ဒီကနေ့မနက် အိပ်ယာကနိုးတော့ မနက် ၂ နာရီ …။
မိုးတွေတအားရွာနေတော့တတ်ထားတဲ့ စလောင်း ကဖွင့်မရဘူး ..
ဒါနဲ့ MRTV 4 ကိုဖွင့်ကြည့်ဖြစ်တယ် .။

ယာဉ်စည်းကမ်းဖေါက်ဖျက်တဲ့ အနှေးယာဉ် ဆိုက်ကားတွေကို ပညာပေးရိုက်ကူးထားတဲ့ပြကွက် ..။
လမ်းဗြောင်းပြန်နင်းလာတဲ့ဆိုက်ကား … ၀န်ပိုတင်လာတဲ့ဆိုက်ကား ..
အဲဒါတွေကို ယာဉ်ထိမ်းရဲအရာရှိက ဖမ်းတယ် ..။ အားလုံး ဟာသမင်းသားတွေ ဗွီဒီယို မင်းသားတွေနဲ့ ရိုက်ထားတာပါဘဲ ..။
ဒါရိုက်တာကတော့ဘယ်သူလဲမသိလိုက်ဘူး ….။

ယာဉ်ထိမ်းရဲရဲ့ အမူအယာက လိုတာထက်ပိုပြီး တင်းမာနေတာကိုတွေ့ရပါတယ် .။
အကြမ်းဖက်သမားတွေကို FBI က ပစ်ခတ်ဖမ်းသလို အမူအယာဖြစ်နေတယ် ..။
ဒါနဲ့ ကျနော် တချိန်က ကိုရီးယားမှာ အလုပ်သမား သွားလုပ်တော့ PUCHON မြို့လေးကနေ ဆိုးလ်ကို ဘတ်စ်ကားစီးသွားတယ် ..။
လမ်းမှာစစ်ဆေးရေးဂိတ်ရောက်တော့ ကားရပ်ပေးရတယ် ..။ စစ်ဆေးမဲ့ရဲအရာရှိက ယာဉ်မောင်းကို တလေးတစား
အလေးပြုတာတွေ့လိုက်ရတယ်။ ကျနော်တော်တော်အံ့သြသွားတယ် …။ ၁၉၉၅ ခုနှစ်ကဆိုတော့ ကျနော်တို့ဆီမှာ ဆိုရှယ်လစ် အချိန်ပေါ့ …။
စစ်ဆေးမဲ့ရဲအရာရှိက ကားပေါ်တက်လာပြီး ကားဦးပိုင်းကနေ ပြည်သူတွေကို အလေးပြုပြန်တယ် ..။ ပြီးမှသူစစ်စရာရှိတာစစ်ဆေးတယ်။
စစ်ပြီးပြန်ဆင်းတော့လဲ တခါထပ်ပြီး အလေးပြုပြန်တယ်။ …. ကျနော့စိတ်ထဲ အတော်လေးကျေနပ်သွားမိတယ်။

ကျနော်တို့နိုင်ငံမှာနဲ့တခြားစီကိုး … အနောက်နိုင်ငံက ရုပ်ရှင်တွေထဲမှာလဲ ယာဉ်စီးကမ်းဖေါက်တဲ့ကားကို ရပ်ခိုင်းပြီး
ဟဲလို … ဟိုင်း .. အိပ်စ်ကျူ့မီ .. စသဖြင့်နှုတ်ဆက်လိုက်သေးတယ် ပြီးမှ လိုင်စင်တောင်းတယ် စည်းကမ်းဖေါက်ဖျက်ပုံကိုရှင်းပြတယ် ..။
ယဉ်ယဉ်ကျေးကျေးဘဲ…။

အခု Shopping mall တွေမှာလဲ အိပ်တွေဖွင့်ရှာတော့မယ်ဆိုရင် မျက်နှာအမူအယာတွေကပြုံးနေတယ်။ ပုဂ္ဂလိကဆိုတော့ ဈေးဝယ်သူ မငြိုငြင်စေချင်တာလဲပါတာပေါ့လေ ။
ဘာပြောပြော ပြည်သူ ဆိုတာကို လေးစားတဲ့သဘောတော့တွေ့နေရပါပြီ …။
ဒါပေမဲ့ အဲဒီ MRTV 4 က ရိုက်ပြလိုက်တဲ့ ပညာပေးထဲမှာတော့ ရဲအရာရှိက မထီမဲ့မြင် ငါလုပ်ချင်တိုင်းရတယ် ဆိုတဲ့ …
ဆိုရှယ်လစ် .. စစ်အာဏာရှင် … အမူအယာတွေပါနေတယ် ..။ အမှန်တော့ ပြည်သူ့ မီဒီယာ ကြီးအနေနဲ့ အထူးဂရုပြုပြီး ပြုပြင်သင့်ပြီထင်ပါကြောင်း
ကြုံတုန်းလေးတင်ပြလိုက်ရပါတယ် ….။

About fatty

Zaw oo has written 351 post in this Website..

i am over 50. I have the knowledge of broadcasting and televising as a producer and have trading- company-experiences as well.