မန်လေး မှာ လူသတ်မှုများ ဖြစ်နေ

Mobile HouseAugust 10, 20111min20117

ပြီးခဲ့တဲ့ တစ်ပတ် လောက် က မိန်း ထဲ ၇၃ လမ်း သုံး လမ်းဆုံ အကွေ့ မှာ ည ၉း၃ဝ လောက် ကို ၄ယောက် ၈ယောက် ရန်ဖြစ်ကြ တယ်။၄ယောက်မှာ ၃ ယောက် က ပွဲခြင်း ပြီးသေတယ် ဟုသိရပါတယ်။ကျန်၁ ယောက်က်လဲ အခြေအနေ မကောင်းဘူးသိရပါတယ် ။ ဟိုဘက် က လူကြီး သား တစ်ယောက်ပါတယ် လို့ ကြားရပါတယ်။ ဖြစ်တဲ့နားက ဆိုင်ရှင်တစ်ယောက် က ကား ၊ဆိုင်ကယ် နံပတ်တွေ ပြောပြသော် လဲ ဘာမ မလုပ်ဟုသိရပါတယ်။

မနေ့ ညကလဲ ဂျစ်ကားကို DT နဲ့ကောင်လေးက ကျော်တာကို ဂျစ်ကား က ပြန်လိုက် ပြီး ကားပိတ်ရပ် ကာ ချိန်းကြီုး ဖြင့် ရိုက် တယ်။မိန်းထဲမှာပဲလို့ ကြားပါတယ်။ရန်ြcိုး မရှိ လိုသိရပါတယ် ။သူကိုတော့မိပါတယ်။သေတဲ့ ကောင်လေး ရဲ့အမေ က တရားခံ ကို သတ်ချင်တာ ရဲတွေကြောင့် သတ်မ ရ လို့ ရူးသွားပြီးတိုက်ပေါ် မှခုန်ချကာ ဆုံးသွားတယ်လို့သိရပါတယ် ။ ခုတလောလမ်ပေါ်မှာ လူနည်းသွားပါ တယ်။

မန်းလေးမှသူများလဲ ညဘက်ထွက်ရင် သတိထားကြပါ ။

17 comments

  • redbull

    August 10, 2011 at 8:32 pm

    လူကြီးသားက ဘယ်သူ ၊ လူကြီးက ဘယ်သူ၊ ကား နဲ့ ဆိုင်ကယ် နံပါတ်တွေ တင်ပေး နိုင်ရင် ပိုကောင်း
    မလားလို့.. ဘာမှတော့မဟုတ်ပါဘူး ၊ သိခွင့်ရတဲ့ သဘောမျိုးပါ ၊

  • PaukPhaw

    August 10, 2011 at 9:00 pm

    အဲလောက်ဖြစ်တာတောင် ကျနော်တို ့ဘာသံမှ မကြားရပါလား..ဗျာ
    ဖြစ်တဲ့အချိန်..ကူညီပါရစေတွေကကော.. ဘယ်ရောက်နေကြတုန်းဗျာ..
    ဆပ်ကြေး လိုက်ကောက်ဖို ့ပဲသိတယ်ထင်ပါတယ်…….

  • unclegyi1974

    August 10, 2011 at 9:44 pm

    ဟုတ်မှလည်းလုပ်ပပါမဟုူရာမင်းသားလေးရယ်
    ဘတို့လည်းဘာသံမှမကြားရပါလား
    တကယ်ဆိုမန်းလေးကလေးပေါက်
    ဘယ်ရောက်နေပါလိမ့်
    ဘတို့ကညဆိုဘယ်မှမထွက်တော့အေးဆေးပဲ
    မောင်ရင်လေးတို့လည်းညဘက်ထွက်မလည်ကြရင်
    အကောင်းဆုံးနော်

  • icecube

    August 10, 2011 at 10:00 pm

    တိတိကျကျလေး လက်ညှိုးထိုး ပေးနိုင်ရင် စိတ်ဝင်စားစရာသတင်းတစ်ပုဒ်ပါ

  • windtalker

    August 10, 2011 at 10:08 pm

    ဒီနေ ရာ မှာ ဘလက်ပရင့် ပြောတာ ဖြစ်နိုင်ကြောင်း
    ကျွန်တော် ဝင် အားပေးပါမယ်
    ဘာလို ့လဲ ဆိုတော့
    ကျွန်တော် ကိုယ်တိုင် 73 လမ်း မိန်း ( တက္ကသိုလ် ) ဘက် မှာ ညတိုင်း ရှိနေလို ့ပါပဲ
    ရန်ပွဲ က တော့ တစ်ရက် တစ်ပွဲထက် မက အနည်းဆုံး ရှိပါတယ် ။
    မန်းတလေး ဆေးရုံကြီး က ညပိုင်း တာဝန်ကျ ဆရာဝန် တွေ ပိုသိမှာပါ

    • mr.lone

      August 11, 2011 at 1:58 pm

      အဲဒါဆိုရင်တော့ မန်းသားတွေတော်တော် ဆိုးကြတာပဲနော် ။ ပြီးတော့ Yangon United မန်းမှာ
      လာကန်တုန်းကလည်း ရထားကိုခဲတွေနဲ့ဝိုင်းပေါက်ကြတယ် ။ ကိုယ့်နိုင်ငံသားအချင်းချင်းတောင်
      အဲဒီလိုဖြစ်ကြတယ် ။ အခုလည်းကြည့်လေ တခြားနိုင်ငံက လာကန်တော့လည်းအရှက်မရှိ လုပ်
      ကြတယ် ။ အဲဒီလိုလူတွေရှိနေလို့ နိုင်ငံမတိုးတက်တာပေါ့ ။ သူတို့တွေက ရန်ဖြစ်တာကိုပဲ
      ဂုဏ်ရှိသလို ဘာလိုလိုနဲ့ ။ အရမ်းမုန်းတာပဲ ။ မန်းကရန်ကုန်ထက် စာရင်အများကြီးစည်းကမ်းရှိ
      တာကိုတွေ့ရပါတယ်။ ပတ်ဝန်းကျင်ကိုပြောတာပေါ့နော် ။ လမ်းပေါ်မှာဆိုလည်း အမှိုက်တစ်စက်
      မှမရှိတာကိုတွေ့ရတယ်။ မန်းမြို့ ကို မန်းတောင် ပေါ်ကကြည့်ရင်လည်း အရမ်းလည်းလှပါတယ်။
      ဒါပေမယ့်မန်းသားတစ်ချို့ရဲ့ စိတ်ဓါတ်တွေက အရမ်းမိုက်ရိုင်းတာမြင်ဖူးပါတယ်။

  • blackprince72

    August 10, 2011 at 10:11 pm

    သိချင် ၁၉၉ သို့ ဖုန်းဆက်ပါ ။အတိအကျ မသိရတော့ ပြောလို့ မကောင်းဘူး ။ဒါပေမဲ့ သူငယ်ချင်း တို့ သတိထားဖို့တင်ပေး တာပါ ။

  • zawmyothu

    August 11, 2011 at 9:10 am

    မိန်းထဲ မရောက်တော. သတင်းတွေမကြားရဘူးဗျာ
    ခုလိုရေးပေးတာ ကျေးဇူးတင်ပါတယ်။

  • MOEPWINTPHYU

    August 11, 2011 at 9:46 am

    မြန်မာပြည်မှာ ကူညီပါရစေတွေက သူတို့အတွက်ပဲထင်ပါတယ်

  • etone

    August 11, 2011 at 2:28 pm

    ဒီမှာ ခေတ်စားတာ ကြာလှပြီ … ညဘက် ပြိုင်ကားမောင်းပြိုင်ပွဲတောင် ရှိသေးတယ်ဆိုပဲ … ဟိုမင်းသမီးလေးတောင် အဲ့ဒီအဖွဲ့ထဲ ပါသေးတယ် တဲ့ .. ။

    • mr.lone

      August 11, 2011 at 2:50 pm

      ဘူလေးလဲ ဟင် etone မမ။ မီးလည်းသိချင်လို့ ။

      • etone

        August 12, 2011 at 11:29 am

        Mr.lone ဆိုပြီး … ဟီးဟီး… မဟုတ်မှလွဲရော.. ဖြိုးတို့ … အဘုပတို့ အ ဖွဲ ့ဝင်များလား .. ။
        မပြောပြဘူး … သတ်ချင်သတ် ဟဲဟဲ 😛

  • Ma Sweet

    August 12, 2011 at 9:30 am

    ဘယ်မြို့သားကတော့ ပိုမိုက်ရိုင်းတယ်ဆိုတာ မရှိပါဘူး ဒီလိုပါပဲ မြို့တိုင်းမှာ ရိုင်းတဲ့လူတွေ ကောင်းတဲ့လူတွေ ရောနေတာပါပဲလေ မန္တလေးသားတွေက တော့ဟန်ဆောင်မှုမရှိတော့ စိတ်ထဲမှာ မထားကြပဲ ရန်ပဲ ဖြစ်နေကြတယ်ထင်ပါရဲ့ အော်……မြန်မာပြည်က အခေါင်ကမှ မိုးမလုံတော့လဲ…………..

  • blackprince72

    August 12, 2011 at 9:52 pm

    ဒီနေ့ လဲ ၇၄ လမ်း ၃၂ လမ်းနားမှာ ရန်ဖြစ်ကြတယ် တဲ့။ည ၈း၄၅ လောက်ပါ ။DT တွေနဲ့ superforce တွေစီး တဲ့ အဖွဲ့ တွေရန် ဖြစ်ကြတာပါ ။

  • တက္ကသိုလ်နားလေး(73လမ်း 35နဲ့တက္ကသိုလ်မိန်းပေါက်ထိ)ကတော့ကျောင်းသားတွေအနေများပါတယ်။
    နောက်လက်ဖက်ရည်ဆိုင်တွေ အင်တာနက်ဆိုင်အအေးဆိုင် ဆိုင်ပေါင်းစုံလဲရှိပါတယ်။
    သွေးဆူလွယ်တဲ့ကျောင်းသားအရွယ်တွေများတော့ရန်ကတော့ဖြစ်တာခဏခဏပါဘဲ။
    လူငယ်တိုင်းဆိုင်ကယ်စီးတော့ ဆိုင်ကယ်တိုက်ကြတာလဲတဂွမ်းဂွမ်းပါဘဲ။

    ဘာလို့သိသလဲဆိုတော့ကျနော်ကိုယ်တိုင်လဲညနက်မှ လက်ဖက်ရည်ဆို်င်ကပြန်တဲ့လူဖြစ်နေလို့ပါ။
    ဒါပေမယ့် မန်းလေးတစ်မြို့လုံးကတော့ ရန်ဖြစ်မနေတာသေချာပါတယ်။

  • မနေ့ ညကလဲ ဂျစ်ကားကို DT နဲ့ကောင်လေးက ကျော်တာကို ဂျစ်ကား က ပြန်လိုက် ပြီး ကားပိတ်ရပ် ကာ ချိန်းကြီုး ဖြင့် ရိုက် တယ်။မိန်းထဲမှာပဲလို့ ကြားပါတယ်။ရန်ြcိုး မရှိ လိုသိရပါတယ် ။သူကိုတော့မိပါတယ်။သေတဲ့ ကောင်လေး ရဲ့အမေ က တရားခံ ကို သတ်ချင်တာ ရဲတွေကြောင့် သတ်မ ရ လို့ ရူးသွားပြီးတိုက်ပေါ် မှခုန်ချကာ ဆုံးသွားတယ်လို့သိရပါတယ် ။ ခုတလောလမ်ပေါ်မှာ လူနည်းသွားပါ တယ်။
    ဒီသတင်းသာအမှန်ဆိုရင် ကျနော်လေ့လာမူ့အားနည်းသွားပြီလို့ဆိုနိုင်ပါတယ်။
    ဈေးသတင်းအရပ်သတင်းပါးစပ်သတင်း တစ်ခုမှကျနော်ဆီရောက်မလာသေးလို့ပါ.

  • Mee2

    August 12, 2011 at 11:45 pm

    အင်. သတင်းကမဟုတ်လို ့လား ကိုပေါက်။ကိုပေါက် အိပ်ပျော်နေလို ့များလား။အတိအကျသိရရင်ကောင်းပါတယ်။ဆိုင်ကယ်တွေနဲ ့အုပ်စုလိုက်ဖွဲ ့သောင်းကျန်းဖို ့မိဘ ကဆိုင်ကယ်ဝယ်ပေးသလိုဖြစ်နေပါပီ။ဟိုးတုန်းက စကားပုံတစ်ခုရှိတယ်. သားကိုသေစေချင်ရင်ဆိုင်ကယ်ဝယ်ပေးပါ၊သူငယ်ချင်းကိုမွဲစေချင်ရင် ကင်မရာဝယ်ပေးလိုက်ပါတဲ့. ဟိ ဟိ. ခုလဲ အဲ လိုဖြစ်နေပီနော်

Leave a Reply