ပျဉ်းမငုတ်တို

Khon YenaungAugust 10, 20111min1010

ငယ်ငယ်တုန်းက ကျောင်းမှာသင်ယင်း သိပ်ကြိုက်ခဲ့ရတဲ့ ကဗျာလေးပါ။ ဖတ်ယင်းရွတ်ယင်း အင်အားတွေလဲ ဖြစ်ခဲ့ပါတယ်။ဘယ်လိုလောကဓံ ကိုကြုံကြုံ ရင်ဆိုင်ရဲလာတယ်။ စစ်ကိုဘဲ ကြုံကြုံ ခြအုံဘဲဖြစ်ဖြစ် ရွက်သစ်တွေဝေနိုင်စွမ်းလာတယ်။ ကဗျာတွေကိုလဲ ပိုချစ်တတ်လာတယ်။ဆရာကြီး ရဲ့ စာတွေ ကဗျာတွေကိုလည်း ရှာဖွေဖတ်တတ်လာတယ်။ ဒါတွေဟာ ကဗျာတစ်ပုဒ်ရဲ့ စွမ်းအားပါဘဲ။ ဒီခေတ်လူငယ်တွေလဲ ဒီအစွမ်းတွေကို ရစေချင်ပါတယ်။ ဒီကဗျာလေး ကိုလည်း ဖတ်မိစေချင်ပါတယ်။ ဒါကြောင့်လည်း ခေါင်းထဲက ကဗျာအပိုင်းအစတွေကို တစ်စစီဆွဲထုတ်ပြီး တင်ပြလိုက်ပါတယ်။ ကျွန်တော်စုဆောင်းခဲ့တဲ့ စာအုပ်တွေကတော့ လောကဓံ ရဲ့ ရိုက်ပုတ်ချက်တွေ နဲ့အတူ သင်္ခါရတရားတွေနောက်လိုက်သွားခဲ့ပြီ။ လက်ရှိကျန်နေတာလေးတွေ ခေါင်းထဲက ပျောက်မသွားခင် လူငယ်လေးတွေအတွက် ရေးတင်လိုက်တာပါ။ မူရင်းရှိတဲ့သူ ဖတ်ဘူးမှတ်ဘူးသူတွေ အတွက်လဲ နာဖူးထပ်မံ ဆိုတဲ့အတိုင်း အတိတ်ကကျောင်းသားဘဝ ငယ်ကာလလေးတွေကို ပြန်လည် ခံစား နိုင်ကြတာပေါ့ ဗျာ။ ဖတကြည့် ကြပါအုံး ဆရာကြီး မင်းသုဝဏ် ရဲ့ ကဗျာလေးကို. . .
ပျဉ်းမငုတ်တို သက်ကြားအိုသည်
ကုန်းမိုထက်တွင် တစ်ပင်တည်း။
ထိုပင်ငုတ်တို သက်ကြားအို၏
ကုန်းမိုကမ်းပါး မြေပတ်ကြားတွင်
စစ်သားခမောက် ပိန်ခြောက်ခြာက်လည်း
စစ်ရောက်စခန်း လက်ပြညွှန်း။
ပျဉ်းမငုတ်တို သက်ကြားအို၏
ဂွဆုံအကွေး သစ်ခေါင်းဆွေးလည်း
အဖေးတက်လာ အိုင်းအမာသို့
ကျယ်စွာဟက်တက် ခြအိမ်ပျက်။
စစ်ကိုလည်းကြုံ ခြအုံလည်းဖြစ်
ဓါးထစ်လည်းခံ နေလျှံလည်းတိုက်
လေပြင်းခိုက်လျက် မငိုက်ဦးဆောင်း
နွေသစ်လောင်းသော် ရွက်ဟောင်းညှာကြွေ
ရွက်သစ်ဝေလျက် လေပြည်ထဲတွင်
ငယ်ရုပ်ဆင်သည် အသင်ယောကျာင်္း ကောင်းတကား။ ။
( မင်းသုဝဏ် )