မုဒိမ်းမှုနှင့် ညစ်ညမ်းဗီဒီယိုဓာတ်ပုံ စာသားများ သက်ဆိုင်ကြောင်း ရဲချုပ်ပြော

BayoteMay 10, 20101min721

လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု ဖြစ်ရပ်များပိုမိုများပြားနေပြီး အရွယ်မရောက်သေးသူ ကလေးများအပေါ် ကျူးလွန်မှုများပင် ပါဝင်နေကြောင်း သိရှိရပါသည်။ မုဒိမ်းမှုများဖြစ်ပွားရခြင်းသည် ညစ်ညမ်းဗီဒီယိုဓာတ် ပုံစာသားများနှင့် သက်ဆိုင်ကြောင်းလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်ဗိုလ်မှူးချုပ်ခင်ရီက နေပြည်တော်တွင် မေလ ၆ ရက်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

မှုခင်းအမျိုးမျိုးထဲတွင် မုဒိမ်းမှုများ များပြားလာကြောင်း၊ မုဒိမ်းမှုများဖြစ်ပွားရခြင်းသည် ညစ်ညမ်းဗီဒီယို၊ ဓာတ်ပုံ၊ စာသားများနှင့် သက်ဆိုင်ကြောင်း၊ ညစ်ညမ်းဗီဒီယို၊ ဓာတ်ပုံ၊ စာသားများနှင့် ပတ်သက်ပြီးနည်းပညာအရ အများကြီးလုပ်၍ ရနိုင်ကြောင်း၊ IT Crime Section  စတင် ဖွဲ့ခါစဖြစ်ကြောင်း စသည်ဖြင့် ရဲချုပ် က ထည့်သွင်းပြောကြားခဲ့သည်။
ယင်းသို့ ဖြစ်ပွားမှုတွင် မိဘများမှ အိမ်နီးချင်းကို ယုံကြည်စွာ အပ်နှံထားရာမှ ယုံကြည်မှုကို အလွဲသုံးစားပြုကာ ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များ ပါဝင်လာသည့် နည်းတူသွေးသားနီးစပ်သူကိုပါ စည်းစောင့်ထိန်းမှုမရှိဘဲ ကျူးလွန်သည့်ဖြစ်ရပ်များလည်း ရှိနေကြောင်း သိရသည်။
”ကျွန်မတို့အိမ်နားမှာ မေလ ၂ ရက်နေ့က အရွယ်မရောက်သေးတဲ့ ကလေးငယ်ကို အသက် ၂ရ နှစ် အရွယ်ရှိတဲ့ အမျိုးသားက လိင်ပိုင်းဆိုင်ရာကျူးလွန်မှု ဖြစ်ပွားခဲ့ပါတယ်။ ကျူးလွန်ခံရတဲ့ ကောင်မလေးရဲ့အမေရော အဖေက အလုပ်ကိုယ်စီရှိတာကြောင့် အိမ်နီးချင်းတွေနဲ့ ကလေးကို အပ်ထားလေ့ရှိပါတယ်။ အခုချိန်ထိတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ဆေးမှုတွေပြုလုပ်နေကြတယ်”ဟု မြောက်ဥက္ကလာပမြို့နယ်တွင် အခင်းဖြစ်ပွားခဲ့သည့် နေအိမ်နှင့်ကပ်လျက် အိမ် တွင်နေထိုင်သူတစ်ဦးက ဆိုပါသသည်။
ထို့အတူ မင်္ဂလာဒုံမြို့နယ်  ပုလဲမြို့သစ် ရွှေနံ့သာစံပြကျေးရွာတွင်လည်း မေလ ၄ရက်နေ့ဝန်းကျင် က အရွယ်မရောက်သေးသူအား အသက်ငါးဆယ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက လိင်ပိုင်းဆိုင်ရာ ကျူးလွန်သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီး အဆိုပါ အမျိုးသားသည် ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
”ဒီလိုဖြစ်ရပ်မျိုးကို ပြစ်မှုကျူးလွန်သူက ပြစ်ဒဏ်ကျခံဖို့ ဥပဒေတွေ ရှိတယ်ဆိုပေမယ့် ဒီဖြစ်ရပ်က ကျူးလွန်ခံရတဲ့သူရဲ့ဘဝတစ်လျောက်လုံးမှာ အမည်းစက်တစ်ခုအနေနဲ့ စွဲကျန်နေမှာပါ”ဟု ဖြစ်စဉ်နှင့်နီးစပ်သူတစ်ဦးက ဆိုပါသည်။ အလားတူပင် တောင်ဒဂုံမြို့နယ်တွင်လည်း သွေးသားတော်စပ်သူကိုပင် နေအိမ်တွင် လူမရှိခိုက် လိင်ပိုင်းဆိုင်ရာကျူး လွန်ခဲ့သည့်ဖြစ်ရပ်လည်း ရှိခဲ့ကြောင်း သိရသည်။
”အခုနောက်ပိုင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး မကြာခဏ ကြားနေရတယ်။ တရားရုံးကို ရောက်လာတဲ့ တစ်မှုဆိုရင် မိဘတွေက ကိစ္စကိုယ်စီနဲ့ အပြင်သွားခိုက် သားဖြစ်သူကို အိမ်စောင့်ထားခဲ့တယ်။ သားဖြစ်သူက သူ့သူငယ်ချင်းနဲ့အတူ အိမ်မှာညစ်ညမ်းခွေကြည့်ပြီး အိမ်ဖော်ကောင်မလေးကို ညစ်ညမ်းခွေထဲကအတိုင်း လုပ်ခိုင်းတာ။ အဲဒီကောင်လေးနှစ်ယောက်က အသက် ၁၄ နှစ်နဲ့ ၁၆ နှစ်လောက်ပဲ ရှိသေးတယ်”ဟု တရားရုံးချုပ်ရှေ့နေ ဦးအောင်စိုးဦးက ပြောပြခဲ့ပါသည်။
၎င်းက ”လိင်ပိုင်းဆိုင်ရာ ဖြစ်ရပ်တွေ ပိုများလာတယ်။ အဲဒီလိုဖြစ်ရ တဲ့အဓိကအချက်ထဲမှာ ညစ်ညမ်းခွေတွေကို လမ်းဘေးတရားမဝင် ဈေးကွက်မှာ လွယ်လင့်တကူဝယ်ယူ ရရှိနေတဲ့ အတွက်ကြောင့်လည်း ပါဝင်နေပါတယ်။ အဲဒီအခွေတွေကိုကြည့်ရင် အသက်အရွယ်မရွေး သွေးဆူနိုင်ပြီး ဒီလိုဖြစ်ရပ်မျိုးတွေကို ကျူးလွန်မိနိုင်ပါတယ်။ သွေးဆူပြီး မဆင်ခြင်နိုင်တော့ဘူး၊ နီးစပ်ရာကိုဖောက်မိ တတ်ပါတယ်။ မိဘတွေအနေနဲ့ ကလေးတွေကိုနီးစပ်ရာ သူစိမ်းလက်ထဲ မအပ်နှံသင့်ပါဘူး”ဟု ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ ပြစ်မှုကျူးလွန်သူများ ကို တရားဥပဒေအရ အမှုဖွင့်တိုင်ကြားထားခြင်းမျာ းရှိကြောင်းနှင့် ယင်း ပြစ်မှုကျူးလွန်သူများသည် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အရ အရေးယူခံရနိုင်ပြီး ကျူးလွန်သော ပြစ်မှု၏ အတိမ်အနက်ပေါ်မူတည် ကာ ထောင်ဒဏ်တစ်သက်တစ်ကျွန်း အထိ ကျခံရနိုင်ကြောင်း သိရသည်။

Source : Eleven News

One comment

  • pyaephyo

    October 15, 2011 at 9:53 am

    ဟုတ်တယ်ဗျ…ဒီင်္မဟုတ်မဟက်ဇာတ်ကားတွေ ကြည့်ပြီင်္း…လူစိတ်ကို ညစ်ညမ်းစြေ့ပီး…စိတ်ထဲမှာ..ဒါကိုပဲလုပ်ချင်စိတ်တွေဖြစ်လာပြီး…မောင်နှမတွေ ဘာတွေတောင် နားမလည်တော့ဘဲ ဖြစ်လာမယ်…ပြီးရင် အမည်းစက်တွေထင်ကျန်တော့မယ်……ကဲ ကျွန်တော် ရိုင်းရို်င်းဘဲ ပြောတော့မယ်…အဲလိုမှ လုပ်ချင်နေတယ်ဆိုရင်…..မိန်းမ ယူလိုက်ပေါ့….ဆောရီးနော်..ကျက်သရေရှိသော အမျိုးကောင်း…မိန်းကလေးများ…ဒီလိုပြောမိတာကို နားလည်းပေးပါ

Leave a Reply