ဖယ်ရီကားခ လျှော့ချပေးရန် တောင်းဆိုခြင်း

စစ်တွေ တက္ကသိုလ်တွင် ပြေးဆွဲနေသော သုံးဘီးကားခကို ရုတ်တရက် မြင့်တင်
လိုက်သဖြင့် ကျောင်းသားများနှင့် သုံးဘီးသမားများ အကြား စကားများရာမှ
ရုန်းရင်း ဆန်ခတ်မူ တစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါ ရုန်းရင်း ဆန်ခတ်မူမှာ
ယနေ့ နေ့လည် ၁ နာရီတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ကျောင်းသား တစ်ဦးက
ပြောသည်။ဖြစ်ပျက်ခဲ့တာကတော့ ဩဂုတ်လ (၃) ရက်နေ့ကပါ။အရင်ဈေးနှုန်း ၁၀ဝကျပ်မှ၂၀ဝကျပ်
သို့တိုးမြှင့်လိုက်သည်။ယခုလိုဈေးတင်လိုက်တော့ ကျောင်းသားတယောက်ဟာ အသွားအပြန်
၄၀ဝကျပ် ကျနေတယ်။ ဒါကိုမကျေနပ်လို့ ဝိုင်းဖွဲ့တောင်ဆိုရာမှ ဆန္ဒပြချီတက်ကြ သည်အထိ
အခြေအနေရုတ်ရုတ်ဖြစ်သွားခဲ့ပါတယ်။ ဩဂုတ်လ(၄)ရက်နေ့မှာတော့ သက်ဆိုင်ရာ ကျောင်းအုပ်ကြီး၊
ပြည်နယ်အာဏာပိုင် အဖွဲ့အစည်းတို့ ညှိနှိုင်းပြီးတော့ မူလဈေးနှုန်းဖြင့် ပြန်လည် ပြေးဆွဲလျှက်ရှိပါသည်။
ယခုအချိန်အထိ အခြေအနေမှာ အေးအေးဆေးဆေး ပညာသင်ကြားလျှက်ရှိကြပါသည်။

3 comments

  • redbull

    August 10, 2011 at 7:20 pm

    ဒီသတင်း တစ်ပါတ် လောက်ကြာနေပီထင်ပါတယ် ၊ ဒီနေ့မှာထပ်ဖြစ်တာလား ၊
    စိတ်ထဲမရှင်းလို့ ၊ ဒီထက် ပိုပီး ရှင်းအောင်သိချင်ပါတယ် ၊

  • Mee2

    August 10, 2011 at 11:32 pm

    မဟုတ်ပါဘူး။ဒီမှာကကွန်နက်ရှင်မကောင်းဘူးလေ။အဲဒါနဲ ့ဒီနေ ့မှတင်ဖြစ်တာပါ။ဖြစ်တာကတော့ဩဂုတ် ၃ ရက်နေ ့ရယ်၄ ရက်နေ ့ရယ်မှာပါ။ဓါတ်ပုံ ပါတခါတည်းတင်မလို ့ပါ လိုင်းအရမ်းကောင်းလွန်းလို ့attach မလုပ်ရသေးဘဲ library ထဲရောက်သွားပါတယ်။နောက်နေ ့တွေမှာ ဓါတ်ပုံတွေပြန်တင်ပေးပါမယ်။အာဏာပိုင်အဖွဲ ့အစည်းတွေကတော့ဒီကိစ္စကိုကိုင်တွယ်ရာမှာနည်းနည်းတော့ သေသပ်သလိုပါဘဲ။ကျောင်းသားတွေဆန္ဒကိုလိုက်လျောပေးပုံထောက်ရင် နောက်တခေါက်ဆိုအပီရှင်းတော့မလားဘဲ

  • Mee2

    August 11, 2011 at 11:11 am

    အဲဒီစဖြစ်တဲ့ နေ ့က ကျောင်းတံခါးကြီးကိုပိတ်ထားတာ။ဘယ်သူ ့မှထွက်ခွင့်မပေးဘူး။ဆယ်ယောက်တကြိမ်ထွက်ခွင့်ပြ ုတယ်။သုံးဘီးပေါ်တင်ပြီး မြိ ု့ထဲပို ့အဆောင်အသီးသီးပြန်ခိုင်းပြီးလူစုခွဲလိုက်တော့တယ်။နောက်နေ ့မှာတော့ လူစုလူဝေးက ၂၀ဝ ကျော်လာတယ်။မြိ ု့ထဲထိချီတက်ဆန္ဒပြကြတော့တယ်။နောက်တော့ ကျောင်းအုပ်နဲ့ အာဏာပိုင်တွေညှိနှိုင်းပြီး မူလဈေးနှုန်း ၁၀ဝ ကျပ်ပြန်ပြင်ပေးလိုက်ပါတယ်။ခုတော့အေးအေးဆေးဆေးဘဲကျောင်းပြန်တက်နေကြပါပီ။ကျောင်းသားတွေကိုခေါ်ယူတွေ ့ဆုံပြီးနောက်မလုပ်ကြဖို ့သတိပေးတယ်လို ့ပြောပါတယ်။အေးဆေးငြိမ်သက်စွာ မိမိ ဆန္ဒကိုတောင်းဆို ရမှာဘဲလို ့ကျောင်းသားတယောက်ကပြောကြားကြောင်းပါ။ဓါတ်ပုံက library ထဲရောက်သွားတယ်။

Leave a Reply