ပန်းပြပွဲ

ပြင်ဦးလွင်ရောက်တော့ အပွင့်ပွင့်တဲ့ပန်းပင်ရော မပွင့်တဲ့အရွက်ရောင်စုံပင်တွေကို တွေ့ရပါတယ်။
လှပသော ဒီဇိုင်းလေးတွေနဲ့ပေါ့။
ပြင်ဦးလွင်က အမျုးိသား ကန်တော်ကြီးဥယျာဉ် က ပန်းပြပွဲလေးပါ။
ပန်းအလှတော့ ကို မျက်စေ့ပသာဒဖြစ်အောင်လည်း ပုံဖော်ထားက
အလွန်လှပပါတယ်။
ပန်းခင်းလေးပေါ်မှာ သစ်ပင်လေးကို စီးရိုးလုပ်ထားတာက မြွေလိမ်မြွေကောက်
ပန်းမဟုတ်တဲ့ခရမ်းရောင်လေးတွေပို ပုံဖော်ထားတာ ချစ်စရာ
ပန်းအဖြူလေးတွေကို စကြာပုံဖော်ထားတာပါ
ပန်းခြံဝင်ဝင်ခြင်းဘဲတွေ့နိုင်ပါတယ်။

အပွင့်စုံအရောင်စုံလှနေအောင်ပုံဖော်ထားပါတယ်။
အနီရောင် ပန်းမွမွလေးတွေ ပုံဖော်ထားတာပါhttp://photos-c.ak.fbcdn.net/hphotos-ak-snc6/228849_241036532593990_100000629354342_758334_8304341_a.jpg
ပန်းခင်းနဲ့စည်းရိုးတမျိုးလှနေပါတယ်။
ပန်းခင်းအဆုံးမှာတော့ ထင်းရူးပင်

အနီရောင်ပန်းခင်းကလေးကတော့ကွေ့ကွေ့ကောက်ကောက်
အစိမ်းနဲ့ပုဇွန်ဆီမတူညီပေမယ့် လှနေပါတယ်။
အနီရောင်ပန်းခင်းလေးက ကောက်ကွေ့ကွေ့လှတော့လှတယ်နော်
ပုစွန်ဆီရောင်ပန်းပင်စုစုလေးပေါ့။

အဖြူနဲ့ခရမ်း
သူကတော့အနီရောင်ပန်းခင်းလေးပါ
ပန်းရောင်စုံအခင်းလိုက်ကြီးပါ။
လှပတဲ့ပန်းခင်းဒီဇိုင်းလေးပါ၊
အဝါရောင်ပန်းခင်း အစိမ်းထဲမှာပုန်းနေတယ်။
မခို့တရို့နဲ့ရောင်စုံဖြာ
အမွှေးပွကော်ဇော်ကြီးအတိုင်းဘဲနော်။
ကတ္တီပါအနီရောင်စုံပန်းခင်းလေးပါ။
ပန်းရောင်စုံ အကုန်လှ ပုံဖော်ထားတာကလဲလှ
အရောင်တွေစုံနေအောင်ဘယ်သူများ အရောင်ခြယ်ထားလဲမသိ
အနီးကပ်က ပိုလှတယ်။
အားလုံး ပြင်ဦးလွင် ကန်တော်ကြီးက ပုံတွေပါ။

12 comments

  • shwe ni

    August 11, 2011 at 3:31 am

    အဲကိုရောက်ရင် မျက်စိအေးတယ်နော် ။ မရောက်တာ ၁၉၉၄ ထဲက ။ Thank ပါ
    မေမြို့မှာ အရမ်းကြိုက်တာနောက်တခုက စိန်ပန်းပြာတွေ
    ရိုက်လာတာရှိရင်တင်ပေးပါဦး ကိုပေါက်ရေ ။

  • စိန်ပန်းပြာ တွေပုံက ကျနော်ရိုက်ထားတာမရှိသေးဘူးရယ်။
    ကျနော်သွားတဲ့အချိန်နဲ့မဆုံဖြစ်တာပါ။
    ဆောင်းရယ် နွေရယ် ရူ့ခင်းလေးတွေ သွားရိုက်ပါအုံးမယ်။
    ဒါကတော့ မိုးရာသီထဲပေါ့နော်။

  • Shwe Tike Soe

    August 11, 2011 at 9:57 am

    ကျေးဇူးပါ ကိုပေါက်ကြီးရေ
    မနှစ်က မရောက်ဖြစ်လိုက်ဘူး… တော်တော်ကို စိမ်းလန်းစိုပြေနေတာပဲနော်
    အပင်တွေလဲ ပိုစုံလာတယ်နော်

  • weiwei

    August 11, 2011 at 10:13 am

    ပန်းတွေမြင်ရတာ လတ်ဆတ်လန်းဆန်းသွားတာပဲ … ထိုင်ကြည့်နေချင်တယ် ..

  • manawphyulay

    August 11, 2011 at 10:40 am

    ခုလိုတင်ပေးတာ ကျေးဇူးပါပဲနော်။ တစ်ခါမှ မရောက်ဖူးသေးဘူး။ တစ်ချိန်ချိန်တော့ ရောက်ချင်သား။ ခုလည်း ပန်းခြံထဲရောက်သွားသလိုခံစားမိပါတယ်။

  • mandalarthu

    August 11, 2011 at 1:24 pm

    Good photographer! Yr display of flower photos is artistic!
    Yr photos can make me feel fresh ,relaxed and loose stressed!
    Thanks a lot,Oo Pauk.

  • chitlay

    August 12, 2011 at 2:21 pm

    ကျေးဇူးပါ ဦးပေါက်ရေ…. သစ်ပင်၊ ပန်းပင် စိမ်းစိမ်းစိုစိုလေးတွေကြည့်ရတာ မျက်စိပသာဒ ဖြစ်ပြီး စိတ်ကို အေးမြစေတဲ့အတွက် ။

  • hmee

    August 12, 2011 at 3:31 pm

    လှပါတယ်။ မျက်စိကို အေးသွားတာပါ။ ဒီလို စိမ်းစိမ်းစိုစို မမြင်ရတာကြာပြီး အခု မြင်ရတော့ အရသာ တမျိုးပါပဲ။ မှီသွားတုန်းက ဝင်ကြေး ၁၀၀ဝပေးရတယ်။ ကင်မရာကြေးက ၂၀၀ဝ ထင်တယ် သိပ်မမှတ်မိဘူး။ ၂၀၀ရတုန်းက မန္တလေးဘက် အလည်လာရင်း တဆက်တည်းသွားခဲ့တာ။

  • ဆူး

    August 12, 2011 at 3:39 pm

    ဒီရေတော ဘက် ကို ရောက်သေးလား.. အဲဒီ ဘက်တွေ ကို အေးအေး ဆေးဆေး လမ်းလျှောက်ချင်တာ သွားတိုင်း သိပ်အချိန်မရလို့.. ကားနဲ့ ပတ်ပြီး ပြန်ရတယ်။

  • ဒီရေတောဘက်က ပိတ်ထားသလို လျှောက်လမ်းကလဲပိတ်ထားလို့ မဝင်ခဲ့ရဘူး။
    ဝင်ကြေးက 1000 ကင်မရာက 1000 မပြောင်းသေးဘူးရယ်။
    ကျနော်ကတော့ တန်အောင် လမ်းလျှောက်တာဘဲ အနှံ့။
    သစ်ခွပန်းရုံက ဝင်ကြေး ငါးရာ ဒါပေမယ်လူများနေတော့ ဓါတ်ပုံရိုက်ဘို့အဆင်မပြေတော့ မဝင်ခဲ့ရဘူး။
    ချယ်ရီပွင့်တဲ့ဒီဇင်ဘာဆိုရင် နောက်တစ်ခေါက် သွားမယ်။
    ပုံတွေလဲတင်မယ်။
    အိုကေနော်………………

  • naywoonni

    August 12, 2011 at 8:25 pm

    ပြင်ဦးလွင်ကိုရောက်ဖူးတယ်…။ ခြောက်လ သာနေခဲ့ရတယ်…။ ကိုပေါက်ပြောတဲ့နေရာတွေ မရောက်ခဲ့ရပါဘူး…။ သင်တန်းဆိုတော့ အားလပ်ချိန်မရှိပါဘူး…။ ကန်တော်ကြီး ကန်တော်လေး ပှာ မြေဖို့ခဲ့ရတယ်…။ ကော်ဖီစိုက်မဲ့မြေကွက်တွေမှာ သစ်ငုတ်တွေတူးရတယ်..။ လက်တွေကိုပေါက်ပြဲလို့…။ မဆုံးတဲ့ သီချင်း ဆိုခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်တွေလေ………..။ ကြားခဲ့ပါပြီ…။ 1999 က ရောက်ခဲ့တာ………။ ခုမှ ငါရောက်ခဲ့တဲ့ ပြင်ဦးလွင်မှာ ဒါတွေ ရှိပါသလား သိရတာ ကျေးဇူးပါပဲ………။

  • စုန်းထီး

    August 12, 2011 at 8:47 pm

    လှလိုက်တာဗျာ …
    အသက်ရှုဖို့တောင် မေ့လောက်အောင် ဓါတ်ပုံတွေထဲမှာ နစ်မျောနေမိခဲ့တယ် …
    အချိန်တန်ရင် အလှတွေပျက်သွားပေမယ့် နောက်ထပ် နောက်ထပ် အလှတွေက သူ့နေရာမှာ အစားထိုး လှနေမယ့် ပန်းကလေးတွေရဲ့ ဘဝကို ခံစားမိရင်း ……………………

Leave a Reply