မြန်မာ့အနုပညာ … ( ပန်းချီ )

fattyAugust 11, 20111min15113

ဗိုလ်ချူပ်ဈေး ပန်းချီပြခန်းကိုသွားပြီးရိုက်ကူးခဲ့တဲ့ပုံတွေဖြစ်ပါတယ် ..။ ပန်းချီဆရာကြီးမောင်မောင်သိုက် ဩဂုတ်လ ၅ ရက်နေ့က ကွယ်လွန်သွားလို့
အမှတ်ရမိရင်း သွားဖြစ်ခဲ့တာပါ။ဟိုတုန်းကတော့ မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ ဆရာမောင်မောင်သိုက်ရဲ့ မိန်းကလေးအလှပုံတွေကို အင်မတန်စွဲမက်ခဲ့ပါတယ်။

ဇျေယျာဌေး ရေးဆွဲထားတဲ့ ဆီဆေးပုံပါ။

သူ့မူယင်း ကာလာ ကိူရအောင် မရိုက်နိုင်သေးပါဘူး
ဒါပေမဲ့ ခံစားလို့ရကြမယ်ထင်ပါရဲ့ ဝါသနာပါသူ
တွေအတွက်တော့ …..။

13 comments

  • ကြောင်ကြီး

    August 11, 2011 at 11:11 am

    မူရင်းကာလာ မမှီဘူးဆိုပေမဲ့ ဓာတ်ပုံတွေက အတော်ကောင်းပါတယ်..။

  • pan pan

    August 11, 2011 at 11:16 am

    အပေါ်ဆုံးက စေတီနဲ့ ရဟတ်ကြီးနဲ့ပုံက ပန်းချီကားနဲ့တောင်မတူဘူး
    မြင်ကွင်းကို ဓါတ်ပုံရိုက်ထားတဲ့အတိုင်းပဲ
    အောက်ဆုံးနှစ်ပုံကြည့်လိုက်တာ ရွာပြန်ရောက်သွားရသလိုပဲ
    ရွာကကျွန်မတို့အဒေါ်အိမ်က နွားကအဲလောက်မပိန်ဘူး
    ဝနေတာပဲ 😀

  • fatty

    August 11, 2011 at 11:52 am

    ပန်းချီကားရဲ့ စုတ်ချက်တွေပေါ်အောင်ရိုက်ချင်ပေမဲ့ ကျနော်ရဲ့ညံ့ဖျင်းမှုကြောင့် မရိုက်နိုင်ခဲ့တာပါ။
    ပန်းချီကားတခုကိုခံစားရင် ကျနော့အနေနဲ့တော့ အဝေးကြည့်အပြင် စုတ်ချက်ဆွဲထားပုံကို အဓိကထားပြီးလေ့လာပါတယ် ..။
    ကြောင်ကြီး … မတွေ့တာကြာပြီ ….။
    pan pan … နွားတစ်ကောင် မျိုးကောင်းမျိုးသန့် ဝဖီးနေရင် တစ်ကောင် ၁ဝ သိန်းကျော်လောက်ရှိမယ်ထင်တယ်နော် ..။ ကျနော်လည်း ကျေးလက်ဒေသ သရုပ်ဖေါ်ပန်းချီတွေကို
    အရမ်းနှစ်သက်တယ် ..။ ဓာတ်ပုံတစ်ပုံ ခံစားရတာနဲ့ ပန်းချီကားတစ်ချပ်ကို ခံစားရတာ မတူဘူးနော် ..
    ဘယ်ဟာပိုကြိုက်နှစ်သက်ကြလဲ ….။ ဓာတ်ပုံတစ်ပုံရိုက်ပြီးရင် ဘယ်လိုရိုက်ထားတယ်ဆိုတာရှင်းပြချင်တယ်။
    ပန်းချီကားတချပ်ကိုလဲ ဘယ်လိုခံစားပြီး ဘယ်လိုဆွဲတယ်ဆိုတာ ရေးဆွဲသူ ပန်းချီဆရာနဲ့တွေ့ပြီး
    မေးမြန်းချက်တွေ ပြောပြချင်တယ် ..။ ဒါပေမဲ့ ဘယ်သူတွေဘယ်လောက်စိတ်ဝင်စားမှုရှိတယ်ဆိုတာ
    မသိရသေးလို့ …။

    • MaMa

      August 12, 2011 at 8:32 am

      ပန်းချီကို သိပ်မခံစားတတ်ဘူး။ ဒါပေမယ့် ပန်းချီဆရာရဲ့ ရှင်းလင်းချက်နဲ့တွဲပြီးတော့တော့ သိချင်သား။ facebook မှာ ပန်းချီဆွဲတဲ့ ဇော်ထွန်းအောင် page ကို ဝင်ကြည့်ပါလား။ သူ့စုတ်ချက်တွေကိုတော့ တော်တော် သဘောကျတယ်။ link ကို ဘယ်လို ပေးရမှန်းမသိလို့။

  • nozomi

    August 11, 2011 at 12:33 pm

    စိတ်ဝင်စားပါတယ် ပန်ချီကားတစ်ခုကို မြင်လိုက်ရချိန် ကိုယ်တိုင် ခံစားမိသလို
    ပန်ချီဆရာရဲ့ ခံစားချက်ကိုလဲ သိချင် လေ့လာချင်ပါတယ်

  • mandalarthu

    August 11, 2011 at 1:07 pm

    So lively! Artistic pictures! Thanks for sharing such good pictures to us.You can take good photos.
    Who create the first two artistic pictures? Saya Mg Mg Thike
    For me,I like all 4 pictures,namely,Lively pagoda festival ,Strength,Beauty of Myanmar young girl and moment of a farmer’s relaxation beside a river.
    I prefer pic.,1 and 4.More artistic like natural photos these are!
    I prefer to feel the artistic pictures on my own way which may be different to the ideas of
    artist and viewer.
    Share more if you have.

  • fatty

    August 11, 2011 at 3:39 pm

    ွှ့Thank you all for your comments and your keen interesting on pictures,
    and especially for giving matchless names of pictures by mandalarthu.
    Next time if I have enough time I got an idea to share how an artist is painting : step by step, including their feeling while they are touching the canvas. I am sure I am willing to
    share more pictures next time.
    For nozomi, I will try my best to present what you like to observe.

  • windtalker

    August 11, 2011 at 11:16 pm

    ခံစားလို ့ရသွားတယ်ဗျို ့
    ပန်းချီနဲ ့ဝေးလို ့
    ကောင်းကောင်းကြီး မလေ့လာခဲ့ဘူးလို ့
    ဘာမှ ကို မပြောနိုင်ဘူး
    အပေါ်က ကားတွေ ဟာ
    ရောင်းမယ့်ကားတွေ ဆိုရင်
    ဈေးနှုန်းလေးတွေ နဲ ့လိပ်စာလေးတွေပါ ဖော်ပြပေးစေချင်ပါတယ်

  • pooch

    August 12, 2011 at 8:00 am

    လေးဖက် နောက်ထပ်ရှိရင် ဒီပြင့် ပန်းချီဆရာတွေရဲ့ ကားတွေလည်း ကြည့်ချင်ပါတယ် တင်ပေးပါအုန်း..
    အရမ်းကြိုက်ပါတယ် …

  • fatty

    August 12, 2011 at 9:00 am

    ကျနော်ကတိုက်ကရိုက်လုပ်ခဲ့တာဆိုတော့ …….
    နောက်တခေါက်သွားပြီး ဈေးနှုန်း … ရေးဆွဲသူ … ကိုယ်တိုင်တွေ့ခဲ့ရင်လဲ သူတို့ရဲ့ အယူအဆ
    လေးတွေပါ ကြိုးစားပြီးတင်ပေးပါ့မယ် ..။

  • kai

    August 12, 2011 at 9:25 am

    ကိုသိုက်က.. အမျိုးသားဒီမိုကရေစီအဖွဲ့ချုုပ်အလံကို ဒီဇိုင်းထုတ်တယ်လို့.. နာမယ်ကြီးဖူးတယ်..။
    ဟုတ်သလား..မဟုတ်သလား တိတိကျကျသိချင်သား…။

    ကျုပ်ကို်ယ်တိုင်ကလည်း.. ပန်းချီဝါသနာပါတာမို ့… သူတို့တွေ. ဆွဲတာကို ..ထိုင်ကြည့်နေခဲ့ဖူးတယ်..။
    ကိုသိုက်က… မျက်နှာဖုံးပုံတွေကို.. နိုင်ဂျံဂါးကပုံတွေ.. အချိုးတွေနဲ့.. ကူးဆွဲတာဗျ…
    မျက်နှာဖုံးဆွဲတာတွေမှာ… ရေဆေးမှာတော့.. ဦးစံတိုး..နဲ့ဝသုန်ဆွဲတာကို… ပိုကြိုက်ခဲ့ဖူးတယ်..။

    ဒီဇိုင်းကိုတော့.. ဦးအေးမြင့်(မြန်မာ့ရိုးရာဒီဇိုင်း)တွေ.. ကြိုက်တယ်..။
    ပုံတွေ… အခုထိစုဆောင်းထားသေးတယ်..။
    ဝါသနာတူသူတွေရှိရင်.. ဆွေးနွေးလေကန်ချင်သား.. ။ 🙂

  • fatty

    August 12, 2011 at 10:10 am

    ဦးအေးမြင့် လဲဆုံးသွားပြီနော် … မောင်မောင်သိုက် ဟုတ်မဟုတ်ကိုတော့မေးကြည့်အုံးမယ် ..။
    ဥိးစံတိုးနဲ့ ဝသုန် တို့ကတော့ ဆရာကြီး တွေပါ။ ကို kai ပြောလိုက်မှ အတွေးထဲပြန်ပေါ်လာတယ်။
    တခါက သင်္ကြန်အကြောင်း ရေးတော့ ပန်းချီပုံလိုနေလို့ ဆရာ ဥိးအေးမြင့်ကိုလှမ်းမေးဘူးတယ်။
    ဆရာဆွဲတဲ့ ရိုးရာပန်းချီတွေ ဘယ်ကနေ ကိုးကားပါသလဲပေါ့ … ဆရာက ဘယ်ကမှမကိုးကားဘူး
    ဗျ အဲဒါ စိတ်ကူးနဲ့ဆွဲတာပါတဲ့ … ဒါနဲ့ ကျနော်တက္ကသိိုလ်စာကြည့်တိုက်ပြေးပြီး ပေ ပရပိုက်တွေ
    ထဲမှာရှာတယ် … ဦးအေးမြင့် လက်ရာမျိုး မတွေ့ခဲ့ရဘူး …။ သူ့ရဲ့ ခပ်နွဲ့နွဲ့ ကိုယ်ဟန် လေးတွေကို
    သတိရမိတယ် ..။ ပုဂံက နံရံ ဆေးရေး ထဲမှာများတွေ့မလားလို့ … မရှိပါဘူး .. သူကိုယ်တိုင်ထွင်ခဲ့တာ
    ပါဘဲ။ ( တနေရာရာမှာများတွေ့မိရင် ညွှန်းပါအုံး)။
    နောက်တခုက … ကျနော်ခေါင်းထဲမှာ သိပ်မမှတ်မိတော့ဘူး .. တခါက အမျိုးသားပြတိုက်ကိုရောက်တော့
    အလွန်ရှားပါးတဲ့ရေဆေးပန်းချီကား တချပ် ( နဲနဲစုပ်နေပြီ ) ကို သိမ်းထားတာတွေ့မိတယ်။ ဆရာဦးစံတိုး
    လက်ရာလား သူ့ထက်ရှေးကျတဲ့ ဆရာလား မသိတော့ဘူး .. လက်ရာ ဆေးထည့်ပုံကတော့ နုလွန်း
    လို့ … တုပြီးဆွဲချင်ရင်တောင် မလွယ်လှဘူး ..။ ကျနော်သဘောကျတဲ့ ပန်းချီကားတွေကို ငယ်ငယ်က
    တုပြီးပြန်ပြန်ဆွဲကြည့်ခဲ့တယ်။

Leave a Reply