2020လောက်ကျရင် ဘယ်လိုနည်းတွေနဲ ့ဖူးစာဖက်ရှာကြဦးမှာပါလိမ့်။

moonpoemAugust 11, 20111min19218

ကျွန်မတို ့ဘိုးဘွားခေတ်တွေတုံးကပေါ့ ကျွန်မအဘိုးက ကျွန်မအဘွားကို ရဖို ့၃နှစ်၃မိုးတောင် မဟုတ်ဘူး။ ၄နှစ် ၄မိုးကြိုးစားရပါတယ်တဲ့။
ချစ်သူဖြစ်ပြန်တော့ တစ်ခါတစ်ခါတွေ ့ဖို့ တော်တော်စောင့်ရတယ်တဲ့။ မိုးတွင်းရေကြီးနေတာတောင် ညနေဘက်ချိန်းရင်
လှေမအားတဲ့အခါ ရေကူးပြီး သွားတွေ ့ရသတဲ့။ ရေကူးပြီး သွားတော့ ဖျားမှာစိုးလို ့အဘွားက နာရီဝက်ထက် ပိုပြီး တွေ ့ခွင့်မပေးပါဘူး။ သူတို ့တွေ ချစ်သက်တမ်း ၄နှစ်အလွန်မှာ နှစ်ဘက်မိဘတွေ ဖွင့်ပြောပြီး အဘိုးကအဘွားကို လက်ထပ်ခဲ့ပါတယ်။
အားလုံးပေါင်း အဘိ်ုးက အဘွားကို လက်ထပ်ခွင့် ရဖို ့၈နှစ် အချိန်ပေးခဲ့ရပါတယ်။
ကျွန်မအဖေကျတော့ တက္ကသိုလ်မှာ မေမေနဲ ့တွေ ့ပါတယ်။ ပထမနှစ်မှာ ဖွင့်ပြောပြီး ဒုတိယနှစ်မှာ ချစ်သူဖြစ်ခဲ့ပေမယ့်
ကျောင်းပြီး တစ်နှစ်နေမှလက်ထပ်ဖြစ်ကြတာဆိုတော့ အားလုံးပေါင်း ၅နှစ်ပေါ့နော်။
(အဘိုးတို ့အဘွားတို ့အဖေတို ့အမေတို ့ရေ ခွင့်လွှတ်ကြပါ သမီးကတော့ သမိုင်းကြောင်းတွေ အကုန်ဖော်ပြီးသွားပြီ။)
အဲ ဒီဘက်ခေတ်မှာကျတော့ မနေ ့ကရည်းစားစကားပြော တစ်ပတ်လောက်ကြာရင် ရည်းစားဖြစ်(တချို ့လည်း တစ်ပါတ်တောင်
မကြာဘူးတဲ့)။ လွယ်လွယ်တွေ ့လွယ်လွယ်ချစ် မြန်မြန်ကွဲ နောက်တစ်ယောက်နဲ ့တွဲဆိုသလိုခေတ်ကြီးကလည်း တိုးတက်မြန်ဆန်
ရည်းစားထားတာလည်း ခေတ်နဲ ့အမီ တိုးတက်နေကြပါပြီ။ အင်တာနက်ကနေမတွေ ့ဘူး မမြင်ဘူးဘဲနဲ ့ချစ်သူဖြစ်ကြတာတွေကိုလည် း ကြားဘူးနေတော့ အံ့ဩမိပါတယ်။ အင်းလာမယ့်2020လောက်ကျရင် ဘယ်လိုနည်းတွေနဲ ့ဖူးစာဖက်ရှာကြဦးမှာပါလိမ့်။

18 comments

  • pan pan

    August 11, 2011 at 3:30 pm

    အသုံးအဆောင်ပစ္စည်းတွေလည်း အဲလိုပဲလေ
    အသစ်အသစ်တွေပေါ်လာနေတော့
    စွန့်ပစ်လွယ်သွားကြတာပေ့ါ
    အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာနေဝင်းမြင့်က စင်ကာပူစာပေဟောပြောပွဲမှာ ဟောသွားပါတယ်

  • Mee2

    August 12, 2011 at 12:16 am

    နှစ်တွေကြာညောင်းပြီးမှဖြစ်တည်လာတာလဲအချစ်ပါဘဲ ၊ခုမြင်ခုချစ်ပေမယ့်လဲ ခိုင်မြဲတဲ့အချစ်တွေရှိပါသေးတယ်။သံယောဇဉ်ဆိုတာအင်မတန်ဖြ ူစင်လွန်းပါတယ်။တကယ်ချစ်မြတ်နိုးခဲ့ရင် အချိန်အတိုင်းဆိုတာ ကန် ့သတ်ချက်တခုပါ။တကယ် လူသားပီသခဲ့ရင် မိမိ စိတ်ကိုမိမိ တန်ဖိုးထားတတ်ရပါမယ်

  • zippo

    August 12, 2011 at 1:31 am

    အွမ်…………..2020 က အဝေးကြီးလိုသေးတယ်ဂျ…….
    ခု ဖြစ်နေတာက………online မှာ ခုသိ ခုကြိုက် ခုလိုက်ဖြစ်နေတာ………
    2020 အတွက် တွေးရဲဘူးဂျ…….

  • Ma Sweet

    August 12, 2011 at 9:09 am

    ဟုတ်ပ ဟုတ်ပ 🙂 ဟူးးးးး ရင်လေးပါတယ် ……. 🙁

  • ကြောင်ကြီး

    August 12, 2011 at 9:43 am

    ကြောင်ကြီးတို့များ လကဗျာ မိဘဘိုးဘွားတွေထက် နှစ်ဆသုံးဆမက စောင့်တာတောင် 🙁
    ေဩာ်ကြွားနိုင်သူတွေ ကြွားကြပါစေ ကြောင်ကြီးမေတ္တာဝေသည်…။

  • etone

    August 12, 2011 at 10:16 am

    2020ကျလျှင် မျက်စောင်းတချက်လေး ထိုးထာနဲ့ ..အခန်းတည်း တန်းရောက်ရော

    • နွယ်ပင်

      August 12, 2011 at 10:18 am

      မျက်ဝန်းလေး တစ်ခက်အဝင့် မျက်တောင်တစ်ခတ်လေးအတွင်းမှာ အခန်းထဲ တန်းရောက်သွားမယ့် သဘောလားဟင် …. 😛

  • moonpoem

    August 12, 2011 at 10:23 am

    ဟုတ်တယ်မအိတုံနဲ ့မနွယ်ပင်ထင်တာဖြစ်နိုင်တယ်နော် ။ ဆုတ်ကပ်ရောက်နေတဲ့ကမာ္ဘဆိုတော့လည်း ….

  • nozomi

    August 12, 2011 at 10:32 am

    အဘိုးအဘွား မိဘတွေအကြောင်းတော့ ပြောတယ် လကဗျာ လေးကရော အတွေ့အကြုံလဲ လုပ်ဦးလေ

  • aungnng87

    August 12, 2011 at 10:39 am

    အဘိုးအဘွားက၈နှစ်၊ အဖေအမေက၅နှစ်၊ လကဗျာကရော၊ ၅နှစ်လား… ၅လ လား.. ၅ရက်လား… ၅မိနစ်လား……

    • king

      August 12, 2011 at 2:42 pm

      ၅ စက္ကန့်လို့တော့ မပြောနဲ့နော် ….. 😛
      ကျွန်တော်ကျတော့ ပထမတစ်ယောက်ကို ..
      ဖွင့်ပြောပြီး တစ်ပတ်အကြာမှာ အဖြေပြန်ရ
      လက်တွဲချိန်က ၂ နှစ်ခွဲကျော်ကြာ
      ဒုတိယ တစ်ယောက်
      ဖွင့်ပြောပြီး ၅ လ ကျော်မှ အဖြေပြန်ရ
      လက်တွဲချိန်က လက်ရှိအချိန်ထိ
      ချစ်သူအဖြစ် ဆုံတွေ့တဲ့အချိန်က သုံးပတ်သာ ရှိသေး …
      ကြုံတုန်း ကြွားရတာ သိပ်တော့ မလွယ်ဘူးဗျ
      😛 😀 🙂

  • weiwei

    August 12, 2011 at 11:54 am

    အွန်လိုင်းကနေ ဖူးစာရှင်ရှာကြတာ တော်တော်လေးခေတ်စားနေတယ် …
    ကျွန်မ အိမ်ရှေ့အိမ်က ကောင်မလေးတစ်ယောက် ဂျပန်မှာအလုပ်သွားလုပ်ရင်း ရုရှားက စစ်ဗိုလ်လေးနဲ့အင်တာနက်ကနေကြိုက်ပြီး မြန်မာပြည်ပြန်လာပြီး မင်္ဂလာဆောင်လိုက်ကြတယ် ….
    သေချာလဲ အကြောင်းမသိကြပဲနဲ့ ရေရှည်ဘယ်လိုများပေါင်းသင်းကြမလဲလို့ ရင်လေးမိတယ် …

  • mzm

    August 12, 2011 at 12:04 pm

    ကိုယ်မဖတ်ရသေးတဲ့စာအုပ်ဆိုဘယ်လောက်ဟောင်းဟောင်းအသစ်လို့သဘောထားပြီးဖတ်သင့်သလို
    မိန်းမဆိုလည်းထိုနည်း၎င်းသဘောထားရတော့မပေါ့

  • zawthulay

    August 12, 2011 at 2:36 pm

    ဟုတ်ပါ့ အရင်ကလူတွေ သုံးနှစ်သုံးမိုးရှာမှ ရတာ .. အခုက သုံးမိနစ် သုံးစကန့် လောက်နဲ့ရတယ် တယ်လည်းကောင်းပါကလား…

  • hmee

    August 12, 2011 at 2:56 pm

    တော်ပါသေးရဲ့ သားလေးမွေးထားလို့ ရင်မောရပါလားနော်။ ကိုယ်တွေတုန်းက သူ့အကြောင်း ကိုယ့်အကြောင်း သူ့မိဘ ကိုယ့်မိဘ သူ့ပတ်ဝန်းကျင် ကိုယ့်ပတ်ဝန်းကျင် အားလုံးလေ့လာ ပြီးမှ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ် ထင်မှ အိမ်ထောင်ပြုတာ ဒါတောင် အတူနေမှ အရင်က မတွေးမိတဲ့ ပြသနာတွေက ဝင်သေးတယ်။ ကိုယ်နဲ့ သူနဲ့ နှစ်ဦးတည်း ပေါင်းရတာ မဟုတ်ဘူး။ နှစ်ဖက်ဆွေမျိုးပါ ပေါင်းရတာမို့ အချိန်ယူပြီး လေ့လာတာတောင် တော်ရုံမကျဘူး။ သိတဲ့အတိုင်း သမီးရည်းစားဘဝ ဆိုတာက အကောင်းဆုံးတွေပဲ ပြတာ အတူနေမှ အကျင့်ဆိုးတွေက ဗူးပေါ်သလိုပေါ်တတ်တာလေ။ အင်တာနက်က တွေ့ပြီး ယူတာတော့ သတ္တိရှိတယ်လို့ ချီးကြူးရမလား ဦးနှောက်မရှိလိုက်တာလို့ ပြစ်တင်ရမလား။

  • ဆူး

    August 12, 2011 at 4:14 pm

    အင်တာနက်က တွေ့တယ် ဆိုတာ စိတ်အပန်းဖြေမှု အတွက် စွဲလန်းမှု တခုလို့ပဲ ထင်တယ်။
    ထိုစွဲလန်းမှုကို အချစ်လို့ ယုံကြည်ပြီး တယောက်နဲ့ တယောက် အာရကီးတွေ ရိုက်ပြီး မပြီးနိုင်အောင် ကြူ.. ထို့နောက်..
    တွေ့ပြီး ယူကြလေကုန်သတည်း…
    ထိုကဲ့သို့သော ဇတ်လမ်းတွေလည်း ကြားနေရတယ်။

  • nature

    August 12, 2011 at 6:03 pm

    လူတွေမတွေးဆနိုင်တဲ့ ဆန်းတဲ့ နည်းစံနစ်တွေ ပေါ်ကောင်းပေါ်လာပါလိမ့်မည် ထင်ပါတယ်။

  • စုန်းထီး

    August 12, 2011 at 6:46 pm

    ကဲ ဘယ်လိုရှာမလဲဆိုတာကိုတော့
    2020 ကျရင်ပြောပြမယ်
    အဲဒီအခါကျ အတိအကျ သေသေချာချာ ရှင်းရှင်းလင်းလင်း ထိထိမိမိ ပြောပြမယ်ဗျ … 😀

Leave a Reply