ဗုဒ္ဓရုပ်ပွားတော် ၂၅ဝ ထိုင်းန်ိုင်ငံမှ ဘင်္ဂလာဒေချ့်သို့ ပေးပို့လှူဒါန်း

BayoteMay 10, 20101min660

ထိုင်းနိုင်ငံမှ ဘင်္ဂလာဒေချ့် နိုင်ငံသို့ ဗုဒ္ဓရုပ်ပွားတော် ၂၅ဝ ကို ပေးပို့ လှူဒါန်းခဲ့ရာ အဆိုပါ ရုပ်ပွားတော်များကို ယမန်နေ့က ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး ဝန်ကြီး ဒီပူရ် မူနီက စစ်တကောင်း မြို့တွင် အခမ်းအနားဖြင့် လက်ခံ ယူခဲ့သည်။

အဆိုပါ ရုပ်ပွားတော်များကို ထိုင်းနိုင်ငံ ဘာသာရေး အဖွဲ့အစည်း တခုဖြစ်သည့် ဓမ္မကာယ ဖေါင်းဒေရှင်းမှ ပေးပို့ လှူဒါန်းခြင်း ဖြစ်သည်။

အဆိုပါ ဖေါင်းဒေးရှင်းမှ လက်ထောက်ဆရာတော် Phraktuvitedpanyapan မှ အခမ်းအနားတွင် အဆိုပါ ဗုဒ္ဓရုပ်ပွားတော်များကို ဘင်္ဂလာဒေချ့်နိုင်ငံခြားရေး ဝန်ကြီးထံ လွဲပြောင်းပေးအပ်ခဲ့သည်။

ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး ဝန်ကြီး ဒီပူရ် မူနီက အခမ်းအနားတွင် ယခုကဲ့သို့ မိန်းခွန်းပြောကြားသည်။

“ကျွန်မတို့ ဆက်ဆံရေး အိမ်နီးချင်းနိုင်ငံတွေ အပါအဝင် တခြားနိုင်ငံ အများအပြားနဲ့ ခိုင်မြဲနေမူဟာ နှစ်ပေါင်း ရာချီပြီး ရှိခဲ့ပါပြီ။ ဒါတွေဟာ ဗုဒ္ဓ ဘာသာနဲ့ ဆက်နွယ်နေပြီး ဒီဘာသာဟာ ဒီတောင်အာရှမှာ မြစ်ဖျားခံပြီး ဒီကနေ တဆင့် တခြားနိုင်ငံတွေကို ပျံ့နှံ့သွားခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းပြင်သူမက “လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၅၃ နှစ် အကြာက သက်ရှိ သတ္တဝါတွေ အတွက် အကြမ်း မဖက်ဖို့ ဟောကြားခဲ့တဲ့ ငြိမ်းအေးတဲ့ ဗုဒ္ဓ တရားတော်ဟာ အကြမ်းဖက်မူတွေ ပေါ်ပေါက်နေတဲ့ ခုခေတ်ကာလထိ တန်းဖိုးကြီးမား နေတုန်းဘဲ” ဟု ပြောသည်။

ဒါ့ပြင် “ဘင်္ဂလာဒေချ့်မှာရှိနေတဲ့ ပြည်သူတွေအားလုံး ဘယ်ဘာသာဝင်ဘဲ ဖြစ်ဖြစ် ဘာသာရေး အစွန်းရောက်သူတွေနဲ့ စစ်သွေးကြွတွေကို ညီညွှတ်စွာ တိုက်ဖျက်ဖို့ လိုအပ်တယ်” ဟု ပြောဆိုသွားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဒေသအခေါ် ဘရဝါ ၊ မာရမာကြီး အမျိုးသား ဘင်္ဂလာဒေချ့် စက်မူ ဝန်ကြီး ဒီလီ ဘရဝါလည်း တက်ရောက်ခဲ့သည်။

အဆိုပါ ဗုဒ္ဓရုပ်ပွားတော်များအား စစ်တကောင်း ခရိုင်အတွင်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများတွင် ကိုးကွယ်သွားမည် ဖြစ်ကြောင်း သိရသည်။

အခမ်းအနားသို့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ အပါအဝင် မာရာမာကြီး လူမျိုး ထောင်ချီ တက်ရောက်ခဲ့သည်ဟု သတင်း ရရှိသည်။

Source : http://www.narinjara.com/