၂၀၁ဝ ခုနှစ် သုတေသနပညာသင်ဆု (ဂျပန်နိုင်ငံ)လျှောက်လွှာခေါ်ယူခြင်း။

ShwemannmayMay 10, 20101min430

ရက်စွဲ ။ ။ ၂၀၁ဝ ခုနှစ် ဧပြီလ ၅ ရက်
၁။မြန်မာနိုင်ငံ ဂျပန်ပညာသင်ဟောင်းများအသင်း (MAJA)မှတဆင့် ဂျပန်နိုင်ငံသို့ ပညာတော်သင်စေလွှတ်မည့် သုတေသနပညာသင်ဆုအတွက် အသင်းသားများနှင့် နီးစပ်ရာသင့်တော်သူများ ရှိပါက ဤရုံးသို့ ဆက်သွယ်၍ လျှောက်ထားနိုင်စေရန် အကြောင်းကြားအပ်ပါသည်။
လျှောက်ထားသူများမှာ အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်ဖြစ်သည်။

(က)၂၀၁ဝ ခုနှစ် ဧပြီလ (၁ )ရက်နေ့တွင် အသက် (၃၅)နှစ်ထက် မကျော်လွန်သူ ဖြစ်ရပါမည်။
(ခ)ဘွဲ့(မည်သည့်ဘွဲ့မဆို) ရရှိသူဖြစ်ရပါမည်။ဘွဲ့လွန်ရရြှိ

ပီးသူများအား ဦးစားပေးမည်။
(ဂ)မိမိသင်ကြားသော အဓိကဘာသာရပ်တွင် ပညာသင်နှစ် အနည်းဆုံး (၁၆) နှစ် ရှိရပါမည်။
(ဃ)ပထမနှစ်မှ နောက်ဆုံးနှစ်အထိ အမှတ်စာရင်း တင်ပြနိုင်သူဖြစ်ရပါမည်။
(င)သုတေသနခေါင်းစဉ် နှင့် အသေးစိတ်အကျယ်တဝင့် တင်ပြနိုင်သူ ဖြစ်ရမည်။

၂။အထက်ပါအကြောင်းအရာ အချက်အလက်များနှင့် ကိုယ်ကညီ၍ လျှောက်ထားသူများသည်
(က)ကိုယ်ရေးရာဇဝင် ( C V Form)
(ခ)ဘွဲ့လက်မှတ်အထောက်အထားနှင့်တကွ အမှတ်စာရင်း
(ဂ)ဓါတ်ပုံ (၂)ပုံ (3 cm – 4 cm)
(ဃ)ဆက်သွယ်ရန် လိပ်စာနှင့် တယ်လီဖုန်း အပြည့်အစုံ
တို့နှင့်တကွ MAJA ရုံးခန်းသို့ ၂၀၁ဝ ခုနှစ် မေလ ၁၄ ရက်နေ့ ညနေ ၄း၃ဝ ထက်နောက်မကျပဲ လူကိုယ်တိုင် လာရောက်လျှောက်ထားရပါမည်။စာတိုက်မှတဆင့် ပေးပို့လာသော လျှောက်လွှာများအား လက်ခံစဉ်းစားမည် မဟုတ်ပါ။
အတည်ဖြစ်သောရွေးချယ်မှုကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ပြုလုပ်မည် ဖြစ်သည်။အသေးစိတ် သိရှိလိုပါက MAJA ရုံးခန်းသို့ လူကိုယ်တိုင်ဖြစ်စေ ၊ တယ်လီဖုန်းအမှတ် ဝ၉၈၆၁၃၈၄၈ ၊၀၉၈၆၁၂၁၅၁၊ ၅၃၄၃၄၈ ၊တို့ဖြင့်ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်း စုံစမ်းနိုင်ပါသည်။

ဥက္ကဌ
မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းများအသင်း

Credit to warwarkhainmin

်forward မေးလ်ကနေရတာပါ။ သိတဲ ့လူတွေလည်းသိပြီးသားဖြစ်ပါလိမ့်မယ်။ စိတ်ဝင်စားသူတွေအတွက် တင်ပေးလိုက်ပါတယ်။ ကံကောင်းကြပါစေ။