သွေးလှူခြင်း

naungAugust 11, 20111min13512

ဂေဇက်မှာ သွေးလှူတာနဲ့ပတ်သတ်ပြီး ရေးထားတာသိပ်မရှိဘူးထင်ပါတယ်။

ကျွန်တော်သွေးလှူဘူးပါတယ်။ အဲဒီလိုလှူရတာကိုလည်း အလွယ်ဆုံးပြောရရင် ပျော်တယ်။ ဒါပေမယ့် ကျွန်တော်တို့ကို တစ်ချု့ိကပြောတယ်။

” မင်းတို့ကသာ သွေးလှူနေတာပါ၊ ဆေးရုံက သွေးကို အလကားမပေးဘူး၊ ပိုက်ဆံပေး ဝယ်ရတာကွ “လို့ ပြောကြတယ်။

“ကျွန်တော်သိသလောက်တော့ သွေးဘဏ်တွေအနေနဲ့ လက်ခံရရှိထားတဲ့သွေးတွေကို လူနာကို တိုက်ရိုက်ပေးလို့မရပါဘူး။ အေ၊ ဘီ၊ စီ လို့ခေါ်တဲ့ ရောဂါပိုးတွေကို စစ်ဆေးပေးရပါသေးတယ်။ အဲဒီလို စစ်ဆေးခတွေကို သာ လူနာတွေဆီက တောင်းခံတယ်လို့သိရပါတယ်။ ဒါကတရားဝင် တောင်းခံတာပါ။ နောက်တစ်ခုက သွေးထည့်တဲ့ အိတ်ဖိုးပါ။ အဲဒီနှစ်ခုကိုဘဲ တောင်ခံပါတယ်။ ဒါထက်ပိုတောင်းတယ်ဆိုရင်တော့ သွေးဘဏ်မှာ သေသေချာချာ စုံးစမ်းကြည့်စေချင်ပါတယ်” လို့ပြောလိုက်ပါတယ်။

တစ်ချို့ကကြတော့ ” ငါတို့မလှူလည်း လှူမည့်သူ အများကြီးပါ” လို့ပြောကြတယ်။

လှူမည့်သူများလည်း ကျွန်တော်သိသလောက်တော့ သွေးဘဏ်တွေမှာ သွေးလိုအပ်ချက်တွေရှိနေပါတယ်။

ဥပမာ- ကျွန်တော်တို့လှူထားတဲ့ သွေးတွေက တစ်လအတွင်း လူနာတွေကို သွင်းပေးရပါတယ်။ တစ်လကျော်သွားရင်တော့ အဲဒိသွေးကို ဖျက်ဆီးပြစ်လိုက်ရပါတယ်။ သွင်းလို့မရတော့ဘူးလို့သိရပါတယ်။

ဒါပေမယ့် အဲဒီလို ဖျက်ဆီးပြစ်လိုက်ရတာ တော်တော်ကို နည်းပါတယ်။

နောက်ထပ်အဆိုးဆုံး တစ်ခုကတော့ သွေးလှူတာက အသက်ကြီးလာတဲ့ အခါမှာ လူကို ထိခိုက်တတ်တယ်ဆို့တဲ့ အယူအဆပါဘဲ။ ဆရာဝန်တွေကတော့ ဘာမှမဖြစ်ဘူးလို့ ပြောမှာဘဲတဲ့။ ဒါမှ သွေးလှူမယ့်သူရှိအောင်တဲ့။

အဲဒါတော့ ကျွန်တော်လည်း မပြောပြတတ်ပါ။ ကျွန်တော်သိသလောက်တော့ ထိခိုက်တယ်လို့မရှိပါဘူး။

သွေးဘဏ်ကတော့ အသက် ၁၈ နှစ်ကနေ အသက် ၅ဝ အထိ ကျန်းမာတဲ့ လူဆိုရင် သွေးလှူလို့ရတယ်လို့ပြောထားပါတယ်။

အဲဒီတော့ ကျွန်တော်ကတော့ ဒီလိုတွေးတယ်။ ထိခိုက်တယ်ဆိုရင်လည်း အသက် ၅ဝ နောက်ပိုင်းမှ ထိခိုက်တယ် ဆိုပါစို့။

သွေးက ၄ လ တစ်ကြိမ် လှူလို့ရပါတယ်။ ၁၈ နှစ်ကနေ ၅ဝ အတွင်းဆိုရင် အကြိမ်ပေါင်း ၉ဝ ကျော်လှူလို့ရတယ်။ ပြောမယ်ဆိုရင် သွေးပုလင်းပေါင်း ၉ဝ ကျော်ပေါ့။ အဲဒီမှာ ကျွန်တော်လှူလိုက်တဲ့ သွေးပုလင်းတွေရဲ့ ထက်ဝက်ကို လူနာတွေက လက်ခံရရှိပြီး ကျန်းမာ လာခဲ့ရင် ကျွန်တော် လူပေါင်း ၄ဝ ကျော်ကို အသက်ကယ်ခဲ့ တယ်ဆိုတဲ့ သဘောဘဲပေါ့။ ဒီအထဲမှာမှ ကိုယ်ဝန်ဆောင်မိခင်တွေပါလာခဲ့ရင် လူနှစ်ယောက် အသက်ကို ကယ်သလိုဖြစ်သွားမယ့်ပေါ့။ အဲဒါဆိုရင် ကျွန်တော့် ကျန်းမာရေးထိခိုက်တာ တန်တယ်။ ကျွန်တော်က ထိခိုက်ရုံတင်ပါ။ မတော်လို့ အသက်ကို ထိခိုက်တယ်ဆိုရင် လည်း တစ်ယောက်ဘဲလေ။ တန်တာပေါ့။ ကျွန်တော့်အသက် တစ်ချောင်းနဲ့ လူ ၄ဝ ကျော်ကို ကယ်နိုင်တယ်ဆိုတာ။ ကျွန်တော်ကတော့ အဲဒီလိုပြောလာရင် အခုလိုဘဲ ဘုတောပြီး တွက်ပြလိုက်တယ်။ အနည်းဆုံး တစ်ယောက် အသက်ရှင် ရင်တောင် မရှုံးဘူးလို့လေ။ နှစ်ယောက်ဆိုရင်တောင် အမြတ်ထွက်နေပြီလို့။

ကျွန်တော့်စိတ်အထင် လူတစ်ယောက်ဟာ သွေးလှူ ချင်ရင် ခုနပြောတဲ့ အေ၊ ဘီ၊ စီ ဆိုတဲ့ ရောဂါ ကင်းရှင်းရင် လှူလို့ရတယ်။

အေ – အေအိုင်ဒီအက်စ်

ဘီ – အသည်းရောင် အသားဝါ ဘီပိုး

စီ – ဘီ – အသည်းရောင် အသားဝါ စီပိုး အဲဒီသုံးခု ကင်းရှင်းရင်ရပြီး။

နောက်တစ်ခုက သွေးလှူရှင် တစ်ယောက်ဟာ သွေးအမြဲလှူရဖို့ အဲဒီ သုံးခု ကင်းအောင်နေထိုင်ရတဲ့အတွက်၊ အဓိက အေ ပေ့ါ။ အဲဒီ ရောဂါ ဖြစ်စေတဲ့ အပြုအမူတေါကို ရှောင်ကြဉ်ရတဲ့အတွက် တစ်ဖက်တစ်လမ်းကနေ HIV/AIDS တိုက်ဖျက်ရေးပါ ဆောင်ရွက် သွားသလို ဖြစ်သွားပါတယ်။ ဒါကြောင့် လူငယ်တွေကို သွေးလှူရှင် ဖြစ်စေချင်ပါတယ်။ ဒါဆို တစ်ခါတည်း အလုပ်နှစ်ခု ပြီးအောင် ဆောင်ရွက်ပြီးသား ဖြစ်သွားတယ်။

 

ဂေဇက်ထဲမှာ ရှိတဲ့ ကျွန်တော့်ထက် သိတဲ့သူများကလည်း မှားနေတာတွေကို ပြောပေးကြ၊ ဆွေးနွေးပေးကြပါအုံး။

12 comments

  • etone

    August 11, 2011 at 10:23 am

    သွေးလှူတာကလည်း အေဘီစီကင်းယုံ တခုတည်းနဲ့ မလွယ်ဘူးလေ… ။
    သွေးလှူလို့ ရတဲ့ ကျန်းမာရေး အလှူရှင်မှာ ရှိရဲ့လားဆိုတာလည်း … စိစစ်ရသေးတယ် … ။
    ကျွန်မကတော့ B.P အမြဲ က ျနေတဲ့လူဆိုတော ့… လှုလို့ မရဘူးလေ … ။

  • pan pan

    August 11, 2011 at 10:25 am

    ကိုယ်တိုင်တော့ မလှူနိုင်ပါဘူး
    အေ ဘီ စီ ရောဂါကင်းပေမယ့် လှူနိုင်တဲ့ ကန့်သတ်ချက်ထဲမှာ မပါဘူး
    ပေါင်မပြည့်ဘူး၊ ပြီးတော့သွေးအားနည်းတတ်တယ်၊ အဲဒါကြောင့်
    သွေးလှူတာ ဇီဝိတဒါနပါပဲ
    အရေးပေါ်လိုအပ်သူတွေကို အသက်ကယ်ပေးတာပါ
    လှူချင်သူ၊ အရေးပေါ်သွေးအလှူခံချင်သူများ၊ ပူးပေါင်းဆောင်ရွက်လိုသူများအတွက် ဆက်သွယ်ဖို့ကတော့
    BG သွေးအကူအညီပေးရေး
    ကိုညီညီ ဝ၉၄၉၃၂၈၀၅၅၊ ဝ၉၇၃၀၇၉၇၉၂
    ကိုလင်းထက် ဝ၉၇၃၁၂၅၈၈၅
    ကိုသီဟန် ဝ၉၄၉၃၀၈၄၃၃
    ဒေါ်သီတာ ဝ၁၃၉၆၄၇၆
    မထိုက် ဝ၉၇၃၁၇၀၁၆၅
    ကို ဆက်သွယ်လို့ရပါတယ်
    ဖေ့ဘွတ်လိပ်စာကတော့ facebook.com/youthnetworkforpeoplebg/ ပါ

  • Foreign Resident

    August 11, 2011 at 12:45 pm

    Dear Naung,
    I used to donate blood, when I was in Myanmar.
    “သွေးလှူတာက အသက်ကြီးလာတဲ့ အခါမှာ လူကို ထိခိုက်တတ်တယ်ဆို့တဲ့ အယူအဆ”
    My mother is a doctor &
    she didn’t encourage me or she don’t want me to donate blood.
    I don’t know why.
    I will thoroughly ask my wife about this & explain later.

    • etone

      August 12, 2011 at 8:59 am

      so , ur wife must be a Dr. as ur Mom …..

      • Foreign Resident

        August 12, 2011 at 9:45 am

        Dear E tone,
        Yes. 🙁
        Too bad, my life was transfer from my mom to my wife, like a guinea pig ( lab experimental animal ).
        Both of them frequently & repeatedly test & check me ( this way or another )
        Recently, my better half ordered me to do an another test next week.
        She said most Burmese used to have a problem in their stomach with air & vomit or something. So as to prevent it, I shall make a test & it need fastening ( not even allow to drink water ).
        You see, even I look healthier then her & my medical results are flawless, except little vitamin-D deficiency.
        It is silly to do test after test, without any fault sign or symptom.

        Too bad to marry a Doctor, but, it’s too late for me to change.
        How do you think ??? 😛
        Just kidding naw. 😀

        • etone

          August 12, 2011 at 2:23 pm

          Ah… so poor life of yours 😀 he he…I must think deeply B4 get marry 😛 😛 thanks for ur sharing experience : D he he …
          But … our situation is a little different 😀 … Any way , you know…..most of the ladies can easily instruct/talk/ direct to her hobby …. 🙂 hope I can too 😳

          Beginning of last week , I have had the problem in stomach …… available unless to eat meal …. only liquid is acceptable …… then … I was feeling hungry …. .When everybody take a rest in bed … I go to kitchen and chew as I wish … 🙂 Life is so free until now … 😛 he he

      • Foreign Resident

        August 12, 2011 at 9:58 am

        She even injected / vaccinated me
        သားအိမ်ခေါင်း ကင်ဆာ/ကြွက်နို ့ ကာကွယ်ဆေး ( Gardasil ).
        too bad. 🙁

  • နွယ်ပင်

    August 11, 2011 at 4:10 pm

    နွယ်ပင်လဲ အေ၊ဘီ၊စီ ရောဂါကင်းပေမယ့် သွေးလှူချင်လို့
    လှူခွင့်ကြုံတိုင်း သွားခဲ့ပေမယ် အမြဲ သွေးပေါင်မပြည့်လို့ လှူခွင့်မရဘူးသေးပါဘူး …

  • moethidasoe

    August 12, 2011 at 6:33 am

    သွေးလှူမည့်လူက အနည်းဆုံး အိပ်ရေးမပျက်ရဘူး သွေးပေါင် လူအလေးချိန် ပြည့်ရမယ်

    နှစ်ပတ်အတွင်းမှာ antibiotics စားထားတဲ့လူ မဖြစ်ရဘူး (ဒါက ဆေးမတည့်တဲ့လူတွေ ရှိတတ်တယ်)

    လောလောဆယ် သွေးစစ်လို့ သန့်တယ် ဆိုပေမယ့် HIV ဆိုတာအတွက် Window Period ဆိုတာ ရှိတဲ့အတွက် မိမိ အိမ်ထောင်ဖက်နဲ့ မဟုတ်ပဲ အကာအကွယ်မဲ့ လိင်ဆက်ဆံခဲ့ရင်လဲ လှူဖို့ မကောင်းဖူး
    အားလုံးကို သွေးလှူလို့ရတဲ့ဌာနမှာ ရေးထားတဲ့ မေးခွန်းလေးတွေ ရှိတယ်

    သွေးလှူဒါနဲ့ပတ်သက်လို့ ကိုယ့်မှာ အခြား အရေးကြီးတဲ့လုပ်ငန်းကြီးတွေ အဆက်မပြတ်လုပ်ရလို့ အနားမယူနိုင်တဲ့လူက လွဲလို့ ကျန်တဲ့လူတွေ အရည်အချင်းပြည့်ရင် လှူလို့ရပါတယ်
    တို့တောင် အသက် ၃၃ အထိ ၁၂ ကြိမ် လှူခဲ့ဖူးတယ် .. နောက်ပိုင်း အလုပ်အကိုင် မအားလပ်လို့ မလှူဖြစ်တော့ဘူး .. လှူတဲ့လူတိုင်းကို အားပေးတယ် .. တို့ ဘော်ဒါ တစ်ယောက်ဆို အကြိမ် ၆ဝ ကျော်လို့ နိုင်ငံတော်က ချီးမြှင့်တဲ့ ဆုတံဆိပ်တွေ ရသေးတယ်

  • MaMa

    August 12, 2011 at 8:12 am

    ငယ်ငယ်က အပ်နဲ့ထိုးတာကို ကြောက်လို့ဆိုပြီး အကြောင်းပြတယ်၊ ကြီးလာလို့ အသိစိတ်ဓာတ်လေးရှိလာတော့ ဘီပိုး ကယ်ရီယာမို့ဆိုပြီး လှူလို့ မရဘူး။ သွေးလှူရင် အသက်ကြီးလာရင်မကောင်းဘူးလို့ ပြောတာတွေကိုတော့ သိချင်မိတယ်။

  • Mee2

    August 12, 2011 at 12:28 pm

    သွေးလှုတာအင်မတန်မွန်မြတ်တဲ့အလုပ်ပါ။ဒါပေမယ့်ကိုယ့်ကြောင့် သူများကို ဒုက္ခမပေးမိဖို ့အင်မတန်လိုအပ်ပါတယ်။ဘာကြေင့်ခုလိုပြောရတာလဲဆိုတော့—တခါကကျွန်မတို ့ဦးလေးဆေးရုံတင်ရတော့သွေးသွင်းရမယ်ပေါ့–သွေးအလှုရှင်ရှာပေးပါပေါ့။သူ ့သွေးကလဲရှားပါပေ့ဆိုတဲ့Rh+။နောက်ဆုံးလူတစ်ယောက်တွေ ့လို ့ခေါ်လာတာ သူ ့ကိုယ်သူတောင်အနိုင်နိုင်သယ်လာရတဲ့ အရက်သမားဖြစ်နေလို ့မနည်းတောင်းပန်ပြန်လွှတ်ရပါတယ်။နောက်ပြီးကျွန်မတို ့ကိုယ်ခန္ဓာထဲမှာသွေးက ၅ လီတာဘဲရှိတာနော်။သွေးတပုလင်းထုတ်လှုတယ်ဆိုတာမလွယ်ပါဘူး။ကြိုးစားကြည့်ကြပါနော်

  • ဆူး

    August 12, 2011 at 5:08 pm

    သွားလှူမလို့ တခါ စစ်ကြည့်ဖူးတယ်။ သွေးအားနည်းနေလို့ မလှူခဲ့ရဖူး။
    ဒါနဲ့ လေးဘက်နာ ပိုးရှိခဲ့ဖူးတဲ့ လူတွေ လှူလို့ကော ရလား..
    ကူးနို်င်မယ် ထင်တယ်နော်။

Leave a Reply