဲမဟုတ်ပါဘူး။
ကောင်းတဲ.အလုပ်ရှင်တွေလဲရှိပါတယ်။
တစ်ခါတစ်လေ အလုပ်ရှင်ကကောင်းပေမဲံ.သူ.လူယုံတို. မန်နေဂျာတို.က ပြောချင်တာပြောတာကို မစဥ်းစားတဲ.အလုပ်ရှင်ကလဲ ရှိပါသေးသတဲ.။
ကဲဒါဆိုရင် ထာဝရသူငယ်ချင်းများ က မခင်ဆွေဦးရေ ကျေနပ်နိုင်ကောင်းပါရဲ.။
သည်အကြောင်းတွေကလဲ အလုပ်ရှင်နဲ.အလုပ်သမားပြဿနာဆိုတော.လဲ
…………………………………………………………………………………………