သင့်ဦးနှောက်အတွက် အသေးစားလေ့ကျင့်ခန်းလေးတွေပါ။

အာဂAugust 10, 20111min19415

ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက ဉာဏ်စမ်းလေးတွေပါ ။ အခြားသူများသိပြီးသားဖြစ်ရင်တော့ ကြိုတောင်းပန်ပါရစေ ။
ဘာပဲပြောပြော စိတ်ဥဏ်ကွန်းမြူးနိုင်အောင်လို့တင်ပေးလိုက်ခြင်းဖြစ်ပါတယ် ။

၁ ။ မိန်းမတွေရဲ့ အမွှေးဘယ်နေရာမှာ အကောက်ဆုံးလဲ
၂ ။ ပီတာလေးမှာ နှစ်လုံးရှိတယ်။ ဆရာမမှာ တစ်လုံးမှမရှိတာ ဘာလဲ။(ခါးအောက်ပိုင်းနားမှာပဲ)
၃ ။ လူမိန်းမမှာ ၂ခု နွားမမှာ ၄ခုပါတာဘာလဲ။
၄ ။ အလွန်ကောင်းသော စားစရာဖြစ်သည်။
တစ်ကြိမ်စားပြီး အစာကြေသွားသည်နှင့် စားမိသောလူတိုင်း နှစ်လေးဆယ်စွန်းစွန်း ကြာအောင် ကျန်းမာရေးကို ဆိုးကျိုးသက်ရောက်စေနိုင်သည်။
မိန်းမများ စိတ်သဘောမတည်မငြိမ် ယိမ်းယိုင်၍ စိတ်ဖောက် ယောက်ယက်ခတ်မှုများဖြစ်ပေါ်စေတတ်သည်။
ယောက်ျားများ အပူလုံးကြွပြီးစိတ္တဇရောဂါ ကိုခံစားကြရသည်။ အထူးသဖြင့်ကျားမ မရွေးစိတ်ကျရောဂါကိုခံစားရစေသည်။
သို့သော် လူသားမှန်သမျှ ၁၀%လောက်ကလွဲ၍ ထိုးအစား အစာကို စားဖူးချင်ကြ(စားဖူးကြ)သည်ချည်းဖြစ်သည်။
အဲဒါဘာ အစားအစာပါလိမ့်။

ကဲရွာသူရွာသားတို့ အဖြေကိုတော့ ထုံစံအတိုင်း ကွန်မန့်ပေါ်မှာပဲဖြေပေးပါမယ်။

15 comments

  • yenaung84

    August 10, 2011 at 4:18 pm

    2.ဘောင်ဘီအတ်
    ၃.ခြေထောက်

  • pan pan

    August 10, 2011 at 4:58 pm

    (၁)ဆံပင် –>ဆိုင်မှာ ကြိုက်သလိုကောက်လို့လည်းရလို့
    ၂နဲ့၃ကတော့ အပေါ်က မန်းထားတဲ့အတိုင်းပဲ
    ၄ကတော့ မသိဘူး

  • moethidasoe

    August 10, 2011 at 10:11 pm

    ၁။ အာဂ စိတ်ထဲမှာ ရှိတဲ့ အမွေး
    ၂။ ဝှေးစေ့
    ၃။ နို့သီးခေါင်း
    ၄။ သစ်မင်းဖြေထားသလို အချစ် (သို့မဟုတ်) လိင်ဆက်ဆံရေး

    • R Ga

      August 11, 2011 at 3:09 pm

      အယ်မလေး ဒေါက်တာရယ် လုပ်ရက်လိုက်တာ..။ အာဂစိတ်ထဲမှာရှိတဲ့အမွှေးတဲ့..။ 😀

  • နွယ်ပင်

    August 11, 2011 at 9:17 am

    1 ။ မိန်းမတွေရဲ့ အမွှေး အကောက်ဆုံးက အာဖရိကတိုက်မှာပါ
    3 ။ လူမိန်းမမှာ ၂ခု နွားမမှာ ၄က ခြေထောက်လို့လဲ ပြောလို့ရတယ်နော် …

  • R Ga

    August 11, 2011 at 3:14 pm

    အဖြေတွေက..။

    ၁။ အာဖရိက မှာ
    ၂။ ဘောင်းဘီအိတ်ကတ်
    ၃။ခြေထောက်ပါ။
    ၄။လက်ထပ် ကိတ်မုန့်

    • etone

      August 12, 2011 at 3:27 pm

      အဖြေပေးတာကလည်း မြန်လိုက်တာ .. ဖြေတောင် မဖြေရသေးဘူး … 🙄

      • R Ga

        August 12, 2011 at 3:45 pm

        အီးတုံးရေ မနေ့ကအထိဘယ်သူမှ ဝင်မမန်းတော့…။ ဖြေမယ့်သူမရှိတော့ဘူးထင်လာလို့ အဖြေ ပေးလိုက်တာပါ။နောက်ဆိုဆင်ခြင်ပါမယ်။

        • ဆူး

          August 12, 2011 at 4:03 pm

          ဆင် နဲ့ ခြင် က ဒီလောက် အရွယ်ကွာတာ. ဘာလို့ တွဲပြီး သုံးရတာလဲ..

  • Ma Sweet

    August 12, 2011 at 12:33 pm

    ဟူးးးးးးးးးးးးး တော်သေးတယ်…….
    ဒီလိုဆိုရင် မောင်လေး အဖြေမှန်ပါတယ်ကွယ် ……. 😀

  • moonpoem

    August 12, 2011 at 4:09 pm

    မေးခွန်းတွေ ကြည့်ပြီး လန် ့သွားတယ်။ အဖြေဖတ်ပြီးတော ့မှ သက်ပြင်း ချနို်င်သွားတယ်

  • king

    August 12, 2011 at 5:27 pm


    ဂလိုလား …… ဟူးးးးးးးးးးးး
    စဉ်းစားလိုက်တာ … ဟဲ .. 😛

  • Mee2

    August 12, 2011 at 6:39 pm

    မှတ်သားစရာကြီ။စိတ်နဲ ့ဖြေကြည့်တာတခုမှကိုမမှန်ပါဘူး။တောလိုက်တဲ့ငါနော်

Leave a Reply