တစ်ခြား တိုင်းဒေသကြီး တွေတော့ လက်လှမ်းမမီလို့ မသိနိုင်ပါ ၊ ရေးချင်နေတာ တင်ပြချင်နေတာ ကြာပါပြီ ၊ နိုင်ငံတော် သမ္မတကြီး ပြောတဲ့
ပြုပြင်ပြောင်းလဲမှုမျိုး ဘယ်နေရာ ကစပြီး လုပ်သင့်ပါသလဲ ၊ ကျွန်တော် လို ၁၀၉-၁၁၀ တစ်ယောက်က ဘယ်လို သိနိုင်ပါ့မလဲ နော် ၊
ဒီတော့ ကိုယ် နေတဲ့ မြို့လေး အတွက် စဉ်းစားကြည့်မိပါတယ် ၊
အောင်မလေးဗျာ……………..
မဟာ့မဟာ ဒရက်ကူလာ အဲ မှားလို့ မာဖီးယား အဖွဲ့ကြီးပါလား ၊ ထိပ်သီးကြီးတွေပါလား ၊ သွားထိလို့ကတော့ ပေါက်ရုံလေးပေါက်မယ် မထင်လိုက်
ကြပါနဲ့၊ အကောင်လိုက်မျိုမှာ ၊
ကောင်းရောင်းကောင်းဝယ် လုပ်ချင်ကြတယ်ဆိုရင် ( ယ္ခင်အခေါ်အတိုင်း)
* ခ.ယ.က
* မ.ယ.က
* စ.ရ.ဖ
* စ.စ.စ
* သတင်းတပ်ဖွဲ့
* မြို့နယ်ရဲတပ်ဖွဲ့မှုး
* ရဲစခန်းမှုး
* ဒ.န
* နယ်ထိမ်း ဒုရဲအုပ်
* ခ.လ.ရ ၅၅
* တပ်မ ၅၆၆
* ရေတပ်
……………. အစရှိတဲ့ ကျေးဇူးရှင် (စားနေကြကြောင်ဖား) ကြီး တွေကို ပူဇော်ပသ ရပါမယ်၊ ဆက်ကြေးပေးရပါမယ်၊

ရွာသူရွာသား မိတ်ဆွေများခင်ဗျား ကျွန်တော်တို့ ဘယ်လိုလက်နက်ကိုစွဲကိုင်ပြီး တိုက်ခိုက်နှိမ်နင်း ရပါမလဲ ၊
နိုင်ငံတော် သမ္မတကြီး မသိမှာစိုးလို့၊ နှိမ်နင်းရခက်နေမှာစိုးလို့ပါ ၊
သူက ခုမှ တက်စဆိုတော့ သိမယ်မထင်မိလို့ပါ၊
ရွာသူရွာသားတွေ ထဲက သိတဲ့သူများရှိခဲ့ရင် လမ်းညွှန်ပေးကြစေလိုပါတယ်၊

pyinlepyaw ( Thantwe)

About တေလေ

has written 7 post in this Website..