သက်ရောက်မှု့ တစ်ခုတိုင်းမှာ တုံ့ ပြန်မှု တစ်ခုခု ရှိစမြဲဆိုတာ … လက်ခံနိုင်ကြမယ်ဆို စွာတေး ဇတ်ဇတ်ကျဲ စာရင်းမှာ ကျွန်မပါမှာ မဟုတ်ဘူး ….. ။ တကယ်တမ်းတော့ ကျွန်မရဲ့ ကာရိုက်တာက … စိတ်ဆတ် ၊ ဒေါသထွက်လွယ်ပြီး စွာတဲ့လူမဟုတ်ခဲ့ပေမဲ့ … သက်ရောက်လာတဲ့ ပတ်ဝန်းကျင်အနေထား အပြုမူ အပြောဆိုတွေအောက် ပရုတ်လုံးလို ဖြစ်သွားခံရနိုင်တာမိုက …. မှန်လိုပဲ ကျင့်ဆောင်ဖို့ကြိုးစားရင်း …. ကာရိုက်တာ ပြောင်းလာခဲ့တာပါ … ။ သက်ရောက်မှူ တစ်ခုအတွက် တုံ့ ပြန်မှူ တစ်ခု ပေးတဲ့အခါ တိုင်း ကျွန်မက လူကြမ်းကြီးပဲ ဖြစ်ခဲ့တာပေါ့ … ။ အ ဆိုးမြင်ဝါဒီ လက်ကိုင်ထားပြီး ၊ ရမ်းကား တတ်သူ မဟုတ်ပါသော်လည်း … တစ်ခါတစ်ရံ တချို့ အဖြစ်ပျက်တွေက ကျွန်မကိုယ်ကို အကျဉ်းတန်ဒေါသကြီး ရမ်းကားတတ်သူအဖြစ် တွန်းပို့တယ်လေ …. ။ ဒီနေ့ မနက် ဖြစ်ပျက်ခဲ့တဲ့ … အဖြစ်ပျက်တစ်ခုကလည်း ကျွန်မအတွက် စိတ်အနှောက်ယှက်ဖြစ်ယုံတင်မကပဲ … ကြမ်းတမ်းတဲ့ သွင်ပြင်ဖြစ်သွားစေခဲ့တယ် … ။
ဒီမနက် အိပ်ယာထတော့ … အရမ်းကို လန်းဆန်းနေပါတယ် … အရင်ညထက် ပိုပြီး အချိန်နာရီဝက်လောက်စော အိပ်ထားတဲ့ အကျိုးကျေးဇူးဖြစ်မယ် …. ။ အရာရာက ကြည်လင်နေလို့ …ရာသီဥတုလေးကလည်း … ခြောက်သွေ့ အေးချမ်းနေပါတယ် …. ။စိုစွတ်ပြီး မိုးကောင်းခဲ့တဲ့ … ဒီရက်ပိုင်းမှာ … ဒီမနက်ခင်းရာသီဥတုလေးက အကောင်းဆုံးဖြစ်မယ်ထင်တယ်လေ …. ။
လေပြေလေးက တဖြူးဖြူးနဲ့ .. ကိုယ့်ကိုယ်သင်းနံ့  ကိုယ်ရှူမိရင်း …. လန်းဆန်းတတ်ကြွတဲ့ မနက်ခင်းလေး အစစအရာရာ သာယာနေတာမို့ …. ဘာမှန်းမသိကြည်နူးနေမိတာတော့ အမှန်ပါပဲ …. ။ …. ရုံးသွားမဲ့လမ်းမှာ တယောက်တည်း … အေးအေးဆေးဆေး လမ်းလျှောက်နေတုန်း …. ကျွန်မနဲ့ မျက်နှာချင်းဆိုင်မှာ စက်ဘီးတစီး လမ်းကြောင်း ပြောင်းပြန်နင်းလာပါတယ် … အဝေးကြီးကတည်းက လမ်းကြော ပြောင်းပြန်နင်းလာတာမို့ .. ထင်သာ မြင်သာ ရှိလွန်းလှပါတယ် … ။ စက်ဘီးနောက်ဘက်မှာလည်း …ခြင်းတောင်း တတောင်းနဲ့ .. ဟင်းသီးဟင်းရွက်တွေ တနင့်တပိုး ထည့်ထားပါတယ် … နင်းလာတာက အညာသားလိုလို ပုံမျိုးပါ … ကျွန်မထက် ရှစ်နှစ် ၊ ကိုးနှစ်လောက် အသက်ကြီးမယ် ထင်ပါရဲ့ … ။ လမ်းကြောပြောင်းပြန်နင်းလာပြီး … အရှိန်နည်းနည်း ပါတာမို့  .. တဖြည်းဖြည်း ကျွန်မနဲ့ နီးလာတဲ့အခါ … တိုက်မိမှာ စိုးတာကြောင့် .. ကတ္တရာလမ်းဘေးကိုဆင်းပြီး ကျွန်မလမ်းဆက်လျှောက်ပါတယ် … ။ တစစ နီးကပ်လာချိန်မှာ … အဲ့ဒီအ ညာသားကလည်း .. ကတ္တရာလမ်းပေါ်က ဆင်းပြီး .. ကျွန်မလမ်းလျှောက်တဲ့ …. ဘေးမြေသားတည့်တည့်ကနေ စက်ဘီးနင်းလာတယ် … ။ သူ မြေသားပေါ် ဆင်းနင်းတော့ .. ကျွန်မက ကတ္တရာလမ်းပေါ် ပြန်တက်လျှောက်တာပေါ့ … ။ စက်ဘီးနင်းသူက အရှိန်လျှော့ပြီး .. ကျွန်မကတ္တရာလမ်းပေါ် လျှောက်တဲ့ရှေ့တည့်တည့်ရောက်အောင် နင်းပါတော့တယ် …. ။ စက်ဘီးနင်းသူ မူမမှန်တာမှန်း ကျွန်မသိသွားတော့ … ကတ္တရာလမ်းပေါ် တည့်တည့်နင်းလာတာ မြင်လျှက်နဲ့ … လမ်းလည်း ဆက်မလျှောက်တော့ပဲ … တည့်တည့်အနေထားနဲ့ … ဒီအတိုင်း မတ်တပ်ရပ်နေလိုက်တယ် … ။ ရုံးသွားတဲ့လမ်းက ကုန်းလေးဖြစ်ပြီး … လူပြတ်ပေလို့သာပါပဲ ..မဟုတ်လျှင် ကျွန်မရဲ့ …ထုပ်ဆီးတိုးနေတဲ့ အဖြစ်ကိုမြင်ရလျှင် … အူတတ်မတတ်ရယ်စရာကောင်းနေပါလိမ့်မယ် … ဒါက ဘေးလူတယောက်ရဲ့ .. အမြင်မှာပေါ့ … ။ ကိုယ်တိုင်ကတော့ … ဟိုရှောင် ဒီရှောင်လုပ်နေတာတောင် တည့်တည့် တိုးချင်တဲ့ လူ … သက်သက်ရန်စတာမို့ …. ကြည်လင်နေတဲ့ မနက်ခင်းလေး ဒေါသလှိုင်တွေ ထန်တော့မယ်ဆိုတာ အတပ်သိနေခဲ့ပါတယ် … ။
တိုက်တော့မည့်ဟန်နဲ့ …. စက်ဘီးတည့်တည့်ပဲ လာနေတဲ့အချိန် ကျွန်မကလည်း မြေသားလမ်းပေါ် ပြန်မဆင်းလျှောက်တော့ပဲ ကတ္တရာလမ်းပေါ် မတ်တပ်ရပ်နေတဲ့အချိန် … နှစ်ဦးစလုံးဘယ်သူမှ လက်လျှော့မဲ့ဟန်မရှိတာ အသေချာပါပဲ … ။ စက်ဘီးကိုနင်းလာပြီး ကျွန်မနဲ့ ရှေ့ဘီး ထိခါနီး ဘရိတ်ဆောင့်အုတ်သံ ကြားလိုက်ရပါတယ် …… တစ်ထွာလောက်အလိုမှာ …ဘရိတ်မိသွားတာမို့ .. ကျွန်မကို မတိုက်မိခဲ့ပါဘူး … ။

မိန်းမတယောက်ကို အိနြေ္ဒပျက်သွားအောင် နှောက်ယှက်ချင်တဲ့ စိတ်က … မြို့သားလူတချိွု့မှာတင်မဟုတ်ပဲ ….. နယ်သား လူတချို့ဆီမှာပါ ရှိပါလားလို့ ….သိလိုက်ရတော့တယ် .. ။ ဒီမှာကတော့ … လူငယ်လေးတချို့သာ … စချင် နောက်ချင်စိတ်များကြတာပါ … အထူးသဖြင့် … ၀ိုင်းဖွဲ့ သီးချင်ဆို ၊ လ္ဘက်ရည်ဆိုင် ထိုင်နေတဲ့အချိန် ….. ကောင်မလေးတယောက် မလုံတလုံ ၀တ်လာလျှင် … အော်ဟစ် စနောက်တာမျိုး တွေ့ဖူးခဲ့ပေမဲ့ … ဒီနေ့မနက် ကျွန်မသွင်ပြင်က … လျှပ်ပေါ် လှော်လီတဲ့ သွင်ပြင်မဟုတ်ခဲ့ပါဘူး … ။ ကြပ်ထုတ်နေတဲ့ ကောက်ညှင်းထုတ်အ၀တ်စားမျိုးလည်း မ၀တ်ဆင်ခဲ့ … ပါးလှပ်နေတဲ့ မှန်ဇာလို အသားမျိုးလည်း မ၀တ်ဆင်ခဲ့ပါပဲ နဲ့ … ရုံးယူနီဖောင်းကိုပဲ ၀တ်စုံပြည့် ၀တ်ဆင်ခဲ့တာပါ … ။မြန်မာ အကျီ င်္ နဲ့ … ထမိန် ဆင်ထားတဲ့ ရုံးယူနီဖောင်းဝတ်တိုင်း …ရှိရင်းစွဲအသက်ထက် သုံးနှစ်လောက် ပိုရင့်သွားတယ်လို့တောင် အိမ်ကလူတွေ ပြောခဲ့ကြသေးတာ … ဒီလူဘာကိုကြည့်ပြီး စချင်နောက်ချင် ၊ နှောက်ယှက်ချင်စိတ်ဝင်မိပါသလဲ ။ မိန်းမတယောက်တည်း … အားနည်းတယ်ဆိုပြီး … ဒါသက်သက်ရန်စတာလို့ ကျွန်မထင်တယ်လေ … ။ သက်သက်အရှက်ရအောင် … စိတ်အနှောက်ယှက်ဖြစ်အောင် လုပ်တာမို့ … ကျွန်မသည်းခံနိုင်အောင် သဘောထား မပြည့်ဝပါဘူး … ။ မိန်းမတယောက်ကို ဒီလို လုပ်လို့ … ဘာမှ မဖြစ်မသွားဘူးဆိုတဲ့ အတွေးမျိုးရှိကောင်းရှိနိုင်ပါတယ် …. ဒီလို အိညှက်ညှက် မိန်းမတွေကလည်း .. ကြိတ်သာ ငိုယုံ ၊ လမ်းသွားလမ်းလာတွေရှိလျှင် ရှက်ယုံကလွဲလို့ …ဘယ်လိုမှ တုံ့ပြန်မှူ မလုပ်နိုင်ဘူး အထင်နဲ့ … ကျွန်မကို ဒီလို လုပ်တာ ဖြစ်မှာပါ … ။
ကျွန်မရဲ့ … ကြည်နူးနေတဲ့စိတ်တွေ ကစဥ့်ကလျားဖြစ်ပြီး ….. ဒေါသအဖြစ်ပြောင်းသွားခဲ့ကာ … ဘရိတ်အုတ်ပြီး .. .ပြန်လှည့်ထွက်သွားမဲ့ စက်ဘီးနင်းသူကို ပြန်ပြောနိုင်ခဲ့တာ နှစ်ခွန်းတည်းပါ … ။ ” ခွေးမသား….. မျက်စိမပါဘူးလား …. ” လို့ မရည်ရွယ်ပဲ ပြောမိသွားတယ် … ။ စက်ဘီးနင်းသူကြားလိုက်မှာပါ …. သို့သော်… ကျွန်မကိုကျော်ပြီး … အရှိန်နဲ့ ဝေးရာ နင်းသွားခဲ့ပါပြီ … ။ သာယာနေတဲ့ မနက်ခင်းလေး…. အဓိပ္ပါယ်မဲ့သွားတော့ … စိတ်ထဲ တနှုံ့ နှုံ့ နဲ့ … ကိုယ့်စိတ်ကိုယ်တည်ငြိမ်အောင်ထိန်းပြီး … လမ်းဆက်လျှောက်တုန်း … သုံးမိနစ်လောက်အကြာမှာ ကျွန်မနောက်ကျောဘက်ကနေ .. စက်ဘီးလိုလို .. ဆိုက်ကားလိုလိုက ဘရိတ်အုတ်သံကြားမိပြန်တယ် … ။
အသံလာရာက ကျွန်မနောက်ကျောဘက်ကမို့ …လှည့်မကြည့်ပဲ နှစ်လှမ်းလောက် ဆက်လျှောက် အပြီးမှာ .. …နောက်ကအသံတသံပေါ်လာပါတယ် … လှည့်မကြည့်ပေမဲ့… သူပြောတဲ့ အကြောင်းရာကို နားထောင်ပြီး ခုဏန ကျွန်မကို အိနြေ္ဒပျက်အောင် လုပ်ချင်တဲ့ ငနဲမှန်း သိလိုက်ပါတယ် … ။ ကျွန်မပြောလိုက်တဲ့ အပေါ် မကျေနပ်လို့ နောက်ကနေပြန်လာပြောတာ ဖြစ်ပါလိမ့်မယ် … သူပြောတာက … ” မိန်းမဖြစ်ပြီး ဆဲတယ်… အရှက်မရှိဘူး၊ မရှက်တတ်ဘူး … “တဲ့လေ … ။ ပွစိပွစိကို …နောက်နေကို စက်ဘီးတွန်းပြီး လိုက်ပြောတာပါ ..။
ကြားကြားချင်း ဒေါသတွေ ဆူပွက်လာတာမို့ … ကျွန်မဦးနှောက်ကတောင် စဉ်းစားချိန်မရပဲ … တုံ့ ပြန်လိုက်ခဲ့တယ်လေ … ။ ” စိတ်ဓါတ်နိမ့်ကျတဲ့ ကောင်ရဲ့ …. ရှက်ရအောင် ငါ့လမ်းငါသွားတာ နင့်ကို ဘာလုပ်လို့လဲ …. နင်သာ ရှက်တတ်ရင် လဲသေဖို့ကောင်းတာ … ရန်မစနဲ့ .. ပြသနာတက်သွားမယ် “လို့ … ပထမပြောခဲ့တဲ့ စကားထက် အသံနှစ်ဆတင်ပြီး နောက်လှည့်ပြောတဲ့အခါ သူက ပေစောင်းစောင်းကြည့်နေပါတယ် … ။ သူ့အကြည့်က အဓိပ္ပါယ် တမျိုးမျိုးပါနေပေမဲ့… ကျွန်မနားမလည်ပါဘူး .. ကျွန်မစိတ်ထင် …. negative ပါတဲ့ မဲ့ပြုံးမျိုးမို့  ကျွန်မသူ့ကို ကျောခိုင်းတာနဲ့ … နောက်က စက်ဘီးနဲ့ ၀င်ဆောင့်မလား မတွေးတ်အောင်ပါပဲ … ။ … ကြည့်နေရင်းနဲ့ … ဒေါသဆတိုးလာတာကြောင့် …… ရိုက်ပစ်ဖို့… လမ်းဘေးက ဒုတ်ဖြစ်ဖြစ် ၊ အုတ်ခဲဖြစ်ဖြစ် ပတ်ရှာနေတုန်း … အခြေနေမဟန်မှန်း ရိတ်စားမိတဲ့ ငတိက စက်ဘီးနင်းပြီး တရှိန်ထိုး ပြေးသွားပါတော့တယ် … ။
အဲ့ဒီနေရာမှာ အူလည်လည်နဲ့ … ဒေါကီးပြီးကျန်ခဲ့တာ ကျွန်မတစ်ယောက်တည်းပါ … ။ ဒေါသထွက်လွန်းလို့ … အသားတွေတောင် တဆတ်ဆတ်တုန်တယ် … အဝေးက မြင်နိုင်တဲ့လူရှိလျှင် ကျွန်မပုံက လမ်းလည်ကောင်မှာ နတ်ပူးနေတာနဲ့ .. တူပါလိမ့်မယ် .. ။ … ကိုယ့်စိတ်ကိုယ်ထိန်းပြီး ခဏကြာတော့မှ … ကိုယ့်လမ်းကိုယ်သွားနိုင်တော့တယ် … ။ ရှာရှားပါးပါး ကြည်လင်နေတဲ့ မနက်ခင်းလေး အကြောင်းမဲ့ အဓိပ္ပါယ်မဲ့ခဲ့ရတော့တယ် … ။
သူ့အတွက်လည်း ဘာအကျိုးမှ မရှိဘူး … ကိုယ့်အတွက်လည်း ဘာအကျိုးမှမရှိဘူး …. နောက်ပြောင်း စော်ကားချင်ရုံနဲ့ … သူတပါးရဲ့ အချိန်တွေကို အနှောက်ယှက် ပေးတာ … စိတ်မှန်တဲ့လူတွေ လုပ်မှာတော့မဟုတ်ဘူး … ။ ပခုံးနှစ်ဘက်ကြားခေါင်းပေါက်တာခြင်း အတူတူ ပုစွန်ဦးဏှောက်နဲ့ လူတွေလည်း ရှိသေးတာမို့ ….အဲ့ဒီလူတွေနဲ့ ထပ်မဆုံရပါစေနဲ့လို့ပဲ … ဆုတောင်းမိပါရဲ့ ။ ကိုယ့်ရဲ့ အပြူမူ ၊ အပြောဆိုက ကိုယ့်အတွက်လည်း ကောင်းကျိုးမပြု ၊ သူတပါးအတွက်လည်း ဒုက္ခဖြစ်စေတယ် ၊ စိတ်အနှောက်ယှက်ဖြစ်စေတယ်ဆိုလျှင် … ဒီလိုမပြုလုပ်ကြဖို့…. တိုက်တွန်းချင်ပါတော့တယ် … ။ ။

 

 

 

 

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!